Wednesday, July 25, 2018


တောဝက်အသင်းသားများ ချင်းရိုင်မှာ ၉ ရက်တာ သာသနာ့ဘောင် ဝင်ပြီ ထိုင်းနိုင်ငံမြောက်ပိုင်းက ထမ့်လုံဂူမှာ သီတင်းနှစ်ပတ်ကြာ ပိတ်မိခဲ့ပြီး ပြန်လည်လွတ်မြောက်လာခဲ့တဲ့ တောဝက်အသင်းသားများနဲ့ သူတို့ရဲ့နည်းပြဖြစ်သူ Ekapol တို့ဟာ ယနေ့၊ ဇူလိုင်လ ၂၅ ရက်နေ့၊ ဗုဒ္ဓဟူးနေ့မှာ သာသနာ့ဘောင် ဝင်ခဲ့ကြပြီး ရှင်သာမဏေအဖြစ် ၉ ရက်တာ သင်္ကန်း ဝတ်သွားကြမှာ ဖြစ်ပါတယ်။ အဆိုပါ တောဝက် အသင်းသားများ သာသနာ့ဘောင် ဝင်ခြင်း အခမ်းအနားကိုတော့ တောဝက် အသင်းသားတွေရဲ့ ဆွေမျိုးတွေနဲ့ မီဒီယာအချို့က သတင်းရယူဖို့ တက်ရောက်ခဲ့ကြပါတယ်။ အဂါၤနေ့တည်းက ဆံချခြင်းကို ပြုလုပ်ခဲ့ပြီး ချင်းရိုင် အစိုးရအဖွဲ့ဝင် Prajon Pratsakul နဲ့ စစ်ဘက်ဆိုင်ရာ ဒေါက်တာ Lt Col Park Loharnchun တို့လည်း တက်ရောက်ခဲ့ကြပါတယ်။ အဖွဲ့လိုက်ဓာတ်ပုံရိုက်ကူးရာမှာ ကယ်ဆယ်ရေးအတွင်း ဆုံးပါးခဲ့ရတဲ့ Saman Gunan ကို လေးစားသမှုနဲ့ ခေတ္တမျှ တန်းစီ ငြိမ်သက်ခဲ့ကြပြီး Saman ရဲ့ဇနီးဖြစ်သူလည်း တက်ရောက်လာခဲ့ပါတယ်။ သူတို့ကို ကယ်ဆယ်ဖို့ လုပ်ဆောင်ရင်း သေဆုံးခဲ့သူ အပါအဝင် ကယ်ဆယ်ရေး အဖွဲ့ဝင်အားလုံးကို ရည်ရွယ်ပြီး တရားထိုင်၊ မေတ္တာပို့နဲ့ ကုသိုလ်ရေး ကိစ္စတွေကို ပြုလုပ်သွားမယ်လို့လည်း သိရပါတယ်။ သူတို့အားလုံးဟာ “Wat Phra Doi Tung ဘုရားကျောင်း” မှာ ရှင်သာမဏေ ကာလအတွင်း သီတင်း သုံးကြမှာ ဖြစ်ပြီး တောဝက်အသင်းသားတွေထဲက တဦးကတော့ အစ္စလာမ်ဘာသာဝင်ဖြစ်တာကြောင့် သာသနာ့ဘောင်ကို ဝင်ရောက်သူတွေထဲမှာ မပါဝင်ခဲ့ပါဘူး။ ဆက်စပ် သတင်းလင့်ခ် – ထိုင်းကလေးငယ် ၁၁ ဦးနဲ့ လက်ထောက်နည်းပြတို့ သာသနာ့ဘောင်ဝင် Ref ; englishnews.thaipbs.or.th The post တောဝက်အသင်းသားများ ချင်းရိုင်မှာ ၉ ရက်တာ သာသနာ့ဘောင် ဝင်ပြီ appeared first on ဧရာဝတီ.
Source : https://ift.tt/2OcR34C
via IFTTT

No comments:

Post a Comment