ကမ္ဘာ့ အသေးဆုံး ခွေး အမျိုးအစား ၇ မျိုး သင်က ခွေးချစ်တဲ့သူ တယောက်ဆိုရင်၊ ခွေးမွေးရင်တောင် ခွေးပိစိကွေးလေးတွေမှ မွေးချင်တယ် ဆိုရင် ဒီအကြောင်းအရာကို သိထားသင့်ပါတယ်။ အခုဖေ်ာပြပေးမှာကတော့ ကမ္ဘာပေါ်မှာ အသေးဆုံး ခွေးမျိုးအစား ၇ မျိုး အကြောင်းပဲ ဖြစ်ပါတယ်။ (၁) Shih Tzu အကောင်သေးသေး အမွှေးစုတ်ဖွားဖွားလေးတွေဖြစ်တဲ့ ရှီဇူးခွေးတွေရဲ့မူလဇစ်မြစ်က ဘယ်ကလဲ ဆိုတာ အတိအကျတော့ မသိပါဘူး။ ဒါပေမဲ့ တိဘက်မှာစပြီး တရုတ်ပြည်ကနေ ပွားလာတယ်လို့ ဆိုပါတယ်။ အရုပ်ကလေးလို ချစ်စရာကောင်းတဲ့ ရှီဇူးအမျိုးအစားကို နာမည်ကြီး Celebrity တွေ မွေးလေ့ ရှိပါတယ်။ (၂) Toy Poodle Poodle အမျိုးအစားထဲမှာမှ ထပ်သေးတဲ့ ဒီလိုအကောင်လေးတွေကလည်း အသည်းယားစရာတွေပါ။ တက်ကြွတယ်၊ သစ္စာရှိပြီး ဉာဏ်ကောင်းတာကြောင့် ပြင်သစ်မှာဆို ၁၅၀၀ ခုနှစ်လောက်တည်းက လူကြိုက်များပါတယ်။ (၃) Pug Pug ဟာ ခွေးဘီလူး အမျိုးအစားထဲပါပြီး လက်တင်ဘာသာစကားအရ “လက်သီး” လို့ အဓိပ္ပာယ် ရပါတယ်။ သူတို့ရဲ့မျက်နှာလေးက လူတွေရဲ့လက်သီးဆုပ် ပုံစံပါပဲတဲ့။ သူတို့ဟာ သခင်အပေါ် သစ္စာရှိပြီး သင်ကြားရ လွယ်ကူပါတယ်။ (၄) Maltes သူတို့တွေကတော့ ချစ်စရာကောင်းလို့ အရုပ်အမျိုးအစားထဲတောင် ပါပါတယ်။ အမွှေးတွေက ထူပြီး အောက်ခြေထိတောင် ကျနေပါသတဲ့။ အမွှေးလည်း သိပ်မကျွတ်တာကြောင့် ခွေးမွှေးနဲ့ Allergy (ဓာတ်မတည့်မှု) ရှိတဲ့သူတွေ အတွက် အဆင်ပြေတာပေါ့။ (၅) Yorkshire Terrier အင်္ဂလန်နိုင်ငံ Yorkshire ဒေသမှာ ကြီးပြင်းခဲ့တဲ့ ဒီခွေးအမျိုးအစားက ဉာဏ်ကောင်း၊ သစ္စာရှိပြီး ရဲရင့်ပါတယ်တဲ့။ အအေးဒဏ်ကို သိပ်မခံနိုင်သလို နွေးထွေးတဲ့ ရာသီဥတုကို သဘောကျပါတယ်။ (၆) Pomeranian ဒီလို ပွလုံးလုံးကောင်လေးတွေက ချစ်စရာကောင်းပေမယ့် ရန်လိုတတ်ပါတယ်။ ဒါ့အပြင် သေးငယ်တာကြောင့် ကြမ်းကြမ်းတမ်းတမ်း ဆော့တတ်တဲ့ ကလေးတွေနဲ့တော့ သိပ်အဆင်မပြေလောက်ဘူးလို့ သိရပါတယ်။ (၇) Chihuahua စုတ်ချွန်းချွန်းနဲ့ အသံကျယ်တဲ့ ဒီလိုခွေးလေးကို ချစ်တဲ့သူတွေရှိကြမှာပါ။ မက္ကဆီကိုက ဖွံ့ဖြိုးလာတာ ဖြစ်ပြီး အခုနောက်ပိုင်းမှာ တအားကို နာမည်ကြီးလာတဲ့ အကောင်လေးတွေပေါ့။ ဉာဏ်ကောင်းပြီး သွက်တာကြောင့် နာမည်ကြီး Celebrity တွေ မွေးလေ့ရှိတဲ့ အကောင်လေးပါပဲ။ ကဲ ကမ္ဘာ့အသေးဆုံး ခွေးအမျိုးအစား ၇ မျိုးကို သိရပြီဆိုတော့ သင်လည်း ခွေးချစ်သူ တယောက် ဆိုရင် အခုပဲ ဘယ်လို ခွေးသေးသေးလေးတွေ မွေးမယ်ဆိုတာ သိလောက်ပြီ ထင်ပါတယ်။ The post ကမ္ဘာ့ အသေးဆုံး ခွေး အမျိုးအစား ၇ မျိုး appeared first on ဧရာဝတီ.
Source : https://ift.tt/2O2MZ6d
via IFTTT
No comments:
Post a Comment