အခြေခံပညာအဆင့် ဆရာ၊ ဆရာမများကို လစာတိုးပေးမည် အခြေခံပညာအဆင့် သင်ကြားပေးနေသော ဆရာဆရာမများကို လစာတိုးပေးရန် လျာထား ဆောင်ရွက်နေသည်ဟု အခြေခံပညာဦးစီဌာန ညွှန်ကြားရေးမှူးချုပ် ဦးအောင်သန်းဦးက ပြောကြားသည်။ “တိုးပေးဖို့ရက်ကို အတိအကျပြောလို့ မရသေးပါဘူး။ ဘယ်လောက်တိုးရမလဲဆိုတာ ကျွန်တော့်ဌာနရဲ့ အင်အားပေါ် မူတည်ပါတယ်” ဟု ၎င်းက ဆိုသည်။ ယခုလို အခြေခံပညာအဆင့် ဆရာ၊ ဆရာများ လစာတိုးပေးမည့် အစီစဉ်သည် အလွန်ကောင်းမွန်သည့် အစီစဉ်ဖြစ်ကြောင်းနှင့် အခြေခံပညာအဆင့် လစာတိုးလျှင် မူလတန်းပြဆရာ၊ ဆရာများသည် ပညာရေး အုတ်မြစ် ဖြစ်သဖြင့် ၎င်းတို့ကို ဦးစားပေး တိုးသင့်သည်ဟု ပြည်သူလွှတ်တော်တွင် ပညာရေးအဆိုများ အများဆုံး တင်သွင်းနေသည့် အောင်မြေသာစံမြို့နယ်မှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါက်တာလှမိုးက ပြောကြားသည်။ တိုးပေးမယ်ဆိုတာ ကြားနေရတာ ကြာပြီ။ အခုမှ တရားဝင်ပြောတာ ကြားရတယ်။ လစာကလွဲပြီး ဘာဝင်ငွေမှ မရှိတော့ ဒါကမျော်လင့်ချက်ပေါ့” ဟု ပျဉ်းမနားမြို့ခံ အထက်တန်းပြဆရာမ ဒေါ်လှလှဆွေက ပြောဆိုသည်။ အခြေခံပညာဦးစီဌာနတွင် ဝန်ထမ်းလေးသိန်းကျော် ရှိပြီး သင်ကြားရေးဆရာ၊ ဆရာမ သုံးသိန်းခုနှစ်သောင်း ရှိကြောင်း ပညာရေး ဝန်ကြီးဌာနမှ စုံးစမ်းသိရှိရသည်။
Source : http://goo.gl/C0FCdG
via IFTTT
No comments:
Post a Comment