အခုနောက်ပိုင်းဝင်လာတဲ့ အဆင့်မြင့်ကားတွေမှာ အော်တိုဂီယာ နဲ့အဆင့်မြင့်ဘရိတ်စနစ်တွေပါရှိလာပေမဲ့ လမ်းအခြေအနေအရ ဘယ်လိုအကျိုးရှိရှိ အသုံးချမလဲဆိုတာကလည်း သိရှိထားဖို့ လိုအပ်ပါတယ်။ D တစ်မျိုးတည်း အသုံးမပြုနဲ့ ယာဉ်မောင်းအများစုဟာ အော်တိုဂီယာကို အသုံးပြုတဲ့အခါ D တစ်မျိုးတည်း ပဲသုံးပြီး မောင်းနေကြတာတွေ့ရပါတယ်။ လမ်းအနေအထားကိုလိုက်ပြီး 1 နဲ့ 2 ကို လည်း ပြောင်းလဲအသုံးပြုသင့်ပါတယ်။ D ကတော့ ရိုးရိုးမောင်းတဲ့ဂီယာဖြစ်ပြီး မြေ ပြန့်မှာ မောင်းဖို့အတွက် အဓိကထားပါ တယ်။ 1 နဲ့ 2 ကတော့ စလိုဒေါင်းသုံးတဲ့နေရာမှာပါ။ တောင်တက်မယ်ဆိုရင် တောင်တက်၊ တောင်ဆင်းလမ်းကြမ်း ခရီးတွေမှာ 1 နဲ့ 2 ကို အများဆုံး အသုံးပြု ပါတယ်။ မြေပြန့်ရောက်မှ ဓ ကို ပြန် ပြောင်းပြီး မောင်းနိုင်ပါတယ်။ D နဲ့ပဲ တောင်တက်မယ်ဆိုရင် အင်ဂျင်ပူပြီး ရေ ဆူလာတဲ့အထိ ဖြစ်နိုင်ပါတယ်။ ကားကျော်တက်မယ်ဆိုရင် ရှေ့ကားကို ကျော်တက်မယ်ဆိုရင် လည်း D မှာပဲထားပြီး ကျော်တက်တာမျိုး မဖြစ်သင့်ပါဘူး။ D နဲ့ မောင်းနေရာကနေ နံပါတ် 1 ဖြစ်စေ၊ နံပါတ် 2 ဖြစ်စေ ပြန်ထိုးပြီး ကျော်တက်နိုင်ပါတယ်။ ဖရီးရိုက်ရင် တက္ကစီယာဉ်မောင်းတချို့ကတော့ ဆီစားသက်သာအောင် N မှာထားပြီး ဖရီး ရိုက်မောင်းတာတွေရှိပါတယ်။ ဖရီးရိုက် မောင်းတဲ့အတွက် ဂီယာဘောက်နာပါ တယ်။ ကလပ်ပြားပါးသွားပြီး ဂီယာစလစ် ဖြစ်လာတတ်ပါတယ်။ အိုဗာဒရိုက်အသုံးပြုတာ အဆင့်မြင့်ကားအားလုံးနီးပါး AT/ CVT အော်တိုဂီယာစနစ် ဖြစ်သွားပါပြီ။ ဂီ ယာတံရဲ့ဘေးနားက အသီးလေးက အိုဗာ ဒရိုက် (Over Drive - on/off) ခလုတ် ဖြစ်တယ်။ တစ်နာရီ ကီလိုမီတာ ၁ဝဝ အထက် မောင်းနေရင်း ဘရိတ်ကို တအားဖိနင်းတာက အန ္တရာယ်ဖြစ်စေနိုင်တယ်။ အဲသည်ဖန်ရှင်ဘုလေးကို အဖွင့်အပိတ် ကစားပြီးအရှိန်လျှော့တာက အန္တရာယ် ကင်းစေတယ်။ အိုဗာဒရိုက်ဘုသီးလေးကို နှိပ်လိုက်ရင် ဒိုင်ခွက်ထဲမှာ O/D လိမ္မော်ရောင် မီးလင်းလာပါမယ်။ သူ့ကို ဖွင့်လိုက်တာနဲ့ယာဉ်ရဲ့အမြန်နှုန်းကို စတင်ထိန်း ချုပ်လိုက်ပါတယ်။ ဘရိတ်အသုံးပြုတဲ့အခါမှာလည်း အထောက်အကူပြုပေးပါ တယ်။ အိုဗာဒရိုက်ခလုတ်က နောက်ပေါ်ဇစ် ဇက်ဂီယာတံနဲ့လာတဲ့ကားအချို့မှာ သီးခြားမပါလာပါဘူး။ အဲသည်ကားမျိုးမှာ D နဲ့ကပ်လျက် S ဆိုတာနဲ့တူညီပါတယ်။ အရှိန်များလာတာနဲ့ D ကနေ S ပြောင်းလိုက်ရင် အမြန်နှုန်းက စနစ်တကျ လျော့ကျသွားမှာဖြစ်တယ်။ တာယာက မြည်တဲ့အသံ အခုနောက်ပိုင်းတင်သွင်းလာတဲ့ ကားတွမှာ Anti- Lock Braking System (ABS) ဘရိတ်စနစ်ပါရှိလာတာများပါ တယ်။ အေဘီအက်စ်စနစ်မပါတဲ့ကားတွေမှာ ဖြစ်နိုင်သမျှ အမြန်ဆုံးရပ်တန့်နိုင်ဖို့ ဘရိတ်ကို အဆုံးထိဖိနင်းတဲ့အခါ တာယာက ကျွီခနဲမြည်တဲ့အသံကို နားထောင်ပါ။ အဲဒါက ဘရိတ်ရဲ့လစ်မစ် (Limit) ကို မရောက်ရှိသေးဘူးဆိုတာ သိနိုင်ပြီး မှန်ကန်တဲ့ရပ်တန့်မှုရောက်အောင် ပြုလုပ်နိုင်ပါတယ်။ အကွာအဝေးအနည်းငယ်အရှိန် ပါပြီးတဲ့နောက်ဘရိတ်ကို ထပ်ပြီး ဖိအားပေးရင် ရပ်တန့်နိုင်ပါတယ်။ ညင်ညင်သာသာ ဖိနင်းပါ အေဘီအက်စ်ဘရိတ် စနစ်ပါနေရင် ဘရိတ်ကို ဇွတ်အတင်း ဖိနင်းတာမျိုး ရှောင်ကြဉ်ရမှာဖြစ်တယ်။ ကားအရှိန် လျော့ကျလာတဲ့အထိ ညင်ညင်သာသာနဲ့ ဘရိတ်အသုံးပြုတတ်မှုက အမြင့်ဆုံးစွမ်း ဆောင်ရည်ကို ရရှိစေတာဖြစ်တယ်။ ကွေ့တွေမှာ ဘရိတ်မသုံးပါနဲ့ ညင်ညင်သာသာနဲ့ကွေ့တဲ့အချိန်တွေမှာ ရှေ့က တိုက်စရာတွေကြုံလာရင် ဘရိတ်ကိုအသုံးပြုပြီး ရှောင်ရှားနိုင်ပါ တယ်။ ဒါပေမဲ့ ရုတ်တရက် ကွေ့လိုက်တဲ့အခါ ဒါမှမဟုတ် စတီယာရင်ကို ဆတ်ခနဲလှည့်လိုက်တဲ့အခါ ဘရိတ်ကိုဖိနင်းမိရင် ကားက ထိန်းမရတာမျိုးဖြစ်တတ်ပါတယ်။ လုံခြုံစိတ်ချစေ ဂီယာကို အကျိုးရှိရှိ အသုံးချတတ်တာက ယာဉ်ကို အန္တရာယ်ကင်းအောင် မောင်းနှင်နိုင်သလို ပြုပြင်စရိတ်တွေလည်း ချွေတာနိုင်ပါတယ်။ အဲသည်လိုပဲ ဘရိတ်စနစ်ကို ပိုင်နိုင်ကျွမ်းကျင်အောင် အသုံးချတတ်တာကလည်း ယာဉ်အန္တရာယ်ကို ကြိုတင်ကာကွယ်နိုင်ပြီး လုံခြုံစိတ်ချစေ နိုင်မှာဖြစ်ပါတယ်။ Author: အောင်ထွန်းဦး
Source : https://ift.tt/2KhmmIl
via IFTTT
No comments:
Post a Comment