Friday, August 3, 2018


စိုးရိမ်ပူပန်မှု များတတ်သူတွေမှာ ဘယ်လိုရောဂါတွေ ဖြစ်ပေါ်နိုင်လဲ စိုးရိမ်ပူပန်တတ်တာဟာ လူတိုင်းမှာ အနည်းနဲ့ အများ ဆိုသလို ဖြစ်တတ်တဲ့ စိတ်ပိုင်းဆိုင်ရာ အလေ့အထတခု ဖြစ်ပေမယ့် သာမန်ထက်ပိုပြီး စိုးရိမ်ပူပန်တတ်သူတွေ အနေနဲ့တော့ ကျန်းမာရေးကိုပါ ထိခိုက်စေနိုင်ပါတယ်။ စိတ်ပိုင်းဆိုင်ရာနဲ့ ရုပ်ပိုင်းဆိုင်ရာ ကျန်းမာရေး ပြဿနာတွေထဲမှာ အလေးထား စောင့်ကြည့်ရမယ့် ရောဂါစာရင်းမှာ ပါဝင်လာတဲ့ စိုးရိမ်ပူပန်မှုကြောင့် ဖြစ်ပေါ်နိုင်တဲ့ နောက်ဆက်တွဲ ကျန်းမာရေး ပြဿနာတွေကို ဧရာဝတီ စာဖတ်ပရိသတ်တွေ အတွက် ဖော်ပြပေးလိုက်ပါတယ်။ (၁) ဆေးပညာရှင်တွေရဲ့ လေ့လာချက်တွေအရ စိုးရိမ်ပူပန်မှု များတတ်သူတွေရဲ့ ဦးနှောက်မှာ စိတ်ဖိစီးမှုကို ဖြစ်စေတဲ့ ဟော်မုန်းတွေ အများအပြား ထွက်ရှိခြင်းကြောင့် စိတ်ကျရောဂါ၊ အမျိုးအမည် ဖော်ရခက်တဲ့ နာကျင်ကိုက်ခဲမှုဝေဒနာတွေ ခန္ဓာကိုယ်အနှံ့ ခံစားရတာ၊ နာတာရှည် ခေါင်းကိုက် ရောဂါတွေ အပါအဝင် အာရုံကြောနဲ့ ဆိုင်တဲ့ ကျန်းမာရေး ပြဿနာတွေကို ဖြစ်ပေါ်စေနိုင်ပါတယ်။ (၂) စိုးရိမ်ပူပန်မှု များတတ်သူတွေမှာ ဖြစ်လေ့ရှိတဲ့ နောက်ထပ် ကျန်းမာရေး ပြဿနာ တခုကတော့ အသက်ရှု လမ်းကြောင်းဆိုင်ရာ ရောဂါတွေပဲ ဖြစ်ပါတယ်။ စိတ်လှုပ်ရှားစရာတခုခုနဲ့ စိုးရိမ်စရာ ကိစ္စ တစုံတခု ပေါ်လာတဲ့အခါမျိုးတွေမှာ အသက်ရှု ကြပ်လာတာမျိုးနဲ့ အသက်ရှုမြန်လာတာမျိုးတွေပဲ ဖြစ်ပါတယ်။ (၃) စိုးရိမ်ပူပန်မှု များခြင်းဟာ နှလုံးခုန်နှုန်းကို မူမမှန် ဖြစ်စေပြီး သွေးဖိအားကို တက်စေတာကြောင့် ရေရှည်မှာ နှလုံးရောဂါ ဖြစ်နိုင်ခြေ များလှပါတယ်။ နှလုံးခုန်နှုန်းတွေ အလွန်အမင်း မြန်တာမျိုးကို မကြာခဏ ဆိုသလို တွေ့ကြုံရတတ်ပြီး ရင်ဘတ်အောင့်ခြင်းတွေကိုလည်း ခံစားရတတ်ပါတယ်။ (၄) အစားအသောက် မှားယွင်းမှုကြောင့် မဟုတ်ဘဲ ဗိုက်အောင့်ဝေဒနာကို ခံစားရတာနဲ့ ပျို့အန်ခြင်းတွေကလည်း စိုးရိမ်ပူပန်မှုများခြင်းရဲ့ နောက်ဆက်တွဲ ကျန်းမာရေးပြဿနာတခု ဖြစ်ပါတယ်။ တနေကုန် အစာမစားဘဲ နေနိုင်တာမျိုးနဲ့ မကြာခဏ ဆိုသလို ဝမ်းဗိုက်တွင်းက ဟာပြီး အလွန်အမင်း စားသောက်နေတာမျိုးကလည်း စိုးရိမ်ပူပန်မှုများ သူတွေမှာ ဖြစ်တတ်တဲ့ ရောဂါလက္ခဏာ တခုပဲ ဖြစ်ပါတယ်။ Ref : www.healthline.com The post စိုးရိမ်ပူပန်မှု များတတ်သူတွေမှာ ဘယ်လိုရောဂါတွေ ဖြစ်ပေါ်နိုင်လဲ appeared first on ဧရာဝတီ.
Source : https://ift.tt/2vwzuEk
via IFTTT

No comments:

Post a Comment