ဘူတန်နိုင်ငံမှာ လူသိနည်းတဲ့ စိတ်ဝင်စားဖွယ် အကြောင်းအရာများ ကမ္ဘာ့အပျော်ရွှင်ဆုံး နိုင်ငံတွေစာရင်းမှာ ပါဝင်တဲ့ ဘူတန်နိုင်ငံဟာ အိန္ဒိယနဲ့ တရုတ်နိုင်ငံကြား ဟိမဝန္တာတောင်တန်းတွေရဲ့ အရှေ့ဘက်စွန်းမှာ တည်ရှိပါတယ်။ ဘူတန်နိုင်ငံမှာ လူဦးရေအားဖြင့် ၈ သန်းကျော် နေထိုင်ကြပြီး ဘူတန်နိုင်ငံမှာ လူသိနည်းတဲ့ စိတ်ဝင်စားစရာ အကြောင်းအရာတွေ ရှိပါတယ်။ ဒါကြောင့်မို့လို့ ဘူတန်နိုင်ငံမှာ လူသိနည်းတဲ့ စိတ်ဝင်စားဖွယ်ရာ အကြောင်းအရာတွေကို ဧရာဝတီ စာဖတ် ပရိသတ်တွေအတွက် ဗဟုသုတအနေနဲ့ ဖော်ပြပေးလိုက်ပါတယ်။ (၁) ဘူတန်နိုင်ငံဟာ ကျန်ခဲ့တဲ့ နှစ်ကာလတွေမှာ ဆယ်စုနှစ် တခုကြာတဲ့အထိ ခေတ်မီနည်းပညာ ပစ္စည်းတွေဖြစ်တဲ့ တီဗီ၊ကွန်ပျူတာနဲ့ မိုဘိုင်းဖုန်းတွေ အသုံးပြုဖို့ကို ကန့်သတ်ခဲ့တဲ့ နိုင်ငံတနိုင်ငံပဲ ဖြစ်ပါတယ်။ အခုနောက်ပိုင်းမှာတော့ မြို့တော် Thimphu မှာ အင်တာနက် ကဖေးဆိုင်တွေကို ဖွင့်လှစ်ပေးထားပြီး အိမ်တွေမှာလည်း တီဗီကြည့်ရှုခွင့်နဲ့ မိုဘိုင်းဖုန်းအသုံးပြုမှုတွေကို ခွင့်ပြုပေးထားပြီ ဖြစ်ပါတယ်။ (၂) ဘူတန်နိုင်ငံရဲ့မြို့တော် Thimphu မှာ ဖွင့်လှစ်ထားတဲ့ ဘားနဲ့ကလပ်တွေမှာ သီချင်းသီဆိုတဲ့အခါ ရိုးရာတေးသီချင်းတွေကိုပဲ သီဆိုခွင့်ရှိပြီး ခေတ်ပေါ်သီချင်းတွေကို သီဆိုဖို့တော့ ကန့်သတ် ထားပါတယ်။ ဘူတန်နိုင်ငံသူ နိုင်ငံသား အများစုဟာ ရိုးရာဝတ်စုံကိုပဲ ဝတ်ဆင်လေ့ရှိပြီး ဘူတန်ရဲ့ ဆယ်ကျော်သက်နဲ့ လူငယ်တွေအကြား ခေတ်အဆန်ဆုံး ဖက်ရှင်ကတော့ ဂျင်းဘောင်းဘီ၊ ဂျင်းအကျႌ် ဖက်ရှင်နဲ့ အားကစားဝတ်စုံတွေပဲ ဖြစ်ပါတယ်။ (၃) ဘူတန်နိုင်ငံဟာ သူတို့နိုင်ငံရဲ့တိုးတက်မှုကို ရုပ်ဝတ္ထုပစ္စည်းတွေနဲ့ တိုင်းတာတဲ့ နိုင်ငံတနိုင်ငံ မဟုတ်ပါဘူး။ နိုင်ငံသူ နိုင်ငံသားတွေရဲ့ ပျော်ရွှင်မှုနဲ့သာ တိုင်းတာတဲ့ နိုင်ငံတနိုင်ငံ ဖြစ်ပါတယ်။ ဘူတန်နိုင်ငံရဲ့ လူဦးရေ ၁၂ ရာခိုင်နှုန်းဟာ ဆင်းရဲသူ၊ ဆင်းရဲသားတွေ ဖြစ်ကြပေမယ့် လက်ရှိ အနေအထားကိုပဲ ရောင့်ရဲ တင်းတိမ်ကြသူတွေ ဖြစ်တယ်လို့ စစ်တမ်းတွေအရ သိရပါတယ်။ (၄) ဘူတန်နိုင်ငံရဲ့ လမ်းတိုင်းလမ်းတိုင်းမှာ တောင်းရမ်း စားသောက်သူတွေ မရှိသလို မူးယစ် ဆေးစွဲနေသူတွေနဲ့ ပြည့်တန်ဆာတွေလည်း မရှိပါဘူး။ ခမ်းနားလှတဲ့ အဆောက်အဦရယ်လို့ ထူးထူးခြားခြား မရှိသလို စုတ်ပြတ်နေတဲ့ အဆောက်အဦမျိုးတွေလည်း ရှိမနေပါဘူး။ (၅) ဘောလုံး အားကစားနဲ့ပတ်သက်ပြီး ပြိုင်ပွဲတွေ ကျင်းပတဲ့အခါ အားကစားဝတ်စုံအနေနဲ့ မန်ယူအသင်းနဲ့ ချဲလ်ဆီး အသင်းတံဆိပ်ပါတဲ့ အားကစားဝတ်စုံတွေကိုသာ ဝတ်ဆင်ပြီး ယှဉ်ပြိုင် ကစားကြလေ့ ရှိပါတယ်။ (၆) ဘူတန်နိုင်ငံဟာ သဘာဝ ပတ်ဝန်းကျင်ကို ဂရုစိုက်တဲ့ နိုင်ငံတနိုင်ငံ ဖြစ်တာကြောင့် ပလတ်စတစ်အိတ် ဝင်ခွင့်ကို ပိတ်ပင်ထားတဲ့နိုင်ငံတနိုင်ငံ ဖြစ်ပါတယ်။ ဒါ့အပြင် တနိုင်ငံလုံး အတိုင်းအတာနဲ့ ဆေးလိပ်သောက်တာကို တားမြစ်ထားတဲ့ နိုင်ငံလည်း ဖြစ်ပါတယ်။ Ref ; www.businessinsider.com The post ဘူတန်နိုင်ငံမှာ လူသိနည်းတဲ့ စိတ်ဝင်စားဖွယ် အကြောင်းအရာများ appeared first on ဧရာဝတီ.
Source : https://ift.tt/2OijZZd
via IFTTT
No comments:
Post a Comment