Sunday, July 29, 2018


ဈေးအသွားအပြန်ကို မောင်းသူမဲ့ ကားတွေနဲ့ အကြိုအပို့ လုပ်ပေးမယ့် “Walmart” အမေရိကန်အခြေစိုက် Walmart ကုမ္ပဏီဟာ Google (Alphabet) အပိုင် မောင်းသူမဲ့ကား ကုမ္ပဏီတခုဖြစ်တဲ့ “Waymo” နဲ့ ပူးပေါင်းကာ မောင်းသူမဲ့ကား စမ်းသပ်မှု အစီအစဉ်တခု ပြုလုပ်သွားဖို့ ရှိတယ်လို့ သိရပါတယ်။ ယခုအစီအစဉ်အရ Walmart ဟာ လာမယ့် နွေရာသီက စတင်ပြီး၊ သူတို့ကုန်တိုက်တွေမှာ ဈေးလာဝယ်တဲ့ ဖောက်သည်တွေကို မောင်းသူမဲ့ မီနီဗန်ကားတွေနဲ့ အကြိုအပို့ ပြုလုပ်ပေးသွားမှာဖြစ်ပါတယ်။ ကားလမ်း အရမ်း မရှုပ်တဲ့ Arizona ပြည်နယ်၊ Phoenix မြို့ဆင်ခြေဖုံးအရပ်က Walmart ဆိုင်တွေမှာပဲ စတင် စမ်းသပ်သွားမှာ ဖြစ်ပြီး၊ အဆိုပါ အရပ်ဟာ Waymo မောင်းသူမဲ့ကားတွေကို စမ်းသပ်ပြေးဆွဲနေတဲ့နေရာလည်း ဖြစ်ပါတယ်။ “Early Rider Program” လို့ အမည်ပေးထားတဲ့ ယခုအစီအစဉ်ဟာ လုံးဝ အခမဲ့ ဖြစ်ပြီး၊ ပါဝင်ဖို့အတွက် လူအနည်းငယ်ကိုပဲ သီးသန့်ရွေးဖိတ်သွားမှာ ဖြစ်တယ်လို့ သိရပါတယ်။ ပါဝင်စမ်းသပ်သူတွေ အနေနဲ့ Walmart website မှာ ဈေးဝယ်ပြီးရင် Waymo ရဲ့ Chrysler Pacifica မောင်းသူမ ဲ့မီနီဗန်ကားတွေက အိမ်တိုင်ရာရောက် လာကြိုပေးမှာပါ။ ပြီးရင် Walmart ကုန်တိုက်ရောက်တဲ့အထိ အလိုအလျောက် ပို့ဆောင်ပေးသွားမှာ ဖြစ်ပါတယ်။ ကုန်တိုက်ရောက်တဲ့ အခါမှာလည်း ကားထဲကတောင် ထွက်စရာ မလိုဘဲ Walmart ဝန်ထမ်းတယောက်က မှာယူထားတဲ့ ပစ္စည်းတွေကို ကားဆီ လာပို့ပေးမှာပါ။ ပြီးတာနဲ့ အိမ်ကို မောင်းသူမဲ့ကားနဲ့ပဲ ပြန်လိုက်ပို့ပေးမှာ ဖြစ်တယ်လို့ သိရပါတယ်။ ယခုအစီအစဉ်ဟာ Walmart အနေနဲ့ ပြိုင်ဘက် “Amazon.com” ကို ယှဉ်ပြိုင်နိုင်ဖို့အတွက် e-commerce ဘက်ကို ဦးစားပေးသွားဖို့ ပြင်ဆင်နေတဲ့ ခြေလှမ်းတရပ်လည်း ဖြစ်ပါတယ်။ Google ပိုင် Waymo အနေနဲ့ လည်း မောင်းသူမဲ့ကားတွေကို အငှားယာဥ ်ဝန်ဆောင်မှုမှာသာမက တခြားအရပ်ဘက် စီးပွားရေး လုပ်ငန်းတွေမှာပါ တွင်တွင်ကျယ်ကျယ် အသုံးပြုနိုင်ဖို့ ရည်မှန်းချက်တွေရဲ့ အစလည်း ဖြစ်ပါတယ်။ “Waymo” ဟာ Phoenix မှာပဲရှိတဲ့ Element Hotel နဲ့လည်း သဘောတူညီမှု ရယူထားပြီးဖြစ်ကာ ဟိုတယ်ကို တည်းဖို့လာတဲ့ စီးပွားရေးလုပ်ငန်းသမားတွေ၊ ဧည့်သည့်တွေကို Phoenix မြို့အတွင်း အသွားအလာ ပြုလုပ်ဖို့အတွက် Waymo မောင်းသူမဲ့ ကားတွေကို ဝန်ဆောင်မှုပေးသွားမှာ ဖြစ်တယ်လို့ သိရပါတယ်။ မောင်းသူမဲ့ကား နည်းပညာကို စီးပွားရေးသမားတွေ အနေနဲ့ အပြည့်အဝ တွေ့ကြုံခံစားနိုင်ဖို့ ရည်ရွယ်ချက်နဲ့ ဖြစ်ပါတယ်။ “Walmart နဲ့ Waymo” တို့ရဲ့ ယခုလက်တွဲမှု အစီအစဉ်ဟာ သယ်ယူပို့ဆောင်ရေးလုပ်ငန်းရဲ့ အနာဂတ်ကို လှစ်ဟပြလိုက်တာ လို့လည်း ခေါ်ဆိုနိုင်ပါတယ်။ ကျွမ်းကျင်သူ အားလုံးလိုလိုက မောင်းသူမဲ့ကားတွေဟာ သယ်ယူပို့ဆောင်ရေး စရိတ်ကို အများအပြားလျော့ချနိုင်ဖို့ မျှော်လင့်ထားကြပြီး၊ စီးပွားရေးလုပ်ငန်းတွေ အနေနဲ့လည်း သူတို့ဆီအရောက် Customers တွေ ခေါ်လာဖို့အတွက် မောင်းသူမဲ့ကားလုပ်ငန်းတွေကို ပျော်ပျော်ကြီး ငွေပုံပေးဖို့ အသင့်ဖြစ်နေလိမ့်မယ်လို့ ခန့်မှန်းထားကြပါတယ်။ “Waymo” ဟာ အမေရိကန်ပြည်ထောင်စုရဲ့ အကြီးဆုံး ကားဝန်ဆောင်မှု လုပ်ငန်းတွေဖြစ်တဲ့ “AutoNation နဲ့ Avis Budget Group” တို့နဲ့လည်း လက်တွဲထားပြီး၊ Phoenix မြို့က Customer တွေအတွက် Waymo မောင်းသူမဲ့ ကားတွေကို ငှားရမ်းပေးသွားဖို့ ရှိတယ်လို့ သိရပါတယ်။ Ref: Autonews, Medium, CNN The post ဈေးအသွားအပြန်ကို မောင်းသူမဲ့ ကားတွေနဲ့ အကြိုအပို့ လုပ်ပေးမယ့် “Walmart” appeared first on ဧရာဝတီ.
Source : https://ift.tt/2K5E8OL
via IFTTT


PC အသုံးပြုနေစဉ် Updates လုပ်တာတွေ အလိုအလျောက် ပိတ်ပေးမယ့် Windows 10 Windows 10 မှာ အသုံးပြုတွေ အများဆုံး စောဒက တက်ကြတဲ့ အချက်တခုကတော့ Updates တွေကို Download လုပ်ပြီးသွားရင် ကွန်ပျူတာသုံးနေတဲ့အချိန်မှာတောင် မပြောမဆို Restart ချပစ်တဲ့ အကျင့်တခု ဖြစ်ပါတယ်။ Microsoft ဘက်က ဒီအခက်အခဲကို ဖြေရှင်းပေးနိုင်ဖို့အတွက် Snooze Installation လိုမျိုး Feature အသစ်တွေ၊ Restart မလုပ်ခင် Notification တွေ ထည့်ပေးခဲ့ပေမယ့် ထင်သလောက် အဆင်မပြေခဲ့ဘူးလို့ ဆိုရမှာပါ။ Windows Settings ထဲအထိ သေချာ လိုက်မကြည့်ဖြစ်တဲ့ အသုံးပြုသူတွေဆို ပိုဒုက္ခ ရောက်ရပါတယ်။ ဒါပေမယ့် အခုတော့ Microsoft ဟာ ဒီလို ပြဿနာတွေကို အပြီးသတ် ဖြေရှင်းဖို့အတွက် ပိုမိုအဆင့်မြင်တဲ့ အလိုအလျောက် စနစ် အသစ်တခုကို လုပ်ဆောင်ပြီးပြီလို့ သိရပါတယ်။ “ခင်ဗျားတို့ မကျေနပ်ချက်တွေကို ကျနော်တို့ ကြားပါတယ်။ ဒီဒုက္ခတွေ ပပျောက်စေဖို့အတွက် ကျနော်တို့ရဲ့ Updates သွင်းတဲ့ Reboot Logic ကို ပြင်ဆင်လိုက်ပါပြီ။ ပိုပြီးအဆင်ပြေ၊ ထိရောက်တဲ့ စနစ်အသစ်တခုပါ” လို့ Microsoft’s Windows Insider အကြီးအကဲ Dona Sarkar က Blog ကနေတဆင့် ပြောကြားခဲ့ပါတယ်။ Microsoft က အသုံးပြုမယ့် ယခု Update Installation စနစ်အသစ်ဟာ Machine Learning နည်းပညာကို အသုံးချကာ Updates တွေ Download လုပ်ပြီးသွားရင် ကွန်ပျူတာကို ဘယ်အချိန်မှာ Restart ချဖို့ အသင့်တော်ဆုံးဖြစ်မလဲ ဆိုတာကို အလိုအလျောက် ခန့်မှန်းသွားမှာ ဖြစ်ပါတယ်။ ဒါ့အပြင် Restart မချပစ်ခင်မှာ User အနေနဲ့ ကွန်ပျူတာကို အခု သုံးနေလား၊ မသုံးနေဘူးလားဆိုတာကိုပါ အလိုအလျောက်စစ်ဆေးပေးသွားမှာဖြစ်ပါတယ်။ သုံးနေရင် လုံးဝ Restart ချပစ်တော့မှာ မဟုတ်ပါဘူး။ ဒီထက် ပိုကောင်းသွားတဲ့ အချက်တခုက အသုံးပြုသူအနေနဲ့ ကွန်ပျူတာရှေ့က ထပြီး ခဏလေး ကော်ဖီသွားဖျော်နေလို့ ကွန်ပျူတာက inactive ဖြစ်သွားရင်တောင် ယခုစနစ်က ခဏလေး ထသွားတာလား၊ ပြန်လာသုံးဦးမှာလား ဆိုတာကိုပါ ခန့်မှန်းပေးနိုင်မှာ ဖြစ်တယ်လို့ သိရပါတယ်။ Microsoft ဟာ ယခုစနစ်အသစ်ကို ကုမ္ပဏီအတွင်းမှာ စမ်းသပ်လျက်ရှိပြီး၊ စိတ်ကျေနပ်စရာ ရလဒ်တွေ ရရှိခဲ့တယ်လို့ ဆိုထားပါတယ်။ ယခု Feature အသစ်ကို Windows Insiders ပရိုဂရမ် ဝင်ထားသူတွေအနေနဲ့ လွန်ခဲ့တဲ့ ၃ ရက်၊ ဇူလိုင် ၂၅ ရက်နေ့ကမှ ထွက်ရှိထားတဲ့ နောက်ဆုံး Windows Update “ 19H1 builds” မှာ စတင်စမ်းသပ်အသုံးပြုနိုင်ပါပြီ။ တကယ် ထိရောက်မှုရှိမရှိ ဆိုတာကိုလည်း Users တွေဘက်က အကြောင်းပြန်ကြားပေးဖို့ Microsoft က တောင်းဆို ထားပါတယ်။ ယခုစနစ်ဟာ Cloud အခြေပြုစနစ်ဖြစ်တာကြောင့် Microsoft ဘက်က ဒီစနစ်ကို ပိုကောင်းအောင် Update လုပ်မယ်ဆိုရင် အချိန်အနည်းငယ်အတွင်း အားလုံးဆီမှာ Update လုပ်ပေးနိုင်ပါတယ်။ ဆက်စပ် သတင်းလင့်ခ်များ – Windows 10 ရဲ့ Fresh Start ကို အသုံးပြုပြီး လွယ်ကူစွာ Windows အသစ် ပြန်တင်ကြမယ် Windows 10 မှာ အားသွင်းကြိုးတပ်ထားပေမယ့် Charging မဝင်တဲ့ ပြဿနာ Ref: The Verge, Microsoft The post PC အသုံးပြုနေစဉ် Updates လုပ်တာတွေ အလိုအလျောက် ပိတ်ပေးမယ့် Windows 10 appeared first on ဧရာဝတီ.
Source : https://ift.tt/2AkvxIn
via IFTTT


Samsung ထက်အရင် ခေါက်ချိုးဖုန်းထုတ်ဖို့ ကြိုးစားနေတဲ့ Huawei နာမည်ကျော် ဂျပန်အခြေစိုက် သတင်းမီဒီယာတခုဖြစ်တဲ့ Nikkei Asian Review က ဖွင့်ဟချက်အရ Huawei ဟာ Samsung ကုမ္ပဏီထက်အရင် “ခေါက်ချိုးဖုန်း (Foldable Phone)” တမျိုးကို ထုတ်လုပ်၊ ရောင်းချဖို့ ကြိုးစားနေတယ်လို့ သိရပါတယ်။ Samsung အနေနဲ့ Galaxy X လို့ လူသိများတဲ့ ခေါက်ချိုးဖုန်းတလုံးကို ထုတ်လုပ်ဖို့ ကြိုးစားနေတာ နှစ်အတော် ကြာခဲ့ပါပြီ။ Samsung Display အနေနဲ့ ခေါက်ချိုးအသုံးပြုလို့ရတဲ့ OLED Display တွေကို အောင်မြင်စွာ စမ်းသပ်ထုတ်လုပ်ပြီး ဖြစ်ပေမယ့်လည်း၊ အခုအချိန်ထိတော့ ဖုန်းမှာ မမြင်တွေ့ရသေးပါဘူး။ ဒါပေမယ့် Huawei ဟာ တရုတ် Display ကုမ္ပဏီတခုဖြစ်တဲ့ BOE က ထုတ်ထားတဲ့ Flexible OLED Display တွေကို အသုံးပြုကာ ခေါက်ချိုးဖုန်း မော်ဒယ်အချို့ကို စတင်ထုတ်လုပ်တော့မှာ ဖြစ်တယ်လို့ သိရပါတယ်။ Nikkei ရဲ့ အဆိုအရ Huawei ရဲ့ ခေါက်ချိုးဖုန်းကို လာမယ့် ၂၀၁၉ ခုနှစ်၊ အစောပိုင်းလောက်မှာတင် စောစီးစွာ တွေ့မြင်နိုင်ချေရှိတယ်လို့ သိရပါတယ်။ Beijing Oriental Electronics (BOE) ဆိုတဲ့ ကုမ္ပဏီအမည်ကို နည်းပညာ ပရိတ်သတ်တွေကြားမှာ သိပ်ကြားဖူးကြမှာ မဟုတ်ပေမယ့် ဒီကုမ္ပဏီဟာ နှစ်အနည်းငယ်အတွင်း မြန်ဆန်စွာ ကြီးထွားလာတဲ့ ကုမ္ပဏီတခု ဖြစ်ပါတယ်။ BOE ဟာ Apple ရဲ့ iPads နဲ့ MacBook Display အချို့ကို ထုတ်လုပ်ပေးနေတဲ့ ကုမ္ပဏီတခုဖြစ်ပြီး၊ ကမ္ဘာ့အကြီးဆုံး LCD ကုမ္ပဏီတွေထဲမှာလည်း တခုအပါအဝင်ဖြစ်ပါတယ်။ BOE ဟာ အခုအခါ OLED ထုတ်လုပ်၊ တီထွင်မှု လုပ်ငန်းကိုပါ အားစိုက်လုပ်ဆောင်နေပြီး၊ Huawei အတွက် OLED Panels အပျော့တွေကို ထုတ်ပေးသွားဖို့ သဘောတူညီချက် ရရှိပြီးဖြစ်တယ်လို့ သိရပါတယ်။ BOE ဟာ ခေါက်ချိုး အသုံးပြုနိုင်တဲ့ ဖုန်း-တက်ဘလက်နှစ်ခုစပ်ပုံစံ ရှေ့ပြေးမော်ဒယ်တွေကိုလည်း တရားဝင် မိတ်ဆက်ပြသခဲ့ပြီး ဖြစ်တာကြောင့် Huawei အတွက် အဆင်သင့်ဖြစ်ပြီးသားလို့ ပြောရမှာပါ။ Huawei ဟာ စမတ်ဖုန်းဈေးကွက်မှာ “ပထမဆုံး” ဆိုတဲ့ နာမည်ကို ရရှိဖို့ အစွမ်းကုန် ကြိုးစားခဲ့တဲ့ သမိုင်းမှတ်တမ်း တွေလည်း ရှိတာကြောင့် အခု ခေါက်ချိုးဖုန်းသတင်းကလည်း အမှန်တကယ ်ဖြစ်လာနိုင်ဖို့ အလားအလာ တေ်ာတော်များနေပါတယ်။ ပြန်ပြောင်းပြောရရင် ၂၀၁၄ ခုနှစ်တုန်းက Apple ဟာ Sapphire Crystal Display နဲ့ iPhone ကို မိတ်ဆက်ဖို့ သတင်းတွေ ပျံ့ခဲ့ဖူးပါတယ်။ ဒါပေမယ့် Huawei က အရင် အဆိုပါ Display သုံးထားတဲ့ Limited Edition Huawei Ascend P7 Sapphire ကို မိတ်ဆက်ခဲ့တာကြောင့်၊ iPhone မှာ Sapphire Display ကို မသုံးဖြစ်ခဲ့ပါဘူး။ ၂၀၁၅ တုန်းကလည်း Apple Watch နဲ့အတူ မိတ်ဆက်ခဲ့တဲ့ Force Touch နည်းပညာနဲ့ ဆင်တူတဲ့ Pressure sensitive နည်းပညာတခုကို Huawei Mate S special edition မှာ ထည့်သုံးပြီး၊ iPhone 6s ထက်အရင် မိတ်ဆက်ကာ “ကမ္ဘာ့ပထမဆုံး” ဆိုတဲ့ ဂုဏ်ပုဒ်ကို ရအောင်ယူခဲ့တဲ့ အစဉ်အလာတွေ ရှိပါတယ်။ ဒါကြောင့် အခုအခါလည်း “Foldable Phone” ထုတ်မယ်လို့ အားလုံးက Tip ပေးထားကြတဲ့ Samsung ထက်အရင် Huawei က ဦးအောင် ထုတ်ပြနိုင်မလား ဆိုတာကတော့ စိတ်ဝင်တစား စောင့််ကြည့်ရမှာပါ။ Ref: The Verge The post Samsung ထက်အရင် ခေါက်ချိုးဖုန်းထုတ်ဖို့ ကြိုးစားနေတဲ့ Huawei appeared first on ဧရာဝတီ.
Source : https://ift.tt/2uVHoHY
via IFTTT


“ချစ်သူ လက်ဆောင်ပေးတဲ့ သီချင်းတွေကြောင့် ပြုံးပျော်ရတယ်” ဆိုသူ နန်းဆုရတီစိုး အဆိုတော် G-Fatt နဲ့ နန်းဆုရတီစိုးတို့ ချစ်သူနှစ်ဦးဟာ ပရိသတ်အားကျရတဲ့ ဂီတချစ်သူ စုံတွဲနှစ်ဦးပါ။ သရုပ်ဆောင် တဦးလည်းဖြစ်၊ သီချင်းတွေလည်းဆိုတဲ့ အဆိုတော်၊ သရုပ်ဆောင် နန်းဆုရတီစိုးက ချစ်သူဖြစ်တဲ့ အဆိုတော် G-Fatt ကို “ဒီနေ့” ၊ “ပြည်ပသို့ပေးစာ” စတဲ့ သီချင်းတွေနဲ့ သတိထားမိခဲ့တယ်လို့ဆိုပြီး ချစ်သူက ကိုယ့်အတွက် ရည်ရွယ်ပြီး ဆိုတဲ့ သီချင်းတွေ နားထောင်ရရင် ပြုံးမိပြီး ပျော်မိတယ်လို့ ဧရာဝတီကို ပြောပါတယ်။ မကြာသေးခင် ရက်အပိုင်းအတွင်းက ထွက်ရှိထားတဲ့ အဆိုတော် G-Fatt နဲ့ “အကယ်၍ လက်ထပ်ကြတဲ့အခါ” သီချင်းနဲ့ ပတ်သက်ပြီးတော့လည်း နန်းဆုရတီစိုးက အခုလို ဆိုပါတယ်။ “အကယ်၍ လက်ထပ်ကြတဲ့အခါ” သီချင်းက ပြီးခဲ့တဲ့ Anniversary တခုမှာပေါ့။ မနက်ဖြန်မှာ Anniversary ဆိုရင် သူက အဲဒီနေ့မှာ ဖွင့်ပြချင်လို့ ညတွင်းချင်း ရေးပြီးတော့ မနက်မှာ နန်းဆုတို့ ရိုက်ထားတဲ့ ဓာတ်ပုံလေးတွေနဲ့ Edit လုပ်ပြီး၊ Video Clip လုပ်ပြီး ဖွင့်ပြပြီးတော့ လက်ဆောင်ပေးတာပေါ့။ အဲ့သီချင်းကို နန်းဆု ဆိုချင်လည်းဆိုလို့ လက်ဆောင်ပေးတယ်” “နန်းဆုကလေ သီချင်းရတိုင်း ဆိုတဲ့သူတော့ မဟုတ်ဘူး။ သူရေးသမျှ သီချင်းတိုင်းတော့ ဆိုချင်တာပေါ့နော်။ ဒါပေမယ့် ဒီသီချင်းကို ကြည့်လိုက်ပြီးတော့ သူနဲ့ ပိုလိုက်မယ်။ သူဆိုရင် ပိုကောင်းမယ်လို့ ယုံကြည်လို့ သူ့ကိုပဲ ဆိုခိုင်းခဲ့တယ်။ အခွေထဲပဲ ထည့်ခိုင်းခဲ့တာ”လို့ နန်းဆုရတီစိုးက ချစ်သူ G-Fatt ဆီက ရခဲ့တဲ့ တနှစ်ပြည့် Anniversary သီချင်း အကြောင်း ပြောပါတယ်။ နန်းဆုရတီစိုးနဲ့ G-Fatt တို့ ချစ်သူနှစ်ဦး (ဓာတ်ပုံ – သီဟတိုး/ဧရာဝတီ) နန်းဆုရတီစိုးနဲ့ G-Fatt တို့ ချစ်သူ နှစ်ယောက်စလုံးက အနုပညာရှင်တွေ ဖြစ်ကြတဲ့အတွက် နားလည်မှု အပြည့် ရှိကြပြီး နှစ်ယောက်တွဲ တေးစီးရီးခွေ လုပ်နိုင်အောင်လည်း ကြိုးစားမယ်လို့ နန်းဆုက ဆိုပါတယ်။ “နန်းဆု သီချင်းအသစ်လေးတွေ ပေးဖို့ ရှိပါတယ်။ အခု အသစ်ထွက်မယ့် တပုဒ်က Online Release ပဲ။ သီချင်း နာမည်ကို နန်းဆု မဆုံးဖြတ်ရသေးလို့။ ပထမက အခု ၇ လပိုင်းမှာ မိုးအေးအေးနဲ့ သီချင်းအေးအေး ထွက်ဖို့၊ ဒါပေမယ့် ၈ လပိုင်းမှ ထွက်ဖြစ်ရင်တော့ သီချင်းအမြူးပဲ ထွက်တော့မှာ။ သီချင်းက နှစ်ပုဒ် လုပ်ထားတယ်။ ပြီးတော့ နန်းဆုက Samsung နဲ့ လက်တွဲ လုပ်ဆောင်နေတယ်ဆိုတော့ သူတို့နဲ့ တွဲလုပ်ဖို့လည်း ရှိသေးတယ်။ Shangpree Product ရဲ့ Ambassador အနေနဲ့လည်း ကြော်ငြာရိုက်ကူးရေးတေ ွရှိပါတယ်”လို့ နန်းဆုရတီစိုးက ပြောပါတယ်။ သရုပ်ဆောင် ၊ အဆိုတော် နန်းဆုရတီစိုး (ဓာတ်ပုံ – သီဟတိုး/ဧရာဝတီ) နန်းဆုရတီစိုးက အသစ်ထွက်မယ့် သီချင်းတွေကို တေးရေး G Fatt နဲ့ တပုဒ်၊ ဝေကြီးနဲ့ တပုဒ် ဆိုပြီး နှစ်ပုဒ်ထွက်ဖို့ ပြင်ဆင်ထားတယ်လို့ သိရပါတယ်။ နန်းဆုရတီစိုးဟာ ဆယ်ကျော်သက် အရွယ်ကတည်းက သရုပ်ဆောင်၊ အဆိုတော်ဘဝနဲ့ လှုပ်ရှားခဲ့သူ ဖြစ်ပြီး ယခုနှစ်တွေအတွင်းမှာ TV Program ရိုက်ကူးရေးများကြောင့် သီချင်းတွေ နားထားသလို ဖြစ်နေခဲ့တာလို့ ဆိုပါတယ်။ ဂီတချစ်သူ အဆိုတော် G-Fatt ကြောင့် ဂီတကို ပိုချစ်တတ်လာတာလား ဆိုတဲ့အမေးကိုတော့ “ဂီတကို အရင်ကတည်းက ချစ်မြတ်နိုးတယ်။ သီချင်းတွေဆိုပြီး ကိုယ့်ပရိသတ်တွေကို နားထောင်စေချင်တယ်။ နန်းဆုနဲ့ လိုက်ဖက်တဲ့ သီချင်းတွေ ဆိုပြီး နားထောင်စေချင်တယ်ဆိုတဲ့ ဆန္ဒနဲ့ “ရူးအောင်ချစ်ရသူ”ဆိုတဲ့ သီချင်းလေး Online Release လုပ်ဖြစ်သွားတယ်” “အဲဒါကို ပရိသတ်က သဘောကျတယ်ဆိုတဲ့အတွက် နောက်ထပ်သီချင်း တပုဒ်၊ နှစ်ပုဒ်လောက် ထပ်လုပ်ဖို့ စီစဉ်ထား ပါတယ်။ အခွေထုတ်ဖို့ မထုတ်ဖို့ကတော့ နောက်မှ သေချာ စဉ်းစား စီစဉ်မှာပါ။ ထုတ်ချင်လည်း ထုတ်ဖြစ်မှာပေါ့နော်”လို့ နန်းဆုရတီစိုးက ဆိုပါတယ်။ သရုပ်ဆောင် အဆိုတော် နန်းဆုရတီစိုးကတော့ သြဂုတ်လ ၂ ရက်နေ့မှာ စင်ကာပူခရီးစဉ် သွားဖို့ရှိပြီး အလုပ်ရော၊ အလည်ပါ ပါဝင်တဲ့ ခရီးလို့လည်း ဧရာဝတီကို ဖြေကြားသွားပါတယ်။ The post “ချစ်သူ လက်ဆောင်ပေးတဲ့ သီချင်းတွေကြောင့် ပြုံးပျော်ရတယ်” ဆိုသူ နန်းဆုရတီစိုး appeared first on ဧရာဝတီ.
Source : https://ift.tt/2OrkOz1
via IFTTT


ဘောလိဝုဒ် အကသင်ပြသူ “Ganesh Acharya” ရဲ့ ပေါင် ၁၈၀ ကျော် ဝိတ်ချနည်း အိန္ဒိယက အနုပညာရှင်တွေဟာ ခန္ဓာကိုယ် အချိုးအစား ပြောင်းလဲတဲ့ နေရာမှာ သူမတူအောင် တော်ကြပါတယ်။ ရုပ်ရှင်ဇာတ်ကား တကားအတွက် ကိုယ်အလေးချိန် အတိုးအလျှော့ကို အချိန်တိုအတွင်း လိုသလို ပြောင်းလဲနိုင်ပါတယ်။ အခုဖော်ပြပေးမယ့် သူကတော့ ဘောလိဝုဒ် အနုပညာရှင် လောကမှာ နာမည်ကြီး ကကွက် ဖန်တီးရှင် ဖြစ်တဲ့ “Ganesh Acharya” ရဲ့ ဝိတ်ချနည်း ဖြစ်ပါတယ်။ သူ့ရဲ့ဝိတ်ချပြီး ပုံကို တင်လိုက်တဲ့ အချိန်မှာ ပရိသတ်တွေအားလုံးက အံ့သြမှင်သက် နေကြပါတယ်။ ဝိတ်ချပြီးတဲ့ အခါမှာ သူ့ကိုယ်လုံးရဲ့ တဝက်သာသာပဲ ကျန်ပါတော့တယ်။ “Ganesh Acharya” ရဲ့ ဝိတ်ချပြီးသွားတဲ့ Before & After ပုံ Ganesh ရဲ့ အလေးချိန်ဟာ ၁၅၀ ကီလိုဂရမ် ရှိပြီး ၂၀၁၅ ခုနှစ်မှာ “Hey Bro” ရုပ်ရှင်ကို ရိုက်ကူး ပြီးချိန်မှာတော့ ၂၀၀ ကီလိုဂရမ်ထိကို မြင့်တက်လာခဲ့ပါတယ်။ ဒီအချိန်တွေက သူ့အတွက် အခက်အခဲဆုံး အချိန်တွေ ဖြစ်ခဲ့ပြီး “House Full 3” ရုပ်ရှင်အတွက် ကတဲ့အခန်း ရိုက်ကူးတုန်းက ဆိုရင် သူ့ဒူးခေါင်းမှာ ပြင်းပြင်းထန်ထန် ခံစားခဲ့ရတယ်လို့ ဆိုပါတယ်။ ဒီလိုဖြစ်ကတည်းက သူ့အနေနဲ့ ပြောင်းလဲသင့်ပြီဆိုတာ သိလိုက်ပါတယ်။ “ငါဒါကို မဖြစ်မနေ လုပ်ရမယ်။ လူတွေက ဝတဲ့ Ganesh ကိုပဲ မြင်နေကျ ဖြစ်တဲ့အတွက် သူတို့ အံ့အားသင့်သွားအောင် လုပ်ရမယ်”လို့ ကိုယ့်ကိုယ်ကို အမြဲအားပေးတယ်လို့ ဆိုပါတယ်။ အခုတော့ ၈၅ ကီလိုဂရမ် (ပေါင် ၁၈၀ ကျော်ကျော်) လောက် ကျသွားပါပြီ။ ဒီလို ကိုယ်အလေးချိန် အများကြီးကို လျှော့ချဖို့ဆိုတာ လွယ်ကူတဲ့ ကိစ္စတော့ မဟုတ်ပါဘူး။ ဒါပေမယ့် ခြေတလှမ်း စလှမ်းလိုက်ပြီ ဆိုတာနဲ့ နောက်ပိုင်းမှာ လွယ်ကူသွားပါတယ်။ စိတ်ရှည်ရှည်နဲ့ အချိန်မှန် လေ့ကျင့်ဖို့တော့ လိုပါတယ်။ စစချင်းမှာ အရမ်းဝတဲ့အတွက် ပြင်းထန်တဲ့ လေ့ကျင့်ခန်းတွေ မလုပ်နိုင်ခဲ့သလို လွယ်ကူသက်သာတဲ့ နည်းလမ်းတွေနဲ့ စခဲ့ပါတယ်။ ပထမဆုံး လုပ်ခဲ့တာကတော့ရေကူးတာပဲ ဖြစ်ပြီး ပထမဆုံး ၁၅ ရက်မှာ ရေထဲမှာ ဘယ်လို ကိုယ်ဖော့ရမယ် ဆိုတာ သင်ယူခဲ့ရပါတယ်။ အခုတော့ ရေကူးနည်း ၁၁ မျိုးလောက်ကို လုပ်နိုင်နေပြီ ဖြစ်ပြီး အရမ်းလည်း ပင်ပန်းတယ်လို့ ဆိုပါတယ်။ ရေကူးပြီနောက်တော့ Gym မှာ ၅ ပေါင် အလေးတုံးနဲ့ စတင်လေ့ကျင့်ပြီး အခုတော့ ၁၅ ကီလို (ပေါင် ၃၀) အလေးတုံးတွေနဲ့ လေ့ကျင့်နေနိုင်ပြီ ဖြစ်ပါတယ်။ လေ့ကျင့်ခန်းနဲ့အတူ အစားအသောက်ကလည်း အရေးကြီးတဲ့အတွက် ညနေ ၅ နာရီ ၆ နာရီဆိုတာနဲ့ ဘာမှ မစားတော့သလို စားပွဲသောက်ပွဲတွေကိုလည်း ရှောင်ရပါတယ်။ အိမ်မှာပဲ ကျန်းမာရေးနဲ့ ညီညွှတ်တဲ့ အစားအသောက်တွေ စားသောက်ခဲ့ရပါတယ်။ ဒီလိုနည်းလမ်းတွေနဲ့ အချိန် အတိုင်းအတာ တခုထိ လေ့ကျင့်ပြီးတဲ့ အချိန်မှာတော့ သူဟာ ကျန်းမာရေးနဲ့ ညီညွှတ်တဲ့ ကိုယ်ခန္ဓာကို ရရှိနေပြီ ဖြစ်ပါတယ်။ ကဲ နောက်ဆုံးတော့ ဒီလိုခရီးကြမ်းကို ဖြတ်သန်းနိုင်ခဲ့တဲ့ “Ganesh Acharya” ဟာ စိတ်သစ် လူသစ်နဲ့ ဘဝသစ်ကို ဖန်တီးနိုင်နေပါပြီ။ Ref ; viral.laughingcolours.com The post ဘောလိဝုဒ် အကသင်ပြသူ “Ganesh Acharya” ရဲ့ ပေါင် ၁၈၀ ကျော် ဝိတ်ချနည်း appeared first on ဧရာဝတီ.
Source : https://ift.tt/2mS3JBH
via IFTTT


“Miss Universe Thailand 2018” အလှမယ် Sophida “Ning” ရဲ့ အိပ်မက်ခရီး ဂုဏ်သရေရှိ စင်မြင့်ထက်မှာ ရပ်နေတဲ့ အလှမယ် Sophida “Ning” Kanchanarin ဟာ သူ့ရဲ့ ခေါင်းမှာ စိန်သရဖူကို ဆောင်းထားပြီး ပြုံးပြနေခဲ့ပါတယ်။ သူ့ကို ကြီးမားတဲ့ ပန်းစည်းတခု ပေးခဲ့ပြီးတဲ့နောက် သူဟာ ကြည့်ရှုနေကြတဲ့ ပရိသတ်ကို လက်ဝှေ့ယမ်း နှုတ်ဆက်ခဲ့ပါတယ်။ “Miss Universe Thailand 2018” လို့ ရေးသားထားတဲ့ စလွယ်ကိုလည်း သူ့ပုခုံးထက်မှာ ဆင်မြန်းထားပါတယ်။ “Miss Universe Thailand 2018” အလှမယ် သရဖူဆု ရရှိစဉ် အသက် ၂၃ နှစ်အရွယ်၊ ရင်းနှီးမြှုပ်နှံမှု ဘဏ်မန်နေဂျာတဦး ဖြစ်တဲ့ Sophida အတွက်တော့ အလှဘုရင်မ ဖြစ်ချင်ခဲ့တဲ့ ကလေးဘဝတုန်းက အိပ်မက်အတိုင်း ဖြစ်လာခဲ့ပြီး အိပ်မက်ဆန်တဲ့ ဇာတ်လမ်းတခုလည်း အဆုံးသတ်သွားခဲ့ပြီ ဖြစ်ပါတယ်။ နိုင်ငံရပ်ခြားမှာ ပညာမသင်ခင်အထိတော့ အလှမယ် Sophida ဟာ ဘန်ကောက်မြို့မှာပဲ မွေးဖွားခဲ့ပြီး ကြီးပြင်းခဲ့သူ ဖြစ်ပါတယ်။ သူဟာ အမေရိကန် ပြည်ထောင်စု၊ လတ်ဗေးဂတ်စ်မြို့ မှာရှိတဲ့ နီဗားဒါး တက္ကသိုလ်ကနေ ငွေကြေးစီမံ အထူးပြုနဲ့ စီးပွားရေး စီမံခန့်ခွဲမှုဆိုင်ရာ ဘွဲ့တခုကို ရရှိခဲ့ပါတယ်။ တည်ငြိမ်တဲ့အလုပ်တခုကို ရရှိခဲ့ပြီးတဲ့နောက် သူဟာ ငယ်ငယ်တုန်းက “အလှမယ် ဖြစ်ချင်တယ်” ဆိုတဲ့ သူ့ရဲ့ အိပ်မက်ကို “အကောင်အထည် ဖော်နိုင်ပါစေ” ဆိုတဲ့ သူ့မိဘတွေရဲ့ ဆုတောင်း ပြည့်မြောက်ခဲ့ပြီလည်း ဖြစ်ပါတယ်။ “Miss Universe Thailand 2018” အလှမယ် Sophida “Ning” ပရိသတ်တွေက ချစ်စနိုးနဲ့ မန်နေဂျာ “Ning” လို့ခေါ်တဲ့ Sophida က “လူတိုင်းဟာ တချိန်တည်းမှာ ကိစ္စ တော်တော် များများကို လုပ်ဆောင်နိုင်တယ်လို့ ကျမ ယုံကြည်ပါတယ်။ သူတို့လိုချင်တဲ့ အရာတိုင်း ရရှိနိုင်ပါတယ်” လို့ ပြောကြားခဲ့ဖူး ပါတယ်။ အခုလိုမျိုး အိပ်မက်တခုကို သူဖြည့်ဆည်းနိုင်ခဲ့ပေမယ့် အိပ်မက် အသစ်တခုနဲ့ ခရီးလမ်းတခုကတော့ ရှေ့မှာ ရှိနေဆဲ ဖြစ်ပါတယ်။ “Miss Universe Thailand” ဆိုတဲ့ ဂုဏ်ပုဒ်ပိုင်ရှင် တယောက်အနေနဲ့ Sophida ဟာ အခုနှစ်ကုန်မှာ ကျင်းပမယ့် မယ်စကြာဝဠာ အလှမယ်ပြိုင်ပွဲမှာ နိုင်ငံကို ကိုယ်စားပြုပြီး ယှဉ်ပြိုင်ရဦးမှာ ဖြစ်ပါတယ်။ သူဟာ လမ်းလျှောက်ပုံ၊ စကားပြောပုံ၊ ကိုယ်နေဟန်ထား၊ ကမ္ဘာ့သတင်းတွေနဲ့ ထိတွေ့မှု ရှိနေရဦးမှာ ဖြစ်ပြီး တကယ့်ပွဲကြီးနေ့အတွက် အဆင်သင့်ဖြစ်ဖို့ ခေတ်သစ် အလှမယ်တဦး ထမ်းဆောင်ရမယ့် အခြားတာဝန်တွေလည်း ရှိပါသေးတယ်။ အခုအထိတော့ အတည်မပြုနိုင်သေးပေမယ့် မယ်စကြာဝဠာ ပြိုင်ပွဲကြီးကို ဘန်ကောက်မြို့မှာ ပြန်လည် ကျင်းပမယ်ဆိုတဲ့ သတင်းတွေလည်း ထွက်ပေါ်ထားပါတယ်။ အခုလိုမျိုး ဖြစ်နိုင်ချေကို Sophida က စိတ်လှုပ်ရှားနေပြီး သူ့ရဲ့ မွေးရပ်မြို့မှာ တခြားပြိုင်ပွဲဝင်တွေကို ပြသရမှာ သဘောကျတယ်လို့ ပြောဆိုထားပါတယ်။ သူက “ကျမက အစားအသောက် သဘောကျတဲ့အတွက် ကျမက သူတို့ရဲ့ အစားအသောက် ဂုရုကြီးဖြစ်ပြီးတော့ အာရှ အစားအသောက်မျိုးစုံနဲ့ ကိုရီးယား ရေခဲမုန့်တို့ကို စားသောက်ဖို့ သူတို့ကို ခေါ်သွားမှာပါ။ တရုတ်တန်းကိုလည်း ခေါ်သွားဦးမှာပါ။ သူတို့ သဘောကျမယ်ဆိုတာ သေချာပါတယ်။ မြဘုရားကိုလည်း သွားရောက် လည်ပတ်ကြဦးမှာပါ” လို့ ပြောကြားခဲ့ပါတယ်။ Sophida အတွက်တော့ အမျိုးသားတွေလွှမ်းမိုးတဲ့ ငွေကြေးစီမံကဏ္ဍနဲ့ ဆန့်ကျင်ဖက်ဖြစ်တဲ့ အမျိုးသမီးတွေ လွှမ်းမိုးရာ အလှမယ်ပြိုင်ပွဲကို တက်ရောက်လာခဲ့ပြီး ခွန်အားဖြစ်စေနိုင်မယ့် အတွေ့အကြုံတွေကိုလည်း ရှာဖွေနိုင်ခဲ့ပြီလို့ဆိုပါတယ်။ သူက “မာတင်လူသာကင်းလိုမျိုး တခြားပုဂ္ဂိုလ်တွေကို လူတယောက်က အားကျအတုယူနိုင်တယ်လို့ ကျမ လုံးဝ ယုံကြည်ပါတယ်။ သူဟာ လူမည်းတွေ ကိုယ့်ကိုယ်ကို အတွက် ရပ်တည်ဖို့နဲ့ မှန်ကန်တာတွေပဲ လုပ်ဖို့ ခွန်အား ဖြစ်စေခဲ့ ပါတယ်။ ဒီကမ္ဘာကြီးထဲမှာ ရှိတဲ့ အမျိုးသမီးတိုင်းနဲ့ ကျား၊ မတိုင်းဟာ ကျမအတွက်တော့ ညီတူမျှတူပါပဲ။ အလှမယ် တယောက်ဆိုတာ လူသားတွေရဲ့ အခွင့်အရေးအတွက် ရပ်တည်တာမျိုး ဖြစ်နိုင်ပါတယ်။ အမျိုးသမီးတွေဟာ ခေါင်းဆောင်တွေ ဖြစ်နိုင်ပြီး သူတို့ရဲ့ ကလေးတွေကို အားကျအတုစေနိုင်တယ်ဆိုတာ ကမ္ဘာကို ပြသနိုင်ပါတယ်” လို့ ဆိုပါတယ်။ မယ်စကြဝဠာပြိုင်ပွဲရဲ့ ရေကူးဝတ်စုံယှဉ်ပြိုင်မှုနဲ့ ပတ်သက်လို့တော့ Sophida က အဲဒါဟာ အမျိုးသမီးတွေ အနေနဲ့ ကျန်းမာကြံ့ခိုင်ဖို့ တွန်းအားပေးနိုင်တယ်လို့ ထင်တဲ့အကြောင်း ပြောဆိုထားပါတယ်။ သူက “ကျမ အတွက်တော့ ရေကူးဝတ်စုံ ဝတ်ရဖို့ဆိုတာ ကိစ္စကြီးတရပ်တော့မဟုတ်ပါဘူး။ ဒါပေမယ့် ယဉ်ကျေးမှုတိုင်း အတွေးအမြင်တိုင်းကို ကျမ လေးစားပါတယ်။ လူတိုင်းဟာ ကွဲပြားတဲ့ အမြင်ရှိကြပါတယ်” လို့ ဆိုပါတယ်။ “Miss Universe Thailand 2018” Top 5 အလှမယ်များ ကမ္ဘာကျော် အလှမယ်ပြိုင်ပွဲမှာ လိင်ပြောင်းအမျိုးသမီးတွေ ဝင်ရောက်ယှဉ်ပြိုင်လာခဲ့တဲ့ ကိစ္စကတော့ ဥပဒေ အရသာ ဖြစ်သင့်တယ်လို့ ခံစားတယ်လို့ ဆိုပါတယ်။ မယ်စကြဝဠာပြိုင်ပွဲ စီစဉ်သူတွေဟာ ၂၀၁၂ ခုနှစ်ကစလို့ လိင်ပြောင်း အမျိုးသမီးတွေကို ဝင်ရောက်ယှဉ်ပြိုင်ခွင့် ပြုခဲ့ပါတယ်။ ဒါပေမယ့် ပြိုင်ပွဲဝင်အနေနဲ့ သူတို့ရဲ့ နိုင်ငံမှာ တရားဝင် အမျိုးသမီးအဖြစ် အသိအမှတ် ပြုထားကြောင်း ထောက်ခံချက်တော့ ပြရမှာဖြစ်ပါတယ်။ ဒါပေမယ့် ထိုင်းနိုင်ငံမှာတော့ လိင်ပြောင်း ပုဂ္ဂိုလ်တယောက်ကို အမျိုးသားကနေ အမျိုးသမီး ဒါမှမဟုတ် အမျိုးသမီးကနေ အမျိုးသားဆိုပြီး ပြောင်းလဲဖို့ ခွင့်ပြုထားတဲ့ တရားဝင် ဥပဒေတော့ မရှိသေးပါဘူး။ နောက်တခုကတော့ ငွေကြေး ချို့တဲ့သူတွေအတွက် သူက ပြောနိုင်ဆိုနိုင်တဲ့သူတယောက် ဖြစ်လာနိုင်တဲ့ နေရာတခုရဖို့ မျှော်လင့်နေပါတယ်။ ကလေးတွေနဲ့ ကိုယ်လက်အင်္ဂါ သန်စွမ်းမှု ချို့တဲ့နေတဲ့သူတွေ အတွက် အလုပ်အကိုင် အခွင့်အလမ်း၊ ပညာရေးနဲ့ လိုအပ်တာတွေ ဖြည့်ဆည်းပေးဖို့ အာရုံစိုက်ထားတယ်လို့ ဆိုပါတယ်။ Sophida ရဲ့ ညီမလေးကိုယ်တိုင်က မွေးကင်းစ ကတည်းက ဦးနှောက်ချို့ယွင်းမှုကို ခံစားနေရတဲ့သူ ဖြစ်ပါတယ်။ ဒါ့အပြင် ဒုတိယဆုရရှိခဲ့တဲ့ Valentina “Ploy” Giardullo နဲ့အတူ “Little Miss Universe” ဆိုတဲ့ ကမ်ပိန်းကို လုပ်ဆောင်နေပြီး ကျောင်းတွေကို သွားရောက်ကာ ကလေးတွေနဲ့ အတူ ကျောင်းတွင်းလုပ်ငန်းတွေမှာ ပါဝင်လုပ်ဆောင်ပေးတာမျိုးတွေ လုပ်ဆောင်ပေးနေပါတယ်။ သူ့ရှေ့က ထိုင်းနိုင်ငံကိုယ်စားပြု မယ်စကြဝဠာဟောင်းကနေ ပေးအပ်ခဲ့တဲ့ မီးရှူးတန်ဆောင်ကို သယ်ဆောင်ဖို့ Sophida ထံမှာ ဖိအား ရှိနေပါပြီ။ လမ်းခရီးက ရှေ့မှာ ကြမ်းတမ်းနိုင်ပြီး သူနဲ့အတူ ဆုရရှိခဲ့သူတွေနဲ့ လမ်းလျှောက်ပုံ၊ စကားပြောပုံမှာ မကြာခဏ နှိုင်းယှဉ်ပြောဆိုခံရတာ၊ ဝေဖန်ခံရတာတွေ ဆက်လက်ရှိနေဦးမှာဖြစ်ပါတယ်။ အခုရောက်နေတဲ့ နေရာကို ရောက်ရှိဖို့ Sophida ဟာ အတိတ်မှာ ရခဲ့တဲ့ ကျရှုံးမှုတွေနဲ့ ဝေဖန်မှုတွေကြောင့် ဘဝမှာ တွန်းအားနဲ့ သင်ခန်းစာ ရရှိစေခဲ့တယ်လို့ ဆိုပါတယ်။ သူဟာ ဉာဏ်ကောင်းတဲ့ ကျောင်းသူတဦး မဟုတ်ခဲ့တဲ့ အတွက် ကျောင်းမှာ တချို့ဘာသာရပ်တွေကို ကျရှုံးခဲ့ဖူးတယ်လို့ ဝန်ခံထားဖူးပါတယ်။ သူက “ဘဝမှာ အကြိမ်ပေါင်းများစွာ ကျရှုံးကောင်း ကျရှုံးနိုင်ပါတယ်။ အားလုံးထက်အရင် ဘယ်တော့မှ အရှုံးမပေး လိုက်ပါနဲ့။ အရာရာဟာ အခက်အခဲတွေ ချည်းပါပဲ။ ဘာလုပ်ရမလဲလို့ မသိခဲ့ရင်တောင် ကိုယ်လုပ်နိုင်တယ်လို့ပဲ ကိုယ်ယုံကြည်လိုက်ပါ” လို့ ပြောကြားခဲ့ပါတယ်။ Ref:Bangkokpost Bangkok Post တွင် ရေးသားထားသော “Miss Universe Thailand 2018 Sophida Kanchanarin reflects on her journey, modern beauty pageants, and the road ahead” ဆောင်းပါးအား ဆီလျော်အောင် ဘာသာပြန်ဆို ထားသည်။ The post “Miss Universe Thailand 2018” အလှမယ် Sophida “Ning” ရဲ့ အိပ်မက်ခရီး appeared first on ဧရာဝတီ.
Source : https://ift.tt/2NT71A5
via IFTTT


စစ်တောင်းမြစ် ရေကာတာ ကျိုးပြီ ဆိုသည့်သတင်းများ မမှန်ဟုဆို စစ်တောင်းမြစ် ရေကာတာ ကျိုးပေါက်ပြီဆိုသည့် လူမှုကွန်ရက် စာမျက်နှာပေါ်တွင် ပျံ့နှံနေသည့် သတင်းများကို ဆည်မြောင်းနှင့် ရေအသုံးချမှု စီမံခန့်ခွဲရေးဌာနက ငြင်းဆိုလိုက်ပြီး၊ ကျိုးပေါက်မှု မရှိအောင် ထိန်းသိမ်းဆောင်ရွက် နေကြောင်း ဆိုသည်။ လက်ရှိအချိန်အထိ ရေကာတာကျိုးပေါက်မှု မရှိအောင် ထိန်းသိမ်းထားနိုင်ကြောင်းနှင့် ရေကျော်မည့် အခြေအနေ မရှိသေးကြောင်း ညောင်လေးပင်မြို့နယ် ဆည်မြောင်းဦစီး ဦးညွန့်လွင်က ဧရာဝတီသို့ ပြောသည်။ ဦးညွန့်လွင်က “ရေကာတာ မကျိုးပါဘူး စစ်တောင်းမြစ် ရေကာတာ အကောင်းပဲ ရှိတယ်။ မဒေါက်-ရွှေကျင်သွားတဲ့ ကားလမ်းကို ရေကျော်တာ။ ညောင်လေးပင်ကနေ – ရွှေကျင်သွားတဲ့ကားလမ်းက တာကြီးပေါ်က ဖြတ်သွားတာ။ ဖြတ်တဲ့နေရာမှာ ကွန်ကရစ်ခင်းထားပြီးသား။ အဲဒီကွန်ကရစ်ပေါ်က ရေလျှံကျတဲ့အခါကျတော့ တာကို နည်းနည်း စားတာပေါ့ ”ဟု ပြောသည်။ ဆက်လက်ပြီး ဦးညွန့်လွင်က “တစ်ပေပတ်လည်လောက်ပါ။ ရေလျှံတဲ့အတွက် ညကပိတ်ပြီးသွားပါပြီ။ ရေကာတာက စိုးရိမ်စရာလည်း မရှိပါဘူး။ ရေကျော်စရာလည်း မရှိပါဘူး”ဟု ဆိုသည်။ စစ်တောင်းမြစ်ရေကာတာမှာ အပေါ်ပိုင်း အနည်းငယ်ပဲ့ထွက်သွားခဲ့ပြီး ရေလျှံမှုများ ဖြစ်ပေါ်ခဲ့ကြောင်း ညောင်လေးပင် မြို့နယ် လွှတ်တော်ကိုယ်စားလှယ် ဦးအောင်နိုင်ဦးက ဧရာဝတီသို့ ပြောသည်။ ဦးအောင်နိုင်ဦးက “ပဲ့ထွက်သွားပြီးတော့ အဲဒီပေါ်ကနေ ရေတွေကျော်ဝင်တာ။ ပဲ့သွားတာ သိပ်တော့ မများဘူး။ ရေအင်အားများ တော့ ပြိုဆင်းလာပြီး ကျိုးတယ်ကျိုးတယ်ဆိုတာ ဖြစ်လာတာ”ဟု ဆိုသည်။ “လူမှုရေးအသင်းအဖွဲ့တွေရယ်၊ ဌာနဆိုင်ရာအဖွဲ့အစည်းတွေရယ်၊ ပြည်သူလူထုတွေရယ် ပေါင်းပြီး ဖို့ထားတယ်။ လောလောဆယ်တော့ ငြိမ်နေပါတယ်”ဟု ဦးအောင်နိုင်ဦးက ဆက်ပြောသည်။ ရေကာတာမှ ရေကျော်မည့် အခြေအနေဖြစ်လာပါက ကြိုတင်ပြင်ဆင်သည့် အနေဖြင့် မြို့တွင်းရှိ ပြည်သူများကို ရေလွတ်ရာသို့ ပြောင်းရွှေ့နေထိုင်ကြရန် အရေးပေါ် သတိပေးထားပြီးဖြစ်ကြောင်း ဦးအောင်နိုင်ဦးက ပြောသည်။ စစ်တောင်းမြစ်ရေသည် မဒေါက်မြို့တွင် ၇ ပေခန့် ယင်းမြို့၏ စိုးရိမ်ရေမှတ်အထက်သို့ ကျော်လွန်နေ ပြီး နောက် ၂ ရက်အတွင်း ၁ ပေခွဲခန့် ဆက်လက်တက်လာနိုင်ကြောင်း မိုးလေဝသနှင့် ဇလဗေဒ ညွန်ကြားမှု ဦးစီးဌာနမှ ဇူလိုင်လ ၂၈ ရက်က ထုတ်ပြန်ထားသည်။ ထို့ပြင် စစ်တောင်းမြစ်ရေသည့် တောင်ငူမြို့တွင်လည်း ပေဝက်ခန့် ယင်းမြို့၏ စိုးရိမ်ရေမှတ် အထက်သို့ ကျော်လွန်နေပြီး နောက် ၂ ရက်အတွင်း ၁ ပေခန့် ဆက်လက်တက်လာနိုင်ကြောင်း သိရသည်။ The post စစ်တောင်းမြစ် ရေကာတာ ကျိုးပြီ ဆိုသည့်သတင်းများ မမှန်ဟုဆို appeared first on ဧရာဝတီ.
Source : https://ift.tt/2LYmNch
via IFTTT


ဘန်ကောက်မှာ သွားတွေ သွားပြင်မယ့် မိတ်ကပ် ညီညီမောင်(စမ်းချောင်း) ခွဲစိတ်ပြုပြင်မှုများစွာ ပြုလုပ်ထားပြီး ပြုပြင်ထားတဲ့ အရာများကိုလည်း ပွင့်ပွင့်လင်းလင်း ပြောတတ်တဲ့ မိတ်ကပ် ညီညီမောင်(စမ်းချောင်း) ကတော့ သြဂုတ်လ ၅ ရက်နေ့မှာ ဘန်ကောက်နိုင်ငံသို့ သွားရောက်ပြီး သူ့ရဲ့ သွားများကို ပြုပြင်သွားမယ်လို့ ဧရာဝတီကို ပြောပါတယ်။ “၅ ရက်နေ့ကျရင် ဘန်ကောက်သွားပြီးတော့ သွားတွေ သွားပြင်ဖို့ ရှိတယ်။ စပွန်ဆာ ပေးထားတယ်။ မျက်နှာပိုင်း တွေလည်း ပြင်ဖို့ ရှိတယ်။ သုသုက အောက်သွား ခေါတယ်။ အောက်သွားကို ပြင်မယ်။ ပလက်စတစ်အကြည် ဖိုင်ဘာအကြည်လေးနဲ့လုပ်မယ်” လို့ မိတ်ကပ် ညီညီမောင်(စမ်းချောင်း)က ပြောပါတယ်။ မျက်နှာနဲ့ ပတ်သက်တာတွေကို ပြင်ဆင်သွားဖို့ ရှိပြီး ပြင်ဆင်ခါနီးအချိန်မှာ အသိပေးပါမယ်လို့လည်း သူက ဆိုပါတယ်။ “အမှန်အတိုင်းပြောရရင် လှချင်တော့ ပိုပြီး အလှပြင်လာတယ်။ အရင်က RS ရှိတော့ အချိန် မပေးနိုင်ဘူး။ အခုက Single ဆိုတော့ ကိုယ့်ကိုယ်ကို အလှပိုပြင်လာတယ်။ ပိုပြီး စိတ်ချမ်းသာတယ်။ အရင်တုန်းကလည်း မလှခဲ့ပါဘူး။ အခုလည်း မလှပါဘူး။ ဒါပေမယ့်အခုက အဆင်ပြေသွားပါပြီ” လို့ ညီညီမောင်က ပြောပါတယ်။ အချစ်ရေးနဲ့ ပတ်သက်ပြီးတော့ မကြာခဏ သတင်းများ ထွက်ပေါ်လေ့ရှိတဲ့ သူတယောက်အနေနဲ့ လက်ရှိ အချစ်ရေး အကြောင်းအရာကို မေးကြည့်တဲ့အခါမှာတော့ “သုသုက အားလုံးချစ်တဲ့ သူကိုပဲ ခေါ်လာမှာပါ။ ကိုယ့်ကို ချစ်သလို သူ့ကိုလည်း ချစ်လို့ရအောင်။ လက်ရှိဘဝကို အရမ်းပျော်တယ်။ အတိတ်ဆိုတာ မရှိတော့ဘူး။ မမှတ်မိတော့ဘူး။ လက်ရှိဘဝမှာလည်း အရမ်းပျော်အောင် ထားတဲ့ ကို့ကိုလည်း ကျေးဇူးတင်ပါတယ်” လို့ ပြောပါတယ်။ လတ်တလောမှာလည်း ကြော်ငြာရိုက်ဖို့အတွက် ကမ်းလှမ်းထားတာတွေရှိပြီး ရုပ်ရှင်ရိုက်ဖို့ ကမ်းလှမ်းထားတာအတွက် ဇာတ်လမ်း ရွေးချယ်နေတယ်လို့ သိရပါတယ်။ ဆက်စပ် သတင်းလင့်ခ်များ – “လောလောဆယ် အနာမကျက်သေးလို့ ရည်းစား မထားသေးဘူး” ဆိုတဲ့ ညီညီမောင်(စမ်းချောင်း) “ချစ်သူရဲ့ ဖောက်ပြန်တဲ့ ဒဏ်ကို မခံနိုင်လို့ လမ်းခွဲလိုက်ပြီ” ဆိုတဲ့ ညီညီမောင်(စမ်းချောင်း) The post ဘန်ကောက်မှာ သွားတွေ သွားပြင်မယ့် မိတ်ကပ် ညီညီမောင်(စမ်းချောင်း) appeared first on ဧရာဝတီ.
Source : https://ift.tt/2uXq4Ck
via IFTTT


ခန္ဓာကိုယ်အတွက် အရေးပါတဲ့ ပိုတက်စီယမ်ဓာတ် အားနည်းခြင်းအကြောင်း ကိုယ်ခန္ဓာအတွက် လိုအပ်တဲ့ဗီတာမင်နဲ့ သတ္တုဓာတ်တွေထဲမှာ ပိုတက်စီယမ်ကလည်း အရေးကြီးတဲ့ သတ္တုဓာတ် တမျိုးပါ။ ကြွက်သား လှုပ်ရှားနိုင်ဖို့၊ အာရုံကြောစနစ် ကောင်းအောင် ကူညီထောက်ပံ့ပေးသလို၊ ကိုယ်တွင်း အရေဓာတ် မျှချေ ရှိအောင် ထိန်းညှိပေးထားပါတယ်။ လေ့လာချက်တွေအရ ဒီလိုအရေးကြီးတဲ့ အခန်းကဏ္ဍက ပါဝင်တဲ့ ပိုတက်စီယမ်ဓာတ် ချို့ယွင်းလာတာနဲ့ အမျှ “Hypokalemia” လို့ ခေါ်တဲ့ ပိုတက်စီယမ် အားနည်းတဲ့ရောဂါဆီကို ဦးတည်စေပါတယ်။ ကိုယ်တွင်း ပိုတက်စီယမ် အားနည်းတာနဲ့ တပြိုင်နက် ကိုယ်တွင်းစီးဆင်းနေတဲ့ အရည်ဓာတ် ဆုံးရှုံးပြီး ပျို့အန်ချင်လာမယ်၊ ဝမ်းလျှောမယ်၊ ချွေးထွက်လွန်ပြီး နောက်ဆုံးသွေးအားနည်းတဲ့အဆင့်ထိ ဖြစ်သွားနိုင်ပါတယ်။ ပိုတက်စီယမ် ချို့ယွင်းတာကို သိနိုင်တဲ့ လက္ခဏာရပ်တွေက– (၁) ခန္ဓာကိုယ် နုံးချိ အားနည်းလာမယ် ပိုတက်စီယမ် အားနည်းခြင်းရဲ့ ဦးဆုံးလက္ခဏာကတော့ ခန္ဓာကိုယ် အားနည်း နုံးချိလာတာပါ။ ပိုက်တက်စီယမ်က ကြွက်သားတွေ အလုပ်လုပ်နိုင်အောင် ထောက်ပံ့ပေးလို့ မလုံလောက်တော့ဘူးဆိုရင် မလှုပ်ချင်လောက်အောင် အားနည်းသွားပါတော့တယ်။ (၂) ကြွက်တက်မယ် ကြွက်သားတွေရဲ့ လုပ်ဆောင်ချက်တွေ တုံ့ဆိုင်းသွားတာနဲ့အမျှ အလွယ်တကူ ကြွက်တက်လာတော့တာပါ။ ဒါဟာ သွေးတွင်း ပိုတက်စီယမ်နည်းနေပြီဆိုတာ ပြလိုက်တာပါပဲ။ ကြွက်သားဆဲလ်တွေ ပုံမှန်လုပ်ဆောင်နိုင်ဖို့ ပိုတက်စီယမ်က သွေးကတဆင့် ဦးနှောက်အာရုံကြောတွေကို သတင်းပို့ရပါတယ်။ ပိုတက်စီယမ် မလုံ လောက်တဲ့အခါ သတင်း မပို့နိုင်တော့ပဲ ဦးနှောက်က ကြွက်သားဆဲလ်တွေ လှုပ်ရှားဖို့ကို လှုံ့ဆော် မပေးနိုင်တော့ပါဘူး။ ဒါကြောင့် မကြာခဏ ကြွက်တက်လာရတာပါ။ (၃) အစာခြေစနစ် ကမောက်ကမ ဖြစ်လာမယ် အစာခြေစနစ်ကို ကမောက်ကမ ဖြစ်စေတဲ့ အကြောင်းရင်းတွေ ရှိတဲ့အထဲက ပိုတက်စီယမ် အားနည်းရင်လည်း ဖြစ်ပါတယ်။ အစာခြေတဲ့အခါ လိုအပ်တဲ့ကြွက်သားတွေ အလုပ် ပုံမှန်လုပ်အောင် စွမ်းဆောင်ပေးနေတဲ့ ပိုတက်စီယမ် အားနည်းသွားတာနဲ့အမျှ အစာအိမ်က အစာခြေနှုန်း နှေးကွေးသွားပါတော့တယ်။ ဒါကြောင့် ဝမ်းဗိုက် လေပွခြင်းနဲ့ ဝမ်းချုပ်တာမျိုးတွေ ခံစားရပါတယ်။ (၄) ရင်တုန်ပန်းတုန် ဖြစ်ခြင်း တခါတလေ အကြောင်းရင်း မရှိဘဲ ရင်ထဲတလှပ်လှပ် ဖြစ်တာမျိုး၊ ရင်တုန်ပန်းတုန် ဖြစ်တာမျိုး ခံစားဖူးကြမှာပါ။ ဒီလက္ခဏာကလည်း ပိုက်တက်စီယမ ်ချို့ယွင်းခြင်းရဲ့ အကြောင်းရင်းတွေပါ။ ရင်တုန်ပန်းတုန်ဖြစ်တာ စိတ်ဖိစီးမှုနဲ့လည်း ဆိုင်တယ် ဆိုပေမယ့် ပိုက်တက်စီယမ် အားနည်းခြင်းက ဖြစ်နိုင်ချေ ပိုများပါတယ်။ (၅) အသက်ရှုရခက်ခဲခြင်း ပိုတက်စီယမ်က အဆုတ်ကြွက်သားတွေ ချုံ့ချဲ့ခြင်း လုပ်ငန်းဆောင်တာကို ပံ့ပိုးပေးတာမို့ ပိုတက်စီယမ် အားနည်းတာနဲ့ ဒီဖြစ်စဉ် လျော့ကျသွားပြီး အသက်ရှုရတာ ခက်ခဲလာပါတယ်။ ပိုပြင်းထန်သွားရင်တော့ အသက်ရှုရပ်သွားတဲ့အထိ ဖြစ်နိုင်လို့ မပေါ့ဆသင့်ပါဘူး။ ခန္ဓာကိုယ်အတွက် အရေးပါတဲ့ ပိုတက်စီယမ်ကို ဘယ်လိုဖြည့်စွက် စားသုံးနိုင်မလဲ။ ပိုတက်စီယမ် ပေါကြွယ်ဝတဲ့ အစားအစာတွေအများကြီးရှိပါတယ်။ “အာလူး၊ ကန်စွန်းဥ၊ ဟင်းနုနွယ်၊ ခရမ်းချဉ်သီးဆော့စ်၊ လိမ္မောသီးနဲ့ လိမ္မော်ရည်၊ ငှက်ပျောသီး၊ ထောပတ်သီး၊ ဒိန်ချဉ်၊ ဆော်လမွန်ငါး၊ ယောက်သွား၊ အုန်းရည်” စတဲ့ အစား အစာတွေမှာ လိုအပ်တဲ့ ပိုတက်စီယမ် ပေါကြွယ်ဝတာမို့ နေ့စဉ် မပါမဖြစ် စားပေးဖို့ လိုပါတယ်။ ဒါ့အပြင် လိုအပ်နေ သေးရင်တော့ ပိုတက်စီယမ်ဖြည့်စွက်အားဆေးကို ဆရာဝန်နဲ့ တိုင်ပင်ပြီး သောက်သုံးနိုင်ပါတယ်။ Ref: Health Line The post ခန္ဓာကိုယ်အတွက် အရေးပါတဲ့ ပိုတက်စီယမ်ဓာတ် အားနည်းခြင်းအကြောင်း appeared first on ဧရာဝတီ.
Source : https://ift.tt/2mOZzdF
via IFTTT

7Day News Journal

ရေဘေးသင့်ပြည်သူများ အနေအထိုင်၊ အစားအသောက် အဆင်မပြေပါက သက်ဆိုင်ရာတိုင်းဒေသကြီး အစိုးရ၊ လွှတ် တော်၊ အုပ်ချုပ်ရေးပိုင်းဌာနဆိုင် ရာများနှင့် အရပ်ဘက်အဖွဲ့အ စည်းများထံ ကူညီပံ့ပိုးမှုတောင်းခံ နိုင်ကြောင်း နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်က ယမန်နေ့တွင် ပြော ကြားသည်။ သမ္မတဦးဝင်းမြင့်သည် ဇူလိုင် ၂၈ ရက်တွင် ပဲခူးမြို့သို့ ရောက်ရှိခဲ့ပြီး ဗုဒ္ဓအသံ ဓမ္မဗိမာန်ရှိ ရေဘေးသင့်ပြည်သူများနှင့် တွေ့ ဆုံပွဲ၌ အထက်ပါအတိုင်း ထည့် သွင်းပြောကြားသည်။ ‘‘သာမန်အချိန်ဆိုရင်တော့ မိဘပြည်သူတွေနဲ့ တွေ့ရတာ ဝမ်းသာရမှာဖြစ်ပေမယ့် အခုလို အ ချိန်မျိုးမှာ တွေ့ရတာတော့ ဝမ်း မသာနိုင်ပါဘူး။ ဒါ ကျွန်တော်ရဲ့ တကယ့်စိတ်ရင်းအမှန်ပါပဲ။ မိဘ ပြည်သူတွေအနေနဲ့ ရှောင်လွှဲလို့ မရတဲ့ သဘာဝဘေးအန္တရာယ်နဲ့ တွေ့ကြုံရတာကို ကျွန်တော်တို့ အစိုးရအဖွဲ့နဲ့ ကျန်တဲ့ ပြည်သူ၊ ပြည်သားများအားလုံးကလည်း လုံးဝမိဘပြည်သူနဲ့အတူ ထပ်တူ ထပ်မျှ စိတ်မကောင်းစွာ ခံစားကြ ရပါတယ်’’ဟု ဦးဝင်းမြင့်က ပြော သည်။ ရေဘေးသင့်ပြည်သူများ စိတ်ပျက်ခြင်း၊ အားငယ်ခြင်း၊ စိတ်လျှော့ခြင်းမရှိရန်နှင့် လက်ရှိ ရင်ဆိုင်နေရသည့် အခက်အခဲ၊ အကျပ်အတည်းကို အစိုးရအဖွဲ့ ဝင်များက ဒေသခံပြည်သူများနှင့် အတူ တက်ညီလက်ညီ ကြိုးစား ဆောင်ရွက်မည်ဖြစ်ကြောင်း သမ္မတက အားပေးစကားပြော ကြားသည်။ ‘‘သဘာဝဘေးအန္တရာယ်ဆို တာ မိဘပြည်သူတွေသိတဲ့အ တိုင်းပဲ ကြိုတင်လည်း မြင်နိုင်တဲ့ ကိစ္စမဟုတ်ဘူး။ ဖြစ်လာလို့ရှိရင် လည်း ရှောင်လွှဲလို့ရတာမဟုတ် ဘူး။ သို့သော် အဲဒီလိုဖြစ်တဲ့ အ ခြေခံကနေပြီးတော့ ကျွန်တော်တို့ တစ်တွေ ဘာပဲပြောပြော စည်း စည်းလုံးလုံး၊ ညီညီညွတ်ညွတ်နဲ့ တစ်ယောက်နဲ့တစ်ယောက် ဖေးမ ကူညီပြီးတော့ တစ်နိုင်တစ်ပိုင်၊ တစ်တပ်တစ်အားလေးတွေနဲ့ စိတ်တူကိုယ်တူ ဝိုင်းဝန်းပူးပေါင်း ဆောင်ရွက်ခြင်းဖြင့် ဒီအခက်အခဲ အကျပ်အတည်းကို ကျော်လွှားလို့ ရပါတယ်။ ကျော်လွှားဖို့လည်း ကျွန်တော်တို့ သန္နိဋ္ဌာန်ချထားကြ ရမှာဖြစ်ပါတယ်’’ဟု ဦးဝင်းမြင့်က ပြောသည်။ ဆက်လက်၍ သမ္မတက ‘‘ကျွန်တော်တို့လည်း တတ်အား သမျှ ကြိုးစားဆောင်ရွက်ပေးမှာ ဖြစ်ပါတယ်’’ဟု ရေဘေးသင့်ပြည် သူများကို ကတိပြုသည်။ ကူညီကယ်ဆယ်ရေးစခန်း များတွင် နေထိုင်ရသည့်ကာလ၌ ကျန်းမာရေး အထူးဂရုစိုက်စေလို ကြောင်းနှင့် စားရေး၊ နေရေး၊ ကျန်းမာရေးနှင့် ညီညွတ်အောင် တာဝန်ရှိသည့် ဌာနဆိုင်ရာအဖွဲ့အစည်း များ၊ အရပ်ဘက်အဖွဲ့အစည်း များက ရေဘေးသင့်ပြည်သူများ ကို ဂရုစိုက်ပေးစေလိုကြောင်း ဦးဝင်းမြင့်က လမ်းညွှန်မှာကြား သည်။ သမ္မတဦးဝင်းမြင့်သည် သာ သနာ့ဗိမာန်ရှိ ရေဘေးသင့်ပြည် သူ တစ်ထောင့်လေးရာကျော်ကို လေးမိနစ်ကျော် နှုတ်ခွန်းဆက် စကားပြောကြားပြီး ပြည်သူများ ၏ အခက်အခဲကို ရှစ်မိနစ်ခန့် မေးမြန်းခဲ့သည်။ ရေဘေးသင့်ပြည်သူများ၏ အဆင်မပြေမှုများ၊ ကုန်ဈေးနှုန်း တက်သည့် အခြေအနေများကို မေးမြန်းပြီး လက်အုပ်ချီနှုတ်ဆက် သည့် ပြည်သူအချို့ကို လက်အုပ် မချီရန် ပြောကြားသည်။ ပဲခူးမြစ်ရေ မြင့်တက်လာမှု ကြောင့် ပဲခူးမြို့တွင် ပြည်သူနှစ် သောင်းငါးထောင်ကျော် ရေကြီးမှု ဒဏ်ခံစားနေရပြီး ယမန်နေ့အထိ မြို့ပေါ်တွင် ကူညီကယ်ဆယ်ရေး စခန်း ၃၂ ခု ဖွင့်လှစ်ထားသည်။ ကူညီကယ်ဆယ်ရေးစခန်း များတွင် တစ်ရက်လျှင် နှစ်ကြိမ် နှုန်း ထမင်းထုပ်ပေးဝေလှူဒါန်းသူ များရှိ၍ စားစရာအခက်အခဲများ စွာ ကြုံတွေ့ရခြင်းမရှိသော်လည်း သောက်ရေသန့်၊ သုံးရေနှင့် အ ပေါ့အပါးသွားရန် အခက်အခဲရှိ ကြောင်း ရေဘေးသင့်ပြည်သူ အချို့က ပြောသည်။
Source : https://ift.tt/2AgJG9F
via IFTTT


မြစ်ကြီးနှစ်စင်း နှစ်ပေါင်း ၅၀ ကျော်အတွင်း အမြင့်ဆုံးရေမှတ်ရောက်နေ ပဲခူးတိုင်းဒေသကြီးအတွင်းရှိ စစ်တောင်းမြစ် နှင့် ပဲခူးမြစ်တို့သည့် နှစ်ပေါင်း ၅၀ ကျော်အတွင်း အမြင့်ဆုံး ရေမှတ် သို့ရောက်ရှိနေကြောင်း မိုးလေဝသနှင့်ဇလဗေဒညွန်ကြားမှုဦးစီးဌာန (မိုး/ဇလ) မှ ထုတ်ပြန်ထားသည်။ ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်မြို့နယ်၊ မဒေါက်မြို့တွင် စစ်တောင်းမြစ်ရေသည် နှစ်ပေါင်း ၅၃ နှစ်အတွင်း အမြင့်ဆုံး ရေမှတ်ရောက်ရှိနေကြောင်း မိုးလေဝသနှင့်ဇလဗေဒညွန်ကြားမှုဦးစီးဌာန (မိုး/ဇလ) မှ ထုတ်ပြန်ထားသည်။ ထို့အပြင် ပဲခူးမြစ်ရေသည် ပဲခူးမြို့တွင် ယနေ့တိုင်းတာရရှိသော ၉၆၈ စင်တီမီတာသည် နှစ်ပေါင်း ၅၄ နှစ်အတွင်း အမြင့်ဆုံးရေမှတ်ဖြစ်ပြီး သြဂုတ်လ ၁၀ ရက်နေ့ ၂၀၁၁ခုနှစ်တွင် စံချိန်းတင်ခဲ့သည့် အမြင့်ဆုံးရေမှတ်မှာ ၉၆၀ စင်တီမီတာ ဖြစ်ကြောင်း မိုး/ဇလ က ထုတ်ပြန်ထားသည်။ မိုး/ ဇလ မှ ညွှန်ကြားရေးမှူးချုပ် ဦးကျော်မိုးဦးက “မဒေါက်မြို့မှာဟာဆိုရင် နှစ်ပေါင်း ၅၃ နှစ်အတွင်း မှာ အခုလက်ရှိ ရေအမှတ်က အမြင့်ဆုံးကို ရောက်နေတာ။ အဓိကကတော့ ဒီရက်ပိုင်းတွေမှာ မွန်၊ ကရင်၊ ရခိုင်ပြည်နယ် ဒီဒေသတွေမှာ ၅၊၆ ရက်လောက် ဆက်တိုက်မိုးကြီးတဲ့ အတွက် မြစ်ရေတွေ တက်လာတာပေါ့” ဟုပြောသည်။ မဒေါက်မြို့တွင် ယခင်အမြင့်ဆုံးရေမှတ်ဖြစ်သည့် သြဂုတ်လ ၂ ရက်နေ့ ၁၉၉၇ ရက်နေ့တွင် ၁၂၄၄ စင်တီမီတာ ဖြစ်ပြီး ယနေ့ တိုင်းတာရရှိမှုသည် ၁၂၇၀ စင်တီမီတာဖြစ်ကြောင်း မိုး/ဇလက ယနေ့ နံနက်ပိုင်းတွင် ထုတ်ပြန်လိုက်သည်။ မဒေါက်မြို့တွင် မြစ်ရေမြင့်တက်လာမှုကြောင့် လူဦးရေ ၉၀၀၀ ခန့်သည် ရေဘေးကြုံတွေ့နေရပြီး ကယ်ဆယ်ရေး စခန်း ၄ ခုဖွင့်ထားကြောင်း ညောင်လေးပင်မြို့နယ် ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဦးညီညီထွေး က ဧရာဝတီသို့ ပြောသည်။ ဦးညီညီထွေးက “မြို့ထဲမှာ နေထိုင်တဲ့သူတွေကို သတိပေးထားပါတယ်။ ကိုယ့်ရဲ့ အရေးကြီးတဲ့ စာရွက်စာတန်းတွေရယ် တန်ဖိုးရှိပစ္စည်းတွေကို ထုပ်ပိုးသိမ်းဆည်းထားပြီးတော့ ကိုယ်ဝန်ဆောင်တွေ ကလေးတွေကို ရေလွတ်ရာကို ပြောင်းရွှေ့နေထိုင်ဖို့ အတွက် စခန်းတွေလည်း ဖွင့်ပေးထားပါတယ်” ဟုဆိုသည်။ ဇူလိုင်လ ၂၄ ရက်နေ့မှစတင်ကာ မဒေါက်မြို့တွင် ရေဝင်ရောက်လာပြီး မြို့နေပြည်သူများ ရေလွတ်ရာသို့ ရှောင်တိမ်းနေရ ကြောင်းသိရသည်။ စစ်တောင်းမြစ်ရေသည် တောင်ငူမြို့တွင် ပေဝက်ခန့်နှင့် မဒေါက်မြို့တွင် ၇ ပေခန့် ယင်းမြို့များ၏ စိုးရိမ်ရေမှတ်အသီးသီးအထက်သို့ ကျော်လွန်နေပြီး နောက် ၂ ရက်အတွင်း တောင်ငူမြို့တွင် ၁ ပေခန့်၊ မဒေါက်မြို့တွင် ၁ ပေခွဲခန့် ဆက်လက်တက်လာနိုင်ကြောင်း မိုး/ဇလက ထုတ်ပြန်ထားသည်။ ထို့ပြင် ရွှေကျင်မြစ်ရေသည် ရွှေကျင်မြို့တွင် ၆ ပေခန့် ယင်းမြို့၏ စိုးရိမ်ရေမှတ်အထက်သို့ ကျော်လွန်နေပြီး နောက် ၂ ရက်အတွင်း ၂ ပေခန့် ဆက်လက်တက်လာနိုင်ကြောင်း သိရသည်။ပဲခူးမြစ်ရေသည် ပဲခူးမြို့တွင် ၃ ပေခန့် ယင်းမြို့၏ စိုးရိမ်ရေမှတ်အထက်သို့ ကျော်လွန်နေပြီး နောက် ၁ ရက်အတွင်း ပေဝက်ခန့် ဆက်လက်တက်လာနိုင်ကြောင်း ထုတ်ပြန်ထားသည်။ သံလွင်မြစ်ရေသည် ဘားအံမြို့တွင် ၅ ပေခွဲခန့် ယင်းမြို့၏ စိုးရိမ်ရေမှတ်အထက်သို့ ကျော်လွန်နေပြီး နောက် ၂ ရက်အတွင်း ၁ ပေခန့် ဆက်လက် တက်လာနိုင်ကာ ဘီးလင်းမြစ်ရေသည် ဘီးလင်းမြို့တွင် ၂ ပေခွဲခန့် ယင်းမြို့၏ စိုးရိမ်ရေမှတ်အထက်သို့ ကျော်လွန်နေပြီး နောက် ၂ ရက်အတွင်း ယင်းမြို့၏ စိုးရိမ် ရေမှတ်အထက် ဆက်လက်တည်ရှိနိုင်ကြောင်း သိရသည်။ ထို့ကြောင့် ဘားအံမြို့နယ်၊ ပဲခူးမြို့နယ်၊ ရွှေကျင်မြို့နယ်နှင့် မဒေါက်မြို့အတွင်းရှိ မြစ်ကမ်းအနီးနှင့် မြေနိမ့်ပိုင်း နေထိုင်ကြသူများအနေဖြင့် မြစ်ရေကြီးမှုဘေးအန္တရာယ်မှ ကင်းလွတ်ရာသို့ ရှောင်ရှားကြပါရန်နှင့် တောင်ငူမြို့နယ်နှင့် ဘီးလင်းမြို့နယ်များအတွင်းရှိ မြစ်ကမ်းအနီးနှင့်မြေနိမ့်ပိုင်း နေထိုင်သူများအနေဖြင့် အထူးသတိပြု နေထိုင်ကြပါရန် မိုး/ဇလက သတိပေး ထုတ်ပြန်ထားသည်။ The post မြစ်ကြီးနှစ်စင်း နှစ်ပေါင်း ၅၀ ကျော်အတွင်း အမြင့်ဆုံးရေမှတ်ရောက်နေ appeared first on ဧရာဝတီ.
Source : https://ift.tt/2OrhO5t
via IFTTT

Saturday, July 28, 2018


စစ်တောင်းမြစ် ရေကာတာ ကျိုးပေါက်မှုမရှိစေရန် အရေးပေါ်ထိန်းသိမ်းနေ ယခုရက်ပိုင်း မြစ်ရေ မြင့်တက်လာမှုကြောင့် စစ်တောင်းမြစ် ရေကာတာ ကျိုးပေါက်မှု မရှိစေရန် အစိုးရဌာနဆိုင်ရာများနှင့် အရပ်ဖက်အဖွဲ့အစည်းများက အရေးပေါ် ထိန်းသိမ်းပြင်ဆင်မှုများ ပြုလုပ်နေရကြောင်း သိရသည်။ လက်ရှိအချိန်အထိ ရေကာတာကျိုးပေါက်မှု မရှိအောင် ထိန်းသိမ်းထားနိုင်ကြောင်းနှင့် ရေကျော်မည့် အခြေအနေ မရှိသေးကြောင်း ညောင်လေးပင်မြို့နယ် ဆည်မြောင်းနှင့် ရေအသုံးချမှု စီမံခန့်ခွဲရေး ဦးစီးဌာန ဆည်မြောင်းဦစီး ဦးညွန့်လွင်က ဧရာဝတီသို့ ပြောသည်။ ဦးညွန့်လွင်က “လက်ရှိအခြေအနေကတော့ ကောင်းပါတယ်။ ဘာမှမကျိုးမပေါက်သေးပါဘူး အားလုံးနိုင်အောင်လို့ ထိန်းထားပါတယ်။ ရေကျော်မယ့် အလားအလာလည်း မရှိသေးပါဘူး” ဟု ပြောသည်။ ညောင်လေးပင်မြို့နယ် ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဦးညီညီထွေး က “တာရဲ့ တချို့နေရာတွေ ဆိုရင် ရေစပ်စပ် ဖြစ်နေတဲ့ နေရာတွေ ဖြစ်နေပြီ အဲဒီလို ရေနည်းနည်းကျော်နိုင်တဲ့ နေရာတွေကို ဆည်မြောင်းဌာနကနေ လိုက်လုပ်နေ တယ်။ မြို့နဲ့ အနီးတဝိုက်မှာကျတော့ ပရဟိတလူငယ်တွေရယ် ရပ်မိရပ်ဖတွေကတော့ နိုင်သလောက် ရေကျော်နိုင် မယ့်နေရာတွေကို သဲအိတ်တွေနဲ့ ကာရံတာတွေ လုပ်နေပါတယ်”ဟု ရာဝတီသို့ ပြောသည်။ ရေကာတာမှ ရေကျော်မည့် အခြေအနေဖြစ်လာပါက ကြိုတင်ပြင်ဆင်သည့် အနေဖြင့် မြို့တွင်းရှိ ပြည်သူများကို ရေလွတ်ရာသို့ ပြောင်းရွှေ့နေထိုင်ကြရန် သတိပေးထားပြီးဖြစ်ကြောင်း ၎င်းကဆို သည်။ စစ်တောင်းမြစ်ရေသည် မဒေါက်မြို့တွင် ၇ ပေခန့် ယင်းမြို့၏ စိုးရိမ်ရေမှတ်အထက်သို့ ကျော်လွန် နေပြီး နောက် ၂ ရက်အတွင်း ၁ ပေခွဲခန့် ဆက်လက်တာလာနိုင်ကြောင်း မိုးလေဝသနှင့် ဇလဗေဒ ညွန်ကြားမှု ဦးစီးဌာမှ ယနေ့ ထုတ်ပြန်ထားသည်။ ထို့ပြင် စစ်တောင်းမြစ်ရေသည့် တောင်ငူမြို့တွင်လည်း ပေဝက်ခန့် ယင်းမြို့၏ စိုးရိမ်ရေမှတ် အထက်သို့ ကျော်လွန်နေပြီး နောက် ၂ ရက်အတွင်း ၁ ပေခန့် ဆက်လက်တက်လာနိုင်ကြောင်း သိရသည်။ The post စစ်တောင်းမြစ် ရေကာတာ ကျိုးပေါက်မှုမရှိစေရန် အရေးပေါ်ထိန်းသိမ်းနေ appeared first on ဧရာဝတီ.
Source : https://ift.tt/2AhmdoK
via IFTTT

The Irrawaddy - Burmese Edition

ရန်ကုန်တိုင်းဒေသကြီး လှိုင်သာယာမြို့နယ်တွင် ဓားထောက်လုယက်ခဲ့သူတဦးအား ဖမ်းဆီးစဉ် ဓားဖြင့် ပြန်လည် တိုက်ခိုက်မှုသဖြင့် ပစ်ခတ်ဖမ်းဆီးခဲ့ရပြီး သေနတ်ဒဏ်ရာဖြင့် လှိုင်သာယာ ဆေးရုံ၌ သေဆုံးခဲ့ကြောင်း ရဲတပ်ဖွဲ့က ယနေ့သတင်း ထုတ်ပြန်သည်။ သေဆုံးသူ ဆန်းလင်းဦး(၂၅နှစ်)သည် ယနေ့မနက် အစောပိုင်းက နေအိမ်သို့ပြန်လာသည့် စက်မှုဇုန် လုံခြုံရေး ဝန်ထမ်း တဦးအား စက်မှုဇုန်(၂)၊ ဦးရွှေအိုးလမ်း အရောက်တွင် လည်ပင်းဓားထောက်ကာ ငွေနှစ်သောင်းလုယက်စဉ် ဝန်ထမ်းဖြစ် သူက ပိုက်ဆံအား ပြန်လည်ဆွဲယူမှုကြောင့် ဓားဖြင့်ထိုးကာ ထွက်ပြေးခဲ့ခြင်းဖြစ်သည်။ ယင်းလုယက်မှုတွင် ဝန်ထမ်းဖြစ်သူ၏ ဝဲဘက်တတောင်တွင် ပြတ်ရှဒဏ်ရာရရှိခဲ့ပြီး ၎င်း၏တိုင်တန်း မှုကြောင့် လှိုင်သာယာ မြို့မရဲစခန်းတွင် ပုဒ်မ ၃၉၄ ဖြင့် ကနဦးအမှုဖွင့်ခဲ့သည်။ အခင်းဖြစ်ပြီးနောက် စက်မှုဇုန်(၃) ဦးမြဲလမ်းတွင် လုယက်မှုကျူးလွန်ခဲ့သူအား ဓားကိုင်ဆောင်လျှက် ပြန်လည်တွေ့ရှိခဲ့ပြီး ဖမ်းဆီးစဉ် အရိုးအသွား ၁၀ လက်မခန့်ဓားဖြင့် ပြန်လည်တိုက်ခိုက်မှုလာသဖြင့် သေနတ်ဖြင့် ပစ်ခတ်ဖမ်းဆီးခဲ့ရခြင်း ဖြစ်ကြောင်း ရဲတပ်ဖွဲ့က ဆိုထားသည်။ ယင်းဖမ်းမှုတွင် ရဲတပ်ကြပ်ကြီး မြင့်သိန်း၏ ဝဲလက်ခုံ၌ ဓားဒဏ်ရာရရှိခဲ့ကြောင်းလည်း ရဲတပ်ဖွဲ့က ဆိုသည်။ သေဆုံးသူထံမှလည်း ဓားဦးချွန်တချောင်းနှင့် လုယူခဲ့သည့် ငွေကျပ်နှစ်သောင်းကို ပြန်လည်သိမ်း ဆည်းရမိခဲ့ကြောင်း သိရသည်။ ဆန်းလင်းဦးသည် သီရိမင်္ဂလာဈေးအတွင်း ဓားကိုင်ရမ်းကားမှုဖြင့် ၂၀၁၈ ခုနှစ်၊ ဇန်နဝါရီ ၂၉ ရက်နေ့ က လက်နက်များ အက်ဥပဒေပုဒ်မ ၁၉(င)ဖြင့် ထောင်ဒဏ်လေးလ ကျခံခဲ့ရသူဖြစ်ပြီး လွန်ခဲ့သည့် ၃ ရက်က ထောင်မှပြန်လွတ်လာ သူ ဖြစ်ကြောင်း ရဲတပ်ဖွဲ့က ထုတ်ပြန်ထားသည်။ ၎င်းသည် ၂၀၁၇ ခုနှစ် ဇူလိုင် ၁၇ ရက်နေ့ကလည်း ခိုးမှုမသင်္ကာဖြင့် ပိတောက်ချောင်းနယ်မြေ ရဲစခန်း တွင် ဖမ်းဆီးခံရပြီ ရန်ကုန်ရဲအက်ဥပဒေပုဒ်မ ၃၁ ဖြင့် ထောင်ဒဏ် ၂ လ ကျခံရဖူးသူဖြစ်ကြောင်း လည်း ရဲတပ်ဖွဲ့က ဆိုထားသည်။ Topics: လုယက်မှု, လှိုင်သာယာ
Source : https://goo.gl/Y8zKKd
via IFTTT


၂ သိန်းဝန်းကျင် ဖုန်းဝယ်ရန် စဉ်းစားနေသူများအတွက် “Asus ZenFone Max Pro M1” ယနေ့ Review လုပ်ပေးမယ့် စမတ်ဖုန်းကတော့ ASUS ရဲ့ ZenFone Max Pro M1 ဖုန်းဖြစ်ပါတယ်။ ZenFone Max Pro M1 ဟာ ၂၀၁၈ ခုနှစ်၊ ဧပြီလအတွင်းက ထွက်ရှိလာတဲ့ မော်ဒယ်သစ်ဖုန်းတလုံးဖြစ်ပြီး၊ ဈေးနှုန်းကတော့ အနိမ့်ဆုံးမော်ဒယ် (3GB+32GB) ကို မြန်မာငွေ ကျပ်၂၁၉၀၀၀ ဈေးနှုန်း ရှိပါတယ်။ ZenFone Max Pro M1 ဟာ လတ်တလော Mid-range လို့ခေါ်ဆိုနိုင်တဲ့ Specifications တွေနဲ့ ထွက်ရှိ လာပြီး ဈေးနှုန်းကတော့ ၂ သိန်းစွန်းစွန်းပဲ ရှိတဲ့အတွက် ပြည်တွင်းဖုန်းဈေးကွက်မှာ လူကြိုက်များနေတဲ့ ဖုန်းတလုံးလည်း ဖြစ်ပါတယ်။ ဒီဖုန်းက ဘာကြောင့် လူကြိုက်များနေလဲ၊ ညွှန်းကြသလို ကောင်းရဲ့လားဆိုတာ လေ့လာကြည့်ရအောင်။ ဒီဇိုင်း လူတိုင်း ဖုန်းဝယ်ရင် ပထမဆုံးကြည့်တဲ့ အချက်ဖြစ်တဲ့ ဒီဇိုင်းကနေ စပြီး လေ့လာကြည့်ရအောင်။ ZenFone Max Pro M1 ဟာ အခုခေတ်စားနေတဲ့ Bezel-less Design နဲ့ ဖြစ်ပေမယ့်၊ ASUS ဟာ တခြားဖုန်းတွေလို တလုံးနဲ့ တလုံး မခွဲနိုင်တဲ့ ဒီဇိုင်းပုံစံမျိုး မသုံးထားဘဲ ZenFone တွေနဲ့ ဒီဇိုင်းထုံးစံ မပျက်ဖြစ်အောင် သုံးထားတာ တွေ့ရပါတယ်။ Notch မသုံးထားတဲ့အတွက် Display နေရာ မဆိုစလောက် ပိုနည်းသွားပေမယ့်၊ Notch မကြိုက်တဲ့သူတွေ သဘောကျမယ့် Full Display ဖုန်းတလုံးဖြစ်ပါတယ်။ ဖုန်းဘောင်တွေက အသေးဆုံးထဲမှာ မပါပေမယ့်၊ အရမ်းလည်း သိသာမှု မရှိပါဘူး။ Screen အပြည့် ဖုန်းတလုံး ကိုင်ရတဲ့ Feeling အပြည့်ကို ခံစားနိုင်မှာပါ။ အလူမီနီယမ် ကိုယ်ထည်ပြည့်ကို သုံးစွဲထားတယ်လို့ ဆိုပေမယ့် Alloy ဖြစ်ဖို့များပြီး ပလတ်စတစ် အရသာ နည်းနည်း ခံစားရပါတယ်။ ရှေ့ဘက်ကိုလည်း 2.5D Curved Glass အသုံးပြုထားတဲ့အတွက် ၂ သိန်းတန်ဖုန်းဆိုပေမယ့် တန်ဖိုးကြီး ဖုန်းတလုံး ပုံစံပေါက်ပါတယ်။ ဖုန်းကျောဘက်မှာ ဒေါင်လိုက် Dual Camera ကို အသုံးပြုထားပြီး၊ Dual Camera မှန်း မသိသာမှာ စိုးတဲ့ အတွက် ကင်မရာနှစ်လုံးကြားမှာ Dual Camera လို့ပါ ရေးထားပါသေးတယ်။ ZenFone Max Pro M1 ရဲ့ ဒီဇိုင်းကို ခြုံငုံပြောရမယ်ဆိုရင် သိသိသာသာ ထူးခြားတဲ့ ဒီဇိုင်း မဟုတ်ပေမယ့်၊ ပေးရတဲ့ တန်ဖိုးထက် ပိုတဲ့ အမြင်မျိုး ရှိပါတယ်။ Display ZenFone Max Pro မှာ ၅.၉၉ လက်မအရွယ်၊ 18:9 Display ကို အသုံးပြုထားပြီး၊ IPS LCD Display Panel နဲ့ ဖြစ်ပါတယ်။ Resolution အနေနဲ့ 2160×1080 pixels (FHD+) ကို အသုံးပြုထားပြီး၊ Display အရည်အသွေးက စိတ်ကျေနပ်စရာပါပဲ။ အလင်းအမှောင်ပြတ်သားမှုကောင်းပြီး ထောင့်ပေါင်းစုံကနေလည်း ကောင်းကောင်းကြည့်ရှုနိုင်ပါတယ်။ sRGB လို Color Mode တွေ စုံစုံလင်လင် မရွေးနိုင်တာ တခုတော့ အားနည်းချက ်ရှိပါတယ်။ ၆ လက်မ အရွယ် အတွက် FullHD Resolution သုံးပေးထားတာကတော့ ချီးကျူးစရာ တချက်ပါ။ ရုပ်ထွက်အရည်အသွေး ကောင်းမွန်တာကြောင့် ဓာတ်ပုံ၊ ဗီဒီယိုတွေ ကြည့်ရတာ တော်တော် အဆင်ပြေပါတယ်။ ကင်မရာ ZenFone Max Pro M1 ကို အထူးချီးကျူးသင့်တဲ့အချက်ထဲမှာ ကင်မရာက ထိပ်ဆုံးကပါဝင်ပါတယ်။ ကြော်ငြာ ထားတဲ့ အတိုင်း အထူးသဖြင့် Low-light မှာ စိတ်ကျေနပ်စရာ ကောင်းပါတယ်။ အကောင်းဆုံး အရည်အသွေး မဟုတ်ပေမယ့် တန်ဖိုးတူဖုန်းတွေနဲ့ Low-light ယှဉ်ရိုက်ရင်တောင် Noise ပိုနည်းပြီး၊ အရောင် ပြတ်သားမှုလည်း ပိုကောင်းတာကို တွေ့ရပါတယ်။ OnePlus 5 နဲ့ Low-light ယှဉ်ရိုက်တာတောင် ZenFone Max Pro m1 က နည်းနည်း ပိုသာတာ တွေ့ရပါတယ်။ Ambient Light ကို အသုံးချနိုင်စွမ်းကောင်းမွန်ပြီး၊ အရောင်တွေက တမင်စိုအောင် ပြင်ထားမှန်းသိသာပေမယ့်လည်း ရလဒ်သပ်ရပ်ကောင်းမွန်တာကြောင့် အပြစ်ပြောစရာမရှိပါဘူး။ နေ့ဘက် Outdoor ရိုက်ချက်တွေမှာလည်း အရောင်အသွေး စိုလင်ကောင်းမွန်ပေမယ့်၊ နည်းနည်းဝေးဝေးက ပုံရိပ်တွေ မှာတော့ ပြတ်သားမှု အားနည်းတာ တွေ့ရပါတယ်။ အနီးကပ်ရိုက်ကူးချက်တွေမှာတော့ စိတ်ကျေနပ်မှု ရှိပါတယ်။ နေ့ဘက်ကတော့ တခြားတန်ဖိုးတူဖုန်းတွေနဲ့ သူမသာကိုယ်မသာ လောက်ပါပဲ။ Bokeh effect တွေ ရိုက်ကူးရာမှာလည်း Foreground နဲ့ Background ခွဲခြားမှုတွေ တိကျသေရပ်ပြီး၊ လူမဟုတ်တဲ့ Object တွေကိုလည်း Bokeh effect ကောင်းကောင်းပေးစွမ်းနိုင်ပါတယ်။ ဒါပေမယ့် Bokeh effect ကို Processing လုပ်တာ၊ Image Save တာတွေကတော့ နည်းနည်းကြာပါတယ်။ Pro Mode မပါဝင်ပေမယ့် HDR နဲ့ Sports, flowers, sunset, beach စသဖြင့် Scene mode တွေ ပါဝင်တဲ့အတွက် အလွယ်တကူရိုက်ကူးနိုင်မှာပါ။ ကင်မရာရဲ့ နောက်ထပ်ကောင်းမွန်တဲ့တချက်ကတော့ ကျောကင်မရာနဲ့ 4K Video တွေပါ ရိုက်ကူးနိုင်တာပါ။ ဒီဈေးဝန်းကျင် ဖုန်းထဲမှာ 4K ရိုက်နိုင်တာ နည်းနည်းရှားတဲ့အတွက် ဒါကတော့ လက်မထောင်သင့်တဲ့ အချက်တခုပါပဲ။ Performance and Software ZenFone Max Pro M1 မှာ Snapdragon 636 SoC ကို အသုံးပြုထားပြီး၊ Xiaomi ရဲ့ Redmi Note 5 Pro, Redmi Note 5 with AI Dual Camera တို့နဲ့ Chipset အတူတူပါပဲ။ ဒါပေမယ့် ASUS ZenUI မသုံးဘဲ Android 8.1 Oreo Pure Android ကိုပဲ အသုံးပြုထားတာကလည်း ဒီဖုန်းရဲ့ အဓိကဆွဲဆောင်မှု တချက်ပါ။ အထူးသဖြင့် ရိုးရိုးရှင်းရှင်း Interface နဲ့ Android စစ်စစ်အရသာကို ကြိုက်တဲ့သူတွေ နှစ်သက်မှာပါ။ Camera, Calculator, FM Radio နဲ့ Sound Recorder တို့ကတော့ စိတ်ကြိုက် ASUS Apps တွေဖြစ်ပါတယ်။ Settings ထဲမှာလည်း ZenMotion gestures လိုမျိုး ASUS ရဲ့ Features တွေ ဖြည့်ထားပေမယ့်၊ Overall ကတော့ Pure Android ခံစားမှု မပျက်ပါပဲ။ Face Unlock စနစ်လည်း ပါဝင်တာ တွေ့ရပါတယ်။ Face Unlock ကတော့ Low-light မှာ နည်းနည်းလေး အလုပ်မလုပ်ချင်တာမျိုး ရှိပေမယ့်၊ ASUS ဘက်က software updates တွေ ထုတ်လာတဲ့အခါ ပိုကောင်းလာမယ်လို့ မျှော်လင့်ရပါတယ်။ GeekBench စစ်ဆေးမှုအရ Single Core နဲ့ Multicore အမှတ်တွေမှာ ပြိုင်ဘက်ဖုန်းတလုံးဖြစ်တဲ့ Redmi Note 5 Pro ထက် မဆိုစလောက်လေး အမှတ်ပိုတာ တွေ့ရပါတယ်။ Antutu 7 မှာလည်း ထိုနည်းလည်းကောင်းပါပဲ။ ZenFone Max Pro M1 ဟာ အခုလူဆော့များနေတဲ့ PUBG Mobile ကို နဂိုအခြေအနေနဲ့ Medium လောက်မှာ ကောင်းကောင်းဆော့နိုင်ပြီး၊ ကစားရတာ သွက်လက်မှု ရှိပါတယ်။ ဒါပေမယ့် အချိန်ကြာကြာ ဆက်တိုက် ဆော့ရင်တော့ နည်းနည်းပူလာပြီး Frame Rate ကျပြီး ထစ်ချင်သလိုလို ဖြစ်လာနိုင်ပါတယ်။ အပူက ကိုင်ထားရင် မသိသာပေမယ့် ဂိမ်းထဲမှာတော့ Performance နည်းနည်း သိသာလာပါတယ်။ ZenFone Max Pro M1 ကို အကြိုက်ဆုံးအချက်တွေ ပြောပါဆိုရင် ကင်မရာနဲ့ ဘက်ထရီကို ပြောရမှာပါ။ ဘက်ထရီက 5,000 mAh ဘက်ထရီကို အသုံးပြုထားတာကြောင့် တော်တော်လေးအသုံးခံပါတယ်။ တနေကုန် ဂိမ်းဆော့လိုက်၊ ဖုန်းသုံးလိုက် လုပ်နေရင်တောင် အသုံးခံပါတယ်။ ဘက်ထရီအသုံးခံသလို ပြန်သွင်းရတာလည်း တော်တော်လေး ကြာပါတယ်။ အားအပြည့်သွင်းဖို့ကို ၃ နာရီနီးပါးလောက် ကြာပါတယ်။ ဘက်ထရီကြီးလို့ အားသွင်းကြာတာလို့ ငြင်းချက် ထုတ်နိုင်ပေမယ့် ဒီအမြန်နှုန်းကတော့ အခုခေတ်စံနှုန်းနဲ့ ကြည့်ရင် နှေးတယ်လို့ ဆိုရမှာပါ။ ပြီးတော့ ASUS ကတော့ Fast Charging ပါတယ်လို့ ပြောထားပေမယ့် ဘာ Fast Charging မှန်း သေချာ မပြောထားဘဲ ပုံမှန် 10W Charging ပဲ ဖြစ်ပါတယ်။ ဒီတော့ တနေကုန်အပြင်ထွက်မယ်ဆိုရင် မသွားခင်ဖုန်းအားအပြည့်သွင်းထားဖို့နဲ့ ဖုန်းအားကုန်ခါနီးအထိ မသုံးဖို့ အကြံပေးချင်ပါတယ်။ ပြန်သွင်းရတာ တကယ်စိတ်မရှည်ပါဘူး။ အဆုံးသတ် သုံးသပ်ချက် ASUS ZenFone Max Pro M1 ရဲ့ အဓိကအားသာချက်တွေကတော့ ဒီဈေးနှုန်းနဲ့ Pure Android ကိုင်ရမယ်၊ SIM ကတ်ကလည်း SIM နှစ်ကတ်နဲ့ microSD ကတ်ပါ တပြိုင်တည်းသုံးနိုင်တဲ့ သုံးကတ်ထိုးဖြစ်မယ်၊ ၆ လက်မနီးပါး ကိုယ်ထည်ပြည့် Display နဲ့လည်း ဂိမ်းဆော့၊ရုပ်ရှင်ကြည့် ကောင်းကောင်းလုပ်လို့ရမယ်။ ကင်မရာကလည်း သူ့ဝန်းကျင်ထဲမှာ အကောင်းဆုံးနီးပါးအရည်အသွေးရှိတယ်။ ဘက်ထရီလည်း ကြာရှည်ခံပါမယ်။ အားနည်းချက်ကတော့ ဘက်ထရီပြန်သွင်းရတာကြာမယ်၊ ဗီဒီယို Recording က EIS တွေ ဘာတွေ မပါတဲ့အတွက် တုန်ခါမှုဒဏ် တော်တော်လေး ခံရမယ်၊ ဖုန်းကျောဘက်က လက်ဗွေရာထင်လွယ်တယ်၊ Matte finish ဖြစ်တာကြောင့် နည်းနည်း မွဲခြောက်ခြောက်နိုင်တာတို့ ရှိပါမယ်။ ဒါပေမယ့် အားနည်းချက်တွေက အားသာချက်တွေနဲ့ ပြန်ထေကြည့်ရင် မေ့ထားလို့ရပါတယ်။ အထူးသဖြင့် ၂ သိန်းစွန်းစွန်းလောက်နဲ့ ဘာဖုန်းဝယ်ရင်ကောင်းမလဲ စဉ်းစားနေသူတွေအတွက် ထည့်စဉ်းစားသင့်တဲ့ ဖုန်းကောင်း တလုံးဖြစ်ကြောင်း တင်ပြရင်း ညွှန်းဆိုလိုက်ပါတယ်။ The post ၂ သိန်းဝန်းကျင် ဖုန်းဝယ်ရန် စဉ်းစားနေသူများအတွက် “Asus ZenFone Max Pro M1” appeared first on ဧရာဝတီ.
Source : https://ift.tt/2K1k8Nn
via IFTTT


ရထားလမ်းရေကျော် ခရီးသည် ၄၀၀ ကျော်ပိတ်မိနေ မိုးသည်းထန်စွာ အဆက်မပြတ်ရွာသွန်းမှုများကြောင့် ရန်ကုန်- မန္တလေး မီးရထား လမ်းပိုင်းနှင့် မော်လမြိုင်၊ ပဲခူး မီးရထားလမ်းများရေကျော်သဖြင့် ရထားပြေးဆွဲမှု ယာယီရပ်နားထားပြီး ခရီးသည် ၄၀၀ ကျော်ပိတ်မိနေကြောင်း မြန်မာ့မီးရထားမှ သိရသည်။ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေး ဝန်ကြီးဌာန၊ မြန်မာ့မီးရထား သွားလာပို့ဆောင်ရေးဌာန အထွေထွေ မန်နေဂျာ ဦးကျော် ကျော်မျိုးက” ကျနော်က အခုနှင်းပုလဲရောက်နေတာပေါ့ နှင်းပုလဲ -တောင်စွန်း လမ်းပိုင်းကတော့ ပိတ်နေတယ်။ အဲလိုပဲ လမ်းပိုင်းပိတ်နေတာက ပဲခူးနဲ့ ကလစ်လမ်းပိုင်းပိတ်နေ တယ်။ နောက်တခါ ပဲခူးနဲ့ ရွှေဘို လမ်းပိုင်းပိတ်နေတယ်။ ဘုရားသုံး ဆူနဲ့ တာဝလမ်းပိုင်း ပိတ်နေတယ်။ ဇူလှိုင် ၂၇ ရက်ထဲက စပိတ်တာပါ။ လက်ရှိထိလည်းပိတ်ဆဲပဲ” ဟု ဧရာဝတီသို့ ပြောသည်။ ဆက်လက်၍ ၎င်းက “မနက်ပိုင်းရတဲ့ စာရင်းအရဆို ခရီးသည်က နှင်းပုလဲဘက်အခြမ်းမှာ ၅၉၇ ဦးရှိတယ်။ ဒုံဝန်းဘက အခြမ်း မှာက ၆၁ ယောက်ရှိတယ်။ ဒီဘက်က ရထား ၃ စီး ရပ်ထားတာက နှင်းပုလဲရယ်၊ တောင်စွန်းရယ်၊ ကျိုက်ထို ရယ်ပေါ့။ ဒါတွေပေါင်းရင် ၅၉၇ ယောက်ရှိတယ်” ဟု ပြောသည်။ ယခု လောလောဆယ်တွင် နေပြည်တော် ရထား ၁ စင်းကို ပြန်လှည့်ပေးလိုက်သောကြောင့် ထိုရထား တွင် ပိတ်မိနေသော ခရီးသည် ၅၀၀ ကျော် အနက်မှ ဦးရေ ၁၀၀ ခန့်ပြန်ပါသွားပြီဖြစ်သဖြင့် လူဦးရေ ၄၀၀ ကျော် ဆက်လက်ပိတ်မိနေကြောင်း ၎င်းကပြောသည်။ လက်ရှိအချိန်တွင် ရေပြန်မကျသေးကြောင့် ကားလမ်းနှင့် ရထားလမ်းများမှာ ပိတ်ထားပြီး လူစီး ရထား နှင်းပုလဲဘက်ခြမ်း တွင် ရထား ၃ စီးနှင့် ဒုံဝန်းဘက်ခြမ်းတွင် ရထား ၂ စီးပိတ်မိနေကြောင်း ၎င်းကပြောသည်။ “ကုန်ရထားတော့မပါဘူး။ လူစီးရထားတွေပဲ ပိတ်မိနေတာ။ ရေကမကျသေးတော့ ဘယ်လောက် ကြာမယ်ဆိုတာ ခန့်မှန်း လို့ မရသေးဘူးဖြစ်နေတယ်။ ရေကျသွားမှ လမ်းပိုင်းကို သေချာပြန်စစ်ဆေး ရမယ်။ အခုကတော့ ဇလီဖားတုန်း ချတာတို့ ဘာတို့ လုပ်လို့ရတဲ့ဟာ မှန်သမျှ လုပ်နေတယ်” ဟု ၎င်းကပြောသည်။ မြန်မာ့မီးရထားမှ လက်ရှိအချိန်တွင် ရန်ကုန်နှင့် မန္တလေးဘက်ခြမ်းမှ လက်မှတ်ဝယ်ယူထားသူများ ကို ငွေပြန်အမ်းပေး လျက်ရှိသည်။ ဦးကျော်ကျော်မျိုးက”ရထားလမ်းပိုင်းက ပိတ်နေပေမယ့် ရန်ကုန်-မန္တလေး အမြန်လမ်းပိုင်းက ဖွင့်တယ်။ ကားနဲ့ သွားချင် သွားလို့ရအောင် ငွေပြန်အမ်းပေးတယ်။ အကယ်၍ လမ်းများ ဖွင့်သွားပြီဆိုလျှင် ယခုပိတ်မိနေသော ခရီးသည်များ ကားနှင့် ပြန်တင်ပေးလိုက်မယ်” ဟု ပြောသည်။ ရထားလမ်းများရေကျော်သဖြင့် ရန်ကုန် မှ ထွက်ခွာပေးရမည့် ရထားများဖြစ်သည့် အမှတ် ၉အဆန်(ရန်ကုန်-သာစည်) ၅အဆန် ၃အဆန် (ရန်ကုန်-မန္တလေး) ၇အဆန် (ရန်ကုန်-နေပြည်တော်) နှင့် ယနေ့မနက်ထွက်ခွာမည့် ၁အဆန် ၁၁ အဆန် ၃၁အဆန် ၉အဆန် ရထားများ ပြေးဆွဲမှုကို ယာယီရပ်နားထားမည် ဖြစ်ပြီး မန္တလေး သာစည် နှင့် နေပြည်တော် ဘူတာများမှလည်း ၆အစုန် ၄အစုန် ၁၀အစုန် ၈အစုန် ၁၂အစုန် ၂အစုန် ၃၂အစုန်ရထားများကို ယာယီရပ်နားထားမည် ဖြစ်ကြောင်း မြန်မာ့မီးရထား၊တိုင်း-၇၊(သွားလာပို့ဆောင်ရေးဌာန)မှ သိရသည်။ မွန်ပြည်နယ်အတွင်း ၌လည်း မိုးသည်းထန်စွာသွန်းမှု ကြောင့် နှင်းပုလဲ-ဒုံဝန်းကြားမိုင်တိုင်အမှတ် ၁၁၈/၂၀မှ ၁၁၉/ ၁၆ အထိရထားသံလမ်းပေါ်ရေကျော်ခဲ့ပြီး အလျား ၁၀၀ ပေ အနက် ၃ပေ ခန့် ရေတိုက်စားသွားပြီး မွန်ပြည်နယ်သွား ရထားလမ်းပိုင်း ပိတ်သွားသဖြင့် ရန်ကုန်မှ ထွက်မည့် ၃၅အဆန် ၈၉အဆန်ရထားများနှင့် မော်လမြိုင်မှထွက်မည့် ၃၆အစုန် ၉၀အစုန်ရထားများ ထားဝယ်အထိပြေးဆွဲ သည့် ၁၇၅အဆန်/၁၇၆အစုန် ရထားများ ယာယီဖျက်သိမ်းထားသည်။ ရန်ကုန်မှ မန္တလေးသို့ သွားမည့် ခရီးသည် မမြင့်ဆန်းက ” အရင်ကလည်း အဲလို ရထားလမ်းတွေ ရေကျော်ရင် ပိတ်တာတွေ တော့ ရှိတယ်။ ကျမတို့က ရထားလမ်း ပိတ်မှန်းမသိဘူး။ ဒီနေ့မနက်မှ သိရတာ။ ရေပြန်ကျရင်လည်း လမ်းကချက်ချင်း တော့ ပြန်ဖွင့်မရဘူးပေါ့။ တရက် နှစ်ရက်တော့ကြာတယ်။ ရထားက ပိတ်ထားတော့ ကားနဲ့ပဲ သွားရတော့ မယ်။ ပုံမှန်က ရထားနဲ့ သွားနေကြ” ဟု ပြောသည်။ The post ရထားလမ်းရေကျော် ခရီးသည် ၄၀၀ ကျော်ပိတ်မိနေ appeared first on ဧရာဝတီ.
Source : https://ift.tt/2uYbLxf
via IFTTT


အသက် ၃၀ မတိုင်ခင် ပြီးမြောက်ထားသင့်တဲ့ အရာတွေ သင်ဟာ အခုအချိန်မှာ အသက် ၂၀ ကျော်နေပြီး ဘဝအတွက် လှုပ်ရှားရုန်းကန်ဖို့ ပြင်ဆင်နေရတဲ့ အချိန် ဆိုရင် အောက်ကအချက်တွေကို သိထားသင့်ပါတယ်။ ဒီအချက်တွေက အသက် ၃၀ မတိုင်ခင် ပြီးမြောက်အောင် လုပ်ဖို့ စာရင်းပြုစုထားသင့်တဲ့ အရာတွေပဲ ဖြစ်ပါတယ်။ (၁) ကျောင်းတက်ပါ အသက်မကြီးခင် ပညာရေးကို အလေးထားတာက အကောင်းဆုံးပါ။ အလုပ်လုပ်ချင်ဇောတွေ များပြီး ပညာရေး တပိုင်းတစနဲ့ ကျောင်းထွက်မယ့်အစား သင်ယူလေ့လာစရာတွေ အကုန်ပြီးမြောက်တော့မှ လုပ်ငန်းခွင် ဝင်သင့်ပါတယ်။ (၂) ချက်ပြုတ်တတ်ပါစေ ကိုယ်ပိုင်ဘဝ ထူထောင်မယ်ဆိုရင် သင်ဟာ ချက်ပြုတ်တတ်မှ အဆင်ပြေမှာပါ။ ဒါကြောင့် ကိုယ်တိုင် ရပ်တည်နိုင်ဖို့အတွက် ဟင်းကောင်းကောင်း ချက်တတ်ဖို့ အချိန်ပေးပါ။ (၃) ငွေစုပါတော့ ပိုက်ဆံစုဖို့ကို တွေဝေမနေပါနဲ့။ လစာရတာနဲ့ မုန့်စား၊ အသုံးအဆောင်ဝယ်တာမျိုးတွေ အမြဲ လုပ်မယ့်အစား အနာဂတ်မှာ ရပ်တည်ဖို့အတွက် ဘဏ်အကောင့်ထဲမှာ ဝင်ငွေများအောင် လုပ်ပါ။ (၄) ချစ်ခင်ရသူတွေ ရှိပါစေ အထီးကျန် တကိုယ်တည်း ရပ်တည်မယ့်အစား သင့်မှာ ရင်ဖွင့်ဖော် ခင်မင်ရတဲ့ သူငယ်ချင်းတွေ၊ အပေါင်းအဖော်တွေ ရှိနေပါစေ။ ဒါ့အပြင် အမုန်းတရားတွေ ရှိနေမယ့်အစား သင့်ပတ်ဝန်းကျင်က လူတွေနဲ့ကောင်းမွန်တဲ့ ဆက်ဆံရေး တည်ဆောက်ပါ။ (၅) ကျရှုံးဖူးပါစေ လူတိုင်းဟာ ကိုယ့်အချိန်နဲ့ကိုယ် သွားနေတာဖြစ်တဲ့အတွက် ငယ်ငယ်ရွယ်ရွယ်မှာ အောင်မြင်မှုရတဲ့ သူတိုင်းကို အားကျနေမှာပါပဲ။ ဒါပေမဲ့ သင်ဟာ ငယ်ရွယ်စဉ်မှာ ကျရှုံးမှုတွေ အများကြီးကို ရင်ဆိုင် တတ်ပါစေ။ သင်အသက်အရွယ်တခု ရောက်တဲ့အခါ သင့်ကို ဒီအမှားတွေက သင်ခန်းစာပေးနိုင်မှာပဲ ဖြစ်ပါတယ်။ Ref : entrepreneur.com The post အသက် ၃၀ မတိုင်ခင် ပြီးမြောက်ထားသင့်တဲ့ အရာတွေ appeared first on ဧရာဝတီ.
Source : https://ift.tt/2LWrCTw
via IFTTT


တတိယအကြိမ် ၂၁ ရာစု ပင်လုံကို အနီးကပ် ကြည့်ရှုခြင်း (၃) မြောက်ပိုင်း ၇ ဖွဲ့အလားအလာ မြောက်ပိုင်းအဖွဲ့များအနေနှင့် ယခုအကြိမ် လာရောက်ရာတွင် ဒုတိယအကြိမ် ပင်လုံ လာစဉ်ကထက် နှိုင်းစာလျှင် အစိုးရ၊ တပ်မတော်နှင့် PC မှ တာဝန်ရှိသူများ၏ ပျော့ပြောင်းနွေးထွေးစွာ ကြိုဆိုခြင်းခံရသည်ဟု သဘောထားကြပါသည်။ သို့သော် ဆက်လက် တွေ့ဆုံများပြုလုပ်၍ လမ်းကြောင်း ရှာဖွေသွားရန် လိုအပ်သည်ဟု ကချင် လွတ်လပ်ရေး တပ်မတော် (KIA) မှ ဗိုလ်ချုပ် ဂွန်မော်က ဆိုပါ သည်။ PC မှ တာဝန်ရှိသူများကလည်း တတိယပင်လုံပြီးပါက အမြန်ဆုံး ဆက်လက် တွေ့ဆုံ သွားမည်ဟု ဆိုကြပါသည်။ သို့သော် ကျော်လွှားရမည့် ဆွေးနွေးဖြေရှင်းစရာ ပြဿနာများ ရှိပါသေးသည်။ ပထမ ပြဿနာမှာ NCA လက်မှတ်ထိုးရေး ဖြစ်သည်။ မြောက်ပိုင်း ၇ ဖွဲ့အနေနှင့် မူလဖွဲ့စည်းစဉ်က NCA လမ်းကြောင်းမဟုတ်ဘဲ သီးခြားလမ်းကြောင်းက သွားမည် ဟု ဆိုထား ခဲ့သော်လည်း အစိုးရနှင့် တပ်မတော်က NCA ကိုသာ ရပ်ခံထားခြင်း၊ တရုတ်ကလည်း NCA လက်မှတ်ရေးထိုး ရန် ၂၀၁၆ ခုနှစ်မှစ၍ တောက်လျှောက် တိုက်တွန်း လာခြင်းတို့ကြောင့် NCA သည် မရှောင်မလွှဲသာ စမှတ်တခုအဖြစ် စဉ်းစားရသည့် အခြေသို့ ဆိုက်ရောက်နေပေသည်။ တတိယ အကြိမ် ၂၁ ရာစု ပင်လုံ ညီလာခံ ကို တက်ရောက်လာသော ရက္ခိုင့် တပ်မတော် (AA) မှ ဒေါက်တာ ညိုထွန်းအောင် / ဧရာဝတီ KIA/SSPP/TNLA/AA/MNDAA တို့သည် မူလ EAOs ညီလာခံများတွင် ပါဝင်ခဲ့ကြပြီး UNFC အဖွဲ့ဝင်ဟောင်းများ ဖြစ်ကြ ရာ NCA သည် ၎င်းတို့နှင့် မစိမ်းခဲ့ပေ။ NCA နှင့် ပတ်သက်၍ အကြိမ်ကြိမ် ဆွေးနွေးခဲ့ဖူးသူများ ဖြစ်သည့်ပြင် ၂၀၁၅ စက်တင်ဘာ ၉ ရက်နေ့က သမ္မတ ဦးသိန်းစိန်နှင့် တွေ့ဆုံစဉ် အားလုံးပါဝင်ရေးကို ရပ်ခံခဲ့ကြပြီး TNLA/MNDAA/ AA အဖွဲ့ ၃ ဖွဲ့ကို သာ ထိုစဉ်က လက်ခံခဲ့ပါက NCA လက်မှတ် ရေးထိုးခဲ့ကြပြီးပြီး ဖြစ်သည်။ ထိုအဖွဲ့ ၅ ဖွဲ့အနေနှင့် NCA သည် စိမ်းလှသည် မဟုတ်ပေ။ NCA ထိုးရန်မလိုဟု မူလကတည်းက ရပ်ခံခဲ့သည့် အဖွဲ့ ၂ ဖွဲ့မှာ UWSA နှင့် NDAA တို့ဖြစ်သည်။ ဦးသိန်းစိန်အစိုးရ လက် ထက် ငြိမ်းချမ်းရေး လုပ်ငန်းစဉ် အားနည်းချက်တခုမှာ NCA နှင့်ပတ်သက်၍ အဆိုပါ အဖွဲ့နှစ်ဖွဲ့ သီးခြား ဆွေးနွေး ခဲ့ခြင်း လည်း မရှိ၊ အခြား EAOs များနှင့်အတူလည်း ဆွေးနွေးခဲ့ခြင်းမရှိဘဲ အခြား EAOs များနှင့် ဆွေးနွေးပြီး NCA ရလဒ် ထွက် လာမှ ထိုနှစ်ဖွဲ့အား NCA လက်မှတ် သွားထိုးခိုင်းခဲ့ခြင်း ဖြစ်သည်။ သို့သော်လည်း တရုတ်၏ ဆက်တိုက် ဖိအားပေး တိုက်တွန်းမှုများကြောင့် ၂၀၁၈ ခုနှစ် အစောပိုင်း PC မှ တာဝန်ရှိသူများ နှင့် UWSA တာဝန်ရှိသူများ တွေ့ဆုံရာတွင် NCA နှင့် ပတ်သက်၍ UWSA က သဘောထား ပြောင်းလဲ ဖော်ပြခဲ့သည်ကို တွေ့ရ သည်။ ထိုသဘောထားကို တတိယ ညီလာခံတွင် UWSA က စာဖြင့်အတည်ပြု ထုတ်ပြန်ခဲ့သည်ကို တွေ့ရသည်။ ထိုသဘော ထား မှာ NCA အား ပြင်ဆင်ခွင့်နှင့် သဘောမကျပါက NCA မှ နုတ်ထွက်ခွင့်ရှိပါက NCA လက်မှတ်ထိုးရေးကို UWSA က စဉ်းစားပေးမည် ဆိုခြင်းဖြစ်သည်။ အဆိုပါ သဘောထားနှင့် ပတ်သက်၍ အစိုးရ တာဝန်ရှိသူများက ဆက်လက် ညှိနှိုင်း၍ ရနိုင်ကြောင်း မှတ်ချက် ပြုထားပါသည်။ သို့သော် NCA ပါ သဘောတူညီချက်များ ချို့ယွင်းချက် ရှိနေ၍ စစ်ပွဲများ ဆက်လက်ဖြစ်ပွားနေရခြင်း ဖြစ်ကြောင်း၊ နိုင်ငံ ရေး ဆွေးနွေးမှု မူဘောင်မှာလည်း ချို့ယွင်းချက်ရှိနေ၍ အရေးကြီးသော နိုင်ငံရေး ပုဒ်မတိုင်း သဘောတူညီချက် မရကြ ကြောင်း နှင့် မြန်မာပြည် မြောက်ပိုင်း စစ်မရပ်တန့်နိုင်ခြင်းမှာ TNLA/AA/MNDAA အဖွဲ့ ၃ ဖွဲ့ကို အသိအမှတ် မပြုဘဲ စစ်ရေး အရ အပြုတ်တိုက်ရေးလမ်းစဉ် ကိုင်စွဲထား၍ဖြစ်ကြောင်း တတိယပင်လုံ ညီလာခံ ကာလအတွင်း ၂၀၁၈ ခုနှစ် ဇူလိုင် လ ၁၁ ရက်နေ့ ရက်စွဲနှင့် ထုတ်ပြန်သော UWSA ၏ ဆွေးနွေး တင်ပြချက်တွင် ဖော်ပြထားပါသည်။ မည်သို့ပင်ဖြစ်စေ UWSA အနေနှင့် NCA လက်မှတ် ရေးထိုးရေးကို စဉ်းစားသည့် အခြေအနေရှိသည်ကို တွေ့ရှိရသည်။ NDAA မှာ မူလကထဲက ပျော့ပြောင်းသော သဘောထားရှိသည့် အဖွဲ့ဖြစ်ပြီး စစ်ရေးအရ တပ်မတော်နှင့် UWSA ကြားတွင် ရပ်တည်နေသော ဒေသလည်းဖြစ်သည်။ UWSA အဖွဲ့ NCA လက်မှတ်ရေးထိုးပါက NDAA အဖွဲ့အနေနှင့် NCA လက်မှတ် ရေးထိုးရန် ခက်ခဲမည် မဟုတ်ပေ။ သို့ ဖြစ်ရာ တတိယအကြိမ် ပင်လုံညီလာခံ နောက်ပိုင်း မြောက်ပိုင်း ၇ ဖွဲ့ NCA လက်မှတ် ရေးထိုးပြီး နိုင်ငံရေး ဆွေးနွေးပွဲတွင် ပါဝင်ရေးသည် မဖြစ်နိုင်သော အရာတော့ မဟုတ်ပေ။ တရုတ်၏ကြားဝင်မှု၊ တွန်းအား ပေးမှုများ အောက်တွင် ညှိနှိုင်း၍ရသော အရာဖြစ်၍ လာသည်။ လက်တွေ့ ညှိနှိုင်းကြရန် သာ လိုအပ်ပါသည်။ ဒုတိယပြဿနာမှာ TNLA/MNDAA/AA အဖွဲ့ ၃ ဖွဲ့ ပြဿနာ ဖြစ်ပါသည်။ အဆိုပါ ၃ ဖွဲ့အား ငြိမ်းချမ်းရေး ဆွေးနွေးပွဲ အတွင်း တရားဝင် အဆင့်နေရာအား အသိမှတ်ပြုခြင်း ဖြစ်သည်။ တတိယ ၂၁ ရာစုပင်လုံတွင် ဒုကာချုပ်နှင့် တွေ့ဆုံရာတွင် ငြိမ်းချမ်းရေး ဆွေးနွေးပွဲတွင် ပါဝင်ရန် လမ်းဖွင့်ထားသည်ဟု ဆိုခဲ့ သည်။ ထို့အတူ PC မှတာဝန်ရှိသူများက အဆိုပါ ၃ ဖွဲ့အား NCA လက်မှတ်ရေးထိုးပြီး ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွင် ပါဝင်ရန် သဘောထားရှိပြီးဟု ဆိုသည်။ သို့သော် တရားဝင် အတည်ပြု ထုတ်ပြန်ခြင်းတော့ မရှိသေးပါ။ တရားဝင်မှု လို အပ် နေပါသေးသည်။ ထိုသုံးဖွဲ့နှင့် ပတ်သက်သည့် သဘောထားမှာ ထိုသုံးဖွဲ့အနေနှင့် “လက်နက်ကိုင် တော်လှန်ရေး စွန့်လွှတ်ကြောင်း” ကြေ ညာ ချက် ထုတ်ပြန်ပေးရမည်။ ထိုသို့ ထုတ်ပြန်ပြီးနောက် အစိုးရနှင့် ထို ၃ ဖွဲ့တို့ Bilateral ထိုးမည်။ ပြီးလျှင် NCA လက်မှတ် ရေးထိုး ခွင့်ပြု မည်ဟု ဆို သည်။ ထိုသဘောထားကို ၂၀၁၆ ခုနှစ် ထို ၃ ဖွဲနှင့် PC တွေ့ခဲ့စဉ်ကလည်း တကြိမ် ဖော်ပြပြီးဖြစ်သည်။ ထိုစဉ်ကလည်း ထိုအသုံးအနှုန်းကို လက်မခံ၍ ပထမအကြိမ် ညီလာခံဖိတ်ကြားမည့် အစီအစဉ်ပျက်ခဲ့ ဖူးသည်။ ဤဝေါဟာ ရ နှင့် ပတ်သက်၍ နှစ်ဖက်လက်ခံနိုင်သည့် အသုံးအနှုန်းကို ရှာဖွေညှိနှိုင်းရန် လိုသည်။ ဤအချက်မှာ ဝေါဟာရ စကားလုံး သက်သက် ပြဿနာ မဟုတ်၊ မူဝါဆိုင်ရာ ပြဿနာလည်း ဖြစ်နေသည်။ တိုင်းရင်းသားများက “လက်နက်ကိုင် ပဋိပက္ခကို နိုင်ငံရေးနည်းလမ်းနှင့် ဖြေရှင်းသွားမည်” ဆိုသော ဝေါဟာရကို လိုလား ကြပုံ ရသည်။ ဤအချင်းအရာနှင့် ဆက်နွယ်၍ ပလောင်ပြည် လွတ်မြောက်ရေး တပ်ဦး (PSLF/TNLA) ဒု ဥက္ကဋ္ဌ တာခူးလန် က ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံရာတွင် ဒေါ်အောင်ဆန်းစုကြည်က ငြိမ်းချမ်းရေး လုပ်ငန်းစဉ်အား NCA လက်မှတ် ရေး ထိုးပြီး သတ္တိရှိရှိ ဝင်ရောက်ရန် တိုက်တွန်းခြင်းနှင့် ပတ်သက်ပြီး ၎င်းတို့ ပလောင်များ အနေနှင် သတ္တိရှိခဲ့ပြီ ဖြစ်ကြောင်း၊ လက်နက် စွန့်လွှတ်ပါက မိမိ ပလောင်ဒေသ ဖွံ့ဖြိုးရေးနှင့် လုံခြုံရေးအား အစိုးရက တာဝန်ယူမည် ဆို၍ ၂၀၀၅ ခုနှစ်က လက်နက် စွန့်လွှတ်ခဲ့ပြီ ဖြစ်ကြောင်း၊ သို့သော် မိမိတို့ ပလောင်များ လက်နက်စွန့်ပြီးနောက် ဒေသတွင်း လုံခြုံရေး ကင်းမဲ့ လာသည့်ပြင် မူးယစ်ဆေးဝါး ရောင်းဝယ်ခြင်း အများအပြား ဖြစ်လာပြီး ဒေသခံ ပလောင် မိသားစုများ မူးယစ်ဆေးစွဲပြီး ပျက်စီးမှုများ ကြုံလာခြင်း၊ ဒေသလုံခြုံရေး အတွက် လက်နက် ၄၀၀ ပြန်လည် ထုတ်ပေးရန် တင်ပြတောင်းဆို ခဲ့သော် လည်း ခွင့်ပြုခြင်း မရှိခဲ့ကြောင်း၊ ထို့ပြင်ဒေသတွင်း ဖွံ့ဖြိုးရေးများလည်း လုပ်ဆောင် ပေးခြင်းမရှိ၊ လမ်းတမိုင် မဆိုထားနှင့် တထွာပင် ဖောက်မပေးသည့်အခြေအနေတွင် မိမိတို့ ပလောင်များ ပြန်လည် လက်နက်ကိုင်ခဲ့ရသည်ဟု ဆိုခဲ့ပါသည်။ ထိုသို့သော အခြေအနေ အောက်တွင် ငြိမ်းချမ်းရေး ဆွေးနွေးပွဲအတွင်း အားလုံးပါဝင်နိုင်ရေး အတွက် လမ်းစ ရှာနေဆဲ မှာပင် စိတ်မကောင်းစရာ သတင်းတပုဒ် ပေါ်ထွက်လာသည်။ ပလောင်ပြည် လွတ်မြောက်ရေး တပ်ဦး (PSLF/TNLA) ဒု ဥက္ကဋ္ဌ ဗိုလ်မှူးချုပ် တာခူးလန် / ဧရာဝတီ ၎င်းမှာ TNLA တပ်ဖွဲ့မှ အမျိုးသမီးဆေးမှူး ၆ ဦးအား တပ်မတော် စစ်ကြောင်းတခုမှ ၂၀၁၈ ခုနှစ် ဇူလိုင်လ ၁၁ ရက်နေ့က ဖမ်းမိပြီးနောက် သတ်ဖြတ်ခဲ့ကြောင်း ၂၀၁၈ ခုနှစ် ဇူလိုင်လ ၁၆ ရက်နေ့ည ၈ နာရီတွင် TNLA သတင်း ပြန်ကြားရေးက သတင်း ထုတ်ပြန်ခဲ့သည်ကို တွေ့ရသည်။ စစ်မြေပြင်တွင် တိုက်ပွဲ ပြင်းထန်စွာဖြစ်ပွားပြီး သေဆုံးခဲ့ကြလျှင် သီးခြားပြောစရာရှိမည် မဟုတ်သော်လည်း ဖမ်းမိပြီးမှ အသတ်ခံရသည် ဆိုပါက ကျင့်ဝတ်ပြဿနာဖြစ်ပြီး လက်ခံနိုင်ဖွယ်မရှိပေ။ တပ်မတော် ဘက်က အဆိုပါဖြစ်ရပ်နှင့် ပတ်သက်၍ တိုက်ပွဲတွင် အသေ ရမိခြင်းဖြစ်သည်ဟု သတင်း ထုတ်ပြန်ပါသည်။ မည်သို့ပင်ဖြစ်စေ ဤကိစ္စသည် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်အား ထိခိုက်နိုင်သည်ဖြစ်၍ သေချာစွာ စုံစမ်းစစ်ဆေး၍ အမှန် အတိုင်း ဖြစ်စေရန် လိုအပ်သည်။ ၂၀၁၇ ခုနှစ် ဒီဇင်ဘာလ ၁၉ ရက်တွင် ကရင်နီ အမျိုးသား တိုးတက်ရေး ပါတီ (KNPP) မှ ရဲဘော် ၃ ဦးနှင့် အရပ်သားတဦး သတ်ဖြတ်ခံခဲ့ရ သည့် ဖြစ်ရပ် ပေါ်ပေါက် လာခဲ့ရာ ယနေ့တိုင် ဖြေရှင်း နေရဆဲဖြစ်သည်။ ထို့ပြင် UNFC နှင့် NCA လက်မှတ် ရေးထိုးရေး ဆွေးနွေးစဉ် ပြသနာဖြစ်ပွား ခဲ့ခြင်းဖြစ်ရာ KNPP က ယနေ့တိုင် NCA လက် မှတ် မထိုးနိုင်သေးဘဲ ဖြစ်နေခြင်းသည် ထိုဖြစ်ရပ်ကလည်း အရေးပါသော အကြောင်းအချက် တခုဖြစ်ခဲ့သည်။ သို့ဖြစ်ရာ ငြိမ်းချမ်းရေး ဆွေးနွေးစဉ် ကာလတွင်း၌ အောက်ခြေမှ ခြေလွန်လက်လွန် ပြုမူမှုများသည် ငြိမ်းချမ်းရေးကို ထိ ခိုက်နိုင်သည် ဖြစ်ရာ အထက်အဆင့်ဆင့်မှ ကြပ်မတ်ရန် လိုအပ်ပေသည်။ ထို့ပြင် ထိုဖြစ်ရပ်များ နှင့် ပတ်သက်၍ အမှန်အတိုင်းဖြစ်စေခြင်းသည် ငြိမ်းချမ်းရေး လုပ်ငန်းစဉ် အောင်မြင်ရေး အတွက် အရေး ပါသည်။ ထို့အတူ ငြိမ်းချမ်းရေးနှင့် ပတ်သက်သည့် တပ်မတော်၏ သဘောထားသည် အထက်ပိုင်းတွင်သာမက အောက်ခြေ ပိုင်းတွင်ပါ ဖော်ပြရန် လိုအပ်နေပါသည်။ တတိယပြဿနာမှာ အားလုံးအတူတကွ လက်မှတ်ရေးထိုးရေး ပြဿနာဟု ဆိုရပါမည်။ အစိုးရနှင့် တပ်မတော်ဘက်က လက်ရှိ အချိန်ထိ FPNCC ကို အသိမှတ်မပြုပါ။ PC ကတာဝန်ရှိသူ၏ အဆိုအရ Bilateral ထိုးထားသော အဖွဲ့ ၄ ဖွဲ့ ဖြစ် သည့် KIA/ SSPP/UWSA/NDAA တို့ကို NCA ထိုးဖို့ လက်ခံမည်ဟု ဆိုသည်။ (သို့သော် KIA သည် Bilateral အပြည့်အဝ မထိုးရသေးပါ)။ ကျန် ၃ ဖွဲ့မှာ ကြေညာချက် ထုတ်ပြန်ပြီးပါက Bilateral အရင်ထိုးမည်။ ပြီးမှ NCA ထိုးခွင့်ပြု မည်ဟု ဆို သည်။ မြောက်ပိုင်း အဖွဲ့များဘက်က ရပ်ခံမှုမှာ အားလုံးအတူတကွ ပါဝင် လက်မှတ်ရေးထိုးရေး ပါဝင် ဆွေးနွေးရေး ဖြစ်သည်။ SSPP ဒုဥက္ကဌ စဝ်ခွန်ဆိုင်းက SSPP သည် အားလုံး ပါဝင်ရေးမူကို ဆက်လက် ကိုင်စွဲထားဆဲဖြစ်ပြီး အားလုံးပါဝင်မှ NCA လက်မှတ် ရေးထိုးမည် ဖြစ်သည်ဟု ဆိုခဲ့ပါသည်။ တတိယအကြိမ် ၂၁ ရာစု ပင်လုံကာလအတွင်း FPNCC သဘောထားအဖြစ် AA မှ ဒေါက်တာ ညိုထွန်းအောင်၏ ဆွေးနွေး တင်ပြချက် တစောင်ထုတ် ပြန်ရာတွင် FPNCC မှအဖွဲ့အစည်း အသီးသီးသည် အစိုးရနှင့် အပစ်အခတ် ရပ်စဲရေး စာချုပ် ချုပ် ဆိုပြီးနောက် နိုင်ငံရေးဆွေးနွေးမှုကို FPNCC အနေနှင့် ပြုလုပ်သွားမည်ဟု ဆိုထားသည်။ ဤနေရာတွင် FPNCC အဖွဲ့ များသည် NCA ရေးထိုးရေးအား တပြိုင်တည်းလုပ်မည် မလုပ်မည်နှင့် ပတ်သက်၍ သဲကွဲခြင်း မရှိဟု ဆိုနိုင်သည်။ PC ကတော့ ၄ ဖွဲ့ နှင့် ၃ ဖွဲ့ခွဲ၍ လုပ်ရန်ဖြစ်စေ၊ UWSA/NDAA/SSPP/KIA တို့ထဲမှ တဖွဲ့ချင်းကို ခွဲထုတ်၍ဖြစ်စေ၊ NCA ရေးထိုးစေရန် ဖြစ်စေ အားသန်လျက်ရှိပြီး ယခုနှစ်ဆန်း ကတည်းက ထိုသို့ NCA လက်မှတ် ရေးထိုးလာစေရန် ကြိုးပမ်းနေ သည် ကို တွေ့မြင်ရသည်။ သို့ဖြစ်ရာ မြောက်ပိုင်း ၇ ဖွဲ့ အတူတကွ NCA လက်မှတ် ရေးထိုးရေး ဆိုသည်မှာလည်း ဆွေးနွေး ဖြေရှင်းစရာ ပြဿနာ တခု အဖြစ် ရှိနေဆဲဖြစ်သည်။ စတုတ္ထ ပြဿနာအဖြစ် ကျော်လွှားရမည့် အချက်မှာ မြောက်ပိုင်းအဖွဲ့က ညီလာခံအတွင်း တင်ပြထားခဲ့သည့် နိုင်ငံရေး ဆွေး နွေးမှု အပိုင်းတွင် FPNCC နှင့် ပြည်ထောင်စု အစိုးရတို့ တိုက်ရိုက် နိုင်ငံရေး ဆွေးနွေးသည့်ပုံစံကို ပြုလုပ်သွားမည် ဆိုသည့် အချက်ဖြစ်သည်။ ထိုအချက်အရ မြောက်ပိုင်းအဖွဲ့များသည် အစိုးရနှင့် တိုက်ရိုက်နိုင်ငံရေး ဆွေးနွေးမည့်ပုံစံအား ဖော်ပြ ထားပြီး အစိုးရနှင့် တပ်မတော် ဘက်ကမူ NCA လက်မှတ်ရေးထိုးပြီးနောက် NCA အင်စတီကျူးရှင်းများ ဖြစ်သည့် UPDJC ၊ JMC ၊ NCA အကောင် အထည် ဖော်မှု ဆိုင်ရာ ညှိနှိုင်း အစည်းအဝေး (JICM) ၊ ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံ (UPC) တို့တွင် ပါဝင် ဆွေးနွေးရေး ဖြစ်သည်။ သို့ဖြစ်ရာ ထိုအချက်အားလည်း ဆွေးနွေးဖြေရှင်း ကျော်လွှားရန် လိုအပ်နေသည် ဟု ဆိုရပါမည်။ UNFC နှင့် NSCN – K ၂၀၁၈ ခုနှစ် ဖေဖော်ဝါရီလ ၁၃ ရက်နေ့တွင် UNFC အဖွဲ့ဝင် မွန်ပြည်သစ် ပါတီ (NMSP) နှင့် လားဟူ ဒီမိုကရက်တစ် အစည်း အရုံး (LDU) နှစ်ဖွဲ့ NCA လက်မှတ် ရေးထိုးခဲ့သည်။ ထို့နောက် NCA လုပ်ငန်းစဉ်ထဲတွင် ထိုနှစ်ဖွဲ့ပါဝင်နေပြီ ဖြစ်သည်။ ရခိုင် အမျိုးသား ကောင်စီ (ANC) အား PC အနေနှင့် သီးခြားဆွေးနွေးမှု မပြုတော့ဟု ဆိုသည်။ လက်ရှိ KNPP နှင့် ဆွေး နွေး မှုများ ပြုလုပ်နေသော်လည်း NCA ထိုးသည့် အဆင့်သို့ မရောက်သေးပေ။ တတိယ အကြိမ် ၂၁ ရာစု ပင်လုံ တွင် လည်း KNPP အား ဖိတ်ကြားခဲ့၍ တက်ရောက်ခဲ့သော်လည်း NCA ထိုးရေးအတွက် ဆက်လက် ညှိနှိုင်းဆဲဖြစ်သည်။ နာဂ အမျိုးသား ဆိုရှယ်လစ် ကောင်စီ – ကပ်ပလန် (NSCN-K) ဗဟိုကော်မတီဝင် ဦးကျော်ဝမ်းစိန် / ဧရာဝတီ ငြိမ်းချမ်းရေး ဆွေးနွေးပွဲ စကတည်းက ပါဝင်လာခဲ့သော ANC အား ယခု ချန်ထားသည်မှာ သင့်လျော်ပါ၏လော စဉ်းစား ဖွယ် ဖြစ်သည်။ တမျိုးတဖုံ ထည့်သွင်း စဉ်းစားပါက ပို၍ကောင်းမည်ဟု ယူဆမိသည်။ လက်ရှိအချိန်တွင် အင်အားချိနဲ့သွားသည့် UNFC သည် ဆက်လက် တည်ရှိနေသေးသည်လော သို့မဟုတ် ပျက်ပြယ် သွားပြီလော ဆိုသည်မှာလည်း ပြောဆိုရန် ခက်ခဲနေပေသည်။ မြောက်ပိုင်းရှိ KIA/SSPP တို့နှင့် မူလ UNFC အဖွဲ့ဝင်များကား အဆက်အစပ် ရှိနေဆဲဖြစ်ပြီး နိုင်ငံရေး ဆွေးနွေးပွဲများ တွင် ပါဝင်ခွင့်ရကြပါက ပြန်လည်နီးစပ်မှု ရလာနိုင်ပါသည်။ မိမိတဦးချင်း အမြင်အရ NSCN – K နာဂ အဖွဲ့နှင့်ပတ်သက်၍ လောလောဆယ်တွင် သီးခြား ဖြေရှင်းသည်က ပို၍ ကောင်း ပါသည်။ တတိယ ပင်လုံနှင့် သဘောတူညီမှုများ ဒုတိယ ပင်လုံနှင့် တတိယ ပင်လုံကြား တနှစ်နီးပါးကြာခဲ့သည့် ပထမအကြောင်းမှာ NCA ပါ အမျိုးသားအဆင့် နိုင်ငံရေး ဆွေး နွေးပွဲများ ကျင်းပရေးနှင့် ပတ်သက်ပြီး သဘောထား ကွဲလွဲမှုအား ဖြေရှင်းနိုင်ခြင်း မရှိ၍ ဖြစ်သည်။ ယနေ့တိုင် ရှမ်း၊ ရခိုင်တို့တွင် အမျိုးသားအဆင့် နိုင်ငံရေး ဆွေးနွေးပွဲများ ပြုလုပ်နိုင်ခြင်း မရှိသေးပေ။ ဒုတိယ အချက်မှာ နိုင်ငံရေးကဏ္ဍ၌ အရေးပါသော တိုင်းရင်းသား အခွင့်အရေးနှင့် ပတ်သက်၍ လည်းကောင်း၊ လုံခြုံရေး ကဏ္ဍနှင့်ပတ်သက် ၍ လည်းကောင်း သဘောတူညီမှု ရယူနိုင်ခြင်း မရှိ၍ဖြစ်သည်။ ပင်လုံညီလာခံ ခေါ်ဆိုကျင်းပပါက မည်သို့ဖြစ်စေ ပြည်ထောင်စု သဘောတူညီချက် ရယူရမည်ဖြစ်ရာ သဘောတူညီချက် ရယူနိုင်မည့် အချက်တချို့အား ရွေးထုတ်ပြီး အဓိက ညှိမရသည့် နိုင်ငံရေးကဏ္ဍမှ တိုင်းရင်းသား အခွင့်အရေး ပြဿနာနှင့် လုံခြုံရေး ကဏ္ဍအား ချန်လှပ်၍ ကျင်းပခဲ့ခြင်းဖြစ်သည်။ တတိယ အကြိမ် ၂၁ ရာစု ပင်လုံ ညီလာခံ ကို တက်ရောက်လာသော တိုင်းရင်းသူ အမျိုးသမီးများ / ဧရာဝတီ လက်ရှိညီလာခံတွင် နိုင်ငံရေးကဏ္ဍ၌ ထည့်သွင်းဆွေးနွေးသည်မှာ လည်း ကျား/မ ခွဲခြားမှု ပြဿနာသာ ဖြစ်ခဲ့သည်။ မည်သို့ဆိုစေ ဤသို့ကျင်းပခြင်းဖြင့် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်အား အသက်ဆက်ခဲ့သည်ဟု ဆိုနိုင်သည်။ ကောင်းသည့် ဘက်က ကြည့်လျှင် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွင် ပါဝင်သူများ ထိတွေ့ခွင့် ရရှိသောကြောင့် ယုံကြည်မှုနှင့် နားလည်မှု ပိုမို တည်ဆောက်နိုင်သည့် အခွင့်အလမ်းရခဲ့သည်။ ထို့ပြင် ဖြတ်ကျော်ရမည့် နိုင်ငံရေး သဘောတူညီချက်များနှင့် ပတ်သက်ပြီး ပို၍လေးနက်စေပါသည်။ ထို့ပြင်မြောက်ပိုင်း အဖွဲ့များ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွင်း ပါဝင်လာရေး အတွက် နည်းလမ်းများ ရှာဖွေထိတွေ့နိုင်ခဲ့သည်ဟု အကောင်း ဘက် က တွေးဆနိုင်ပါသည်။ သို့သော် တတိယအကြိမ် ပင်လုံညီလာခံမှ တွေ့ရှိရသည်မှာ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်အတွင်း ပါဝင်ရေးအတွက် NCA ထိုး ရေး သည် ပြဿနာတရပ် ဖြစ်သကဲ့သို့ NCA ထိုးပြီး နိုင်ငံရေး ဆွေးနွေးပွဲတွင် ပါဝင်ခဲ့ပါကလည်း အရေးကြီးသည့် သဘော တူညီချက်များ ရရှိရေးသည်လည်း လွယ်ကူလှသည် မဟုတ် ဆိုသည့် အချက်ပင်ဖြစ်သည်။ တကယ်တမ်း အားဖြင့်လည်း နိုင်ငံရေး သဘောတူညီချက်များ မရပါက မြေယာ၊ စီးပွားရေး စသည့်ကဏ္ဍများတွင် သဘော တူညီချက်ရယူရန် ခက်ခဲပေရာ မူလက မြေယာကဏ္ဍ၌ သဘောတူညီချက် ၄ ချက်ရယူရန် ရည်မှန်းထားခဲ့သော်လည်း ၂၀၁၈ ခုနှစ် ဇူလိုင်လ ၉ ရက်နေ့က တနေကုန် ပြုလုပ်သည့် UPDJC အစည်းအဝေးတွင် သဘောတူညီမှု မရသည့် အချက် ၂ ချက် ချန်ထားခဲ့ရသည်ကို တွေ့ရပါသည်။ တတိယအကြိမ် ၂၁ ရာပင်လုံ ညီလာခံတွင် ပြည်ထောင်စု သဘောတူညီချက် အစိတ်အပိုင်း ၂ အဖြစ် နိုင်ငံရေးကဏ္ဍ အခြေ ခံမူ အချက် ၄ ချက်၊ စီးပွားရေးကဏ္ဍ အခြေခံမူ အချက် ၁ ချက်၊ လူမှုရေးကဏ္ဍ အခြေခံမူ အချက် ၇ ချက်၊ မြေ ယာ နှင့် သဘာဝ ပတ်ဝန်းကျင်ကဏ္ဍ အခြေခံမူ အချက် ၂ ချက် စုစုပေါင်း ၁၄ ချက် ပြည်ထောင်စု သဘောတူညီချက် အစိတ် အပိုင်း ၂ အဖြစ် သဘောတူညီချက် ရခဲ့သည်ကိုတွေ့ရသည်။ ဒုတိယအကြိမ် ညီလာခံတွင် ပြည်ထောင်စု သဘောတူညီချက် အစိတ်အပိုင်း ၁ အဖြစ် နိုင်ငံရေးကဏ္ဍ အခြေခံမူ ၁၂ ချက်၊ စီးပွားရေးကဏ္ဏ အခြေခံမူ ၁၁ ချက်၊ လူမှုရေးကဏ္ဍ အခြေခံမူ ၄ ချက်၊ မြေယာနှင့် သဘာဝ ပတ်ဝန်းကျင်ကဏ္ဍ အခြေခံမူ ၁၀ ချက်၊ စုစုပေါင်းအခြေခံမူ ၃၇ ချက် ရရှိခဲ့ရာ အခြေခံ မူ ၅၁ ချက် သဘောတူခဲ့ပြီ ဖြစ်သည်။ အနာဂတ် ရည်မှန်းချက် အခြေအနေ ၂၁ ရာစုပင်လုံညီလာခံအား ၂၀၁၈ ခုနှစ်အတွင် တကြိမ်၊ ၂၀၁၉ ခုနှစ်အတွင်း ၂ ကြိမ်ပြုလုပ်ရန် ရည်ရွယ်ထားသည်ဟု ဒေါ်အောင်ဆန်းစုကြည်က ဆိုပါသည်။ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ကလည်း ၂၀၂၀ အတွင်း ကျင်းပမည့် ငြိမ်ချမ်းရေး လုပ်ငန်းစဉ်နှင့် ပတ်သက်၍ NLD အစိုးရ၏ အချိန် သတ်မှတ်ချက်အား မတွေ့ရသော်လည်း တပ်မတော်၏ အချိန်ကန့်သတ်မှု အား စတင်တွေ့ရသည်။ တဖက်က ဆိုရလျှင်လည်း အချိန် အကန့်အသတ်မရှိ ဆွေးနွေးနေမည် ဆိုသည်မှာလည်း နည်းလမ်း မကျ။ အဓိပ္ပာယ် လည်း မရှိပေ။ သို့သော် လက်ရှိ အချိန်ကန့်သတ်မှုများ အတိုင်း ပြီးမြောက်အောင်မြင်ရန် လွယ်ကူ လှသည်တော့ မဟုတ် ပေ။ ဦးစွာအားဖြင့် သတ်မှတ်ချိန်အတိုင်း ပြီးမြောက်အောင် ဆောင်ရွက်လိုပါက UPDJC တွင် အချိန်ဇယား ရေးဆွဲ ဆောင်ရွက် ရန် လိုအပ်သည်။ ဒုတိယ အချက်မှာ ဆွေးနွေးညိနှိုင်းမှုများတွင် ပါသောဘက်အားလုံး လက်ခံနိုင်သည့် အဖြေတခု ရှာနိုင်ဖို့ ဖြစ်သည်။ မိမိရပ်ခံထားသော မူဝါဒကိုသာ ကိုယ်စီမြဲမြံစွာ ဆုပ်ကိုင်ထားကြမည် ဆိုပါက ညှိနှိုင်းအဖြေရှာရန် ခက်ခဲပေမည်။ ၂၀၀၈ ခုနှစ် အခြေခံဥပဒေအား ကာကွယ်မည်ဟု ခံယူထားသည့် တပ်မတော်ကမူ ၂၀၀၈ အခြေခံဥပဒေ မှန်ကန်ကြောင်း သက်သေ ပြနေမည်သာ ဖြစ်သကဲ့သို့ တိုင်းရင်းသားများကလည်း မိမိအခွင့်အရေးဘက်က ရပ်ခံနေမည်သာ ဖြစ်ပေသည်။ ငြိမ်းချမ်းရေး အကျိုးဆောင်များ တတိယအကြိမ် ၂၁ ရာစုပင်လုံညီလာခံကာလတွင် ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ်၏ မြန်မာနိုင်ငံ ဆိုင်ရာ အထူး ကိုယ်စားလှယ် Ms Christine Schraner Burgener သည် လည်းကောင်း၊ မြန်မာနိုင်ငံ အမျိုးသား ပြန်လည် သင့်မြတ်ရေး ဆိုင်ရာ ဂျပန် အစိုးရ၏ အထူးကိုယ်စားလည်နှင့် နိပွန် ဖောင်ဒေးရှင်း၏ ဥက္ကဋ္ဌ ဖြစ်သူ မစ္စတာ ရိုဟေး ဆာဆာ ကာဝါ သည် လည်းကောင်း၊ တရုတ် အစိုးရ အာရှ ရေးရာ အထူးသံတမန် မစ္စတာ ဆွန်ကော့ရှန် သည် လည်းကောင်း ရောက်ရှိနေပြီး အစိုးရ ခေါင်းဆောင်များနှင့် တွေ့ဆုံခဲ့သည်။ အဆိုပါ မြန်မာပြည် ငြိမ်းချမ်းရေးတွင် အစဉ်တစိုက် ပါဝင်နေသော သံတမန်များအနက် တတိယအကြိမ် ၂၁ ရာစု ပင်လုံ တွင် တရုတ်သံတမန်တို့က ရှေ့တန်းရောက်နေပေသည်။ တတိယ အကြိမ် ၂၁ ရာစု ပင်လုံ ညီလာခံ ကို တက်ရောက်လာသော တရုတ်နိုင်ငံမှ ငြိမ်းချမ်းရေး အကျိုးဆောင် မစ္စတာ ဆွန်ကော့ရှန် / ဧရာဝတီ တရုတ်တို့၏ OBOR မျော်မှန်းချက်နှင့်အတူ ပြီးခဲ့သောရက်ပိုင်း အတွင်း က တရုတ်-မြန်မာ နယ်စပ် စီးပွားရေး ပူးပေါင်း ဆောင်ရွက်ဇုန် ၃ ခု (ကန်ပိုက်တီး၊ မူဆယ်၊ ချင်းရွှေဟော်) တည်ဆောက်ရေး MOU အပါအဝင် MOU ၅ ခု လက်မှတ် ရေးထိုးခဲ့သည်ဟု ဆိုပါသည်။ သို့ဖြစ်ရာ ရှေ့လာမည့် မြန်မာပြည် ငြိမ်းချမ်းရေး လုပ်ငန်းစဉ် အတွင်း တရုတ်တို့ OBOR အကျိုးစီးပွား ယှက်နွယ်မှုများကို တွေ့မြင်ရမည် ဖြစ်ပေရာ ထိုအချင်းအရာသည် မြန်မာပြည် ငြိမ်းချမ်းလုပ်ငန်းစဉ်နှင့် ပတ်သက်၍ အလေးထားရမည့် အကြောင်းအရာ ဖြစ်လာတော့မည် ဖြစ်သည်။ ထို့ပြင် တရုတ် တို့သည် ၎င်းတို့ စီးပွားရေး စီမံကိန်းများ၏ ကာလအနားသတ်များပေါ် တည်မှီပြီး မြန်မာပြည် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွင် ကြားဝင် ညှိနှိုင်းပေးသည်ထက် ပို၍ တွန်းတွန်းတိုက်တိုက် ဖိအားပေး ဆောင်ရွက်လာဖွယ် ရှိသည်ဟု သုံးသပ် ရပါသည်။ ။ (မောင်မောင်စိုးသည် ဖက်ဒရယ်နှင့်တိုင်းရင်းသားရေးရာ သုတေသီတဦးဖြစ်သည်။) ဆက်စပ် ဖတ်ရှုရန် – တတိယအကြိမ် ၂၁ ရာစု ပင်လုံကို အနီးကပ် ကြည့်ရှုခြင်း (၁) တတိယအကြိမ် ၂၁ ရာစု ပင်လုံကို အနီးကပ် ကြည့်ရှုခြင်း (၂) The post တတိယအကြိမ် ၂၁ ရာစု ပင်လုံကို အနီးကပ် ကြည့်ရှုခြင်း (၃) appeared first on ဧရာဝတီ.
Source : https://ift.tt/2uY9vpL
via IFTTT


လှိုင်သာယာ၌ ဓားကိုင်လုယက်သူ ပစ်ခတ်ဖမ်းဆီးစဉ် သေဆုံး ရန်ကုန်တိုင်းဒေသကြီး လှိုင်သာယာမြို့နယ်တွင် ဓားထောက်လုယက်ခဲ့သူတဦးအား ဖမ်းဆီးစဉ် ဓားဖြင့် ပြန်လည် တိုက်ခိုက်မှုသဖြင့် ပစ်ခတ်ဖမ်းဆီးခဲ့ရပြီး သေနတ်ဒဏ်ရာဖြင့် လှိုင်သာယာ ဆေးရုံ၌ သေဆုံးခဲ့ကြောင်း ရဲတပ်ဖွဲ့က ယနေ့သတင်း ထုတ်ပြန်သည်။ သေဆုံးသူ ဆန်းလင်းဦး(၂၅နှစ်)သည် ယနေ့မနက် အစောပိုင်းက နေအိမ်သို့ပြန်လာသည့် စက်မှုဇုန် လုံခြုံရေး ဝန်ထမ်း တဦးအား စက်မှုဇုန်(၂)၊ ဦးရွှေအိုးလမ်း အရောက်တွင် လည်ပင်းဓားထောက်ကာ ငွေနှစ်သောင်းလုယက်စဉ် ဝန်ထမ်းဖြစ် သူက ပိုက်ဆံအား ပြန်လည်ဆွဲယူမှုကြောင့် ဓားဖြင့်ထိုးကာ ထွက်ပြေးခဲ့ခြင်းဖြစ်သည်။ ယင်းလုယက်မှုတွင် ဝန်ထမ်းဖြစ်သူ၏ ဝဲဘက်တတောင်တွင် ပြတ်ရှဒဏ်ရာရရှိခဲ့ပြီး ၎င်း၏တိုင်တန်း မှုကြောင့် လှိုင်သာယာ မြို့မရဲစခန်းတွင် ပုဒ်မ ၃၉၄ ဖြင့် ကနဦးအမှုဖွင့်ခဲ့သည်။ အခင်းဖြစ်ပြီးနောက် စက်မှုဇုန်(၃) ဦးမြဲလမ်းတွင် လုယက်မှုကျူးလွန်ခဲ့သူအား ဓားကိုင်ဆောင်လျှက် ပြန်လည်တွေ့ရှိခဲ့ပြီး ဖမ်းဆီးစဉ် အရိုးအသွား ၁၀ လက်မခန့်ဓားဖြင့် ပြန်လည်တိုက်ခိုက်မှုလာသဖြင့် သေနတ်ဖြင့် ပစ်ခတ်ဖမ်းဆီးခဲ့ရခြင်း ဖြစ်ကြောင်း ရဲတပ်ဖွဲ့က ဆိုထားသည်။ ယင်းဖမ်းမှုတွင် ရဲတပ်ကြပ်ကြီး မြင့်သိန်း၏ ဝဲလက်ခုံ၌ ဓားဒဏ်ရာရရှိခဲ့ကြောင်းလည်း ရဲတပ်ဖွဲ့က ဆိုသည်။ သေဆုံးသူထံမှလည်း ဓားဦးချွန်တချောင်းနှင့် လုယူခဲ့သည့် ငွေကျပ်နှစ်သောင်းကို ပြန်လည်သိမ်း ဆည်းရမိခဲ့ကြောင်း သိရသည်။ ဆန်းလင်းဦးသည် သီရိမင်္ဂလာဈေးအတွင်း ဓားကိုင်ရမ်းကားမှုဖြင့် ၂၀၁၈ ခုနှစ်၊ ဇန်နဝါရီ ၂၉ ရက်နေ့ က လက်နက်များ အက်ဥပဒေပုဒ်မ ၁၉(င)ဖြင့် ထောင်ဒဏ်လေးလ ကျခံခဲ့ရသူဖြစ်ပြီး လွန်ခဲ့သည့် ၃ ရက်က ထောင်မှပြန်လွတ်လာ သူ ဖြစ်ကြောင်း ရဲတပ်ဖွဲ့က ထုတ်ပြန်ထားသည်။ ၎င်းသည် ၂၀၁၇ ခုနှစ် ဇူလိုင် ၁၇ ရက်နေ့ကလည်း ခိုးမှုမသင်္ကာဖြင့် ပိတောက်ချောင်းနယ်မြေ ရဲစခန်း တွင် ဖမ်းဆီးခံရပြီ ရန်ကုန်ရဲအက်ဥပဒေပုဒ်မ ၃၁ ဖြင့် ထောင်ဒဏ် ၂ လ ကျခံရဖူးသူဖြစ်ကြောင်း လည်း ရဲတပ်ဖွဲ့က ဆိုထားသည်။ The post လှိုင်သာယာ၌ ဓားကိုင်လုယက်သူ ပစ်ခတ်ဖမ်းဆီးစဉ် သေဆုံး appeared first on ဧရာဝတီ.
Source : https://ift.tt/2Aojeem
via IFTTT


“နိုင်ငံတော်အစိုးရအနေနဲ့ အကြွေးနွံနစ်စရာ လုံးဝမရှိပါဘူး” ၂၀၁၅ ခုနှစ် အထွေထွေးရွေးကောက်ပွဲမှာ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် (NLD) အနိုင်ရရှိပြီး အစိုးရ စတင်ဖွဲ့စည်းပြီး ကတည်းက အစိုးရသစ်ဟာ China International Trust and Investment Corporation (CITIC) တို့နဲ့ ဆွေးနွေးညှိနှိုင်းမှုတွေ ပြုလုပ်ပြီး ကျောက်ဖြူအထူးစီးပွားရေးဇုန်ကို ပြန်လည် အကောင်အထည်ဖော်နေခဲ့ပါတယ်။ ယခင် ဦးသိန်းစိန် အစိုးရလက်ထက် ရွေးကောက်ပွဲမတိုင်မီမှာ ချုပ်ဆိုခဲ့တဲ့စာချုပ်မှာ (CITIC) က ပိုင်ဆိုင်မှု ၈၅ ရာခိုင်နှုန်းဖြစ်ပြီး မြန်မာအစိုးရက ၁၅ ရာခိုင်နှုန်းကိုသာ ပိုင်ဆိုင်မှာ ဖြစ်တဲ့အတွက် ပြည်တွင်း၊ ပြည်ပ လေ့လာသူတွေကို ဒီစီမံကိန်းကြောင့် မြန်မာပြည် အကြွေးနွံနစ်မှာကို စိုးရိမ်နေခဲ့ကြပါတယ်။ အခုလက်ရှိ အခြေအနေမှာတော့ စီမံကိန်းနဲ့ ဘဏ္ဍာရေး ဒုဝန်ကြီး ဦးဆက်အောင်ဟာ ကျောက်ဖြူ SEZ ရဲ့ စီမံကိန်းကော်မတီဥက္ကဋ္ဌ အနေနဲ့ တာဝန်ယူမှာ ဖြစ်ပါတယ်။ ဝန်ကြီးဦးဆက်အောင်ဟာ သီလဝါ SEZ ရဲ့ စီမံကိန်းကော်မတီဥက္ကဋ္ဌ အဖြစ် တာဝန်ယူထားသူ ဖြစ်ပြီး အဲဒီစီမံကိန်းမှာ အတွေ့အကြုံများစွာ ရှိထားသူဖြစ်ပါတယ်။ ဒါကြောင့် ကျောက်ဖြူ SEZ အတွက် CITIC နဲ့ ညှိနှိုင်းဆွေးနွေးမှု ရလဒ်တွေနဲ့ လက်ရှိအစိုးရရဲ့ စီးပွားရေးပြုပြင်ပြောင်းလဲမှု အခြေအနေတွေအပေါ် ဘယ်လို ခြုံငုံသုံးသပ်မိသလဲ ဆိုတာ ဒုဝန်ကြီး ဦးဆက်အောင်ကို ဧရာဝတီအကြီးတန်းသတင်းထောက် နန်းလွင်က တွေ့ဆုံမေးမြန်းခဲ့ပါတယ်။ မေး။ ။ ဝန်ကြီးက သီလဝါ အထူးစီးပွားရေးစက်မှုဇုန်ရဲ့ Management ကော်မတီမှာ ဥက္ကဋ္ဌအဖြစ် တာဝန်ယူထားတယ်။ အခုဆိုရင် ကျောက်ဖြူကိုပါ တာဝန်ယူဖို့ ဖြစ်လာပြီ။ ကျောက်ဖြူရေနက်ဆိပ်ကမ်းနဲ့ ပတ်သတ်ပြီး အကြွေး နွံနစ်နေမှာကို စိုးရိမ်ကြတဲ့ သူတွေကို ဘာများပြောချင်ပါသလဲ။ ဖြေ။ ။ ကျနော့်အနေနဲ့ အရင်က ASEAN အတွင်းက နိုင်ငံအချို့မှာ SEZ Policy Master Plan တွေကို ရေးဆွဲခဲ့ဖူးပါတယ်။ SEZ Demand နဲ့ ပတ်သက်တဲ့ Survey တွေကိုလည်း နိုင်ငံ (၇) နိုင်ငံမှာ ဆောင်ရွက်ခဲ့ဖူးပါတယ်။ အဲဒီအတွေ့အကြုံတွေနဲ့ သီလဝါ SEZ မှာတော့ အောင်မြင်မှု အဆင့်တခုရောက်အောင် ကြိုးစားနိုင်ခဲ့ပါတယ်။ ပြီးပြည့်စုံတယ်ဆိုတာတော့ မရှိပါဘူး။ ဆက်ပြီးတော့လည်း ကြိုးစားနေရဦးမှာပါ။ ကျောက်ဖြူ SEZ နဲ့ ပတ်သက်လို့ အရင်ကတော့ တဖက်နဲ့တစ်ဖက် ညှိနှိုင်းခဲ့ကြရာမှာ အကြောင်းအမျိုးမျိုးကြောင့် ညှိနှိုင်းမှုတွေ ခက်ခဲကြန့်ကြာခဲ့တဲ့ သဘောရှိပါတယ်။ ကျနော့်အနေနဲ့ ကျောက်ဖြူ SEZ ကိုတာဝန်ယူတဲ့အချိန်က စပြီးတော့ ညှိနှိုင်းမှုတွေကို အစကနေ စလုပ်ခဲ့ပါတယ်။ စပြီး ညှိနှိုင်းတဲ့ အချိန်ကတည်းက အဓိက Principles (၅) ခုပေါ် အခြေခံပြီး ညှိကြမယ်ဆိုတဲ့ သဘောတူညီမှု ယူပြီးမှ ညှိခဲ့တာပါ။ အဲဒါကတော့ (၁) ညှိနှိုင်းတဲ့အခါမှာ အတတ်နိုင်ဆုံး Flexible ဖြစ်ဖို့နဲ့ ညှိနှိုင်းတဲ့အချက်တွေက ဘယ်အစိုးရ အပေါ်မှာမှ (အထူးသဖြင့် မြန်မာအစိုးရအပေါ်) ဝန်ထုပ်ဝန်ပိုးမဖြစ်စေဖို့၊ (၂) ညှိနှိုင်းတဲ့အချက်တွေအားလုံး နိုင်ငံတကာ စံနှုန်းတွေပေါ်မှာ အခြေခံဖို့၊ (၃) အရင်ညှိနှိုင်းမှုတွေကို ပြောင်းလဲသင့်ရင် ရဲရဲပြောင်းလဲဖို့၊ (၄) တင်ဒါခေါ်စဉ်တုန်းက အဆိုပြု တောင်းခံလွှာ (Request for Proposal) မှာ ပါရှိတဲ့အချက်တွေကို တတ်နိုင်သလောက် မသွေဖယ်ဖို့နဲ့ (၅) မြန်မာနိုင်ငံရဲ့ ဥပဒေများအတိုင်း ဖြစ်စေဖို့ ဆိုတဲ့ Principles တွေကို လိုက်နာပြီး ညှိနှိုင်းပါမယ်လို့ သဘောတူညီမှု ရယူပြီးမှ ညှိနှိုင်းခဲ့ပါတယ်။ အခုအထိ ညှိနှိုင်း သဘောတူထားပြီး အချက်တွေအရ နိုင်ငံတော်အစိုးရအနေနဲ့ အကြွေးနွံနစ်စရာ လုံးဝမရှိပါဘူး။ စီမံကိန်းကိုလည်း လိုအပ်သလောက် အရွယ်အစားနဲ့ပဲ စတင်မှာပါ။ ကျနော်တို့ သဘောတူ ထားချက်အရ စီမံကိန်းဟာ Supply-based ဆိုတာထက် Demand-based အဖြစ် အကောင်ထည်ဖော်မယ်။ ဒါ့အပြင် စီမံကိန်းကိုလည်း တိုးချဲ့ချင်သလို တိုးချဲ့လို့ မရဘဲ၊ လုံလောက်တဲ့ Demand ရှိမှ တိုးချဲ့ရမှာ ဖြစ်ပြီး စီမံကိန်းက ရတဲ့ဝင်ငွေဟာ Total Operation Cost ကို ကာမိမှ တိုးချဲ့ခွင့်ပြုဖို့ သဘောတူထားပြီး ဖြစ်ပါတယ်။ အဲဒါကြောင့် နောက်ဆုံးညှိနှိုင်း သဘောတူပြီးသား အချက်တွေအရ ပြည်သူအများ စိုးရိမ်သလို မလိုအပ်ဘဲ စီမံကိန်း အကြီးကြီးဆောက်ပြီး အကြွေးနွံနစ်စရာ မရှိပါဘူး။ မေး။ ။ ပြည်တွင်းမှာရော၊ ပြည်ပမှာပါ စိုးရိမ်စိတ်ကြီးပြီး ဝေဖန်ခံနေရတဲ့ ကျောက်ဖြူစီးပွားရေး စက်မှုဇုန် စီမံကိန်းရဲ့ဥက္ကဋ္ဌ အဖြစ် တာဝန်ယူလိုက်ရတဲ့ ဝန်ကြီးအနေနဲ့ စိုးရိမ်မှုရှိသလား။ ဘယ်လောက် တာဝန်ကြီးပါသလဲ။ ဖြေ။ ။ ဟုတ်ကဲ့။ စိုးရိမ်မှုလည်း ရှိပါတယ်၊ တာဝန်လည်း ကြီးပါတယ်။ နိုင်ငံတကာမှာ ဖြစ်ခဲ့တဲ့ ပြဿနာတွေကို နမူနာယူပြီး နိုင်ငံတကာ ထုံးစံနဲ့အညီဖြစ်အောင် သတိကြီးကြီးနဲ့ ညှိနှိုင်းမှုတွေ လုပ်ခဲ့ပါတယ်။ လက်ရှိညှိနှိုင်းမှုအရ နိုင်ငံတော်အစိုးရအပေါ်မှာ ဝန်ထုပ်ဝန်ပိုး လုံးဝမဖြစ်အောင် ညှိနှိုင်းထားပြီးဖြစ်ပါတယ်။ မေး။ ။ ကျောက်ဖြူ ရေနက်ဆိပ်ကမ်း စီမံကိန်းနဲ့ ပတ်သက်ပြီး အဓိကဆွေးနွေးဖြစ်တဲ့ ကဏ္ဍ အကြောင်းအရာတွေကို ပြောပြ ပေးပါဦး။ ဖြေ။ ။ အဓိက ဆွေးနွေး ညှိနှိုင်းသဘောတူညီချက် ၃ ချက် ရှိပါတယ်။ အဓိက ဆွေးနွေးညှိနှိုင်း သဘောတူညီမှု ရပြီးတဲ့ အချက်တွေကတော့ (၁) စီမံကိန်းကို လိုအပ်သလောက် အရွယ်အစားနဲ့ပဲ စဖို့ သဘောတူပြီးတဲ့အတွက် အရင်က ပုံစံမျိုး ဒေါ်လာ ၉ ဘီလီယံ၊ ၁၀ ဘီလီယံလောက်ရှိတဲ့ စီမံကိန်းအကြီးစားကြီး မဟုတ်တော့ဘဲ၊ Phase 1 အနေနဲ့ စီမံကိန်းအသေးစား၊ ဒါမှမဟုတ် အလတ်စားနဲ့ စမှာပါ။ (၂) Phase 1 ကနေ Phase 2, 3 တိုးချဲ့တဲ့အခါမှာလည်း Phase 1 ရဲ့ Operating Capacity ရဲ့ ဘယ်လောက် ရာခိုင်နှုန်း ပြည့်မှ Phase 2 ကို တိုးချဲ့ခွင့်ပေးမယ်၊ Phase 1 Operation က ရတဲ့ ဝင်ငွေက Total Operating Cost ကို ကာမိမှ Phase 2 ကို တိုးချဲ့ခွင့်ပေးမယ် စတဲ့ သတ်မှတ်ချက်တွေကို သဘောတူထားပါတယ်။ (၃) စီမံကိန်းချေးငွေဟာလည်း ပုဂ္ဂလိက ချေးငွေသာဖြစ်ဖို့၊ နိုင်ငံတော်အနေနဲ့ လုံးဝမချေးဖို့နဲ့ ချေးငွေအာမခံကိုလည်း နိုင်ငံတော်က လုံး၀ ပေးစရာမလိုဖို့ သဘောတူ ထားပါတယ်။ မေး။ ။ ကျောက်ဖြူစီမံကိန်း အပြီးသတ် သဘောတူညီချက် ဘယ်အချိန်လောက်မှာ တရားဝင် ကြေညာနိုင် မယ်လို့ မျှော်မှန်းထားပါသလဲ။ ဖြေ။ ။ ညှိနှိုင်းမှုတွေကို Formal Meetings တွေရော၊ Informal Meetings တွေမှာပါ လုပ်ခဲ့ပါတယ်။ ညှိနှိုင်းမှုတွေမှာ သဘောတူတဲ့ အချက်အားလုံးကို Framework Agreement မှာ ထည့်ရေးပြီးဖြစ်ပါတယ်။ အဲဒီ Framework Agreement လက်မှတ် ရေးထိုးပြီးတာနဲ့ အတည်ဖြစ်သွားပါမယ်။ အဲဒါကြောင့် အဲဒီကိစ္စကို သဘောတူပြီးသွားပါပြီ။ Framework Agreement လက်မှတ် ထိုးပြီးတာနဲ့ အတည်ဖြစ်ပါမယ်။ အဲဒီအချိန်ရောက်ရင်တော့ တရားဝင် ကြေညာနိုင်မှာပါ။ မေး။ ။ မြန်မာဘက်က တောင်းဆိုနေတာ ၃၀ ရာခိုင်နှုန်းလို့ ပြောဆိုကြတယ်။ အဲဒီအပေါ်မှာ တရုတ်ဘက်က ဘယ်လို သဘောထားရှိပါသလဲ။ ဝေစု ၃၀ ရာခိုင်နှုန်းကို မြန်မာဘက်ကို ပေးမယ်လို့ ဆုံးဖြတ်ပြီးပြီလား။ ဒါမှမဟုတ် ဒီထက်လျော့တဲ့ ကိန်းဂဏန်း တခုလား။ ဖြေ။ ။ စီမံကိန်းတင်ဒါခေါ်တုန်းက တင်ဒါအောင်တဲ့ကုမ္ပဏီက စီမံကိန်းရှယ်ယာ ၈၅ ရာခိုင်နှုန်းရမယ်ဆိုပြီး စခေါ်ခဲ့တာပါ။ အဲဒါဆိုရင် မြန်မာဘက်က ၁၅ ရာခိုင်နှုန်းပဲ ရမှာပါ။ ဒါပေမဲ့ အခုတော့ မြန်မာဘက်ကို ၃၀ ရာခိုင်နှုန်းပေးဖို့ တရုတ်ဘက်က သဘောတူညီမှု ရထားပြီးဖြစ်ပါတယ်။ မေး။ ။ ကျောက်ဖြူစီမံကိန်းနဲ့ မပတ်သက်ဘဲ ဘဏ္ဍာရေးနဲ့ စီမံကိန်းဝန်ကြီးဌာနရဲ့ ဒုတိယ ဝန်ကြီးအနေနဲ့ မေးချင်ပါတယ်။ တိုင်းပြည်မှာ စီးပွားရေးက ကျဆင်းနေတယ်၊ နှေးကွေးနေတယ်လို့ စီးပွားရေးလုပ်ငန်းရှင်တွေရဲ့ အသံတွေကြားနေရတယ်။ တဖက်မှာလည်း ကမ္ဘာ့ဘဏ်ရဲ့ နိုင်ငံတကာ ငွေကြေးရံပုံငွေအဖွဲ့တွေရဲ့ ညွှန်းကိန်းတွေမှာ မြန်မာက တိုးတက်နေတယ်။ ကျမတို့ နားမလည်နိုင်တာက တဖက်မှာလည်း ကိန်းဂဏန်းတွေက တိုးတတ်နေရဲ့သားနဲ့ စီးပွားရေးလုပ်ငန်းတွေက ဘာကြောင့် နှေးကွေးနေတာလဲ။ ဖြေ။ ။ နိုင်ငံတဝှမ်းလုံးရဲ့ မက်ခရိုစီးပွားရေးအခြေအနေနဲ့ လုပ်ငန်းရှင်တဦးချင်းစီရဲ့ စီးပွားရေးလုပ်ငန်းအခြေအနေ တူချင်မှ တူနိုင်မှာပါ။ Economics situation ကို မြန်မာလို စီးပွားရေးအခြေအနေလို့ခေါ်ပြီး Business situation ကို မြန်မာလို စီပွားရေးလုပ်ငန်း အခြေအနေလို့ ခေါ်ပါတယ်။ မြန်မာလိုကတော့ အဓိပ္ပာယ်ဆင်နေပေမယ့် Economics aspect နဲ့ Business aspect ဟာ အများကြီး ကွာနိုင်ပါတယ်။ ဥပမာ – စီးပွားရေးလုပ်ငန်းတွေ တအားကောင်းလာပြီး စီးပွားရေး တိုးတက်မှုတွေ အရမ်းမြန်ဆန်လာတဲ့ အခါ Economic Overheating ဖြစ်လာပြီး စီးပွားရေးတည်ငြိမ်မှု ထိပါးလာတတ်ပါတယ်။ အဲဒီအချိန်မှာဆို စီးပွားရေး လုပ်ငန်းအခြေအနေ ကောင်းပေမဲ့ မက်ခရိုစီးပွားရေးအခြေအနေ ယိမ်းယိုင်လာပါလိမ့်မယ်။ အဲဒါကြောင့် တချို့အချက်တွေက Business aspect က ကြည့်ရင်မှန်နိုင်ပေမဲ့ Economic aspect က ကြည့်ရင် မမှန်နိုင်တာမျိုးလည်း ရှိတတ်ပါတယ်။ မေး။ ။ မြန်မာစီးပွားရေး တိုးတက်ဖို့ အစိုးရအနေနဲ့ ဘယ်လိုပြုပြင်ပြောင်းလဲမှုတွေ လုပ်နေလဲ။ ဖြေ။ ။ မြန်မာ့စီးပွားရေးလုပ်ငန်းတွေ ဦးမော့လာစေဖို့ ယုံကြည်မှု (Business Confidence) က အရေးကြီးပါတယ်။ ယုံကြည်မှုတွေ တိုးလာအောင် တိကျပြီး ခန့်မှန်းရလွယ်တဲ့ မူဝါဒတွေလိုပါတယ်။ အဓိက ကတော့ နိုင်ငံတော်က ဘာလုပ်မှာလဲ၊ ဘယ်ကိုသွားမှာလဲ ဆိုတာကို ပွင့်လင်းမြင်သာရှိစေဖို့ လိုအပ်ပါတယ်။ အဲဒီလိုဖြစ်ဖို့ လုပ်ငန်းစဉ် (Action Plan) ပေါင်း ၂၅၀ လောက်ပါတဲ့ ဌာနအလိုက်၊ ကဏ္ဍအလိုက်ဆောင်ရွက်မယ့် ဗျူဟာတွေပါတဲ့ မြန်မာ့စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်မှု စီမံချက်ကို အမြန်ဆုံး ထုတ်ပြန်ဖို့ ရှိပါတယ်။ နိုင်ငံတော်ဘတ်ဂျက်နဲ့ အကောင်အထည်ဖော်မယ့် စီမံကိန်းတွေ၊ နိုင်ငံတကာ ချေးငွေနဲ့ အကောင်အထည်ဖော်မယ့် စီမံကိန်းတွေ၊ ပုဂ္ဂလိကကုမ္ပဏီတွေနဲ့ ပူးပေါင်းအကောင်အထည်ဖော်မယ့် PPP စီမံကိန်းတွေ စတဲ့ နိုင်ငံတော်က အကောင်အထည် ဖော်မယ့် စီမံကိန်းတွေကို ဖော်ထုတ်ပြီး ပွင့်လင်းမြင်သာအောင် လုပ်သင့်ပါတယ်။ အဲဒီလို လုပ်နိုင်ဖို့လည်း Project Bank လို့ခေါ်တဲ့ Project Information Bank တခု ထူထောင်ပြီး ဆောင်ရွက်ဖို့ စီစဉ်နေပါတယ်။ တချိန်တည်းမှာပဲ စီးပွာရေးလုပ်ငန်းတွေ အခက်အခဲဖြစ်စေမယ့် ရှုပ်ထွေးတဲ့ လုပ်ထုံးလုပ်နည်းတွေကို ပြောင်းလဲပြီး SOP လို့ ခေါ်တဲ့ Standard Operating Procedures တွေကို ပြင်ဆင်နေပါတယ်။ ရေတိုဖြေရှင်းတဲ့ နည်းထက် အနာဂတ် တလျှောက်လုံး ပိုမို ကောင်းမွန်အောင် ပြုပြင်ပြောင်းလဲဖို့ကို ပိုအလေးထားရမှာပါ။ မေး။ ။ မြန်မာနိုင်ငံဟာ တရုတ်နိုင်ငံရဲ့ One Belt One Road Initiative ရဲ့ မဟာဗျူဟာကျတဲ့ နေရာမှာရှိနေတယ်။ Myanmar- China Economic Corridor MOU ကိုလည်း ဒီနှစ်မကုန်ခင် နှစ်နိုင်ငံ လတ်မှတ်ထိုးမယ်လို့ သိထားတယ်။ တရုတ်နိုင်ငံလို အင်အားကြီးနိုင်ငံရဲ့ စီမံကိန်းတွေ၊ အခြေခံ အဆောက်အအုံဆိုင်ရာ စီမံကိန်းတွေဝင်လာတဲ့ အခါမှာ စီးပွားရေးက သေးငယ်တဲ့ ဘဏ္ဍာရေးအရ အင်အားမရှိတဲ့ ပဋိပက္ခတွေရှိနေတဲ့ မြန်မာနိုင်ငံအနေနဲ့ ဘယ်လို မဟာဗျုဟာတွေ ချမှတ်သင့်ပါသလဲ။ ဖြေ။ ။ One Belt One Road Initiative ဟာ အသုံးချတတ်ရင် အလွန်ကောင်းပြီး နိုင်ငံတော်ရဲ့ လိုအပ်တဲ့ စီမံကိန်းတွေကို အကောင်အထည်ဖော်နိုင်မှာ ဖြစ်ပါတယ်။ အသုံးမချတတ်ရင်သာ ရှုပ်ထွေးမှုတွေ ရှိလာနိုင်မှာပါ။ အဓိက ကတော့ ကိုယ့်နိုင်ငံအတွက် အမှန်တကယ် လိုအပ်တဲ့ စီမံကိန်းတွေကို အမှန်တကယ်လိုအပ်တဲ့ အရွယ်အစားနဲ့ Cost Efficient ဖြစ်အောင် အကောင်အထည် ဖော်နိုင်ရင် Win-Win Situation ကို ရရှိမှာပါ။ အဲဒီ One Belt One Road Initiative ကို အသုံးချတတ်ရင် (Win-Win Situation ဖြစ်အောင်လုပ်နိုင်ရင်) မေးခွန်းထဲမှာပါသလို စီးပွားရေးက သေးငယ်ပြီး ဘဏ္ဍာရေးအရ အင်အားမရှိတဲ့ ကျနော်တို့ နိုင်ငံမျိုးအတွက် အကျိုးရှိနိုင်ပါလိမ့်မယ်။ မြန်မာနိုင်ငံက လိုအပ်တဲ့ အခြေခံအဆောက်အအုံ စီမံကိန်းတွေကိုလည်း တခြား ဖွံ့ဖြိုးမှု မိတ်ဖက်တွေဖြစ်တဲ့ အာရှဖွံ့ဖြိုးမှုဘဏ်၊ ကမ္ဘာ့ဘဏ်၊ ဂျပန် အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှု အေဂျင်စီ၊ စတဲ့ အဖွဲ့အစည်းတွေနဲ့ ပူးပေါင်းတည်ဆောက်နေပါတယ်။ (အင်္ဂလိပ်ဘာသာဖြင့် New, Improved Deal on China-Backed Kyaukphyu SEZ Due Soon: Deputy Minister တွင် ဖတ်ပါ) The post “နိုင်ငံတော်အစိုးရအနေနဲ့ အကြွေးနွံနစ်စရာ လုံးဝမရှိပါဘူး” appeared first on ဧရာဝတီ.
Source : https://ift.tt/2NRQtZi
via IFTTT


“ဒိုင်တွေအနေနဲ့ အကဲဖြတ် ပြောဆိုတာဟာ ဘယ်သူမှ အကျိုးယုတ်တာတွေ မလုပ်ပါဘူး” Myanmar Idol သီချင်းဆို ပြိုင်ပွဲမှာ အကဲဖြတ်ဒိုင် တယောက်အဖြစ် ပါဝင်နေတဲ့ သရုပ်ဆောင်၊ အဆိုတော် ရန်အောင်က အချို့သော ပရိသတ်တွေ ဝေဖန်နေကြတဲ့အပေါ် ဥပမာသုံးကာ ရှင်းပြထားပါတယ်။ ဒိုင်တွေအနေနဲ့ အကဲဖြတ် ပြောဆိုတာဟာ ဘယ်သူမှ အကျိုးယုတ်တာတွေ မလုပ်ပါဘူးလို့ ရန်အောင်က ဧရာဝတီကို ပြောပါတယ်။ “ကောင်းတဲ့ဘက်ကတွေးရင် ကောင်းပါတယ်။ ဖြစ်သမျှအကြောင်း အကောင်းကြီးပဲ ဆိုတာ ဒီချိန်မှာ ပြောရမှာပါ။ ဖြစ်တဲ့အပေါ်မှာ အကာင်းဆုံးတွေကို သုံးသပ်ပြီးတော့မှ ဘာကြောင့်ဖြစ်တာပါ ဆိုတဲ့ ကောင်းတဲ့ အတွေးအခေါ်လေးတွေပဲ တွေးစေချင်ပါတယ်။ ဘယ်သူမှ အကျိုးယုတ်တာတွေ မလုပ်ပါဘူး။ အစ်ကိုကြီး (မြန်မာပြည်သိန်းတန်) အပြောခံရတာက နှစ်တိုင်း တမျိုးတဖုံတော့ပြောခံရတာပါ။ သူကလည်း သူမှန်တယ်ထင်တာကို ပြောတဲ့စကားပါ။ အကုန်လုံးကလည်း ကိုယ်မှန်တာကို ကိုယ်လုပ်ပိုင်ခွင့် ရှိတယ်လေ” လို့ ရန်အောင်က ပြောပါတယ်။ ဆက်လက်ပြီး “ဥပမာတခု ပြောမယ်။ ကျနော့်ဘက်က ၁ ကို ရေးလိုက်မယ်။ ဒီဘက်လူက ကြည့်ရင် (ဂ) လို့ မြင်တယ်။ နောက်တဖက်က (ပ) နောက်တဖက်က (င) လို့ မြင်တယ်။ ရေးတာအမှန်၊ အမြင်တွေ အကုန်မှန်တယ်။ ဒါပေမယ့် ချင့်ချိန်တတ်ဖို့ လိုတယ်” လို့ ရန်အောင်က ဆိုပါတယ်။ Myanmar Idol သီချင်းဆို ပြိုင်ပွဲ အစီအစဉ်မှာ ပထမဆုံး ဒိုင်လုပ်တဲ့ ရန်အောင်က သူ့အတွက် စိန်ခေါ်မှုကြီးတရပ် ဖြစ်ပြီး သရုပ်ဆောင်နဲ့ သီချင်းဆိုခြင်း၊ အနုပညာလောကသား မတူတဲ့အပေါ်မှာ အပြောအဆိုတွေ အရမ်းဆင်ခြင်ရတယ် လို့လည်း ပြောပါတယ်။ “ကျနော်ဒိုင်လုပ်တာ ဒါပထမဦးဆုံးပဲ။ ကျနော့်အတွက် စိန်ခေါ်မှုကြီး တရပ်ပဲ။ စကားပြော အရမ်း ဆင်ခြင်ရတယ်။ လောကသား မတူတဲ့အပေါ်မှာ အပြောအဆိုတွေ အရမ်း ဆင်ခြင်ရတယ်။ ကျနော် မပြောတာ ဘာမှ မဖြစ်ဘူး။ ပြောလိုက်မှ အထောင်းခံရမှာလေ။ ကျနော် မပြောတဲ့အတွက် ပြောတာကိုပဲ ခံလိုက်ပါတယ်” “ကျနော့်ကို မင်းက ဘာတွေ ညာတွေ ဆိုပြီး အဲ့လိုတွေ အပြောမခံချင်ဘူး။ ကျနော် Peace ဖြစ်အောင် နေတယ်။ တကယ်လိုအပ်တာကို ပညာသားပါပါ ချိုချိုသာသာပဲ ပြောပါတယ်။ အန်ကယ်တို့က ဆရာကြီးတွေဆိုတော့ စိတ်ထဲရှိတာကို ပွင့်ပွင့်လင်းလင်း ပြောပါတာပါ”လို့ ရန်အောင်က ပြောပါတယ်။ ရန်အောင်က လက်ရှိမှာတော့ Myanmar Idol သီချင်းဆို ပြိုင်ပွဲရဲ့ ဒိုင်တဦးအဖြစ် လုပ်ဆောင်နေပြီး ဇာတ်လမ်းတွဲများနဲ့ ရုပ်ရှင်ဇာတ်ကားများလည်း ရိုက်ကူးနေပါတယ်။ ရန်အောင် ပါဝင်ထားတဲ့ “ဇာတိမြေ” (My Country My Home) ဇာတ်ကားကလည်း ရုံတင် ပြသနေပြီ ဖြစ်ပါတယ်။ The post “ဒိုင်တွေအနေနဲ့ အကဲဖြတ် ပြောဆိုတာဟာ ဘယ်သူမှ အကျိုးယုတ်တာတွေ မလုပ်ပါဘူး” appeared first on ဧရာဝတီ.
Source : https://ift.tt/2Ooz1Na
via IFTTT


“မိန်းကလေး၊ ယောင်္ကျားလေးရယ် မဟုတ်ပါဘူး၊ ထိုက်တန်တဲ့သူကို Winner ဖြစ်စေချင်ပါတယ်” Myanmar Idol Season 3 ပြိုင်ပွဲကြီးဟာ တဖြည်းဖြည်းနဲ့ ပြိုင်ဆိုင်မှုတွေ ပြင်းထန်လာတာနဲ့အမျှ Winner ဆုရှင် ကိုလည်း အမျိုးမျိုး ထင်ကြေးပေးနေကြပါတယ်။ အဆိုပါ ထင်ကြေးပေးတဲ့ထဲမှာမှ ယခင် Season များမှာ အမျိုးသား ပြိုင်ပွဲဝင်များက Winner ဆု ရရှိခဲ့အတွက် ယခု Season မှာတော့ ပရိသတ်များက မိန်းကလေးပြိုင်ပွဲဝင်ကို Winner ဆု ရရှိစေချင်နေကြပါတယ်။ အဆိုပါ ထင်ကြေးပေးမှုများအပေါ် Myanmar Idol သီချင်းဆို ပြိုင်ပွဲမှာ Vocal Coach တဦးအဖြစ် ဆောင်ရွက်လျက်ရှိတဲ့ မထရေစီက အခုလိုပဲ ပြောပြထားပါတယ်။ “ပရိသတ်က ရွေးချယ်မှသာ အနုပညာရှင်အစစ် ဖြစ်မှာဖြစ်တဲ့အတွက်ကြောင့် တကယ်ကောင်းသူတဲ့သူ မိန်းကလေးရယ် ၊ ယောင်္ကျားလေးရယ် မဟုတ်ပါဘူး။ ဘယ်သူပဲဖြစ်ဖြစ် ထိုက်တန်တဲ့သူကို ဖြစ်စေချင်ပါတယ်” လို့ Vocal Coach မထရေစီက ပြောပါတယ်။ မတူညီတဲ့ တေးသီချင်းများစွာနဲ့ ယှဉ်ပြိုင်ရတဲ့ အပတ်စဉ်တိုင်းမှာ ပြိုင်ပွဲဝင်များကို ကောင်းမွန်စွာ သီဆိုနိုင်အောင် သင်ကြားပေးရတာဖြစ်တဲ့အတွက် သီချင်း အမျိုးအစားအလိုက် ကျွမ်းကျင်မှု မရှိတဲ့ ပြိုင်ပွဲဝင်ကို ဆိုတတ်အောင် သင်ကြားပေးရတာဖြစ်သလို ကောင်းမွန်စွာ သီဆိုနိုင်ပြီး ဖြတ်ကျော်နိုင်တဲ့သူကသာ Save ဖြစ်တယ်လို့ ဆိုပါတယ်။ “ကျမတို့ကတော့ သီချင်း Week ပေါ်မှာ ကောင်းမွန်စွာ ဆိုနိုင်အောင် သင်ကြားပေးရတာ ဖြစ်တဲ့အတွက် Pop ကိုပဲ အားသန်ပြီးတော့ Rock ကို မဆိုတတ်တဲ့သူကိုလည်း Pop ကနေ Rockကိုဆိုတတ်အောင် ကျမတို့သင်ပေးရတယ်။ အဲဒီအခါမှာ ကြိုးစားပြီးတော့ လိုက်နားထောင်ပြီး ဖြတ်ကျော်နိုင်တဲ့သူကတော့ ပိုပြီးတော့ Save ဖြစ်တာပေါ့” “တခါတလေကျရင် ကောင်းပေမယ့် ကိုယ်ကြည့်လိုက်တဲ့အခါမှာလည်း အားရတယ်။ ဒါပေမယ့် ထွက်ခွာရတာလည်း ရှိပါတယ်။ ပြောရရင်တော့ ပရိသတ် Voting နဲ့သွားတဲ့အခါမှာ ပရိသတ်က သူတို့ကြိုက်တဲ့ အနုပညာရှင်ကို ရွေးချယ်ရတာ ဖြစ်တဲ့အတွက် ဒီအပေါ်မှာပဲ လက်ခံရတာပေါ့နော်” လို့ မထရေစီက ပြောပါတယ်။ အချို့သော ပရိသတ်များက သူတို့အားပေးတဲ့ ပြိုင်ပွဲဝင် ပြိုင်ပွဲမှာ ထွက်ခွာသွားရပါက အဆိုတော် တယောက် ဖြစ်ဖို့အတွက် သီချင်း အမျိုးအစားတိုင်းကို ဆိုတတ်စရာ မလိုဘူး ဆိုတဲ့ ဝေဖန်မှုများစွာ ရှိပါတယ်။ အဆိုပါ ဝေဖန်မှုအတွက်လည်း “စီးရီးထုတ်မယ့် သူကတော့ လိုင်းစုံ ဆိုတတ်စရာ မလိုပါဘူး။ ကိုယ်ကြိုက်တဲ့သီချင်း ကိုယ်ဆိုလို့ရ ပါတယ်။ ကိုယ်နဲ့လိုက်ဖက်မယ့် သီချင်းကို ဆိုလို့ရတယ်။ အဲဒီအတွက်ကြောင့် Winner ရလာလို့ စီးရီးလုပ်တဲ့အခါကျရင် သူနဲ့လိုက်ဖက်မယ့်သီချင်း သူကြိုက်တဲ့ သီချင်း ဆိုခွင့်ရမှာပေါ့နော်။ ဒါဟာပြိုင်ပွဲ ဖြစ်တဲ့အတွက် ကျမတို့က အားလုံးကောင်းတဲ့ ကလေးတွေ ရွေးချယ်ပေမယ့် လိုင်းမတူတဲ့အခါမှာ ဒါတွေအပေါ်မှာ အကောင်းဆံုံး ဖြတ်ကျော်နိုင်တဲ့သူကသာ ပြိုင်ပွဲဆိုတော့ Winner ဖြစ်မှာပါ။ စီးရီးထုတ်တဲ့အခါမှာ သူတို့ကြိုက်တာ သူတို့ဆိုခွင့် ရှိပါတယ်။ အဲဒါတော့ ကွာခြားပါတယ်” လို့ မထရေစီ ပြောပါတယ်။ Myanmar Idol ရဲ့ Vocal Coach တဦးဖြစ်တဲ့ မထရေစီကတော့ Myanmar Idol ပြိုင်ပွဲ စတင် ကျင်းပစဉ်ကတည်းက Vocal Coach တဦး ပြုလုပ်လာခဲ့တာ ဖြစ်ပါတယ်။ The post “မိန်းကလေး၊ ယောင်္ကျားလေးရယ် မဟုတ်ပါဘူး၊ ထိုက်တန်တဲ့သူကို Winner ဖြစ်စေချင်ပါတယ်” appeared first on ဧရာဝတီ.
Source : https://ift.tt/2uYc62R
via IFTTT


အစပ်ကြိုက်သူတွေ ခံတွင်းမြိန်စေမယ့် ရှုးရှဲအရသာ “ပြည်ကြီးငါး အစပ်ကြော်” ဒီတပတ် ရုံးပိတ်ရက်မှာ သူငယ်ချင်းတွေစုပြီး ဟင်းချက်စားမယ်ဆိုရင် လုပ်ရတာလွယ်ပြီး စားကောင်းတဲ့ ကိုရီးယား ဟင်းလျာ ဟင်းချက်နည်းကို ပြောပြပေးချင်ပါတယ်။ ကိုရီးယားနိုင်ငံရဲ့ ဟင်းလျာတွေထဲမှာ အစပ်ဆုံး စားရင်ဝင် ဟင်းတမျိုးဖြစ်တဲ့ “ပြည်ကြီးငါး အစပ်ကြော်” နည်းက ဘယ်လောက် ခံတွင်းတွေ့နိုင်မလဲ။ အခု မျှဝေပေးသွားမယ့် ဟင်းချက်နည်းအတိုင်း အိမ်မှာ အလွယ်တကူ လုပ်စားကြည့်နိုင်ပါတယ်။ “ပြည်ကြီးငါး အစပ်ကြော်” အတွက် လိုအပ်တဲ့ပစ္စည်းတွေက — ပြည်ကြီးငါး ကော်မှုန့် ကြက်သွန်ဖြူ ကြက်သွန်နီ ဂျင်း ပဲငံပြာရည် Gochugaru (ကိုရီးယား ငရုတ်အနှစ်) ကြက်သွန်မြိတ် ငရုတ်သီးမှုန့် မုန်လာဥနီ ငရုတ်သီးစိမ်း (အစပ်ကြိုက်ရင် ထည့်ပါ) ထည့်မယ့်ပစ္စည်း စုံပြီဆိုရင် အရင်ဆုံး ပြည်ကြီးငါး အစပ်ကြော်ထဲ ထည့်ဖို့ ငရုတ်နှစ် အရင်လုပ်ထားပါမယ်။ ပြီးရင် ကြက်သွန်ဖြူနဲ့ ဂျင်းကို ထောင်းပါ။ ထောင်းထားတဲ့ ကြက်သွန်ဖြူနဲ့ ဂျင်းထဲကို ပဲငံပြာရည်၊ ကိုရီးယား ငရုတ်အနှစ်၊ သကြားတို့ ထည့်ပြီး သေချာမွှေပါ။ အပေါ့ အငံ လိုသလို ချိန်ထည့်ပါ။ ပြီးရင် ကော်မှုန့်ကို ရေ ၁ အချိုး ၄ အတိုင်း ထည့်ဖျော်ပါ။ ကြော်မယ့် ဒယ်အိုးကို မီးဖိုပေါ်တင်ပြီး အပူပေးပါ။ ပူလာရင် ဆီထည့်ပြီး ကြက်သွန်နီ၊ မုန်လာဥနီ၊ ကြက်သွန်မြိတ်နဲ့ ငရုတ်သီးစိမ်းတို့ကို ပါးပါးလှီးထားတာ ထည့်ကြော်ပါ။ အရွက်တွေ နွမ်းသွားပြီဆိုရင် ပြည်ကြီးငါးနဲ့ စပ်ထားတဲ့ ငရုတ်နှစ်ကို ထည့်လိုက်ပါ။ ပြည်ကြီးငါး ကျက်ခါနီးမှာ ကော်မှုန့် ဖျော်ထားတဲ့ အရည် ထည့်ပြီး စက္ကန့် ၃၀ လောက် ထည့်မွှေကြော်လိုက်ရင် တလုပ်စားလိုက်တိုင်း ထုပ်ထုပ်လေးနဲ့ ရှုးရှဲအရသာ “ပြည်ကြီးငါး အစပ်ကြော်” ရပါပြီ။ အခုလို ရာသီ မိုးအေးအေးမှာ ထမင်းပူပူလေးနဲ့ “ပြည်ကြီးငါး အစပ်ကြော်” တွဲစားလိုက်ရင် အရသာရှိပြီး ခံတွင်းမြိန်စေမှာ အသေချာပါပဲ။ Ref: Maangchi The post အစပ်ကြိုက်သူတွေ ခံတွင်းမြိန်စေမယ့် ရှုးရှဲအရသာ “ပြည်ကြီးငါး အစပ်ကြော်” appeared first on ဧရာဝတီ.
Source : https://ift.tt/2vbQCiy
via IFTTT


ရှစ်လေးလုံး အရေးတော်ပုံ ရှားပါးဓာတ်ပုံများ ပြမည် နှစ်ပေါင်း ၃၀ နီးပါးကြာမြင့်ခဲ့သည့်တိုင် ထိုစဉ်က သူမြင်တွေ့ခဲ့ရသည့် ပြည်သူများ၏ အစုအဝေးမှာ ကြီးမားလှသောကြောင့် ယနေ့တိုင် သူ၏ စိတ်ကို လှုပ်ရှားနေစေသေးသည်။ ၁၉၈၈ ခုနှစ် သြဂုတ်လ ၂၆ ရက်နေ့နံနက်တွင် ဦးထိန်ဝင်းသည် သူငယ်ချင်းထံမှ ငှားရန်းထားသော ကင်မရာကိုကောက်ကိုင်ပြီး ရန်ကုန်ရှိ ရွှေတိဂုံဘုရား အနောက်ဖက်မုဒ်သို့ ဦးတည်ထွက်ခွာလာခဲ့သည်။ ထိုနေ့ ထိုနေရာတွင် ဒေါ်အောင်ဆန်းစုကြည်သည် မြန်မာပြည်သူတရပ်လုံးသည် ပါတီစုံ ဒီမိုကရေးစီ အုပ်ချုပ်ရေးစနစ်ကို ပြင်းပြစွာ လိုလားကြောင်း လူထုကို မိန့်ခွန်းပြောပြီး သူ၏ ဆယ်စုနှစ်များစွာ ရှည်ကြာသော စစ်အာဏာရှင်စနစ် ဆန့်ကျင်ရေးကို စတင်ခဲ့သည်။ “ဒီအကြောင်းကို တွေးမိတိုင်း စိတ်ထဲမှာ ပေါ်ပေါ်လာတာကတော့ လူပင်လယ်ကြီးပဲ” ဟု ဦးထိန်ဝင်းက မကြာသေးမီက ပြောသည်။ များပြားလှသော လူအုပ်ကြီးကို ကြည့်ပြီး အံအားသင့်နေသော ဦးထိန်ဝင်းသည် သူလုပ်ရမည့်အလုပ်ကို သိနေသည်။ ဒေါ်အောင်ဆန်းစုကြည် မရောက်မီလေးတွင် သူသည် စင်ပေါ်သို့ တက်လိုက်ပြီး မြင်ကွင်းကို ဓာတ်ပုံရိုက်ယူထားသည်။ ဒေါ်အောင်ဆန်းစုကြည် မိန့်ခွန်းပြောကြားသောအခါ သူ မိန့်ခွန်းပြောနေသည့်ပုံများကို ထပ်မံ ရိုက်ကူးသည်။ ယခု ဆယ်စုနှစ် ၃ ခုကြာသောအခါ ဘုရားပရဝဏ်အတွင်းအပြင် ပြည်လျှံနေသော မျက်စိတဆုံးမြင်နေရသည့် လူအုပ်ကြီးပုံနှင့် ထိုစဉ်က အသက် ၄၃ နှစ်သာ ရှိသေးသော ဒေါ်အောင်ဆန်းစုကြည်သည် ရှေ့ဆုံးတန်းတွင် ကျောင်းသား အစောင့်အရှောက်များခြံရံပြီး မိန့်ခွန်းပြောနေသော ပုံတို့သည် သူ၏ စိတ်ကြိုက်ပုံများ ဖြစ်နေသေးသည်။ “မြန်မာ့သမိုင်းမှာ အရေးပါတဲ့ပုံတွေ ကို မှတ်တမ်းတင်နိုင်ခဲ့တယ်လို့ ကျနော် ခံစားရတယ်” ဟု ဓာတ်ပုံဆရာ ဦးထိန်ဝင်းက ပြောသည်။ ဒေါ်အောင်ဆန်းစုကြည် ၏ နိုင်ငံရေးခရီး နိဒါန်းကို မှတ်တမ်းတင်နိုင်ခဲ့ခြင်းအပြင် ဦးထိန်ဝင်းသည် ၁၉၈၈ ခုနှစ် လူထုအရေးတော်ပုံကြီးကို ဇူလိုင်လမှ စက်တင်ဘာလတွင် စစ်အာဏာ သိမ်းသည်အထိ မှတ်တမ်းတင်နိုင်ခဲ့သော ဓာတ်ပုံဆရာအနည်းငယ်တွင် ပါဝင်သူဖြစ်သည်။ ၁၉၈၈ ဩဂုတ်လ ၂၆ ရက် ရွှေတိဂုံ အနောက်ဘက်မုဒ်တွင် ဒေါ်အောင်ဆန်းစုကြည်၏ မိန့်ခွန်းကို လာရောက်နားထောင်သော လူအုပ်ကြီး/ထိန်ဝင်း စာပေစိစစ်ရေးကြောင့် ဆယ်စုနှစ် နှစ်ခုကျော်ကြာအောင် သိမ်းထားခဲ့ရသော ထိုစဉ်က သူ ရိုက်ကူးခဲ့သည့် ရာနှင့်ချီသည့် ဓာတ်ပုံများအနက် ၁၀၀ ကို ၈၈၈၈ အရေးတော်ပုံ နှစ်၃၀ ပြည့်သည့် လာမည့်လတွင် ပထမဆုံးအနေဖြင့် ရန်ကုန်တွင် ခင်းကျင်းပြသမည်ဖြစ်သည်။ အချို့သောဓာတ်ပုံများမှာ အင်တာနက်တွင် ပြန့်နှံနေပြီး ဖြစ်သော်လည်း ၎င်းတို့ကို မြန်မာနိုင်ငံတွင် ပြပွဲအဖြစ် ခင်းကျင်းပြသခြင်းမှာ ပထမဆုံး အကြိမ်ဖြစ်သည်။ ၁၉၈၈ ခုနှစ် သြဂုတ်လ ၈ ရက်နေ့တွင် ဦးနေဝင်း တပါတီအာဏာရှင်စနစ်ကို ဆန့်ကျင်သော တနိုင်ငံလုံး လှုပ်ရှားမှု၏ အမည်ကို အစွဲပြုခေါ်ဝေါ်ကြသော ရှစ်လေးလုံး အရေးတော်ပုံကြီးသည် ခေတ်သစ်မြန်မာ့သမိုင်းတွင် အရေးပါသော အလှည့်အပြောင်းဖြစ်သည်။ ထို အရေးတော်ပုံသည် လူအသေအပျောက် ရှိသော စစ်အာဏာသိမ်းမှုဖြင့် နိဂုံးချုပ်ခဲ့သော်လည်း နောင် ၂၈ နှစ်ကြာသောအခါ ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကို အာဏာရရှိစေခဲ့သည့် အပြောင်းအလဲများကို ဖြစ်ပေါ်လာစေမည့် ပြည်သူတို့၏ နိုင်ငံရေးနိုးကြားမှုကို မွေးဖွားပေးနိုင်ခဲ့သည်ဟု ပြည်တွင်းပြည်ပ နိုင်ငံရေးလေ့လာသူများက လက်ခံကြသည်။ ရန်ကုန်ရှိ အလွှာစုံမှ ပြည်သူများဆန္ဒ ပြပွဲများတွင် ပါဝင်လာကြပြီး အရှိန်အဟုန် ရလာသည့် ကာလတွင် ကိုထိန်ဝင်းသည် ဆန္ဒပြပွဲများကို လိုက်လံ မှတ်တမ်းတင်ခဲ့သည်။ “ပထမတော့ အဖမ်းခံရမှာ စိုးလို့ သိပ်မရဲဘူး။ ဒါပေမယ့် ဆန္ဒပြပွဲတွေက ကြီးလာပြီး လူတိုင်းလည်း ပါဝင်လာကြတော့ ကျနော်လည်း မစိုးရိမ်တော့ဘူး” ဟု သူက ပြန်ပြောင်း အမှတ်ရစဖွယ် ပြောပြသည်။ မြန်မာ့အလင်း သတင်းစာတိုက် အလုပ်သမားများ အရေးတော်ပုံသို့ ပူးပေါင်းလာစဉ်/ထိန်ဝင်း ဇူလိုင်လမှ စစ်တပ်က အာဏာသိမ်းသည့် စက်တင်ဘာလ ၁၈ ရက်နေ့အထိ သူသည် ကင်မရာတလုံးဖြင့် ရန်ကုန်မြို့၏ လမ်းများပေါ်တွင် မိုးလင်းမိုးချုပ် လှည့်လည်ရိုက်ကူးခဲ့သည်။ ထို့ကြောင့် သူသည် ကျောင်းသားများ၏ ဆန္ဒြုပပွဲများသာမက ရုပ်ရှင်မင်းသားများ၊ မင်းသမီးများ၊ သတင်းသမားများ၊ ဘုန်းတော်ကြီးများ၊ စာရေးဆရာများနှင့် စစ်သားများ ဆန္ဒပြပွဲများတွင် ပူးပေါင်းပါဝင်လာသည်ကိုလည်း ရိုက်ကူးနိုင်ခဲ့သည်။ ဆန္ဒပြပွဲများသည် လူထုကို ပိုမိုစွဲဆောင်လာပြီး ပြည်သူတရပ်လုံးပါဝင်လာသည့် အရေးတော်ပုံအဆင့်သို့ ကူးပြောင်းလာသောကြောင့် ထူးခြားသည်ဟု မြင်သောကြောင့် မှတ်တမ်းတင်ဓာတ်ပုံများကို ဆက်လက်ရိုက်ကူးခဲ့သည်ဟု ကိုထိန်ဝင်း က ဆိုသည်။ “အရင်က ကျောင်းသားတွေ၊ အလုပ်သမားတွေ သူတို့ရဲ့အခွင့်အရေးအတွက် ဆန္ဒပြခဲ့ကြဖူးတယ်။ ဒါပေမယ့် ၈၈ ကတော့ ထူးခြားတယ်။ လူတိုင်းပါဝင်ပြီး အားလုံးက တညီတညွတ်ထဲ ဒီမိုကရေစီကိုပဲ တောင်းဆိုကြတာ” ဟု သူက ရှင်းပြသည်။ ၁၉၈၈ အရေးတော်ပုံအပြင် ကိုထိန်လင်းသည် သမိုင်းတွင် အရေးပါသည့် အခြားကာလတခုကိုလည်း မှတ်တမ်းတင်နိုင်ခဲ့သည်။ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ဟောင်း ဦးသန့်၏ ဈာပနကို နိုင်ငံတော်ဈာပန အဖြစ် သတ်မှတ်ပေးရန် ကျောင်းသားများက ဆန္ဒပြပွဲများ ၁၉၇၄ ခုနှစ် ဒီဇင်ဘာလတွင် ဆင်နွှဲသောအခါ သူသည် ရန်ကုန်တက္ကသိုလ်ဝန်းအတွင်းရောက်ရှိနေပြီး အကြမ်းဖက်ဖြိုခွင်းမှုအချို့ကို မှတ်တမ်းတင်နိုင်ခဲ့သည်။ စာပေစိစစ်ရေး နိဂုံးချုပ်သွားသောအခါ ထိုပုံများအနက် အချို့ ကို စာအုပ်အဖြစ် ၂၀၁၄ တွင် ထုတ်ဝေနိုင်ခဲ့သည်။ (ဧရာဝတီက ထုတ်ဝေခဲ့သော အပတ်စဉ်ထုတ် ဂျာနယ်တွင်လည်း ပုံနှိပ်ဖော်ပြခဲ့သည်။) စစ်အာဏာ သိမ်းမှုနောက်ပိုင်း ဆန္စပြသူများကို စစ်တပ်က သွေးထွက်သံယို နှိမ်နင်းသည့် ပုံများ သူ့တွင် တပုံမျှ မရှိကြောင်း သူက ဆိုသည်။ အာဏာသိမ်းမှု သတင်း ကြားလိုက်ရသည်နှင့် အန္တရာယ်ကို သူမြင်နေသည်။ သူ ပထမဆုံး လုပ်ဆောင်သောအလုပ်မှာ လပေါင်းများစွာ သူ ရိုက်ကူးထားသည့် ရာပေါင်းများစွာသော ဖလင်များကို ဖွက်ထားရခြင်းဖြစ်သည်။ သူ့ကို ထိုဖလင်များနှင့်အတူ ဖမ်းဆီးလိုက်ပါက သူ ထောင်ကျမည်၊ ညှင်းပမ်းနှိပ်စက် ခံရကောင်း ခံရနိုင်သည်။ မိတ်ဆွေအချို့ထံအပ်ပြီး သိမ်းထားပေးရန် အကူအညီ တောင်းခဲ့သော်လည်း စစ်တပ်က လူထုအရေးတော်ပုံတွင် ပါဝင်သည်ဟု သံသယရှိသူများကို ဖြိုခွဲမှုများပြုလုပ်နေသောကြောင့် ထိုမိတ်ဆွေများလည်း လွန်စွာ စိုးရိမ်ပူပန်နေကြသည်။ “တချို့မိတ်ဆွေတွေက ဖလင်တွေကို မီးရှို့လိုက်တယ်၊ တချို့က လွှင့်ပစ်လိုက်တယ်” ဟု ဦးထိန်ဝင်းက စိတ်မကောင်းကြီးစွာဖြင့် ပြန်ပြောပြသည်။ ဓာတ်ပုံဆရာ ဦးထိန်ဝင်းကို ရန်ကုန်ဆေးရုံကြီးရှေ့ သပိတ်စခန်းတွင် မြင်တွေ့ရစဉ် ထိုသို့သော ကံကြမ္မာမျိုးမှာ လူထုအရေးတော်ပုံကို မှတ်တမ်းတင်ခဲ့ကြသည့် အခြားသော သူများလည်း ရင်ဆိုင်ရသည့် ကံကြမ္မာပင်ဖြစ်သည်။ ဦးဆန်နီငြိမ်းသည်လည်း ဗီဒီယို ကင်မရာဖြင့် ဦးထိန်ဝင်းကဲ့သို့ပင် အရေးတော်ပုံကို မှတ်တမ်းတင်ခဲ့သည်။ သူရိုက်ကူထားသည်များတွင် ဒေါ်အောင်ဆန်းစုကြည်၏ အများပြည်သူသို့ ပထမဆဆုံးပြောကြားသော မိန့်ခွန်းများအနက်တခုဖြစ်သော ရန်ကုန်ပြည်သူ့ဆေးရုံကြီး မိန့်ခွန်းလည်း ပါဝင်သည်။ သူ၏ ဗီဒီယို အများအပြားမှာ လျှို့ဝှက်သိမ်းဆည်းထားစဉ်အတွင်း ပျက်ဆီးကုန်ကြပြီဖြစ်သည်။ “လူထုအရေးတော်ပုံကြီးကို မှတ်တမ်းတင်ခဲ့ကြသူ အများစုက အဖမ်းခံ အနှိပ်စက်ခံရမှာကြောက်တော့ သူတို့ရဲ့ ဖလင်တွေကို သူတို့ဘာသာ ဖျက်ဆီးပစ်ခဲ့ကြတယ်။ အခုတော့ ကျနော်တို့မှာ ကိုထိန်ဝင်းရဲ့ ဓာတ်ပုံတွေပဲ ရှိတော့တယ်။ ဒါတွေက သမိုင်းဝင်ပုံတွေ” ဟု ဦးဆန်နီငြိမ်းက ပြောဆိုသည်။ သူ၏ ဖလင်အချို့ကို ဖျက်ဆီးခဲ့သော်လည်း ဦးထိန်ဝင်းသည် သူငယ်ချင်းများ၏ အကူအညီဖြင့် ဖလင်အချို့ကို ပြည်ပသို့ ထုတ်နိုင်ခဲ့သည်။ ထို ဖလင်များသည် အမ်စတာဒမ်ရှိ နိုင်ငံတကာ မော်ကွန်းတိုက်တွင် ယခုအချိန်အထိ ရှိနေပြီး ယခု အရေးတော်ပုံ နှစ် ၃၀ ပြည့် အထိမ်းအမှတ် ပြသမည့် ဓာတ်ပုံ ၁၀၀ မှာ ထိုမော်ကွန်းတိုက်တွင် ကျန်ရှိသော ဖလင်များမှ ရွေးချယ်ပြသထားသော ပုံများဖြစ်သည်။ တခါတရံ ဓာတ်ပုံများသည် စာများထက် ပိုမိုခိုင်မာသော သက်သေဖြစ်သောကြောင့် လွန်ခဲ့သော နှစ် ၃၀ က တိုင်းပြည်တွင် မည်သည်တို့ဖြစ်ခဲ့သည်ကို ၁၉၈၈ ခုနှစ်နောက်ပိုင်းတွင် မွေးဖွားသူ လူငယ်များ သိရှိလာစေရေး သူ၏ဓာတ်ပုံများသည် သမိုင်းမှတ်တမ်းဖြစ်မည်ဟု သူယုံကြည်သည်။ “ကျနော်မသေခင် ဒီဓာတ်ပုံတွေကို အများပြည်သူကို ပြခွင့်ရလို့ ကျေနပ်ပါတယ်” ဟု အသက် ၇၂ နှစ်ရှိပြီဖြစ်သော ဦးထိန်ဝင်းက ပြောသည်။ ရှစ်လေးလုံး အရေးတော်ပုံ ဓာတ်ပုံပြပွဲကို သြဂုတ်လ ၈ ရက်နေ့မှ ၁၂ ရက်နေ့အထိ ရန်ကုန်တိုင်း ဗဟန်းမြို့နယ်ရှိ ဗိဿနိုး ပန်းချီပြခန်းတွင် ပြသမည်ဖြစ်ပြီး ဝင်ကြေး အခမဲ့ဖြစ်သည်။ (အင်္ဂလိပ်ဘာသာဖြင့် Historic ’88 Uprising Photos on Display 30 Years Later တွင် ဖတ်ရှုပါ။) The post ရှစ်လေးလုံး အရေးတော်ပုံ ရှားပါးဓာတ်ပုံများ ပြမည် appeared first on ဧရာဝတီ.
Source : https://ift.tt/2LIj5Xf
via IFTTT


စစ်ပွဲများက ကျားထိန်းသိမ်းရေးကို ဟန့်တားနေ မြန်မာနိုင်ငံရှိ ကျားကောင်ရေသည် ဆက်လက်လျှော့ပါးလာနေပြီး နိုင်ငံ၏ သဘာဝဘေးမဲ့တောများအတွင်းရှိ ကျားကောင်ရေ ထိန်းသိမ်းနိုင်ရေးအတွက် လက်နက်ကိုင် ပဋိပက္ခချုပ်ငြိမ်းရေးသည် အရေးကြီးကြောင်း အစိုးရမဟုတ်သောအဖွဲ့အစည်းတခုဖြစ်သည့် သားငှက်ထိန်းသိမ်းရေးအဖွဲ့ (မြန်မာနိုင်ငံအစီအစဉ်)က ဇူလိုင်လ ၂၆ ရက်နေ့က သတိပေးလိုက်သည်။ မြန်မာနိုင်ငံ သဘာ၀ ဘေးမဲ့တောများရှိ ကျားကောင်ရေမှာ ၂၀၀၃ ခုနှစ်က ၁၅၀ ခန့်ရှိသော်လည်း ယခု ကောင်ရေ ၁၀၀ ပင်မပြည့်တော့ကြောင်း ကမ္ဘာ့ သားငှက်ထိန်းသိမ်းရေးအဖွဲ့ (WCS) ၏ မြန်မာနိုင်ငံဆိုင်ရာ အဖွဲ့ခွဲက ပြောသည်။ ကမ္ဘာတဝန်းလုံးတွင်လည်း ကျားကောင်ရေမှာ လွန်ခဲ့သော ရာစုက ကောင်ရေ တစ်သိန်း ရှိရာမှ ယခု ကောင်ရေ ၄၀၀၀ ခန့်အထိ ကျဆင်းသွားသည်။ မြန်မာနိုင်ငံမှ ၁၇၃၇၃ စတုရန်း ကီလိုမီတာကျယ်ဝန်းသည့် ဟူးကောင်းချိုင့်ဝှမ်း သဘာဝ တောရိုင်းတိရစ္ဆာန် ဘေးမဲ့တောသည် ကမ္ဘာပေါ်တွင် အကြီးဆုံးသော ကျားဘေးမဲ့တောဖြစ်သော်လည်း ထိုချိုင့်ဝှမ်းဒေသရှိ မြန်မာ့တပ်မတော်နှင့် ကချင်လွတ်လပ်ရေး အဖွဲ့/တပ်မတော် -KIO/KIA တို့အကြား လက်နက်ကိုင် ပဋိပက္ခများသည် သားရိုင်းတိရစ္ဆာန် ထိန်းသိမ်းသူများ၊ သုတေသီများ၏ အားထုတ်မှုများကို အဟန့်အတားဖြစ်စေလျှက် ရှိသည်။ သားငှက် ထိန်းသိမ်းရေးအဖွဲ့ (မြန်မာနိုင်ငံအစီအစဉ်)- WCS Myanmar ၊ ကမ္ဘာတောရိုင်းတိရစ္ဆာန် ရန်ပုံငွေအဖွဲ့-WWF ၊ အပြည်ပြည်ဆိုင်ရာ တောရိုင်း တိရစ္ဆာန် နှင့် သဘာဝအပင်များ ထိန်းသိမ်းရေး အဖွဲ့- FFI တို့သည် မြန်မာနိုင်ငံ သဘာဝ သယံဇာတနှင့်ပတ်ဝန်းကျင်ထိန်းသိမ်းရေး ဝန်ကြီးဌာနလက်အောက်ရှိ သစ်တော ဦးစီးဌာန၏ သဘာဝပတ်ဝန်းကျင်နှင့် တောရိုင်းတိရိစ္ဆာန်ထိန်းသိမ်းရေးဌာနနှင့် ပူးပေါင်းပြီး ဟူးကောင်းချိုင့်ဝှမ်း၊ ထမံသီ နှင့်တနင်္သာရီ ရိုးမတို့တွင် သုတေသနစီမံကိန်းများမှတဆင့် သဘာဝ သားရိုင်းတိရစ္ဆာန်ထိန်းသိမ်းရေး လုပ်ဆောင်နေသည်။ “တိုက်တာခိုက်တာတွေ နည်းသွားရင် သားရိုင်းတိရစ္ဆာန်ထိန်းသိမ်းရေးကို ကျနော်တို့ပိုလုပ်နိုင်တယ်” ဟု WCS Myanmar ၏ နိုင်ငံဆိုင်ရာ ဒါရိုက်တာ ဦးသန်းမြင့်က သတင်းထောက်များကို ဇူလိုင်လ ၂၆ ရက်နေ့က ပြောသည်။ ဟူကောင်းချိုင့်ဝှမ်းမှတိုက်ပွဲများကြောင့် ဒေသခံရွာသားများပင် အသက်လုထွက်ပြေးနေရကြောင်း၊ ထို့ကြောင့် ပြေးနေရသည့်အချိန်တွင် သားရဲတိရိစ္ဆာန်ထိန်းသိမ်းမှုသည် အရေးကြီးခြင်းဆိုသည့်အပေါ် မည်သူမှ စိတ်မဝင်စားနိုင်ကြောင်း ၎င်းက ရှင်းပြသည်။ “သဘာဝသားရိုင်းတိရစ္ဆာန် ထိန်းသိမ်းစောင့်ရှောက်ရေးမှာ ဒေသခံတွေရဲ့ ပူးပေါင်းပါဝင်မှ ရမယ်။ ဒေသခံတွေ ကိုယ့်အိမ်မှာကိုယ်နေပြီး ဒီထိန်းသိမ်းရေးတွေမှာ ပါဝင်နိုင်အောင် ဒီဒေသမှာ သင့်တင့်လျှောက်ပတ်တဲ့ ငြိမ်းချမ်းရေးရှိဖို့လည်း တော်တော်မေ ျှာ်လင့်တယ်”ဟုလည်း ဦးသန်းမြင့်က ပြောသည်။ WCS Myanmar သည် မြန်မာနိုင်ငံ အနောက်မြောက်ပိုင်း၊ စစ်ကိုင်းတိုင်းရှိ အထက်ချင်းတွင်းမြစ်ဝှမ်း ဒေသမှ သုတေသနလှုပ်ရှားမှုဆိုင်ရာ သတင်းအချက်အလက်များကို ဖလှယ်ရန်နှင့် ကျားထိန်းသိမ်းစောင့်ရှောက်ရေးသည် အရေးကြီးလှကြောင်း လူထုအတွင်း အသိမြှင့်တင်ပေးရန် ရည်ရွယ်ပြီး ထိုသတင်းစာရှင်းလင်းပွဲ ပြုလုပ်ခြင်း ဖြစ်သည်။ WCS Myanmar သည် ကျားနှင့် ကျားအစားခံမျိုးစိတ်များ၏အရေအတွက်ကို မှတ်တမ်းတင်ရန် ကင်မရာများကို ကင်မရာထောင်ချောက်အဖြစ် တပ်ဆင် အသုံးပြုကာ သုတေသန ပြုလုပ်ခြင်း ဖြစ်သည်။ လွန်ခဲ့သော သုံးနှစ်ကျော်အတွင်း အထက်ချင်းတွင်းမြစ်ဝှမ်းဒေသတွင် ကျားများနှင့် ၎င်းတို့အစားခံသတ္တဝါများကို သုတေသနပြုရန် နေရာပေါင်း ၂၂၅ နေရာတွင် ကင်မရာထောင်ချောက်အလုံးပေါင်း ၁၀၀ ကျော်တပ်ဆင်ကာ မှတ်တမ်းတင် ခဲ့သည်။ “လက်ရှိထိန်းသိမ်းရေးသုတေသနလုပ်ငန်းများအရ မြန်မာ့ကျားထိန်းသိမ်းရေးအောင်မြင်ရန် မျှော်လင့်ချက်များစွာ ရှိနေပါတယ်” ဟု ထိုအဖွဲ့က ပြောကြားသည်။ ၂၀၁၄ ခုနှစ် ဒီဇင်ဘာလမှ ၂၀၁၇ ခုနှစ် ဒီဇင်ဘာလအထိ သုံးနှစ်ကြာ သုတေသန များအား နှိုင်းယှဉ်ချက်အတွင်း ကျားသားပေါက်ကောင်ငယ်များကို ၎င်းတို့အဖွဲ့က မှတ်တမ်းတင်နိုင်ခဲ့သည့်အတွက် ကျားကောင်ရေ ပြန်လည်များပြားလာရေး မေ ျှာ်လင့်ချက်ရှိသည်ဟု ဆိုနိုင်ကြောင်း WCS Myanmar ၏ နိုင်ငံမြောက်ပိုင်းသစ်တောများ ဆက်စပ်နယ်မြေ သုတေသနတာဝန်ခံ ဦးလှနိုင်က ပြောသည်။ ကမ္ဘာတစ်ဝှမ်း ကျားကောင်ရေ ဆိုးရွားစွာ ကျဆင်းလာမှုအခြေအနေကြောင့် မြန်မာနိုင်ငံတွင်လည်း ကျားများကို ပိုးမွေး သကဲ့သို့ ထိန်းသိမ်းစောင့်ရှောက်ရမည့် အခြေအနေသို့ ရောက်ရှိနေပြီဖြစ်ကြောင်း ၎င်းကပြောသည်။ သို့သော် မြန်မာနိုင်ငံသည် ဘေးမဲ့တောများ သဘာဝထိန်းသိမ်းရေးနယ်မြေများတွင် ကျားနှင့်ကျားအစားခံသတ္တဝါများကို အမဲလိုက်ခြင်း၊ သားရိုင်းတိရစ္ဆာန်မှောင်ခိုကုန်ကူးခြင်း၊ တရားမဝင်သစ်ခိုးထုတ်ခြင်းနှင့် သတ္တုတူးဖေါ်ခြင်း စသည့်ပြဿနာများကို ရင်ဆိုင်နေရဆဲဖြစ်သောကြောင့် စိန်ခေါ်မှုအများအပြားလည်း ရှိနေသေးကြောင်း ၎င်းက ပြောသည်။ “ကျားနဲ့အခြားမျိုးစိတ်တွေကိုထိန်းသိမ်းကာကွယ်ခြင်းဟာ ကျနော်တို့ရဲ့ တောတောင်ရေမြေ၊ ဇီဝမျိုးစုံမျိုးကွဲနဲ့ သဘာဝပတ်ဝန်းကျင်ကို မပျက်စီးအောင် ထိန်းသိမ်းစောင့်ရှောက်ခြင်း ဖြစ်ပါတယ်။” ဟုလည်း သူက ရှင်းပြသည်။ အိမ်နီးခြင်းတရုတ်နိုင်ငံမှ ဈေးကွက်လိုအပ်ချက်က သားရိုင်းတိရစ္ဆာန်မှောင်ခိုခြင်းကို အားပေးနေသောကြောင့် စိုးရိမ်စရာများလည်း ရှိနေသေးကြောင်း WCS Myanmar ကပြောသည်။ ထို့ကြောင့်လူထုပိုမိုသိရှိပီး ပူးပေါင်းပါဝင်ရန်လိုသည်ဟု ဦးလှနိုင်က ပြောဆိုသည်။ WCS Myanmar သည် သက်ဆိုင်ရာဒေသများမှ ဒေသခံများကို သားရိုင်းတိရစ္ဆာန် ထိန်းသိမ်းရေးဆိုင်ရာ အသိမြှင့်တင်ရေး သင်တန်းများပို့ချပေးပြီး ၂၀၁၆ ခုနှစ်မှစတင်ပြီး သင်တန်းသား ၁၃၀ ကို လေ့ကျင့်ပေးခဲ့ပြီးဖြစ်သည်။ “ဒီထိန်းသိမ်းရေးမှာ ဒေသခံလူထုတွေ ကိုယ်တိုင်ပါဝင်လာဖို့က အရေးကြီးတဲ့အတွက် ဒေသခံတွေ နားလည်လာနိုင်အောင်လို့ လူထုအခြေပြုသယံဇာတ စီမံအုပ်ချုပ်မှု သင်တန်းတွေ ပေးတယ်။” ဟု WCS Myanmar မှ သုတေသနလက်ထောက်တဦးဖြစ်သည့် ကိုပြည့်ဖြိုးကျော်က ပြောသည်။ ကျားများကို တိုက်ရိုက်သတ်ဖြတ် ရောင်းဝယ်ဖောက်ကားခြင်း၊ ကျားအစားခံသတ္တဝါများကို ကျားများဆီမှ လုယူစားသောက်ခြင်း၊ ကျားများနှင့် ကျားအစားခံ သတ္တဝါများနေသည့် မြန်မာနိုင်ငံ၏ သဘာဝတောတောင်ရေမြေ အရည်အသွေး ကျဆင်းလာခြင်းတို့ကြောင့် ကျားကောင်ရေကျဆင်းလာခြင်းဖြစ်ကြောင် သားငှက်ထိန်းသိမ်းရေးအဖွဲ့ မြန်မာအစီအစဉ်က သုံးသပ်သည်။ မြန်မာနိုင်ငံမြောက်ပိုင်း၊ အထက်ချင်းတွင်း မြစ်ဝှမ်းဒေသ နှင့် တောင်ပိုင်း တနသာၤရီ-ဒေါနတောင်တန်း တို့တွင် အိန္ဒိယဘက် နှင့် နွယ်သောကျား ၊ အင်ဒိုချိုင်းနား ကျွန်းဆွယ်နှင့် နွယ်သောကျား ဟူသည့် မျိုးစိတ် ၂ မျိုးနေထိုင် ကျက်စားကြောင်း သိရသည်။ ထို့ပြင် ကျားများကျက်စားသည့် နိုင်ငံ ၁၃ နိုင်ငံအနက် အရှေ့တောင်အာရှ အိမ်နီးချင်းနိုင်ငံများဖြစ်သည့် ဗီယက်နမ်နှင့် ကမ္ဘောဒီးယားနိုင်ငံတို့တွင် လွန်ခဲ့သည့်နှစ်များက စတင်ကာ ကျားများ လုံးဝမျိုးသုဉ်းပျောက်ကွယ်သွားပြီဖြစ်ပြီး လာအိုနိုင်ငံတွင်မူ ၂ ကောင်သာ ကျန်တော့ပြီး အင်ဒိုနီးရှား နိုင်ငံတွင်မူ ကျားမျိုးရင်း ၃မျိုးရှိသည့်အနက် ၂ မျိုးမှာ လုံးဝ ပျောက်ကွယ်သွားပြီဖြစ်ကြောင်း သားငှက်ထိန်းသိမ်းရေးအဖွဲ့ ထံမှ သိရသည်။ The post စစ်ပွဲများက ကျားထိန်းသိမ်းရေးကို ဟန့်တားနေ appeared first on ဧရာဝတီ.
Source : https://ift.tt/2K3yUD5
via IFTTT


စင်ကာပူသည် မလေးရှား မဟုတ် မလေးရှား ဝန်ကြီးချုပ် ဒေါက်တာ မဟာသီယာ မိုဟာမက် Mahathir Mohamad က အာရှတွင် ကိုးကားစရာ အကောင်းဆုံး ခေါင်းဆောင် ဖြစ်ပါသည်။ သူ၏ မဟာမိတ်အဖွဲ့ PakatanHarapan(PH) က ရွေးကောက်ပွဲတွင် အံ့အားသင့်ဖွယ်ရာ အနိုင်ရရှိပြီး များမကြာမီ မေလအတွင်း ဒေါက်တာ မဟာသီယာ မိုဟာမက်က စင်ကာပူနိုင်ငံသားများသည် “လွတ်လပ်ရေး ရရှိခဲ့သည့် အချိန်ကတည်းက အလားတူ ပါတီ၊ အလားတူ အစိုးရကိုသာ ရရှိခဲ့ခြင်းအတွက် ပင်ပန်းနေကြလောက်ပြီ” ဟု အရွှန်းဖောက်ခဲ့သည်။ စင်ကာပူနိုင်ငံမှ အာဏာရ ပြည်သူ့လှုပ်ရှားမှုပါတီ (PAP) က ဆယ်စုနှစ် ၆ ခုနီးပါး အာဏာကို လက်ဝါးကြီး အုပ်ထားခဲ့သည်ကို သေသေချာချာ ရည်ညွှန်းလိုက်ခြင်းပင် ဖြစ်ပါသည်။ သမိုင်းက ကျနော်တို့ကို ပြောသည့် အတိုင်းဆိုလျှင် ဒေါက်တာ မဟာသီယာ မိုဟာမက်က စင်ကာပူ ပရိသတ် တယောက် မဟုတ်ပါ။ အသက် ၉၃ နှစ် အရွယ် ဒေါက်တာ မဟာသီယာ မိုဟာမက်က အာဏာ ပြန်လည်ရရှိလာသည့် အချိန်တွင် စင်ကာပူ နိုင်ငံနှင့် ပတ်သက်၍ သူ၏ ပြောကြားချက်က အာရုံစူးစိုက်မှုများကို ဆွဲဆောင်နိုင်ခဲ့သည်မှာလည်း နား လည်နိုင်စရာ ဖြစ်ပါသည်။ စင်ကာပူနိုင်ငံတွင် ဖြစ်နိုင်သော အပြောင်းအလဲများ၏ စေ့ဆော်မှုကြောင့် ကျနော်တို့ Ceritalah အဖွဲ့က မလေးရှားနိုင်ငံ၏ သမိုင်းဝင် ၁၄ ကြိမ်မြောက် ရွေးကောက်ပွဲအပေါ် စင်ကာပူနိုင်ငံသားများ မည်သို့ မြင်ကြသည် ကိုကြည့်ရန် ၊ (ထိုရွေးကောက်ပွဲက) သူတို့အပေါ်မည်သို့ သက်ရောက်မှုရှိလိမ့်မည်ဆိုသည်ကို သိရှိရန် ၂ နိုင်ငံကြားရှိ လမ်းကို ကျော်ဖြတ်၍ စင်ကာပူနိုင်ငံသို့ သွားရောက်ခဲ့ပါသည်။ “PH အနိုင်ရသွားတာ စိတ်လှုပ်ရှားစရာပါ။ ဒါပေမယ့် စင်ကာပူနိုင်ငံသားတွေကတော့ လက်ရှိ အနေအထား အတိုင်းပဲ မဲပေးကြမယ့် အသွင်မျိုး ရှိနေတုန်းပဲလို့ ကျနော် ထင်တယ်” ဟု စင်ကာပူ အမျိုးသားတက္ကသိုလ်မှ အသက် ၂၅ နှစ်အရွယ် အရှေ့တောင်အာရှ လေ့လာရေး ကျောင်းသား ထရွိုင်ဖူး Try Foo က ပြောသည်။ လွတ်လပ်သော မီဒီယာ ပလက်ဖောင်းတခုဖြစ်သည့် Mothership.SG ကို ပူးတွဲတည်ထောင်သူ တဦးဖြစ်သော မာတီနိုတန် Martino Tan ကလည်း “နာဂျစ်နဲ့ 1MDB လိုမျိုး အတိုက်အခံ နိုင်ဖို့ အကြောင်းရင်းတွေလည်း (ဒီမှာ) မရှိဘူးလေ” ဟု ရှင်းပြသည်။ အမှန်တကယ်တွင်လည်း မလေးရှား ဝန်ကြီးချုပ်ဟောင်း နာဂျစ်ရာဇတ်နှင့် အာဏာရ ပါတီဟောင်း Barisan Nasional(BN) မဟာမိတ် အဖွဲ့သည် အရေးပါသော အတားအဆီး ၃ ခုနှင့် ရင်ဆိုင်ခဲ့ကြရသည်။ ပထမတခုမှာ BN ၏ အုပ်ချုပ်မှုအောက်တွင် အစားအစာနှင့် လူနေမှုစရိတ်များ မြင့်တက်လာခြင်းနှင့် အတူ မလေးရှားနိုင်ငံ၏ စီးပွားရေးက တန်းတူညီမျှသော အခွင့်အရေးများကို မပေးနိုင်ခဲ့ ဆိုသည့် ခံစားမှုတခုက သူတို့ ကို ဖျစ်ညှစ်ခဲ့သည်။ ဒုတိယအနေဖြင့် အများစုက မလိုချင်ကြသလို အနည်းငယ်မျှသာ နားလည် သဘောပေါက်ကြသည့် အရောင်းခွန် (GST ဟု ပိုသိကြသည်)က လူအများစု၏ နေ့စဉ် အခြေခံလိုအပ်ချက်များအပေါ် ဖိအားကို ပိုပြီး အရှိန်မြှင့် တိုးပွားလာစေသည်။ GST ကို ၂၀၁၅ ခုနှစ်တွင် စတင်မိတ်ဆက်ခဲ့သည့်အခါ စားသုံးမှုအတွက် ပေးဆောင်ရသည့် ပြင်းထန်သော အခွန်အဖြစ် ပထမဆုံး ခံစားမိကြကာ ထိတ်လန့်၍ ဒေါသဖြစ်ခဲ့သော မလေးရှားပြည်သူ သန်းပေါင်းများစွာက အစိုးရ၏ သုံးစွဲမှုကို ပိုမို၍ စနစ်တကျ စစ်ဆေးရန် တောင်းဆိုခဲ့ကြသည်။ GST စတင်သည့် ၂၀၁၅ ခုနှစ်တွင် ဝန်ကြီးချုပ် နာဂျစ်ရာဇတ်နှင့် ပတ်သက်နေသော 1MDB ငွေကြေးအရှုပ်တော်ပုံက အများပြည်သူကြားတွင် ပေါက်ကွဲစေခဲ့သည်။ ထိုပြဿနာ ပေါ်ပေါက်လာခြင်းက အစိုးရအပေါ် ယုံကြည်အားထားမှု လျော့ကျနေခြင်းကို ထပ်မံ၍ ဆိုးဆိုးရွားရွား တိုက်စားစေခဲ့ပြီး လူထု၏ စိတ်တိုင်းမကျမှုများကို နောက်ထပ် အရှိန်မြှင့်ပေးခဲ့သည်။ ထို့နောက် ဒေါက်တာ မဟာသီယာ မိုဟာမက် ဝင်လာသည်။ ၁၉၆၉ ခုနှစ်မှ စ၍ ရွေးကောက်ပွဲတွင် မည့်သည့် အချိန်ကမျှ မရှုံးနိမ့်ခဲ့ဖူးသည့် အသက် ၉၀ ကျော်အရွယ် ဒေါက်တာ မဟာသီယာ မိုဟာမက်က စီးပွားရေး လုပ်ငန်းများအပေါ် အခွန်အခများ လျှော့ချပေးရန် (အစိုးရ၏) ပျက်ကွက်မှု၊ GST စတင်ကောက်ခံခြင်းနှင့် နာဂျစ်ရာဇတ်၏ အကျင့်ပျက်ခြစားမှု စွပ်စွဲချက်များကို ရိုးရှင်းသော ဇာတ်ကြောင်းတခုပေါ်တွင် စုစည်း၍ အင်အားကောင်းသည့် ရွေးကောက်ပွဲ မက်ဆေ့ချ်တခု ဖြစ်လာအောင် ပုံဖော်ခဲ့သည်။ စင်ကာပူနိုင်ငံတွင် အလားတူ ဖြစ်နိုင်ပါသလား။ သေချာပါသည်။ စီးပွားရေးက သာမန် စင်ကာပူနိုင်ငံသားတို့၏ ဘဝကို ခက်ခဲအောင် စတင် ပြုလုပ်နေသည်မှာ မှန်ပါသည်။ ကလေးတယောက်အမေ ကုမ္ပဏီဝန်ထမ်းတဦး ဖြစ်သည့် အသက် ၃၄ နှစ်အရွယ် မယ်လစ်ဆာ ကျိုး Melissa Teoh (အမည်ရင်း မဟုတ်ပါ) ကဲ့သို့သောသူ အများအပြားက လူနေမှုစရိတ်များ မြင့်တက်လာခြင်းနှင့် ရင်ဆိုင်ရုန်းကိုင်နေကြရသည်။ “အသက် ၄ နှစ် အရွယ် ကျမ ကလေးအတွက် မလေးရှားနိုင်ငံက နို့မှုန့်ဝယ်ပါတယ်။ အဲဒီမှာ တဗူးကို မလေးရှား ငွေ ၆၄ ရင်းဂစ်ပေးရတယ်။ ဒီမှာဆို စင်ကာပူ ၆၄ ဒေါ်လာကျတယ်။ ကျမတို့ လူနေမှုစရိတ်က အလွန်မြင့်နေ ပါတယ်။ ကျမတို့ရဲ့ ကလေးတွေ အတွက် စိုးရိမ်မိပါတယ်။” ၂၀၁၈ ခုနှစ် မတ်လတွင် The Economist Intelligence Unit က စင်ကာပူကို ကမ္ဘာပေါ်တွင် ဈေးအကြီးဆုံးမြို့ အဖြစ် သတ်မှတ်ခဲ့သည်။ မြို့ပေါင်း ၁၃၃ မြို့ထဲတွင် ဈေးအကြီးဆုံး အမှတ်စဉ် ၁ အဖြစ် ၅ နှစ်ဆက်တိုက် သတ်မှတ်ခြင်း ခံရသည်။ ဟောင်ကောင်၊ တိုကျို နှင့် ပါရီတို့၏ အထက်တွင် ရှိနေသည်။ စင်ကာပူနိုင်ငံ၏ GST မှာ ၇ ရာခိုင်နှုန်း ရှိပြီး မလေးရှားနှုန်းဟောင်း ဖြစ်သည့် ၆ ရာခိုင်နှုန်းထက် ပိုများနေသည်။ သို့သော်လည်း ဝန်ကြီးချုပ် လီရှန်လွန်း Lee Hsien Loong ကြုံရသည့် နိုင်ငံရေး အကျပ်အတည်းက နာဂျစ်ရာဇတ်နှင့် နှိုင်းစာလျှင် သေးငယ်ပါသည်။ ယနေ့ အချိန်အထိ လီရှန်လွန်း၏ အဆိုးဆုံး အရှုပ်မှာ (အရှုပ်ဟု ခေါ်မည်ဆိုလျှင်) စင်ကာပူနိုင်ငံကို တည်ထောင်သူ ဖြစ်သည့် သူ၏ ဖခင် လီကွမ်ယူ Lee Kuan Yew ၏ နေအိမ်ဟောင်း ဖြစ်သော အမှတ် ၃၈ Oxley လမ်းမှ အိမ်နှင့် ပတ်သက်၍ ၂၀၁၇ ခုနှစ် အလယ်ပိုင်းက သူ၏ မွေးချင်းများဖြစ်သည့် လီရှန်ယန်း Lee Hsien Yang နှင့် ဒေါက်တာ လီဝေလင်း Lee Wei Ling တို့နှင့် အငြင်းပွားခဲ့ခြင်း ဖြစ်သည်။ “မွေးချင်းတွေက လူသိရှင်ကြား အငြင်းပွားကြတဲ့အခါ ကျမ တကယ်ကို စိုးရိမ်မိတယ်။ ကျမတို့ လီကွမ်ယူကို ဆုံးရှုံးခဲ့ပြီးပြီ။ အစိုးရ ကျဆုံးသွားတော့မှာကို ကျမ စိုးရိမ်ခဲ့တယ်” ဟု မယ်လစ်ဆာ ကျိုး က ပြန်ပြောပြသည်။ သို့သော်လည်း “ဒီလောက်နဲ့ မလုံလောက်သေးပါဘူး။ အတိုက်အခံတွေထဲမှာ လူကြိုက်များတဲ့ပုံရိပ်၊ လူငယ်တွေ လူကြီးတွေကြားမှာ လူသိများတဲ့သူ၊ အစိုးရ အပြောင်းအလဲတခု ဖြစ်ဖို့အတွက် စင်ကာပူနိုင်ငံသားတွေကို စုစည်း ခေါ်ဆောင်သွားနိုင်မယ့်သူ မရှိပါဘူး” ဟု မာတီနိုတန်က သုံးသပ်သည်။ အချို့ စင်ကာပူနိုင်ငံသားများက အတိုက်အခံခေါင်းဆောင်နှင့် အလုပ်သမားပါတီ (WP) ၏ အထွေထွေ အတွင်း ရေးမှူး ပရီတန် ဆင်း Pritam Singh အပေါ်တွင် မျှော်လင့်ကြသည်။ သူက ၂၀၁၁ ခုနှစ် အထွေထွေရွေးကောက်ပွဲတွင် Aljuneid (အဖွဲ့လိုက် ကိုယ်စားပြုရသည့် မဲဆန္ဒနယ် GRC) တွင် မမျှော်လင့်ဘဲ အနိုင်ရခဲ့သည့် WP အဖွဲ့တွင် ပါဝင်သူ ဖြစ်သည်။ သို့သော်လည်း အသက် ၄၁ နှစ် အရွယ် ပရီတန် ဆင်းသည် ဒေါက်တာ မဟာသီယာ မိုဟာမက် အနေအထားမျိုး သို့မဟုတ် အောင်မြင်မှုမျိုး မရယူနိုင်သေးပါ။ ၂၀၁၅ ခုနှစ် ရွေးကောက်ပွဲတွင် WP က Aljuneid ကို ဆက်ထိန်းထားနိုင်ခဲ့သော်လည်း မဲ ၂ ရာခိုင်နှုန်းပင် မကွာဘဲ ပွတ်ခါ သီခါ အနိုင်ရခဲ့ခြင်း ဖြစ်သည်။ ထို့ပြင် စင်ကာပူနိုင်ငံရေးက လူနေမှုစရိတ်များ မြင့်တက်လာခြင်းကလွဲလျှင် အပြောင်းအလဲအတွက် မဲဆန္ဒရှင်များကို စည်းရုံးရန် အကြောင်းအရာ ကင်းမဲ့နေသည်။ ၂ နိုင်ငံကို ချည်နှောင်ထားသည့် အကြာင်းအရာ အများအပြားရှိနေသော်လည်း ကြိုက်သည်ဖြစ်စေ မကြိုက်သည် ဖြစ်စေ စင်ကာပူက မလေးရှား မဟုတ်ပါ။ မလေးရှားနိုင်ငံမှ မယုံနိုင်လောက်စရာ အပြောင်းအလဲ၏ မြင့်မားသော ခံစားမှုက မလေးရှားနိုင်ငံသားများနှင့် အရှေ့တောင် အာရှသားများအတွက် ဂုဏ်ယူနိုင်စရာတခု ဖြစ်သည်မှာ သေချာပါသည်။ အငြင်းပွားဖွယ် သတင်းခေါင်းစဉ်များ သို့မဟုတ် ဆွဲအားကောင်းသည့် ပြိုင်ဘက်များ ရှိနေသည်ဆိုလျှင်ပင် စင်ကာပူနိုင်ငံ၏ အာဏာရပါတီ PAP က အချိန်မရွေး ဘယ်ကိုမှ ရောက်သွားမည် မဟုတ်သည့် အသွင်ရှိပါသည်။ အနည်းဆုံးတော့ အခု လတ်တလော အချိန်တွင် ဖြစ်သည်။ (ကာရင်ရတ်စလန်သည် အာဆီယံရေးရာများကို အထူးပြုလေ့လာရေးသားနေသူ မလေးရှား စာရေးဆရာတဦး ဖြစ်သည်။ ကွာလာလမ်ပူ အခြေစိုက် အကြံပေးအဖွဲ့ Ceritalah ASEAN ကို တည်ထောင်သူ အမှုဆောင်အရာရှိချုပ်လည်း ဖြစ်သည်။) The post စင်ကာပူသည် မလေးရှား မဟုတ် appeared first on ဧရာဝတီ.
Source : https://ift.tt/2vdtOyC
via IFTTT