မကွေးတိုင်းဒေသကြီး တောင်တွင်းကြီးမြို့တွင် မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ယနေ့(သြဂုတ် ၂၇ရက်) နံနက် ၉ နာရီခန့်က ရုတ်တရက်ကျဆင်းလာရာ ချောင်းအတွင်း ဖြတ်ကူးနေသည့် ကျောင်းဆရာမတစ်ဦး ရေစီးနှင့်အတူ မျောပါသွားခဲ့ကြောင်း တောင်တွင်းကြီး မြို့မရဲစခန်းမှ သတင်းရရှိသည်။ တောင်တွင်းကြီးမြို့နယ် အောင်းစုကျေးရွာနေ ဆရာမဒေါ်လင်းစန္ဒာ၊ ငမင်ကျေးရွာနေ ကိုရန်နိုင်လင်း၊ ကရင်စုကျေးရွာနေ ဆရာမဒေါ်မေဇင်ခိုင်တို့နှင့်အတူ ငမင်အုပ်စု အမှတ်(၁၅၉) ပိတ်စွယ်ခုံ အခြေခံပညာမူလတန်းကျောင်းသို့ တာဝန်ထမ်းဆောင်ရန်အတွက် အကျယ် ပေ ၅ဝ ခန့်ရှိ ငမင်ချောင်းကို ဖြတ်ကူးစဥ် တောင်ကျရေ ရုတ်တရက်ကျဆင်းလာပြီး အသက်၂၇နှစ်ခန့်ရှိ ဆရာမ မလင်းစန္ဒာနှင့် မမေဇင်ခိုင်တို့ နှစ်ဦးမှာ ရေစီးနှင့်အတူ မျောပါသွားခဲ့ခြင်းဖြစ်သည်။ ဆရာမဒေါ်မေဇင်ခိုင်ကို ဒေသခံတစ်ဦးက ကယ်ဆယ်နိုင်ခဲ့သော်လည်း ဆရာမဒေါ်လင်းစန္ဒာမှာ ရေစီးနှင့်အတူ မျောပါပျောက်ဆုံးနေခဲ့ပြီး သက်ဆိုင်ရာ တာဝန်ရှိသူများ၊ ဒေသခံများက ငမင်ချောင်းရိုးတစ်လျှောက် လိုက်လံရှာဖွေနေကြသော်လည်း ယနေ့ မွန်းလွဲ ၂ နာရီ ၁၅မိနစ်ခန့်အထိ ရှာဖွေမတွေ့ရသေးကြောင်း တောင်တွင်းကြီးမြို့နယ် အုပ်ချုပ်ရေးမှူးရုံးထံမှ သိရသည်။ ဓာတ်ပုံ - ကိုစိုးပြည့်အောင်(ထွေ/အုပ်)
Source : http://goo.gl/nD7T4B
via IFTTT
No comments:
Post a Comment