Friday, July 27, 2018


“မကွဲအက်နိုင်တဲ့ OLED Display အပျော့” ကို Samsung မိတ်ဆက်ပြသ “Flexible OLED Display” လို့ ခေါ်ကြတဲ့ ကွေးနိုင်၊ ခေါက်နိုင်တဲ့ OLED Display တွေ စတင် ထွက်ရှိလာခဲ့တာ အခုဆိုရင် နှစ်အနည်းငယ် ကြာမြင့်ခဲ့ပါပြီ။ ဒါပေမယ့် ဒီ Display တွေကို လက်ရှိ အသုံးချနေတဲ့ ပုံစံက Display အပေါ်မှာ ကာကွယ်ပေးဖို့ အတွက် မှန်အမာသားကိုပဲ သုံးစွဲနေတဲ့ ပုံစံ ဖြစ်တာကြောင့် Display က တကယ်တမ်း ကွေးနိုင်ရင်တောင် မှန်ခံနေတဲ့အတွက် စွမ်းဆောင်ရည် အပြည့်အဝ အသုံးချနိုင်မှာ မဟုတ်ပါဘူး။ ဒါပေမယ့် အခု Samsung ကနေ ထုတ်လုပ်လိုက်တဲ့ OLED Display အပျော့ကတော့ ဒီအကန့်အသတ်တွေကို ကျော်လွှားနိုင်မှာ ဖြစ်ပါတယ်။ Samsung Display ကနေ ထုတ်ပြလိုက်တဲ့ Flexible OLED Display ချပ် အသစ်ဟာ မှန်အတိုင်း ကြည်လင် ပြတ်သားမှုကို ပေးစွမ်းနိုင်တဲ့ ပလတ်စတစ ်အကြည်သားကို တခါတည်း တွဲဖက် အသုံးပြုထားပြီး၊ Display ရဲ့ ကွေးနိုင်ဆန့်နိုင်မှုလည်း အပြည့်အဝရရှိမှာ ဖြစ်တယ်လို့ သိရပါတယ်။ Display ကို ကာပေးထားတဲ့ ပလတ်စတစ် အကြည်သားရဲ့ဓာတ်ပစ္စည်း နာမည်ကိုတော့ Samsung က လျှို့ဝှက် ထားပါတယ်။ Samsung OLED Display အသစ်ဟာ အကာမှန် မပါဘဲနဲ့တောင် အကြမ်းခံနိုင်စွမ်း မြင့်မားပြီး၊ ထုတ်ကုန် ပစ္စည်းတွေရဲ့ လုံခြုံ အကြမ်းခံမှုကို စမ်းသပ်ပေးတဲ့ နာမည်ကျော် Underwriters Laboratories ကုမ္ပဏီရဲ့ အသိအမှတ်ပြု လက်မှတ်ရရှိပြီးသားလည်း ဖြစ်တယ်လို့ သိရပါတယ်။ “Unbreakable Display” လို့ အမွှန်းတင်ထားတဲ့ Samsung Display အသစ်ဟာ UL ရဲ့ စစ်ဘက်သုံး စံနှုန်းတွေနဲ့ စမ်းသပ်မှုတွေကို အောင်မြင်စွာ ဖြတ်ကျော်နိုင်ခဲ့ပါတယ်။ ၄ ပေအမြင့်ကနေ ၂၆ ကြိမ်ဆက်တိုက် ပစ်ချမှုတွေကို မပွန်းမပဲ့ ခံနိုင်ရည်ရှိခဲ့သလို ၁၆၀ ဒီဂရီဖာရင်ဟိုက်နဲ့ (-၂၅.၆) ဒီဂရီ ဖာရင်ဟိုက်လို ပြင်းထန်တဲ့အပူချိန် အမှတ်တွေမှာလည်း ခံနိုင်ရည် ရှိခဲ့ပါတယ်။ အဆိုပါ စမ်းသပ်မှုတွေမှာ Display ရဲ့ အရှေ့အနောက်၊ ဘေးဘောင်နဲ့ ထောင့်စွန်းနေရာတွေမှာတောင် ထိခိုက်မှု လုံးဝ မရှိခဲ့ဘူးလို့ Samsung က သတင်းထုတ်ပြန်ထားပါတယ်။ အမြင့်ပေ ထပ်တိုးပြီး ၆ ပေအမြင့်ကနေ ပစ်ချ စမ်းသပ်ခဲ့တာတောင် အကောင်းအတိုင်း ရှိနေခဲ့တယ်လို့ ဖော်ပြထားပါတယ်။ “မကွဲအက်နိုင်တဲ့ ယခု OLED Display” ကို စမတ်ဖုန်းတွေမှာ အသုံးပြုဖို့ အဓိက ထုတ်လုပ်ထားတာ ဖြစ်ပါတယ်။ ဒါပေမယ့် တခြား အီလက်ထရောနစ် ပစ္စည်းတွေဖြစ်တဲ့ လက်ကိုင် ဂိမ်းစက်တွေ၊ e-learning တက်ဘလက်တွေ၊ ကားတွင်း Display တွေနဲ့ စစ်ဘက်ဆိုင်ရာပစ္စည်းတွေမှာလည်း အသုံးပြုသွားနိုင်ဖို့အတွက် မျှော်မှန်းထားပါတယ်။ ယခု OLED Display panel အသစ်သုံးထားတဲ့ ပစ္စည်းတွေကို ဘယ်တော့လောက် မြင်တွေ့ရနိုင်မလဲ ဆိုတာကိုတော့ အတိအကျ မပြောထားတဲ့အတွက် ဈေးကွက်တွင်း မြင်တွေ့ရဖို့ကတော့ လိုသေးတယ်လို့ ခန့်မှန်းရပါတယ်။ Ref: Samsung, The Verge The post “မကွဲအက်နိုင်တဲ့ OLED Display အပျော့” ကို Samsung မိတ်ဆက်ပြသ appeared first on ဧရာဝတီ.
Source : https://ift.tt/2OmfyfW
via IFTTT

No comments:

Post a Comment