Thursday, July 26, 2018


ရန်ကုန်အနီး ဓာတ်ငွေ့သုံး လျှပ်စစ်ဓာတ်အားပေး စက်ရုံ ထိုင်း တည်ထောင်လို ကြီးထွားနေသော ဝယ်လိုအားကို ဖြည့်ဆည်းနိုင်ရန် ဓာတ်ငွေ့သုံး လျှပ်စစ်ဓာတ်အားပေးစက်ရုံတရုံ မြန်မာနိုင်ငံတွင် တည်ဆောက်လည်ပတ်ရန် ထိုင်းနိုင်ငံ စတော့အိပ်ချိန်း စာရင်းဝင် PTT Exploration and Production Plc (PTTEP) က အဆိုပြုလိုက်ကြောင်း ဘန်ကောက်ပို့စ် သတင်းစာက ဖော်ပြသည်။ ထိုစီမံကိန်းသည် ဒေါ်လာ သန်းရာချီ ကုန်ကျမည့် စီမံကိန်းဖြစ်ပြီး မြန်မာနိုင်ငံမှ မူဝါဒချမှတ်သူများက စဉ်းစား သုံးသပ်နေသည်ဟု PTTEP ၏ အထွေထွေ မန်နေဂျာ ပီယာ ဆူခမ်ပန်နူမက် က ပြောသည်။ စီမံကိန်းသည် ရန်ကုန်မြို့၏ အနောက်တောင်ဘက်တွင် တည်ရှိပြီး စီမံကိန်း အကောင်အထည်ပေါ်လျှင် ထိုနေရာသို့ ကမ်းလွန် ဓာတ်ငွေ့ပိုက်လိုင်း ဆက်သွယ်မည်ဟု သိရသည်။ ထိုစက်ရုံမှ ထုတ်လုပ်နိုင်မည့် စွမ်းရည်ကို လေ့လာနေဆဲဖြစ်ပြီး မုတ္တမပင်လယ်ကွေ့ရှိ ဇောတိက ဓာတ်ငွေ့ တွင်းမှ ဓာတ်ငွေ့များကို တနေ့လျှင် ၄၀၀ သန်း စံ ကုဗပေ အသုံးပြုနိုင်ရန် PTTEP က စီစဉ်ထားသည်။ PTTEP သည် မုတ္တမပင်လယ်ကွေ့တွင်ပင် M3 လုပ်ကွက်တချို့ ရှိနေပြီး မကြာမီ ထုတ်လုပ်နိုင်တော့မည် ဖြစ်သည်။ “PTT အုပ်စုရဲ့ ပြည်ပရှာဖွေ၊ တူးဖော်ရေး အခွင့်အလမ်းရှာဖို့ သေနင်္ဂဗျူဟာအရ ဒီစီမံကိန်းကို အဆိုပြုတာ ဖြစ်ပါတယ်။ ရေနံသန့်စင် စက်ရုံတွေ၊ ရေနံဓာတုလုပ်ငန်းတွေ၊ ရေနံကုန်သွယ်ရေး လုပ်ငန်းတွေနဲ့ ရေနံနဲ့ မပတ်သက်တဲ့ လုပ်ငန်း အားလုံး ပြည်ပမှာ အတူတကွ လုပ်ကိုင်သင့်တယ် ဆိုတဲ့ ဒီသေနင်္ဂဗျူဟာကို ချမှတ် အကောင်အထည် ဖော်နေတာ နှစ်နှစ်လောက်ရှိပါပြီ” ဟု ပီယာက ဘန်ကောက်ပို့စ်သတင်းစာကို ပြောသည်။ ထိုစီမံကိန်းကို အကောင်အထည်ဖော်နိုင်ပါက PTTEP ပိုင် မြန်မာလုပ်ငန်းခွဲဖြစ်သော PTTEP International Co Yangon Branch သို့ လွှဲပြောင်းပေးရမည် ဖြစ်သည်။ တချိန်တည်းတွင် မြန်မာ့လျှပ်စစ်စွမ်းအားနှင့် စွမ်းအင်ဝန်ကြီးဌာနသည် ရေနံနှင့် သဘာဝဓာတ်ငွေ့ လုပ်ကွက်သစ်များ လေလံပစ်ရန် စီစဉ်နေသည်။ ထိုသို့ လေလံခေါ်ယူခြင်း မပြုမီ မြန်မာနိုင်ငံမှ မူဝါဒချမှတ်သူများသည် လုပ်ကွက်များ ပြန်လည်စီစဉ်ခြင်း၊ စည်းကမ်းချက်များ ပြန်လည် သတ်မှတ်ခြင်းတို့ကို လုပ်ဆောင်နေပြီး ထိုသို့ လုပ်ဆောင်ခြင်းမှာ အခြေခံ အဆောက်အအုံ၊ စွမ်းအင်နှင့် စက်မှုကဏ္ဍများတွင် နိုင်ငံခြား တိုက်ရိုက် ရင်းနှီးမြှုပ်နှံမှုကို ဆွဲဆောင်ရန် ဖြစ်သည်။ PTTEP သည် မြန်မာနိုင်ငံနှင့် ပတ်သက်သော ၎င်းတို့၏ စီးပွားရေး လမ်းပြမြေပုံကို လွန်ခဲ့သော ဆယ်စုနှစ် ၃ ခုကပင် ချမှတ်ထားပြီးဖြစ်သောကြောင့် ထိုကုန်းတွင်းနှင့် ကမ်းလွန် လုပ်ကွက်သစ်များ အတွက် ရှာဖွေ တူးဖော်ခွင့်ကို ရရှိရန် ပြင်ဆင်ထားသည်ဟုလည်း ပီယာက ပြောသည်။ PTTEP သည် ထိုင်းနိုင်ငံရှိ PTTEP ဓာတ်ငွေ့လုပ်ငန်းပြီးလျှင် ဒုတိယအကြီးဆုံး ဓာတ်ငွေ့လုပ်ငန်းကို မြန်မာနိုင်ငံတွင် ထားရှိသည်။ PTTEP သည် မြန်မာနိုင်ငံရှိ ရတနာ၊ ရဲတံခွန်နှင့် ဇောတိက လုပ်ကွက်များကို လုပ်ကိုင်နေပြီး အခြားလုပ်ကွက် ၅ ခုတွင် ရှာဖွေတူးဖော်ရေး လုပ်ငန်းများ ဆောင်ရွက်နေသည်။ ဆက်စပ်ဖတ်ရှုရန် – လမ်းဆုံများနှင့် မြန်မာ့စွမ်းအင်ကဏ္ဍ The post ရန်ကုန်အနီး ဓာတ်ငွေ့သုံး လျှပ်စစ်ဓာတ်အားပေး စက်ရုံ ထိုင်း တည်ထောင်လို appeared first on ဧရာဝတီ.
Source : https://ift.tt/2JVyBKL
via IFTTT

No comments:

Post a Comment