Thursday, July 26, 2018


သုံးလအတွင်း မိုးကြိုးပစ်ခံရ၍ သေဆုံးသူ ၅၉ ဦးရှိ ၂၀၁၈ ဧပြီ ၁ ရက်မှ ဇူလိုင် ၂၀ ရက်အတွင်း တိုင်းဒေသကြီး၊ ပြည်နယ်များ အလိုက် မိုးကြိုးပစ်ခတ်မှုကြောင့် သေဆုံးသူ ၅၉ ဦးရှိပြီး ဧရာဝတီတိုင်း ဒေသကြီးတွင် သေဆုံးသူ အများဆုံး ဖြစ်ကြောင်း ဘေးအန္တရာယ် ဆိုင်ရာ စီမံခန့်ခွဲမှု ဦးစီးဌာန၏ စာရင်းများအရ သိရသည်။ သုံးလ အတွင်း မိုးကြိုးပစ်ခတ်မှု ဖြစ်စဉ်ပေါင်း ၅၇ ကြိမ်ဖြစ်ပွားခဲ့ကာ ဒဏ်ရာရရှိသူ ၁၉ ဦးရှိကြောင်း၊ အဆောက်အအုံ နှင့် ကျွဲနွား တိရစ္ဆာန်များပါ ထိခိုက်မှု တချို့ရှိသော်လည်း စာရင်းကောက်ယူထားခြင်း မရှိ၍ အတိအကျ မပြောနိုင်ကြောင်း ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန ညွှန်ကြားရေးမှူး ဒေါ်ဖြူလဲ့လဲ့ထွန်းက ဧရာဝတီကို ပြောသည်။ ဆက်လက်၍ ၎င်းက မိုးကြိုးပစ်ခံရ၍ သေဆုံးသူ တဦးလျှင် ငွေကျပ် ၃ သိန်းနှုန်းဖြင့် ဌာနမှ ထောက်ပံ့ပေးလျက်ရှိပြီး ဒဏ် ရာရရှိသူများကို တဦးလျှင် ငွေကျပ် ၅ သောင်းနှုန်း ထောက်ပံ့လျက် ရှိကြောင်း ရှင်းပြသည်။ ဒေါ်ဖြူလဲ့လဲ့ထွန်းက “ကျမတို့ရဲ့ စည်းမျဉ်း သတ်မှတ်ချက်ကတော့ ဆေးရုံတက်ရတဲ့ ဒဏ်ရာရတဲ့သူပေါ့နော်။ ဒဏ်ရာနည်း နည်း (ပွန်းပဲ့ရုံ) လေးပဲ ဆိုရင်တော့ စည်းမျဉ်းသတ်မှတ်ချက်အရ မပေးပါဘူး။ ဆေးရုံတက်ရတဲ့ ဒဏ်ရာရတဲ့သူဆို ပေး တယ်” ဟု ဆိုသည်။ မိုးကြိုးပစ်ခြင်း၊ လျှပ်စီးလက်ခြင်းတို့ ဖြစ်ပေါ်ခြင်းသည် မိုးတိမ်တောင်များ ဖြစ်ထွန်းမှုကြောင့် ဖြစ်ကြောင်း၊ လတ်တလော အခြေအနေရ နိုင်ငံတဝန်း မိုးတိမ်တောင်များ ဖြစ်ထွန်းနေမှုကြောင့် သတိပြုနေထိုင်ရန် လိုအပ်ကြောင်း မိုးလေဝသနှင့် ဇလဗေဒ ညွှန်ကြားမှု ဦးစီးဌာန(မိုး/ဇလ)၏ ညွှန်ကြားရေးမှူးချုပ် ဦးကျော်မိုးဦးက ပြောသည်။ “လောလောဆယ် တနိုင်ငံလုံးမှာ မိုးတိမ်တောင်တွေ ရှိနေတယ်။ နေရာအလိုက်ခွဲဖို့ နည်းနည်းခက်တယ်။ ဘာကြောင့်ဆို ဒီ အပေါ်ကနေဆင်းလာတဲ့ တိမ်တွေလည်း ရှိတယ်။ မြန်မာနိုင်ငံမြောက်ပိုင်းကနေ ဆင်းလာတဲ့ တိမ်တွေလည်းရှိတယ်။ ဘင်္ဂ လားပင်အော်ကနေ တက်လာတဲ့ တိမ်တွေလည်း ဖြစ်နေတယ်” ဟု ၎င်းက ရှင်းပြသည်။ ဆက်လက်၍ ၎င်းက မိုးတိမ်တောင် ဖြစ်ပေါ်မှုကြောင့် လျှပ်စီးလက်ခြင်း၊ မိုးကြိုးပစ်ခြင်း တို့အပြင် မိုးသက်လေပြင်း တိုက်ခတ် ခြင်းနှင့် လေဆင်နှာမောင်း တိုက်ခတ်ခြင်းတို့ပါ ဖြစ်နိုင်သည်ဟုလည်း ဆိုသည်။ ဦးကျော်မိုးဦးက “အရင်က မိုးတိမ်တောင် ဖြစ်ထွန်းမှုဟာ မုတ်သုံလေ ပြီးသွားရင် လျော့ကျသွားတယ်။ အခုနောက်ပိုင်းမှာ မိုးတိမ်တောင် ဖြစ်ထွန်းမှုတွေဟာ မိုးလယ်ကာလမှာလည်း ရှိနေတဲ့အတွက် ပြည်သူတွေအနေနဲ့ အဓိကကတော့ မိုးကြိုး ပစ်တာ လျှပ်စီးလက်တာတွေ ကြုံလာနိုင်တယ်။ နောက်တခုက အချိန်တိုလေးအတွင်း မိုးရွာသွန်းပြီး လေပြင်း တိုက်ခတ်မှု ဖြစ်စဉ်တွေ ပါလာနိုင်တာမျိုးလည်း သတိပြုဖို့ လိုပါတယ်” ဟု သတိပေးသည်။ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန၊ ဘေးအန္တရာယ် ဆိုင်ရာ စီမံခန့်ခွဲမှု ဦးစီးဌာန၏ စာရင်းများအရ ၂၀၁၇ ဧပြီ ၁ ရက်မှ ဒီဇင်ဘာ ၂၆ ရက် အထိ မိုးကြိုးပစ်ခတ်မှု ဖြစ်စဉ်ပေါင်း ၁၀၉ ကြိမ် ဖြစ်ပွားခဲ့ပြီး သေဆုံးသူ ၁၁၁ ဦး၊ ဒဏ်ရာရရှိသူ ၃၉ ဦး ရှိခဲ့ကြောင်း၊ ယင်းနှစ်တွင်လည်း ဧရာဝတီတိုင်း အတွင်း သေဆုံးမှု အများဆုံး ဖြစ်ပွားခဲ့ကြောင်း သိရသည်။ The post သုံးလအတွင်း မိုးကြိုးပစ်ခံရ၍ သေဆုံးသူ ၅၉ ဦးရှိ appeared first on ဧရာဝတီ.
Source : https://ift.tt/2NNonOX
via IFTTT

No comments:

Post a Comment