Saturday, August 18, 2018


ပိတ်ရက်မှာ လွယ်လွယ်ကူကူ “ကိုရီးယားစတိုင် အမဲသားဟော့ပေါ့” ချက်စားကြမယ် ပိတ်ရက်တွေမှာ မိသားစု၊ သူငယ်ချင်း အပေါင်းအသင်းတွေနဲ့ စုပြီးစားဖြစ်မယ်ဆို ဘယ်လိုဆိုင်မျိုးရွေးလေ့ရှိလဲ။ အခုနောက်ပိုင်း ဘယ်နေရာကြည့်လိုက ်ကြည့်လိုက် ဟော့ပေါ့ဆိုင်တွေ တွေ့ရသလို ဆိုရှယ်မီဒီယာတွေကနေ လည်း “တယောက် အဝစား ဘယ်လောက်၊ အချိန်အကန့်အသတ် မရှိ” စတာတွေနဲ့ ဆွဲဆောင်လာကြပါတယ်။ သူငယ်ချင်းတွေ စုံပြီဆိုရင် “ဟော့ပေါ့သွားစာကြမယ်” ဆိုတဲ့အထိ ဟော့ပေါ့စားသုံးမှု ယဉ်ကျေးမှု ထွန်းကားလာသလို ဟော့ပေါ့စတိုင်တွေကလည်း တဆိုင်နဲ့ တဆိုင် နည်းနည်းတော့ ကွဲပါတယ်။ ဒီတပတ် ဟော့ပေါ့ကြိုက်သူတွေ သဘောကျမယ့် “ဟော့ပေါ့ချက်နည်း” ပြောပြချင်ပါတယ်။ အခု ပြောပြပေးမယ့် ဟော့ပေါ့ချက်နည်းကတော့ ကိုရီးယားစတိုင် အမဲသား ဟော့ပေါ့ပါ။ အမဲသားမစားဘူး ဆိုရင် တခြားအသား အစားထိုးသုံးနိုင်ပါတယ်။ အမဲသားဟော့ပေါ့ ချက်တဲ့အခါ ကင်မ်ချီလုပ်တဲ့ မုန်ညင်းအဖြူကို အချိုဓာတ်အတွက် အဓိကထား သုံးကြပါတယ်။ လိုအပ်တဲ့ ပစ္စည်းတွေကတော့– မုန်ညင်းဖြူ မှို (ကြိုက်နှစ်သက်ရာ ၃ ၊ ၄ မျိုးလောက်ထည့်ပါ) ကြက်သွန်မြိတ် မုန်လာဥနီ နှမ်းရွက် ပဲကြာဆံ (ရေစိမ်ထားပါ) အမဲသား (တခြားအသားလည်း သုံးနိုင်ပါတယ်) ကြက်သွန်ဖြူ ပဲငံပြာရည် ငံပြာရည် Corn syrup နှမ်းဆီ ငရုပ်ကောင်းမှုန့် တို့လိုအပ်ပါတယ်။ အရင်းဆုံး ဟော့ပေါ့မချက်ခင် ထည့်မယ့်အချိုရည်ကို အရင်တည်ပါမယ်။ အရွယ်တော်အိုးကို မီးဖိုပေါ်တင်ပါ။ အိုးပူလာပြီဆိုရင် “Anchovy” လို့ခေါ်တဲ့ ငါးလေးခြောက်တွေကိုထည့်ပြီး နည်းနည်းလှော်လိုက်ပါ။ ပြီးရင် အိုး တဝက်လောက် ရေထည့်ပြီး ကြက်သွန်မြိတ်အောက်ခြေက အမြစ်တခု၊ shiitake မှိုခြောက် ၂ ခုတို့ကို ထည့်ပြီး ပွက်ပွက်ဆူလာတဲ့အထိ တည်ထားပါ။ အရည်တည်နေတုန်းမှာ ဟော့ပေါ့အတွက် ပြင်ပါမယ်။ အသားကို အရင်ဆုံး အရသာသွင်းပါမယ်။ အမဲသား လွှာအထဲကို ထောင်းထားတဲ့ ကြက်သွန်ဖြူအနည်းငယ်၊ ပဲငံပြာရည်၊ ငံပြာရည်၊ နှမ်းဆီနဲ့ အချိုအတွက် “Corn syrup” အနည်းငယ် ထည့်နယ်ပေးပါ။ ပြီးရင် ဘေးမှာ ခဏ ဖယ်ထားပါ။ ဟော့ပေါ့ချက်ဖို့ အဝိုင်းစောက်နက်တဲ့ ဒယ်အိုးတလုံးယူပါ။ ပတ်ပတ်လည်မှာ မှိုအမျိုးမျိုး၊ မုန်ညင်းဖြူ၊ မုန်လာဥ နီ၊ ကြက်သွန်မြိတ်၊ နှမ်းရွက် နဲ့ ရေစိမ်ထားတဲ့ ပဲကြာဆံတွေကို စီပြီးတင်ထားပါ။ ပြီးရင် နှပ်ထားတဲ့အသားကို အလယ်မှာ တင်လိုက်ပါ။ အားလုံးပြင်ဆင်ပြီးပြီဆိုရင် အချိုရည်တည်ထားတဲ့အိုးလဲ ပွက်ပွက်ဆူလို့ ချလို့ရပါပြီ။ အိုးထဲက အရည်ပဲ ယူမှာမို့ အဖတ်တွေကို စစ်ထုတ်လိုက်ပါ။ ကျန်တဲ့အရည်ကို ပြင်ဆင်ထားတဲ့ ဟော့ပေါ့အိုးထဲလောင်းထဲပြီး တွဲဖက်စားဖို့ အချဉ်ရည် ပြင်ဆင်ရပါ့မယ်။ အချဉ်ရည်အတွက် ဝါးစားဘိ (wasabi) ၊ ပဲငံပြာရည်၊ ရှာလကာရည်တို့ ရောလိုက်ရင် ရပါပြီ။ အစပ်ကြိုက်တဲ့သူတွေကတော့ ဟော့ပေါ့အိုးထဲ ငရုပ်နှစ်ထည့်စားကြပါတယ်။ ပွက်ပွက်ဆူလာတာနဲ့ အသားတွေ၊ အရွက်တွေ နူးအိပြီး တလုပ်စားလိုက်တိုင်း အရသာရှိမယ့် ကိုရီးယားစတိုင် အမဲသား ဟော့ပေါ့ ရပါပြီ။ တချို့ကလည်း ဟော့ပေါ့ထဲကို ခေါက်ဆွဲခြောက် ထည့်စားကြပါတယ်။ Ref: Kimi The post ပိတ်ရက်မှာ လွယ်လွယ်ကူကူ “ကိုရီးယားစတိုင် အမဲသားဟော့ပေါ့” ချက်စားကြမယ် appeared first on ဧရာဝတီ.
Source : https://ift.tt/2OP4vLR
via IFTTT

No comments:

Post a Comment