Thursday, August 2, 2018

7Day News Journal

ဧရာဝတီတိုင်းဒေသကြီး လပွတ္တာမြို့နယ် ဘုန်းကြီးကုန်း ကျေးရွာအုပ်စု သိုင်းကုန်းကျေးရွာလေး ၏ တောင်ဘက်အစွန်တွင် သစ်ပင်၊ အုန်းပင်တို့ဖြင့် စိမ်းစိုနေသော လယ်ကွင်းတစ်ခုရှိသည်။ ထိုလယ်ကွင်းထဲတွင် ဓနိမိုး၊ ဓနိကာ တဲအိမ်ကလေးတည်ရှိပြီး ပန်းချီကားတစ်ချပ်သဖွယ် လှပနေပါသည်။ တဖွဲဖွဲရွာနေသော မိုးရေစက်များကြောင့်လည်း မြင်ကွင်းတစ်ခုလုံးက စိမ်းစို တောက်ပနေပြန်သည်။ သို့သော် မြင်ရသည့်မြင်ကွင်းနှင့် မလိုက်ဖက်လှသော ဖြစ်ရပ်ဆိုးကြီး တစ်ခုက ထိုဓနိတဲအိမ်ကလေးအတွင်းဝယ် လွန်ခဲ့သောရက်ပိုင်းလေးကမှ ဖြစ်ပွားခဲ့ပါသည်။ ထိုတဲအိမ်ကလေးအတွင်းဝယ် ယခင်က မိသားစုလေးတစ်စု နေထိုင်သည်။ အသက်(၃၃)နှစ် အရွယ် ကိုစောပါပလုနှင့် (၂၈) နှစ်အရွယ်မနော်မာမာအောင်တို့ ဖြစ်သည်။ အိမ်ထောင်သက် ၁ဝ နှစ်ကျော်လာပြီဖြစ်သည့် သူတို့ ဇနီးမောင်နှံတွင် သားသမီးရတနာ ခြောက်ဦးပွားစီးပြီး အကြီးငါး ဦးမှာ မိန်းကလေးများဖြစ်ကာ အငယ်ဆုံးလေး တစ်ဦးသာ ယောကျ်ားလေးဖြစ်သည်။ အကြီးဆုံးသမီးမှာလည်း ယခုမှ (၁ဝ)နှစ် သာရှိသေးပြီး တတိယတန်း ကျောင်းသူဖြစ်သည်။ အငယ်ဆုံး သားလေးကတော့ (၁ဝ)လသာ ရှိသေးပြီး မိ ခင်နု ိ့တပြွ တ်ပြွ တ် စု ိ့လု ိ့ ကောင်းတုန်းဖြစ်သည်။ သူတို့မိသားစုနေထိုင်သည့် သိုင်းကုန်းကျေးရွာသည် နာ ဂစ်ဖြစ်တုန်းက အလူးအလဲခံရ သည့်ဒေသများတွင် ထိပ်ဆုံးက ပါဝင်ခဲ့သည်။ ထိုအချိန်က ရွာလူ ဦးရေ ၅ဝဝ ကျော်ရှိသည့်အနက် ၃ဝဝ ကျော်သေဆုံးခဲ့သည်။ ထိုမျှ မကသေး နာဂစ်ဝင်မွှေပြီးနောက် ပိုင်း ရေငန်ဖုံးလွှမ်းခဲ့၍ စိုက်လို့ ပျိုးလို့မကောင်းတော့။ ယခင်က ငွေကြေး အတန်အသင့်အဆင် ပြေသည့် သိုင်းကုန်းကျေးရွာလေး သည် နာဂစ်ပြီးနောက်ပိုင်း နာ လန်မထူတော့။ ပြီးတော့ ရွာက လမ်းပန်း ဆက်သွယ်ရေးကလည်း ခက်ခဲ လွန်းလှသည်။ အနီးဆုံးမြို့ဖြစ် သည့် လပွတ္တာမြို့ပင် ရေလမ်း တစ်မျိုးတည်းဖြင့်သာ သွားနိုင်ပြီး နေ့ဝက်အချိန်ပေးမှရောက်သည်။ ပညာရေးဆိုလျှင် မူလတန်း ကျောင်းလေးသာရှိသည်။ လင် မယားနှစ်ယောက်စလုံး ပညာကံ မကောင်းကြ။ ယောကျ်ားကလေး တန်း၊ မိန်းမက တစ်တန်း။ နှစ် ယောက်ပေါင်းတောင် မူလတန်း လေးလွန်ရုံသာ။ ကိုစောပါပလုတို့ လင် မယား နှစ်ယောက်စလုံး သားသမီးက များလွန်းသဖြင့် ရှိသမျှအလုပ် လုပ်ကြပါသည်။ ကောက်စိုက်၊ ကောက်ရိတ်၊ ကဏန်းထောင်၊ ပုစွန်ထောင်လုပ်လို့ရသမျှအကုန် လုပ်ကြသည်။ ကဏန်း၊ ပုစွန် ထောင်သည့်အလုပ်ကိုတော့ ဦး စားပေးလုပ်ဖြစ်သည်။ ယခုကာ လတွင် ဘယ်လိုကြောင့်ရယ်မသိ ကဏန်း၊ ပုစွန်တွေအရနည်းလာသည်။ တစ်ရွာလုံးတော်တော် များများကဏန်း၊ ပုစွန်ထောင်စား ကြတော့ အခက်အခဲတွေဖြစ်ပေါ် လာသည်။ လူတော်တော်များများ ဒုက္ခရောက်သည်။ ထိုဒုက္ခရောက် သူတွေထဲတွင် ကိုစောပါပလုတို့ လင်မယားနှစ်ယောက်လည်းထိပ် ဆုံးကပါဝင်ခဲ့သည်။ ဇူလိုင် ၂၈ ရက်ညပိုင်းမှာ တော့ ကိုစောပါပလုတို့လင်မ ယားနှစ်ယောက်စလုံး ဆင်းရဲ တွင်းကနေ လွတ်မြောက်သွားခဲ့ ကြသည်။ ထီပေါက်တာလား၊ ချမ်းသာတာလားမဟုတ်ပါ။ ထို ညက ၇ နာရီခွဲကျော်ကျော် လောက်တွင် ကိုစောပါပလုတို့ အိမ်မှ အငယ်ဆုံးသားလေးငိုနေ သံကြား၍ ခပ်လှမ်းလှမ်းတွင်နေ သော အသက်(၈၆)နှစ်အရွယ် ကိုစောပါပလုမိခင်ကြီးက ထိုတဲ အိမ်လေးဆီ ထွက်လာခဲ့သည်။ လင်မယားနှစ်ယောက် တစ် ခါတစ်ရံအပြင်ထွက်တတ်၍ က လေးတွေချည်းကျန်နေသလား စိတ်မချ၍ သွားကြည့်ခြင်းဖြစ် သည်။ တဲအိမ်လေးထဲဝင်တော့ မိခင်ကြီးမျက်လုံးပြူးသွားသည်။ သားနှင့်ချွေးမ ကြိုးဆွဲချ သေ ဆုံးနေခြင်းပင်။ မြေးငယ်လေး မှာတော့ လေတွင်ဝဲနေသည့်မိခင် ခြေထောက်ကိုကိုင်ကာ တအင့် အင့်ငိုနေသည်။ နို့ဆာ၍ ငိုနေ ခြင်းဖြစ်မည်။ ကျန်သည့်သမီးတွေ ကတော့ အိပ်ပျော်နေသည်။ ရဲစခန်းကိုအကြောင်းကြား ကာ ဆေးရုံညတွင်းချင်းပို့သည်။ စစ်ဆေးစရာရှိတာတွေ စစ်ဆေး ပြီးတော့ အလောင်းကိုပြန်သယ် မလားမေးသည်။ ငွေကြေးမတတ် နိုင်၍ ပြန်မသယ်တော့ပါဘူးဟု သာ အဖြေပေးလိုက်ရသည်။ နာရေးကိစ္စ ရက်မလည် သေး၍ ဆွေမျိုးတွေစုံနေသည်။ ကလေးတွေကို ဘွားအေက သူ့တဲအိမ်လေးတွင် ခေါ်ထား သည်။ ကလေးတွေကငယ်သေး တာမို့ မိဘတွေမရှိတော့တာ ကောင်းကောင်းနားမလည်သေး။ သု ိ့သော ်ကျောင်းနေသည့်ကလေး မလေးတွေကတော့ ကျောင်းမှာငို ကြသည် ။သူ တို့လေးတွေ ငိုတော့ ဆရာမတွေပါလိုက်ငိုသည်။ အစ် မအကြီးဆုံးလေးကတော့ အမေ တု ိ့ခု လိုဖြစ် သွားတာကု ိနည်းနည်း လေး သဘောပေါက်သလိုလိုရှိ သည်။ ‘‘သူ့ညီမတွေနဲ့မောင်လေး ကို ကြီးတဲ့အထိစောင့်ရှောက် မယ်’’ ဟု ပြောကြောင်း ဆွေမျိုး တစ်ဦးကဆိုသည်။ ခက်သည်က အငယ်ဆုံး သားလေးဖြစ်သည်။ နို့မပြတ် သေးတာကြောင့် မိခင်နို့ကိုသာစို့ ချင်၍ တပူပူတဆာဆာအော်ငို သည်။ လှူကြသည့် ငွေစကြေးစ အနည်းငယ်လေးဖြင့် နို့မှုန့်ဖျော် တု ိက်တော့နု ိ့ဘူးကု ိလက်နှ င့်တွ န်း ထုတ်ပြန်သည်။ ချော့မော့တိုက် တော့မှ မစို့ချင်စို့ချင်ဖြင့် စို့လေ သည်။ စစ်ဆေးသည့်ရဲအရာရှိတွေ ကတော့ ကိုယ့်ကိုယ်ကိုယ်သေ ကြောင်းကြံစည်မှုအဖြစ် သုံးသပ် ထားသည်။ ရွာထဲကလူတွေ လည်းအံ့ဩကြသည်။ လင်မယား နှစ်ယောက်စလုံးစိတ်ကတော့ အ တော်လေးမျိုသိပ်နိုင်သည်ဟုဆို ရမည်ဖြစ်သည်။ ၎င်းတို့အဆင် မပြေသည်မှာ မှန်သော်လည်း ဘယ်တုန်းကမှ မညည်းတွားဖူး ကြ။ ရန်ငြိုးရန်စဟုလည်း မကြား ဖူးကြ။ လင်မယားလည်းရန်ဖြစ် တယ်၊ ဘာတယ်မရှိ။ နောက်ဆုံး တော့ ဘုရားသခင်အလိုတော်အ ရဟုသာ ဖြေသိမ့်ရသည်။ သားသမီး ခြောက်ဦးစလုံး ကိုတော့ နှစ်ဖက်ဘိုးဘွားများက မည်သူ့ကိုမျှလည်း မပေးလို။ မောင်နှမ ခြောက်ယောက်ကို လည်း တကွဲတပြားဆီမဖြစ်ရဘဲ သူတို့သာ ဆက်လက်စောင့် ရှောက်မည်ဟုဆိုပါသည်။ မြို့ နယ်တာဝန်ရှိသူများက လာ ရောက် မေးမြန်းသော်လည်းဘယ် မှမပို့ချင်ဘဲ သူတို့သာရွာမှာတင် ဆက်လက်စောင့်ရှောက်မည်ဟု နှစ်ဖက်ဘိုးဘွားများက အဖြေပေး ခဲ့ကြသည်။ ကလေးတွေကတော့ ဘွား အေတဲအိမ်ကလေးတွင် ဆွေမျိုး မောင်နှမတွေ တစ်ပြုံကြီးရောက် နေသဖြင့် တရုန်းရုန်းဖြစ်နေသော ကြောင့် ဘာမှမသိသေး။ ကျောင်း နေသည့် ကလေးတွေကတော့ ကျောင်းသွား၊ ကျောင်းပြန်သူတို့ နေခဲ့ဖူးသည့် တဲအိမ်ကလေးကို လှမ်းလှမ်းကြည့်နေသည်ဟု ရွာ သူရွာသားတွေက ပြောပြသည်။ ‘‘ရက်လည်ပြီးရင်တော့ သူတို့ အိမ်လေးကို ဖြိုဖျက်ပစ်လိုက် တော့မယ်။ ကလေးတွေ စိတ် ဒဏ်ရာရမှာစိုးလို့ပါ’’ ဟု သိုင်း ကုန်းကျေးရွာရာအိမ်မှူးကိုစော် ထူးပွဲက ပြောပြသည်။ ကလေးတွေကတော့ အိမ် တွင်လူတွေများနေသဖြင့် တ အုန်းအုန်း ဆော့ကစားနေကြ သည်။ ဘဝတစ်လျှောက်လုံး မိဘ မဲ့ဘဝဖြင့် လောကခရီးကြမ်းကြီး လျှောက်လှမ်းရတော့မည်ကိုမသိ ရှိကြသေး။ မြေးတွေ ကိုသူ တို့နား မှာပဲ ခေါ်ထားမည်ဟု ပြောနေ သည့်နှစ်ဖက်ဘိုးဘွားနှစ်ယောက် စလုံးက အသက်(၇ဝ) ခန့်နှင့် (၈ဝ)ကျော်တွေဖြစ်သည်။ ကွယ် လွန်သူ အမျိုးသား၏ မိခင်ကြီး အသက်(၈၆)နှစ်ရှိပြီ ဖြစ်သည့် ဒေါ်နော်တိုးဖိုးကတော့ ဘုရား သခင်အလိုတော်တိုင်းပါပဲဟု ဆို ပါသည်။ ကွယ်လွန်သူအမျိုးသ မီး၏ဖခင် (၆၇)နှစ်အရွယ်ဦးလှ မြင့်ကတော့ ‘‘ကလေးတွေအ တွက်စိုးရိမ်တယ်’’ ဟု တိုးညင်း စွာ ရေရွတ်လေသည်။
Source : https://ift.tt/2LN9xeo
via IFTTT

No comments:

Post a Comment