Thursday, July 26, 2018


ဟာသ သရုပ်ဆောင် အောင်ရဲထွေး အမှု ရုပ်သိမ်းခြင်းအပေါ် ဝေဖန်မှုများ ထွက်ပေါ် ၂၀၁၇ ခုနှစ် နှစ်သစ်ကူးည၌ အုပ်စုဖွဲ့ ရိုက်နှက်ခံရ၍ သေဆုံးခဲ့သည့် ဟာသ သရုပ်ဆောင် အောင်ရဲထွေး အမှုကို ဥပဒေ ချုပ် ရုံးက ပြန်ရုပ်သိမ်းခွင့် ပြုခဲ့သည့် အပေါ် ပြည်သူလူထုကြား ဝေဖန်မှုများ ထွက်ပေါ်လျက် ရှိသည်။ ယင်းအမှုကို ရုံးစတင် စစ်ဆေးကတည်းက တရားလိုဘက်မှ အမှုကျေအေးလွှာ တင်ခဲ့ပြီး ဥပဒေချုပ်ရုံး အထိ အဆင့်ဆင့် တင်ပြီးနောက် ဥပဒေချုပ်ရုံးက ရာဇဝတ် ကျင့်ထုံး ဥပဒေ ပုဒ်မ ၄၉၄ (က) အရ အမှုကို ပြန်ရုပ်သိမ်းခွင့် ပြုခဲ့ခြင်း ဖြစ် ကြောင်း သိရသည်။ ယင်းသို့ ပြန်ရုပ်သိမ်းခွင့် ပြုလိုက်သည့် အတွက် အောင်ရဲထွေး သေဆုံးမှုတွင် လာရောက် ဖမ်းဆီးခံခဲ့သည့် ကျော်ဇော်ဟန် (ခ) ကျော်ဇော၊ သန်းထွဋ်အောင် (ခ) သားကြီးနှင့် ပြည့်ဖြိုးအောင်(ခ) အောင်လေးတို့ ၃ ဦးစလုံးကို အရှေ့ပိုင်းခရိုင် တရား ရုံးက ဇူလိုင်၂၅ ရက်တွင် ပြန်လည် လွှတ်ပေးခဲ့သည်။ ၎င်းတို့ ၃ ဦးသည် ရဲစခန်းတွင် ကိုယ်တိုင်လာရောက် အဖမ်းခံခဲ့သူများလည်း ဖြစ်သည်။ ယခုကဲ့သို့ ကြီးလေးသည့် လူသတ်မှု တခုအပေါ် တရားရုံးက ပြန်လည် ရုပ်သိမ်းခွင့်ပြုခဲ့ခြင်းကြောင့် တရားဥပဒေ စိုးမိုးရေး အပေါ် စိုးရိမ်မိကြောင်းနှင့် ပြည်သူလူထုကြား စိုးရိမ်ထိတ်လန့်မှုများလည်း ဖြစ်လာနိုင်ကြောင်း တရားလွှတ်တော် ရှေ့နေ များက ပြောဆိုကြသည်။ မြန်မာနိုင်ငံ ရှေ့နေများ ကွန်ရက်၏ အထွေထွေ အတွင်းရေးမှူး ဖြစ်သူ တရားလွှတ်တော် ရှေ့နေ ဦးရောဘတ်စန်းအောင် က “ဒါက နှစ်သစ်ကူးညမှာ လူသိရှင်ကြား ဟိုးလေးတကြော်နဲ့ လူအများ မြင်ကွင်းမှာ ကြမ်းကြုတ်စွာ နင်းခြေသတ်ဖြတ်ခဲ့ တဲ့ အမှု။ ဒီလို အမှုမျိုးကို နိုင်ငံတော် သမ္မတကြီး တရားလွှတ်တော် ရှေ့နေ ဦးဝင်းမြင့် လက်ထက်မှာ တရားဥပဒေ စိုးမိုး ရေး လို့ တဖွဖွပြောနေတဲ့ အချိန်မှာ အခုလိုဖြစ်တာ တရားဥပဒေ စိုးမိုးရေး ပီသရဲ့လား”ဟု မေးခွန်းထုတ်သည်။ သက်ဆိုင်ရာ တာဝန်ရှိသူများ အနေဖြင့် ယခုဖြစ်ရပ်ကို အလေးအနက်ထားကာ ပြန်လည်သုံးသပ်ရန် လိုကြောင်း ၎င်းက ထောက်ပြသည်။ ဦးရောဘတ်စန်းအောင်က “ဒီလိုဆို ဦးကိုနီကို သတ်တဲ့အမှုမှာ သိန်းပေါင်း ၃ သောင်းပေးရင် ရုပ်သိမ်းလိုက်လို့ ဖြစ်မလား။ အဲဒီတော့ စံနမူနာလို ဖြစ်သွားပြီး နောင်အခါမှာ မုဒိမ်းမှုတွေ မှိုလိုပေါက်သလို လူသတ်မှုတွေ ပိုမိုများပြားလာနိုင်တယ်လို့ တရားဥပဒေ ရှုထောင့်ကနေ ကျနော်တို့ မြင်တယ်” ဟုလည်း ပြောဆိုသည်။ အုပ်စုဖွဲ့ လူသတ်မှုတခုကို ရုပ်သိမ်းလိုက်ခြင်းနှင့် ပတ်သက်၍ လူထုကြား ပြောဆိုမှုများ ကျယ်ကျယ် လောင်လောင် ထွက် ပေါ်လာခြင်းသည် တစုံတခုသော ပြဿနာဖြစ်ပေါ်ရန် အလားအလာရှိနေကြောင်း တရားလွှတ်တော်ရှေ့နေ ဦးသိန်းသန်း ဦး ကလည်း ပြောသည်။ “ဒါမျိုးတွေက ရုပ်သိမ်းတာ တော်တန်တော့ မပေးဘူး။ ဥပမာ ယာဉ်တိုက်မှု ၃၀၄(က) မတော်တဆဖြစ် လူသေတဲ့ ဟာမျိုး လူတော့သေတာပဲ။ သို့သော် သူက လူသတ်တာ မဟုတ်ဘူး။ မတော်တဆ ဖြစ်တာ။ ဒါမျိုးဆို ဟိုခေတ်တုန်း ကတည်းက ကျေနပ်အောင် လုပ်ပေးပြီး ရုပ်သိမ်းကြတာ ရှိတယ်။ ဒါပေမယ့် မုဒိမ်းမှုတို့ လူသတ်မှုတို့ကတော့ အများပြည်သူ လုံခြုံမှုနဲ့ ပတ်သက်တဲ့ ဟာဖြစ်တဲ့ အတွက် ကျေအေးလို့တော့ မရဘူး။ တရားစွဲ အဖွဲ့အစည်းကနေ ကာယကံရှင်ရဲ့ တောင်းဆိုချက် ကြောင့် ရုပ်သိမ်းတယ် ဆိုရင်တော့ ဖြစ်တယ်။ ဒါပေမယ့် များသောအားဖြင့်တော့ ရုံးက လက်ခံလေ့ မရှိဘူး”ဟုလည်း ၎င်းက ရှင်းပြသည်။ လူမှုကွန်ရက် စာမျက်နှာပေါ်တွင် ဟာသ ဇာတ်လမ်းတိုများ တင်ဆက်ခြင်းဖြင့် လူသိများလာသည့် သရုပ်ဆောင် အောင်ရဲ ထွေးသည် ဒီဇင်ဘာ ၃၁ ရက် ညပိုင်း The One Entertainment Park ၌ ပြုလုပ်ခဲ့သည့် နှစ်သစ်ကူးပွဲတွင် လူတစုက ဝိုင်း ဝန်း ရိုက်နှက်ခဲ့မှုကြောင့် ဦးခေါင်းတွင် ဒဏ်ရာပြင်းထန်စွာ ရရှိခဲ့သည်။ ယင်းဒဏ်ရာများကြောင့်ပင် ရန်ကုန် ပြည်သူ့ ဆေးရုံကြီး ဦးနှောက်နှင့် အာရုံကြောဌာန၌ ဆေးကုသမှု ခံယူနေစဉ် ဇန်နဝါရီ ၂ ရက်က ကွယ်လွန်သွားခြင်း ဖြစ်သည်။ ရာဇဝတ် ကျင့်ထုံးပုဒ်မ ၄၉၄ အရ အမှုအား တရားရုံး၏ ခွင့်ပြုချက်ဖြင့် ရုပ်သိမ်းခွင့်ရှိပြီး အမှုအား စွဲချက်မတင်မီ ရုပ်သိမ်း လျှင် တရားရှင် လွှတ်ရာ ရောက်ကာ စွဲချက်တင်ပြီးမှ ရုပ်သိမ်းလျှင် တရားသေလွှတ်ရာ ရောက်ကြောင်း သိရသည်။ ရာဇဝတ် ကျင့်ထုံး ဥပဒေ ပုဒ်မ ၄၉၄ သည် တင်တိုင်း မရနိုင်ဘဲ ဥပဒေ အရာရှိ/ တရားရုံး၏ ခွင့်ပြုချက်များ လိုအပ် ကြောင်း နှင့် ထောင်ဒဏ် ၆ လ အထက် အပြစ်ပေးနိုင်သော ပြစ်မှု (ဝရမ်းမှု)ကို ရုပ်သိမ်းလိုလျှင် ရာဇဝတ် ကျင့်ထုံး ဥပဒေ ပုဒ်မ ၄၉၄ အရသာ ရုပ်သိမ်းနိုင်သည်ဟု ဆိုသည်။ ထောင်ဒဏ် ၆ လ အထိ အပြစ်ပေးနိုင်သော အမှု (သမ္မာန်)များနှင့် ဦးတိုက်မှုများကို ရုပ်သိမ်းလိုလျှင် ရာဇဝတ် ကျင့်ထုံး ဥပဒေ ပုဒ်မ ၂၄၈ အရသာ ရုပ်သိမ်းနိုင်ကြောင်း သိရသည်။ ဆက်စပ် ဖတ်ရှုရန် – ဖေ့စ်ဘုတ်ဆယ်လီ အောင်ရဲထွေး ကွယ်လွန် အောင်ရဲထွေး သေဆုံးမှုအတွက် ဖမ်းဆီးခံသူများမှာ တရားခံအစစ်ဖြစ်ကြောင်း ရဲကပြော အောင်ရဲထွေးနဲ့ ပတ်သက်ပြီး ကောလာဟလများ မရေးသားရန် မိသားစုက မေတ္တာရပ်ခံ The post ဟာသ သရုပ်ဆောင် အောင်ရဲထွေး အမှု ရုပ်သိမ်းခြင်းအပေါ် ဝေဖန်မှုများ ထွက်ပေါ် appeared first on ဧရာဝတီ.
Source : https://ift.tt/2LR8XbG
via IFTTT

No comments:

Post a Comment