Tuesday, August 23, 2016


မြန်မာနိုင်ငံရှိ ရွှေ့ပြောင်း အမျိုးသမီး လုပ်သားများ၏ ဘဝအခြေအနေကို ILO စစ်တမ်းကောက်ယူ ရန်ကုန်၊ သြဂုတ်၂၂ မြန်မာနိုင်ငံသို့ ပြန်လည် ရောက်ရှိလာသော ရွှေ့ပြောင်း မြန်မာ အမျိုးသမီး လုပ်သားများ၏ ဘဝ အခြေအနေများနှင့် လိုအပ်ချက်များကို သုတေသန စစ်တမ်း ကောက်နေကြောင်း အပြည်ပြည်ဆိုင်ရာ အလုပ်သမားအဖွဲ့ချုပ် (ILO)၊ ရွှေ့ပြောင်း အလုပ်သမားဆိုင်ရာ စီမံကိန်း၏ နည်းပညာ အကြံပေး အရာရှိက ပြောကြားသည်။ ယင်းစစ်တမ်းကို မန္တလေးတိုင်းနှင့် ရှမ်းပြည်နယ်တို့တွင် ကောက်ယူနေခြင်း ဖြစ်ပြီး ရွှေ့ပြောင်း မြန်မာ အမျိုးသမီး လုပ်သား လေးရာကျော်ကို စစ်တမ်း ကောက်ယူနေခြင်း ဖြစ်သည်။ “စစ်တမ်းမှာက ရွှေ့ပြောင်း သွားရောက် လုပ်ကိုင်ပြီးလို့ ပြန်ရောက်တဲ့အခါ မှာ ဘဝ အခြေအနေက ဘယ်လိုရှိလဲ၊ အသက် မွေးဝမ်းကျောင်း အနေအထား၊ ဘဝ လိုအပ်ချက် စတာတွေကို ကောက်ယူတာပါ”ဟု ရွှေ့ပြောင်း အလုပ်သမားဆိုင်ရာ စီမံကိန်းမှ နည်းပညာ အကြံပေး အရာရှိက ဆိုသည်။ သုတေသနပြု စစ်တမ်းကို ထိုင်းနိုင်ငံနှင့် မလေးရှား နိုင်ငံတို့တွင် သွားရောက် အလုပ်လုပ်ကိုင်ပြီး ပြန်လာသော မြန်မာ အမျိုးသမီး လုပ်သားများကို အဓိက ကောက်ယူနေခြင်း ဖြစ်ပြီး ပြန်ရောက်ပြီး ၂ နှစ်အတွင်း ရှိသောသူများကိုသာ စစ်တမ်း ကောက်ယူခြင်း ဖြစ်ကြောင်း ၎င်းက ဆက်လက် ပြောဆိုသည်။ “အခု စစ်တမ်းက လူ လေးရာကျော်က မြန်မာနိုင်ငံကို ပြန်လာတဲ့ သူတွေရဲ့ ပမာဏနဲ့ နှိုင်းယှဉ်ရင် အားလုံးကို လွှမ်းခြုံနိုင်ပါတယ်။ လက်ရှိက ရွှေ့ပြောင်း အမျိုးသမီး လုပ်သားတွေထဲက အဲ့ပမာဏကိုတောင် တော်တော်လေး ရှာပြီး မေးမြန်းရတာပါ”ဟု အဆိုပါ ပရောဂျက်မှ စီစဉ် ညှိနှိုင်းရေးမှူး တစ်ဦးက ဆိုသည်။ အဆိုပါ သုတေသန စစ်တမ်း၏ ရလဒ်များကို ယခုနှစ်ကုန်တွင် ထွက်ရှိရန် စီစဉ်နေပြီး ရရှိသော အကြံပြုချက်များကို သက်ဆိုင်ရာ အစိုးရ အာဏာပိုင် အဖွဲ့အစည်းများနှင့် အရပ်ဘက် အဖွဲ့အစည်းများထံ တင်ပြသွားမည်ဖြစ်ကြောင်း၊ မြန်မာနိုင်ငံအတွင်းရှိ ရွှေ့ပြောင်း အမျိုးသမီးဆိုင်ရာ ကိစ္စရပ်များတွင် ပြန်လည် အသုံးချသွားရန် စီစဉ်ထားကြောင်း အပြည်ပြည်ဆိုင်ရာ အလုပ်သမား အဖွဲ့ချုပ် (ILO) ထံမှ သိရသည်။
Source : http://goo.gl/cQIezM
via IFTTT

No comments:

Post a Comment