Friday, August 3, 2018


“တလကို တကား ရိုက်ရဖို့အတွက် မနည်းကြိုးစားနေရတယ်” လို့ ယွန်းရွှေရည် ဆို မြန်မာ့ရုပ်ရှင်လောကရဲ့ ဗီဒီယိုဈေးကွက် ပျက်လာတာနဲ့အမျှ ရုပ်ရှင်လောကသားတွေလည်း ထိခိုက်မှုများ ရှိလာကြပြီး ဇာတ်ပို့သရုပ်ဆောင် ယွန်းရွှေရည်ကတော့ ဗီဒီယိုဈေးကွက် ပျက်သွားခဲ့တဲ့အတွက် တလကို တကား ရိုက်ရဖို့အတွက် မနည်းကြိုးစားနေရတယ်လို့ ဆိုပါတယ်။ “ကားရိုက်က အခုဆို တလကို တကားပဲ ရိုက်ရတော့တယ်။ အရင်က ဗီဒီယိုရှိတုန်းကဆို အနုပညာရှင် အများစုလည်း အလုပ်လုပ်လို့ရတယ်။ ရုပ်ရှင်ကျတော့ နည်းနည်းလည်း ကန့်သတ်သွားတယ်။ တလမှ တကားဆိုတော့ ကိုယ်တွေတောင်မှ တလတကား ရိုက်ရဖို့အတွက် မနည်း ကြိုးစားနေရတယ်။ ကိုယ်တွေလို မရိုက်ရတဲ့သူတွေလည်း ကိုယ်ချင်းစာပါတယ်။ အရင်ကလောက် ခေတ်မကောင်းတော့ဘူးပေါ့နော်” လို့ ယွန်းရွှေရည်က ပြောပါတယ်။ ဗီဒီယိုဈေးကွက် ပျက်ခဲ့ပြီးနောက် ရုပ်ရှင်ဇာတ်ကားများကို ရုပ်ရှင်ရုံများမှာ တပတ်လျှင် တကားနှုန်းဖြင့် ပြသနေရှိပြီး အဲဒီလို ပြသနေတဲ့အပေါ် သူမရဲ့ အမြင်ကိုလည်း အခုလို ပြောပြခဲ့ပါတယ်။ “ကောင်းတာတော့ ကောင်းပါတယ်။ ဝင်ငွေအနေနဲ့ အရင်တုန်းကဆို ကားတကား ပေါက်ရင် ၃ ပတ် အထိ ဆက်ပြီးတော့ တင်ပေးတယ်။ တကားပြီးတကား တင်တာ ကောင်းတယ်ဆိုတာလည်း ရိုက်ထားတဲ့ ကားတွေက အများကြီးရှိတဲ့အခါ ကျတော့ တချို့ဟာတွေဆို ခေတ်နဲ့မညီဘဲ ဒိတ်အောက်တာတွေ ရှိတယ်။ မြန်မြန်တင်ပေးတော့ ကောင်းတာပေါ့။ အဲဒါကြောင့် ကောင်းတာလည်း ရှိတယ်။ မကောင်းတာလည်း ရှိတယ်” လို့ ယွန်းရွှေရည်က ပြောပါတယ်။ ယွန်းရွှေရည်က ဇာတ်ပို့သရုပ်ဆောင်များထဲမှာ ကားရိုက်များတဲ့ သရုပ်ဆောင် တယောက် ဖြစ်ပြီး အခုလိုကားရိုက်နည်းသွားတဲ့အခါမှာတော့ တခြားသူများကိုလည်း ကိုယ်ချင်းစာတယ်လို့ ပြောပါတယ်။ အွန်လိုင်းပေါ်မှာ ရုပ်ရှင်ကားများ ပေါက်ကြားခြင်းဟာလည်း ထုတ်လုပ်သူများ နစ်နာတဲ့အတွက် သူမတို့ ရှေ့ဆက်ရမယ့် အနုပညာလမ်းကြောင်းကို အများကြီးထိခိုက်တယ်လို့ ယွန်းရွှေရည်က ပြောပါတယ်။ ယွန်းရွှေရည်ကတော့ ဇာတ်ပို့သရုပ်ဆောင်အနေနဲ့ ပရိသတ်ရဲ့ လက်ခံအားပေးမှုကို ရရှိခဲ့တဲ့ သရုပ်ဆောင်တယောက် ဖြစ်ပြီး ဗီဒီယိုကားများခေတ်ကောင်းခဲ့စဉ်က ကားတော်တော်များများမှာ တွေ့မြင်ရတဲ့သူ တယောက် ဖြစ်ပါတယ်။ ဒါ့အပြင့် ယွန်းရွှေရည်က ခေါင်းဆောင် မင်းသမီး အနေနဲ့လည်း ဇာတ်ကားများကို ရိုက်ကူးခဲ့ရသူ တဦးလည်း ဖြစ်ပါတယ်။ The post “တလကို တကား ရိုက်ရဖို့အတွက် မနည်းကြိုးစားနေရတယ်” လို့ ယွန်းရွှေရည် ဆို appeared first on ဧရာဝတီ.
Source : https://ift.tt/2KkWQlv
via IFTTT

No comments:

Post a Comment