Friday, July 27, 2018

7Day News Journal

ခွဲစိတ်ခါနီးလူနာကလေး ငယ်ကို ခေါ်၍ ဆေးရုံမှ ခိုးဆင်း သည့် မိဘများကို ကလေးငယ် အခြေအနေသည် မဖြစ်မနေခွဲ စိတ်ရမည်ဖြစ်၍ တားဆီးပေးရန် ဆရာဝန်များက အကူအညီ တောင်းသဖြင့် သီးကုန်းအမြန်လမ်းရဲစခန်းက အဝေးပြေးကားများကို တားဆီးရှာဖွေပြီး ဆေးရုံစရိတ်ကျပ်ရှစ်သောင်းလှူဒါန်းခဲ့သည်။ မကွေးတိုင်းဒေသကြီးမှ(၂)နှစ်အရွယ် ကလေးငယ်တစ်ဦး သည် မွေးရာပါ ကျောက်ကပ် တစ်လုံးမပါသည့်အပြင် ကျန်ရှိ သည့် ကျောက်ကပ်တွင်လည်း ကျောက်တည်နေသဖြင့် ခွဲစိတ်ကု သရန် မန္တလေးဆေးရုံကြီး ခုတင် သုံးရာကလေးဆေးရုံ၌ တက် ရောက်ကုသနေခြင်းဖြစ်သည်။ ဇူလိုင် ၁၉ ရက်တွင် မိဘနှစ် ပါးက လူနာကလေးငယ်ကိုခေါ်၍ မကွေးမြို့နယ်သို့ပြန်ခဲ့သည်။ ဆေးရုံက ဖုန်းဆက်သွယ်ရာ ၎င်းတို့ အဝေးပြေးကားပေါ်တွင် ရောက်ရှိနေပြီး မကွေးပြန်မည် ဖြစ်ကြောင်း၊ သီတင်းနှစ်ပတ် ကြာမှ ဆေးရုံပြန်တက်မည်ဖြစ် ကြောင်းကလေးမိဘများက ပြော ဆိုသည်။ ကလေးသည် ဆီးပိုက် တန်းလန်းနှင့် ဖြစ်သောကြောင့် ဆရာဝန်များက စိတ်ပူကာမကွေး မြို့နယ်အတွင်းရှိ အမြန်လမ်းရဲ စခန်းသို့ အကူအညီတောင်းခံခဲ့ သည်။ မန္တလေးကားဂိတ်မှ ကား ထွက်ချိန်ကိုတွက်ဆ၍ သီးကုန်း အမြန်လမ်းရဲစခန်းက မိုင်တိုင် (၁၈၅) မှ (၁၉၁) ထိလမ်း ပိတ်၍တိုးဂိတ်မှစောင့်ကာ မကွေးတိုင်းသွားမည့် အဝေးပြေးကားများကို တားဆီးစစ်ဆေးခဲ့ကြောင်း သီးကုန်းအမြန်လမ်းရဲစခန်းမှ ဒုရဲ မှူး မိုးညွန့်အောင်က ပြောသည်။ ခြောက်စီးမြောက် ကားကို တားဆီးစစ်ဆေးရာ ကလေးငယ် ကိုတွေ့ရှိပြီး သီးကုန်းအမြန်လမ်း ကြက်ခြေနီအဖွဲ့က အဆိုပါ ကလေးငယ်နှင့် မိခင်ကို မန္တလေး ခုတင်သုံးရာ ကလေးဆေးရုံသို့ ကြက်ခြေနီကားဖြင့် ပြန်လည်ပို့ ဆောင်ခဲ့သည်။ ဖခင်က ဆေးရုံ သို့ပြန်မလိုက်ကြောင်း ဒုရဲမှူးမိုး ညွန့်အောင်က ဆိုသည်။ ကူညီခဲ့သည့် သီးကုန်း အမြန်လမ်းကြက်ခြေနီအဖွဲ့မှကို မြင့်ထွန်းဝင်းက ‘‘အလုပ်သွင်းပေး ထားတာကို အဖေက ပုံမှန်မလုပ် တာလားမသိဘူး။ သူနာပြုတွေက မလုပ်ချင်ရင်တောင်းစားလို့ပြော တာကို စိတ်ဆိုးတာပြောတယ်။ ဆရာဝန်တွေကတော့ ကလေးအ ပေါ် တော်တော်သံယောဇဥ်ရှိ တာဗျာ။ တခြားဆရာဝန်တွေနဲ့ မတူဘူး’’ ဟုဆိုသည်။ ကလေးငယ်ကို ဆက်လက် ဆေးကုရန် မိဘများတွင် ငွေ မရှိသဖြင့် ဆေးရုံရှိဆရာဝန် များက ဖခင်ကို ဆေးရုံဝင်းအတွင်း ဆိုင်ကယ်စောင့်သည့် အလုပ်ကို တစ်လလျှင် တစ်သိန်းနှစ်သောင်း ကျပ်ဖြင့်လုပ်ကိုင်ရန် အလုပ်သွင်း ပေးခဲ့ကြောင်း ဆီးနှင့် ကျောက်ကပ်ဌာန အလုပ်သင် ဆရာဝန်ဒေါက်တာငြိမ်းနိုင်ဌေးက ပြောသည်။ ကလေးဖခင်သည် သူနာပြုများနှင့် စကားများ၍ ဆေးရုံမှခိုး ဆင်းခြင်းဟု ၎င်းက ပြောသည်။
Source : https://ift.tt/2AlJINA
via IFTTT

No comments:

Post a Comment