Friday, August 3, 2018


တနေ့တခြား သင့်ကိုပိုပြီး အိုမင်းရင့်ရော်စေတဲ့ အမူအကျင့် ၇ ချက် ရှိရင်းစွဲ အသက်ထက် ပိုကြီးတဲ့ပုံ ပေါက်တာမျိုး ဘယ်သူမှ လိုချင်မှာ မဟုတ်ပါဘူး။ အချိန်မတိုင်ခင် အိုမင်း ရင့်ရော်တာက အနေအထိုင်နဲ့ ဝတ်စားဆင်ယင်ပုံကြောင့် ဖြစ်တတ်သလို မှားယွင်းနေတဲ့ အမူအကျင့်တွေကလည်း သင့်ကို နဂို အသက်ထက် ပိုကြီးတဲ့ပုံ ဖန်တီးပါတယ်။ ဒီလို အမူအကျင့်တွေကိုသာ ပြင်ဆင်လိုက်မယ်ဆိုရင် သင်ဟာ နုပျိုလန်းဆန်းနေမှာပါ။ (၁) အဆီလုံးဝ ရှောင်ခြင်း ပိန်ချင်ဇောနဲ့ အဆီတွေ အကုန်ရှောင်စရာ မလိုပါဘူး။ အိုမီဂါ ၃ ဖက်တီး အက်ဆစ်လို အဆီဟာ ကိုယ်ခန္ဓာအတွက် လိုအပ်တဲ့အဆီ ဖြစ်ပါတယ်။ ဒါကြောင့် ရှိသင့်ရှိထိုက်တဲ့ အဆီကိုတော့ စားသုံးပေးပါ။ (၂) ပျော့ခွေခွေ နေခြင်း ကွန်ပျူတာေ့ရှမှာ လျော့တိလျော့ရဲ နေမယ်ဆိုရင် သင့်ကိုယ်တွင်းက အရိုးတွေကို ထိခိုက်စေပြီး နာကျင်မှုတွေ ဖြစ်စေနိုင်ပါတယ်။ ဒါ့အပြင် သင့်ကိုပိုပြီး ရင့်ရော်လာစေပါတယ်။ (၃) တနေ့အိပ်ချိန် ၅ နာရီ လျော့နည်းခြင်း အရွယ်ရောက်ပြီးသား လူတယောက်ဟာ တနေ့ကို ၇ နာရီကနေ ၈ နာရီအထိ အိပ်သင့်ပါတယ်။ ဒီထက် အိပ်ချိန်လျော့နည်းမယ်ဆိုရင် စိတ်ပိုင်းဆိုင်ရာရောဂါ၊ အဝလွန်ရောဂါနဲ့ ကိုယ်ခံစွမ်းအား လျော့နည်း စေပါတယ်။ (၄) တီဗီအချိန်ကြာ ကြည့်ခြင်း တနေရာထဲမှာ ထိုင်ပြီး တီဗီအကြာကြီး ကြည့်နေတာက သင့်ကို အသက်တိုစေပါတယ်။ ဒါကြောင့် တီဗီကြည့်ပြီးတိုင်း ခဏတဖြုတ် လမ်းလျှောက်ပြီး ကိုယ်လက်လှုပ်ရှားမှု ပြုသင့်ပါတယ်။ (၅) စိတ်ဖိစီးမှုများခြင်း စိတ်ဖိစီးမှုတွေက သင့်အရေပြားကို ထိခိုက်စေသလို အသက်ပိုကြီးစေပါတယ်။ ဒါကြောင့် အချိန်ရရင် ယောဂလေ့ကျင့်ခန်းမျိုးနဲ့ စိတ်ငြိမ်အောင် လုပ်သင့်ပါတယ်။ (၆) မိတ်ကပ် လိမ်းခြင်း သာမန်ထက် ပိုများတဲ့ မိတ်ကပ်မျိုးလိမ်းတာက ချွေးပေါက်ပိတ်စေပြီး အရေပြား ပျက်စီးစေပါတယ်။ အရေပြားကရှိတဲ့ အဆီတွေကို ခြောက်သွေ့စေတာကြောင့် ပိုပြီးရင့်ရော်မှု ဖြစ်စေပါတယ်။ (၇) ဘေးတစောင်း အိပ်ခြင်း ခေါင်းအုံးပေါ်မှာ မျက်နှာအပ်ပြီး ဘေးတစောင်း အိပ်တာမျိုးက သင့်မျက်နှာကို ဆွဲညှစ်သလို ဖြစ်တာကြောင့် အရေးကြောင်းတွေ ဖြစ်စေပါတယ်။ Ref ; www.stylecraze.com The post တနေ့တခြား သင့်ကိုပိုပြီး အိုမင်းရင့်ရော်စေတဲ့ အမူအကျင့် ၇ ချက် appeared first on ဧရာဝတီ.
Source : https://ift.tt/2ve4SIb
via IFTTT

No comments:

Post a Comment