Thursday, July 26, 2018


Myanmar Now အမှု တရားလိုကို ထောင်ဒဏ်ချမှတ် Myanmar Now အယ်ဒီတာချုပ်အား တရားစွဲဆိုထားသူသည် ၂၀၁၇ ခုနှစ်က မန္တလေးတွင် ဖြစ်ပွားသည့် အစိုးရဆန့်ကျင်ရေး ဆန္ဒပြပွဲတွင် ပါဝင်ခဲ့ခြင်းကြောင့် ဇူလိုင်လ ၂၅ ရက်နေ့က ထောင်ဒဏ် တနှစ်ခွဲ ချမှတ်ခံရသည်။ ဦးကျော်မျိုးရွှေကို သြဂုတ်လ ၇ ရက်နေ့က ဖမ်းဆီးထိန်းသိမ်းခဲ့ပြီး အမျိုးသားရေးဝါဒီ သံဃာများနှင့် လူ ပုဂ္ဂိုလ်များနှင့်အတူ အစိုးရဆန့်ကျင်ရေး ဆန္ဒပြပွဲများတွင် ပါဝင်ရန် လှုံ့ဆော်မှုအတွက် ချမ်းမြသာစည်မြို့နယ် တရားရုံးတွင် တရားစွဲဆို ရုံးတင် စစ်ဆေးခဲ့သည်။ ထိုသို့ တရားစွဲဆိုခံရပြီးနောက် သူ့ကို အိုးဘိုထောင်သို့ ချက်ခြင်းပို့ဆောင်ခဲ့သည်။ အစိုးရသည် အမျိုးသားအကျိုးစီးပွားကို ကာကွယ်နိုင်ခြင်း မရှိသောကြောင့် နုတ်ထွက်ပေးရေး တောင်းဆိုသည့် ဆန္ဒပြပွဲများ၊ ၂၀၁၇ ခုနှစ် သြဂုတ်လအတွင်း ဖြစ်ပွားခဲ့သည်။ ထို့နောက် ၂၀၁၇ သြဂုတ် ၆ ရက်နေ့ညတွင် မန္တလေးမြို့ရှိ သပိတ်စခန်းကို အာဏာပိုင်များ ဝင်ရောက်ဖမ်းဆီးခဲ့ရာ အမျိုးသားရေးဝါဒီ သံဃာတော်များနှင့် လူ ပုဂ္ဂိုလ်များ ပါဝင်ခဲ့သည်။ ဦးကျော်မျိုးရွှေသည် အဆိုပါ ဆန္ဒပြပွဲများတွင်လည်း ပါဝင်ခဲ့ပြီး၊ Myanmar Now အမှုကိစ္စအတွက် မဟာအောင်မြေမြို့နယ် တရားရုံးသို့ရောက်လာသောအခါ ဖမ်းဆီးထိန်းသိမ်းခံခဲ့ရသည်။ အမျိုးသားရေး အစွန်းရောက် ဝါဒီ သံဃာ ဦးဝီရသူကို ဖေ့ဘွတ် ပို့စ် တခုတွင် စော်ကားသည်ဟုဆိုကာ ဦးကျော်မျိုးရွှေက Myanmar Now အယ်ဒီတာချုပ် ကိုဆွေဝင်းကို ဆက်သွယ်ရေးဥပဒေပုဒ်မ ၆၆(ဃ) အရ ၂၀၁၇ ခုနှစ် မတ်လအတွင်းက တရားစွဲဆိုခဲ့သည်။ ဦးကျော်မျိုးရွှေအပါအဝင် ထိန်းသိမ်းခံရသည့် အမျိုးသားရေးဝါဒီများကို ရာဇဝတ်မှုဥပဒေ ပုဒ်မ ၅၀၅ (ခ) အရ ဆူပူအောင် လှုံ့ဆော်မှုဖြင့် တရားစွဲဆိုခဲ့သည်။ ထိုအထဲမှ အမျိုးသားရေးဝါဒီ သံဃာ ၆ ပါးကို ၂၀၁၇ ခုနှစ် ဒီဇင်ဘာလက အလုပ်ကြမ်းနှင့်ထောင်ဒဏ် ၁၈ လ ချမှတ်ခဲ့ပြီးဖြစ်သည်။ ဦးကျော်မျိုးရွှေမှာမူ ခါးနာဝေဒနာ ခံစားနေရသောကြောင့် အာမခံရရေးအတွက် လျှောက်ထားမှုများ၊ နာမကျန်းသည့်အတွက် ခွင့်တိုင်ကြားမှုများ ရှိခဲ့သည်။ သို့သော် ပုဒ်မ ၅၀၅ (ခ) သည် အာမခံပေးနိုင်သော ပုဒ်မ မဟုတ်သောကြောင့် တရားရုံးက ပယ်ချခဲ့သည်။ ထိုသို့ အာမခံလျှောက်ထားသည့် လုပ်ငန်းအဆင့်ဆင့်ကြောင့် သူ၏ အမှုသည် ကြန့်ကြာသွားခဲ့သည်။ ဦးကျော်မျိုးရွှေသည် ထောင်အတွင်းတွင် တနှစ်ခန့် နေထိုင်ပြီးဖြစ်၍ ထိုကာလကို ပြစ်ဒဏ်ကျခံကာလအဖြစ် သတ်မှတ်ခံစားခွင့်ရှိသောကြောင့် သူသည် လက်ကျန်ထောင်ဒဏ် ၇ ခန့်သာ ကျခံရမည်ဖြစ်သည်။ (အင်္ဂလိပ်ဘာသာဖြင့် Plaintiff in Myanmar Now Lawsuit Sentenced တွင် ဖတ်ပါ။) The post Myanmar Now အမှု တရားလိုကို ထောင်ဒဏ်ချမှတ် appeared first on ဧရာဝတီ.
Source : https://ift.tt/2uWyABF
via IFTTT

No comments:

Post a Comment