Wednesday, August 24, 2016

7Day News Journal

မင်္ဂလာဒုံမြို့နယ်တွင်ဖြစ် ပွားခဲ့သော လေးလောင်းပြိုင်လူ သတ်မှုနှင့်ပတ်သက်၍ သေဆုံးသူ ဦးစိုးနောင်နှင့် အခြားလူသုံးဦး စကားအချေအတင်ဖြစ်ဖူးခြင်းကို မြင်တွေ့ထားသည့် မျက်မြင်သက်သေတစ်ဦးကို တွေ့ရှိထားပြီး ပြစ်မှုကျူးလွန်သူများနှင့် ပတ်သက်၍စုံစမ်းစစ်ဆေးနေကြောင်း သတင်းရရှိသည်။ တွေ့ရှိခဲ့သည့် မျက်မြင် သက်သေတစ်ဦးက အမျိုးသား သုံးဦးနှင့် သေဆုံးသူဦးစိုးနောင်တို့ ငွေကြေးကိစ္စဖြင့် စကားအချေအ တင်ပြောဆိုမှုကို မြင်ဖူးသူဖြစ် သည်ဟု မှုခင်းရဲတပ်ဖွဲ့မှ ရဲအရာ ရှိကြီးတစ်ဦးက ပြောသည်။ ‘‘သေဆုံးသူနဲ့ အမျိုးသားသုံး ယောက်စကားများဖူးတာကို သိ တဲ့မြင်တဲ့တစ်ယောက်ရှိတယ်။ သူတို့တွေ ငွေကြေးကိစ္စပြောပြီး အသတ်ခံရတဲ့ ကိုစိုးနောင်တောင်း ပန်နေတာလည်း သူကကြား တယ်။ ဒီလူတွေကို အပြင်မှာတွေ့ လည်း မြင်ဖူးတယ်ပြောတယ်။ ဒီ အမှုအတွက် ရဲချုပ်ကိုယ်တိုင် လည်း အမှုပေါ်ပေါက်ဖို့အတွက် လုပ်ဆောင်ခိုင်းထားပါတယ်’’ဟု အဆိုပါရဲအရာရှိက ပြောသည်။ မင်္ဂလာဒုံမြို့နယ်တွင်ဖြစ် ပွားခဲ့သော လေးလောင်းပြိုင်လူ သတ်မှုသည် ပြည်သူများ၏ အေး ချမ်းသာယာရေးကို စိန်ခေါ်သလို ဖြစ်နေပြီး ရဲလုပ်ငန်းစဉ်နှင့် ယင်း အမှုကိစ္စကို လမ်းလွှဲခြင်းမျိုး မဖြစ်စေရန် လေ့လာ စောင့်ကြည့်မည် ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသ ကြီးလွှတ်တော် တရားစီရင်ရေး၊ ဥပဒေစိုးမိုးရေးနှင့် တိုင်ကြားစာ များ၊ အသနားခံစားများ စိစစ်ရေး ကော်မတီဥက္ကဋ္ဌ ဦးမြင့်လွင်က ပြောသည်။ အစိုးရသစ်လက်ထက်တွင် ပထမဆုံးစိန်ခေါ်မှုဖြစ်သော လေးလောင်းပြိုင် လူသတ်မှု ဖြစ်စဉ်အပေါ် ရန်ကုန်တိုင်း ဒေသကြီး လွှတ်တော်က အထူး စိတ်၀င်စားနေပြီး လမ်းကြောင်းလွှဲခြင်း မဖြစ်ပေါ်ရန် စောင့်ကြည့်သွားမည် ဖြစ်ကြောင်း ၎င်းက ဆိုသည်။ ‘‘အခုတစ်ယောက်ကို စစ် မေးနေတယ်ဆိုတာက အရင်က ပတ်သက်ခဲ့ဖူးတဲ့သူတွေခေါ်မေး တာပါ။ သူတို့အရင် ကိစ္စတွေရှိပေ မယ့် သူတို့မိသားစုအသတ်ခံရ တာကို ခေါ်စစ်မေးခံရတဲ့သူက စစ်မေးမှ သူသိတာပါ။ လက်ရှိမှာ တော့ အကုန်လုံးကို စစ်မေးနေပါ တယ်’’ဟု မှုခင်းရဲတပ်ဖွဲ့ (CID)မှ ရဲအရာရှိတစ်ဦးက ပြောသည်။ မင်္ဂလာဒုံမြို့နယ်တွင် ဖြစ်ပွားခဲ့သော လေးလောင်းပြိုင် လူသတ်မှုနှင့် ပတ်သက်၍ သတင်းမှားများ လူမှုကွန်ရက် ဖေ့စ်ဘွတ်ခ်ပေါ် ရေးသား ဖော်ပြနေသူများကို စိစစ် အရေးယူမည် ဖြစ်ကြောင်း သတင်း ထုတ်ပြန်ထားသည်။ အဆိုပါလူသတ်မှုကို မှုခင်း ရဲတပ်ဖွဲ့ (CID)၊ ရန်ကုန်တိုင်းဒေ သကြီး မြောက်ပိုင်းခရိုင် ရဲတပ်ဖွဲ့ နှင့် အထူး ရဲတပ်ဖွဲ့မှ အရာရှိအချို့ က ဦးဆောင် စစ်ဆေးနေပြီး အတည်မပြုနိုင်သေးသော သတင်းများအရ သံသယရှိသူ အချို့ကို ရဲတပ်ဖွဲ့က ခေါ်ယူ စစ်ဆေးနေကြောင်း သတင်းရရှိသည်။
Source : http://ift.tt/2bDl646
via IFTTT

No comments:

Post a Comment