Thursday, July 26, 2018


သဘာဝလွန် ဖြစ်ရပ်တွေကို ရင်တထိတ်ထိတ် ကြည့်ရှုရမယ့် “Ghost Stories” ဒီတခါမှာတော့ IMDB rating (6.5) နဲ့ Rotten Tomatos 82% အထိ ရရှိထားတဲ့ Horror ဒရာမာ ရုပ်ရှင်အမျိုးအစား ဇာတ်ကားကောင်းတကားနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ ဒီရုပ်ရှင်ကိုတော့ ဒါရိုက်တာ Jeremy Dyson နဲ့ Andy Nyman တို့က ပူးပေါင်းရိုက်ကူးထားတာ ဖြစ်ပါတယ်။ အဓိက သရုပ်ဆောင်တွေအနေနဲ့ Andy Nyman နဲ့ Martin Freeman တို့က ပါဝင်ထားပြီး တခြားသော သရုပ်ဆောင်တွေကလည်း ပါဝင်အားဖြည့်ထားပါတယ်။ ဇာတ်လမ်း အကျဉ်းကတော့ Andy ရဲ့ဖခင်ဟာ ဘာသာရေး အစွန်းရောက်တဦး ဖြစ်ပြီး သူ့ဖခင်ကြောင့်ပဲ သူတို့မိသားစု ပြိုကွဲရတဲ့အကြောင်းကို ရုပ်ရှင်အစမှာ ဖော်ပြထားပါတယ်။ သူ့ရဲ့ငယ်ဘဝ လွတ်လပ်မှုနဲ့ပျော်ရွှင်မှုတွေဟာ လူငယ်တယောက်နဲ့ မလိုက်ဖက်စွာပဲ မရှိသလောက်ကို နည်းပါးခဲ့ပြီး အရွယ်ရောက်လာတဲ့အခါမှာတော့ သူဟာ သဘာဝလွန် ဖြစ်ရပ်တွေကို လေ့လာတဲ့ ပရော်ဖက်ဆာတဦး အဖြစ် ရပ်တည်နိုင်ခဲ့ပါတယ်။ စိတ်စွမ်းအင် ပညာရှင်အတုတွေကို လိုက်လံဖော်ထုတ်ပြီး သူတို့ဟာ လူတွေရဲ့ယုံကြည်မှုတွေကို အလွဲသုံးစားလုပ်ကာ ကိုယ်ကျိုးရှာဖွေနေကြသူတွေဖြစ်တယ်လို့ Andy က သက်သေပြနေခဲ့တာပဲ ဖြစ်ပါတယ်။ သူ့ရဲ့ ကလေးဘဝ အရွယ်တည်းက အားကျခဲ့ရတဲ့ Professor Cameron ဆိုတဲ့ ပုဂ္ဂိုလ်ဟာလည်း ထူးဆန်းတဲ့ သဘာဝလွန်ဖြစ်ရပ်တွေကို ရှာဖွေဖော်ထုတ်ရင်းနဲ့ကို ထူးဆန်းစွာပဲ ပျောက်ဆုံးသွားခဲ့ပြီး သူဘယ်ရောက်သွားလဲ၊ သူသေဆုံးခဲ့သွားပြီလားဆိုတဲ့ မေးခွန်းတွေကတော့ Andy ကို တုန်လှုပ် စေခဲ့ပါတယ်။ ဒါပေမယ့် တနေ့မှာတော့ သူ့ဆီကို အသံသွင်းထားတဲ့ တိပ်ခွေတခွေ ရောက်ရှိလာခဲ့ပါတယ်။ အဲဒီတိပ်ခွေထဲမှာ သူလေးစားအားကျရတဲ့ Professor Cameron ရဲ့အသံက ပါဝင်နေပြီး သူရှိရာနေရာကို Andy လာရောက်ဖို့ ဖိတ်ခေါ်လိုက်ခြင်းပဲ ဖြစ်ပါတယ်။ Professor Cameron ရဲ့အဆက်အသွယ်နဲ့ သဘာဝလွန်ဖြစ်ရပ် ၃ ခုဟာ အတုလား အစစ်လား ဆိုတာကို ဖော်ထုတ်ရင်း ဘယ်လိုအရာမျိုးတွေကို ဒါရိုက်တာက တင်ဆက်ပြသမလဲဆိုတာကို စိတ်ဝင်တစားနဲ့ ဆက်လက် ကြည့်ရှုကြရမှာ ဖြစ်ပါတယ်။ ဒီရုပ်ရှင်ဟာ Horror ရုပ်ရှင်ဇာတ်ကားပီပီ ကြောက်စရာလည်း ကောင်းသလို စိတ်ဝင်စားဖို့လည်း ကောင်းပါတယ်။ ၂၀၁၇ ခုနှစ်ရဲ့ အကောင်းဆုံး Horror ရုပ်ရှင်စာရင်းမှာလည်း ပါဝင်ခဲ့တာကြောင့် Horror ဇာတ်ကားကောင်း ကြည့်ရှုချင်တဲ့ ရုပ်ရှင်ချစ်ပရိသတ်တွေအတွက် ညွှန်းဆိုပေးလိုက်ပါတယ်။ The post သဘာဝလွန် ဖြစ်ရပ်တွေကို ရင်တထိတ်ထိတ် ကြည့်ရှုရမယ့် “Ghost Stories” appeared first on ဧရာဝတီ.
Source : https://ift.tt/2uRoEcy
via IFTTT

No comments:

Post a Comment