Wednesday, July 25, 2018


အားနည်းချက်တွေကို ပြင်ဆင်ပြီး ဒုတိယအခွေကို ဖန်တီးမယ့် အဆိုတော် စိန်လင်း “ပေါက်နေပြီ” တကိုယ်တော်သီချင်းခွေနဲ့ ဂီတလောကထဲကို ဝင်ရောက်လာခဲ့တဲ့ အဆိုတော် စိန်လင်းကတော့ သူ့ရဲ့ဒုတိမြောက် တကိုယ်တော်အခွေမှာ အားနည်းချက်တွေကို ပြင်ဆင်ပြီး ဖန်တီးထားတယ်လို့ ဧရာဝတီကို ပြောပါတယ်။ “ဒုတိယအခွေကို ဖန်တီးတဲ့နေရာမှာ ပထမအခွေထက် အချိန်နည်းနည်းလေး ပိုယူဖြစ်ပါတယ်။ ဘာဖြစ်လို့လဲ ဆိုတော့ ပထမအခွေတုန်းက လုပ်ချင်တဲ့ဆန္ဒတခုတည်းနဲ့ ဂီလောကထဲကို ဝင်လာတဲ့အခါမှာ နားမလည်သေးတဲ့ အပိုင်းတွေ အတွေ့အကြုံ မရှိသေးတဲ့အပိုင်းတွေမှာ အားနည်းချက်လေးတွေကို ပြန်သုံးသပ်မိတယ်။ ဒီတခေါက်မှာတော့ အရမ်းကြီးလောတာ မဟုတ်ဘဲနဲ့ အချိန်တခု ယူလိုက်တာပါ” လို့ စိန်လင်းက ပြောပါတယ်။ ဒုတိယအခွေကိုတော့ အောက်တိုဘာလလောက်မှာ ပရိသတ်နားဆင်နိုင်ဖို့ ရည်မှန်းထားပြီး အွန်လိုင်းကနေလည်း ဖြန့်ပေးသွားမှာ ဖြစ်တယ်လို့ သိရပါတယ်။ “ကျနော် အတိုင်းအတာတခုလေးကို ရောက်အောင် ကြိုးစားနေတဲ့အချိန်မှာ ဘယ်လိုပဲဖြစ်ဖြစ် အမာခံပရိသတ်က ကျနော့်ကို ချစ်ပေးနေကြတာ အရမ်းကို အံ့သြဖို့ ကောင်းပါတယ်။ ကျနော့်ကို သူတို့ရင်ထဲမှာ ရှိပေးနေတဲ့အတွက် သူတို့တွေက ကျနော့်အလုပ်အတွက် တွန်းအားဖြစ်စေတာပါ”လို့စိန်လင်းက ပြောပါတယ်။ အောက်တိုဘာလမှာ ကျရောက်မယ့် အဆိုတော် စိန်လင်းရဲ့ မွေးနေ့မှာလည်း ပရိသတ်များနှင့်အတူ သာသနာ့ဘောင်ကို ဝင်ရောက်မှာ ဖြစ်ပြီး ပရိသတ်များထဲက သီလရှင် ၊ ယောဂီ၊ ရဟန်းဘောင် ဝင်ရောက်ချင်သူများကို အလှူအတန်း ပြုလုပ်ပေးသွားမယ်လို့ ဆိုပါတယ်။ စိန်လင်းကတော့ “ပေါက်နေပြီ” ဆိုတဲ့ အခွေအပြင် တေးသံရှင် မြန်မာပြည်သိန်းတန်နဲ့ အတူ “အန်ကယ်ကတော့ No ပါ “ ဆိုတဲ့သီချင်းဖန်တီးခဲ့ပါသေးတယ်။ ထပ်မံပြီးတော့ အန်ကယ်နဲ့အတူ တေးသီချင်းတွေ ဖန်တီးဖြစ်မလား ဆိုတာကိုလည်း ပြောပြထားပါတယ်။ “အန်ကယ်ကတော့ ပြောဖူးတယ်။ No ပြီးရင် Yes ဆိုတဲ့သီချင်းလေးကို လုပ်ကြရအောင်ကွာ ဆိုပြီးတော့ ပြောထားတာရှိပါတယ်။ အန်ကယ်လည်း မအားသေးတာကြောင့် ပြန်ပြီးတော့ မညှိရသေးဘူး။ အချိန်တခု ရအောင်တော့ လုပ်ဖြစ်မှာပါ” လို့ပြောပါတယ်။ အဆိုတော် စိန်လင်းကတော့ Aroma Zulu Studio မှာ Wedding လုပ်ငန်းလုပ်ကိုင်ရင်း ဂီတလုပ်ငန်းများကို လုပ်ဆောင်လျက်ရှိတဲ့ သူတယောက် ဖြစ်ပါတယ်။ The post အားနည်းချက်တွေကို ပြင်ဆင်ပြီး ဒုတိယအခွေကို ဖန်တီးမယ့် အဆိုတော် စိန်လင်း appeared first on ဧရာဝတီ.
Source : https://ift.tt/2LDavcv
via IFTTT

No comments:

Post a Comment