Sunday, August 14, 2016

7Day News Journal

အိုဘီမင်ဆေး အရောင်ပြောင်းခြင်းနှင့်ပတ်သက်၍ ဆေးနမူနာများကို စမ်းသပ်ပြီးလျှင် အဖြေထုတ်နိုင်မည်ဟု FDA ပြောကြား ဆေးအရောင်ပြောင်းလဲပါက မသောက်သင့်ကြောင်း ပညာရှင်အချို့ဆို Byဟေမာန်ညီညီOn Sun, 2016-08-14 06:30Locationရန်ကုန်Issue No.No.1180 Sunday, August 14, 2016 ကိုယ်ဝန်ဆောင်မိခင် အများစုသုံးစွဲကြသည့် အိုဘီမင် (Obimin) အားဆေးအတွင်းသား အရောင်ပြောင်းလဲခြင်းနှင့် ပတ် သက်၍ ဆေးနမူနာများကို စမ်း သပ်စစ်ဆေးပြီးမှသာ အဖြေ ထုတ်ပြန်ပေးမည်ဟု မြန်မာနိုင်ငံ အစားအသောက်နှင့် ဆေးဝါး ကွပ်ကဲရေးဌာန (နေပြည်တော်)မှ သတင်းရရှိသည်။ ကလေးမိခင်တစ်ဦးက မ သောက်မီ ဆေးတောင့်ကို ချိုး ကြည့်ရာမှ ဆေးအတွင်းသား အမည်းရောင်အဖြစ် အရောင်ပြောင်းနေသည်ကိုတွေ့ရ၍ မိခင်များ သတိပြုသောက်သုံးကြရန် လူမှုကွန်ရက်စာမျက်နှာ၌ ဖော်ပြခဲ့ သည်။ အဆိုပါသတင်းများကြောင့် အားဆေးသောက်နေသည့် မိခင်များကလည်း ၎င်းတို့သောက်နေသော ဆေးတောင့်များကို ချိုးကြည့်၍ စမ်းသပ်ရာမှ ဆေးအ တွင်းသား အရောင်ပြောင်းလဲခြင်း ဖြစ်စဥ် ကြုံတွေ့ရမှုကို အချင်းချင်း ဝေမျှပြောဆိုကြပြီး လူထုအကြား ပျံ့နှံ့ခဲ့ခြင်းဖြစ်သည်။ ယင်း အိုဘီမင်ဆေး၏ မူလအတွင်းသားအရောင်မှာ အဝါရောင်ဖြစ်သည်ဟု သိရသည်။ ယင်းဖြစ်စဥ်နှင့် ပတ်သက်၍ မြန်မာနိုင်ငံ အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဌာန (နေပြည် တော်)သို့ ဆက်သွယ်မေးမြန်းရာ ‘‘ဆေးအရောင်ပြောင်းလဲတယ်ဆို တာ အပြင်ပန်းအားဖြင့်တော့ မ ဖြစ်သင့်ဘူးပေါ့။ သို့သော် ဘာကြောင့်ဖြစ်ရတာလဲဆိုတာ တက် လာတဲ့ဆေးနမူနာတွေ စမ်းသပ် စစ်ဆေးပြီးမှ အဖြေထုတ်ပေးနိုင်မယ်’’ဟု ညွှန်ကြားရေးမှူးချုပ် ဒေါက်တာသန်းထွဋ်က ပြော သည်။ ဆေးအတွင်းသား အရောင်ပြောင်းလဲခြင်းကိုမသိဘဲ သောက်သုံးမိသည့် ကလေးမိခင်များက ရင်သွေး၌ တစ်စုံတစ်ရာ ထိခိုက်မည်ကို စိုးရိမ်ကြောင်း Obimin Myanmar Page တွင် ဝင်ရောက် ရေးသားကြသည်။ ‘‘ဒီဆေးအကြောင်း ဖေ့စ်ဘွတ်ခ်မှာ ပြန့်နေလို့ ကိုယ် သောက်တဲ့ဆေးကို ချိုးကြည့်တော့ ဆေးအတွင်းသားက အ မည်းရောင်ပြောင်းနေတယ်။ ဆေး သက်တမ်းက ၂ဝ၁၇ မှ ကုန်မှာ။ ကိုယ့်ကလေးဆီ ဘာဓာတ်တွေ ရောက်ကုန်ပြီလဲ မသိဘူး’’ဟု ကလေးမိခင် မစုလှိုင်က ပြော သည်။ ဆေးသားအရောင်ပြောင်းလဲခြင်းကြောင့် ကိုယ်ဝန်ဆောင် မိခင်များအနေဖြင့် စိုးရိမ်စရာဖြစ်နိုင်သော်လည်း အဆိုပါဆေးများ အတွက် အန္တရာယ်မရှိကြောင်း အိုဘီမင်အားဆေး တင်သွင်း သည့် United Pharma ကုမ္ပဏီ တာဝန်ရှိသူတစ်ဦးကဆိုသည်။ ‘‘ဆေးပုလင်းကို နေဒဏ်၊ လေဒဏ်ခံနိုင်တဲ့ ပုလင်းနဲ့ လုပ် ထားတယ်။ လေလုံအောင် အဖုံး ကို စည်းနှစ်ထပ်ပုံစံနဲ့ လုပ်ထားပါ တယ်။ ဝါဂွမ်းစထည့်တာ၊ ရေ ငွေ့စုပ်နိုင်တဲ့ ပုလဲစေ့တွေထည့် ပြီး ဆေးအစိုမပြန်အောင် ထုပ်ပိုးမှုပုံစံကို သေချာလုပ်ထားပါ တယ်။ ဒါပေမဲ့ မြန်မာနိုင်ငံရဲ့ ရာသီဥတုက ပူနွေးစွတ်စိုတယ်။ ထားသိုမှု ပုံစံမမှန်ဘူးဆိုရင် ဆေး အရောင်ပြောင်းလဲခြင်းဖြစ်တတ် တယ်။ ဒီလိုဆေးအရောင်ပြောင်း တာကို သောက်လိုက်ရင် အန္တရာယ်ဖြစ်မလားဆိုတော့ ပွင့်ပွင့်လင်းလင်းပြောရရင် မဖြစ်ပါဘူး။ စိုးရိမ်စရာမရှိပါဘူး’’ဟု United Pharma ကုမ္ပဏီတာဝန်ရှိသူက ရှင်းလင်းပြောကြားသည်။ ‘‘ဆေးတစ်ခုက သိုလှောင်ပုံ မမှန်ရင် ဆေးအရောင်ပြောင်းတာ ဖြစ်တတ်တယ်။ ဆေးတစ်ခုက မူလအရောင်အဖြူဆိုပါစို့။ အဖြူ ကနေ အမည်းပြောင်းသွားရင် ယေဘုယျအားဖြင့် မသောက် သင့်တော့ဘူး။ အခုဖြစ်စဥ်က တော့ ဘယ်လိုဖြစ်လဲ သေချာမ သိသေးဘူး။ နေပြည်တော်က စစ် ဆေးပြီးမှ သိမှာပဲ။ ကျွန်တော်တစ်ဦးတည်းရဲ့ အမြင်ကတော့ ဆေးအရောင်ပြောင်းရင် မသောက်သင့်တော့ဘူး’’ဟု ဧရာဝတီတိုင်းဒေသကြီး အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာနမှူး ဒေါက်တာပြည့်ဖြိုးကဆိုသည်။
Source : http://ift.tt/2bqwL4H
via IFTTT

No comments:

Post a Comment