Saturday, August 18, 2018


NSCN –K နာဂအဖွဲ့ အတွင်း ဥက္ကဋ္ဌကို ဖြုတ်ကာ ခေါင်းဆောင်အပြောင်းအလဲလုပ် နာဂ အမျိုးသား ဆိုရှယ်လစ် ကောင်စီ-ကပ္ပလန်(NSCN-K)၏ လက်ရှိ ဥက္ကဌဖြစ်သူ ဦးခါးငေါ်ကို တာဝန်မကျေသည့် အတွက်ဆိုကာ ရာထူးက ထုတ်ပယ်လိုက်ပြီး ယာယီဥက္ကဌအဖြစ် ဦးယုံးအောင် (Yung Aung)ကို ယမန်နေ့က တင်မြောက်လိုက်သည်။ NSCN-K ၏ ဗဟိုဌာနချုပ်တည်ရှိရာ နမ်းယွန်းမြို့နယ်ရှိ တံခါးစခန်းတွင် သြဂုတ်လ ၁၅ရက်နေ့မှ ၁၇ ရက်နေ့အထိ ခေါင်း ဆောင်ပိုင်း အစည်းအဝေး ပြုလုပ်ပြီး ဦးခါးငေါ်ကို ဥက္ကဋ္ဌ အဖြစ်မှ ထုတ်ပယ် ကာ ဦးယုံးအောင်(Yung Aung)အား ယာယီ ဥက္ကဋ္ဌအဖြစ် ကျမ်းသစ္စာကျိန်ဆို၍ တင်မြှောက်လိုက် ခြင်းဖြစ်ကြောင်း NSCN-K မှ ဗဟိုကော်မတီဝင် ဦးကျော်ဝမ်းစိန် က ဧရာဝတီသို့ ပြောသည်။ “ကျနော်တို့ အစည်းအဝေး ထိုင်ပြီး ဥက္ကဌကို NSCN –K ကနေ ပယ်ထုတ်လိုက်တာ။ ပါတီကနေရော၊ လုပ်ငန်းထဲကနေ ရော ထုတ်ပယ်လိုက်တယ်။ သြဂုတ် ၁၅ ၊ ၁၆၊ ၁၇ ဒီ ၃ ရက်အတွင်းမှာ ကျနော်တို့ အဖွဲ့အစည်း အားလုံး အစည်းအဝေး ထိုင်ပြီးတော့မှ ကက်ဘိနက် ဝန်ကြီးတွေ အားလုံး ဆုံးဖြတ်ချက် တခုကို ချတယ်။ NSCN ဘက်ကနေရော၊ သူ့သမ္မတ ရာထူး တာဝန်ရော ထုတ်ပယ်လိုက်တယ်”ဟု ၎င်းက ပြောသည်။ ဦးခါးငေါ်အား ရာထူးမှ ဖယ်ရှားရခြင်းမှာ ဥက္ကဌ တာဝန်ကို ၁ နှစ်ကျော် ယူလာသည့်တိုင် အဖွဲ့ အစည်းကို ဦးမ ဆောင်နိုင် ခြင်း၊ တဦးတယောက်တည်း စနစ်ကို ကျင့်သုံးနေခြင်း၊ ဒုဥက္ကဌနှင့် အတွင်းရေးမှူး ခန့်အပ်မှု မရှိခြင်း၊ လူထုနှင့် ကင်းကွာ လာခြင်း၊ NSCN-K အစိုးရဝန်ကြီးဌာနများကို လမ်းညွန်မှု မပေးနိုင်ခြင်း စသည့် အခြေအနေများကြောင့် ဖြစ်ကြောင်း NSCN-K ၏ ဗဟိုကော်မတီဝင်လည်းဖြစ် သာသနာရေးဝန်ကြီးလည်းဖြစ်သူ ဦးကျော်ဝမ်းစိန်က ရှင်းပြသည်။ ဦးခါးငေါ်နေရာမှာ အစားထိုး ခန့်အပ်ခြင်းခံရသည့် ဦးယုံးအောင်(Young Aung)သည် NSCN-K မှ ကာကွယ်ရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီး တာဝန်ကို ရယူထားသူ ဖြစ်ပြီး၊ NSCN-K ဥက္ကဌ တာဝန်နှင့် NSCN-K အစိုးရအဖွဲ့ သမ္မတ တာဝန်ကို သြဂုတ် ၁၇ ရက်မှ စတင်၍ တာဝန်ယူ ဆောင်ရွက်သွားမည် ဟု သိရသည်။ ထုတ်ပယ်ခံလိုက်ရသော ဦးခါးငေါ်သည် ၂၀၁၇ ခုနှစ်၊ဇွန်လက ကွယ်လွန်သွားသည့် NSCN-K ဥက္ကဌ ဦးကပ္ပလန် နေရာမှာ တာဝန်ယူရန် ၂၀၁၇ ခုနှစ်၊ဇွန် ၂၀ ရက်တွင် ခန့်အပ်ခြင်း ခံခဲ့ရသူ ဖြစ်သည်။ “သူ တာဝန်ယူတာ ၁ နှစ်နဲ့မှ ၄ လရှိပြီ၊ အဲဒီ အတောအတွင်း ဘာမှ မဆောင်ရွက်နိုင်ဘဲ တယောက် တည်း သွားနေတဲ့ အခါကျတော့ ကျနော်တို့ NSCN အဖွဲ့အတွင်းမှာ တော်တော်လေး ဖရိုဖရဲဖြစ် သွားတာပေါ့။ လုပ်ငန်း လစ်ဟင်တာပေါ့နော်။ ဝန်ကြီးဌာန အသီးသီးမှာလည်း သူက လမ်းညွန်မှု မရှိတော့ဘူး။ ဒါတွေပါတယ်။ ဒီလိုဖြစ်သွားခြင်း အားဖြင့် ပြည်သူလူထုနဲ့ လည်း ကျနော်တို့က အဆက်စပ် မရှိဘူး၊ လူထုနဲ့ ဆွေးနွေးတိုင်ပင် လုပ်ငန်းဆိုင်ရာမှာ လည်း တော်တော်လည်း အားနည်းချက်ဖြစ်သွားတယ်”ဟု ဦးကျော်ဝမ်းစိန်က ဆက်ပြောသည်။ ဥက္ကဌရာထူးမှ ဖြုတ်ချခံရသည့် ဦးခါးငေါ်မှာ ယခုနှစ် ဇူလိုင် လကုန်ပိုင်း၌ တပ်မတော် အနောက် မြောက် တိုင်းစစ်ဌာနချုပ် တိုင်းမှူးမှ နေ၍ တာဂါဒေသမှာဘဲ နေထိုင်ရန် နယ်မြေကန့်သတ်မှုများ ခံခဲ့ရသူ ဖြစ်သလို၊ တပ်မတော်နှင့် တင်းမာမှု တချို့ ကြောင့် စစ်ကိုင်းတိုင်းဒေသကြီး လဟယ်မြို့နယ် အတွင်းရှိ မြန်မာ-အိန္ဒိယ နယ်စပ် NSCN-K စခန်းတခု နောက်ဆုတ်ပေး လိုက်ရသည့် အခြေအနေ များလည်း ရှိခဲ့သည်။ ထို့နောက် ယခုကဲ့သို့ ဦးခမ်းငေါ်ကို NSCN-K က ဥက္ကဌတာဝန်ကနေ ထုတ်ပယ် လိုက်သည့် အခြေအနေများ ပေါ်ပေါက် လာခဲ့ခြင်းဖြစ်သည်။ ထိုသို့ ဦးခါးငေါ် အား NSCN-K ဥက္ကဌ တာဝန်ကနေ ထုတ်ပယ်ခံလိုက်ရသည့်အတွက် NSCN-K ၏ ငြိမ်းချမ်းရေးလုပ်ငန်း စဉ် အပြောင်းအလဲ ရှိ၊ မရှိဆိုသည့်အပေါ် ဦးကျော်ဝမ်းစိန်က မြန်မာနိုင်ငံတော် အစိုးရနှင့် ငြိမ်းချမ်းရေးကို ဆက်လက် ထားရှိမည်ဖြစ်ပြီး NCA ထိုးရေးကိစ္စမှာတော့ အဖွဲ့အစည်း အတွင်း အကျေအလည် ဆွေးနွေးရန် လိုအပ်ကြောင်း ဆိုသည်။ “NCA လက်မှတ်ထိုးရမယ့်ဆိုတဲ့ ကိစ္စမှာက ကျနော်တို့အတွင်းထဲမှာ တော်တော် ကျယ်ကျယ်ပြန့်ပြန့် ဆွေးနွေးပြီးမှပဲ အကောင်အထည်တခု ဖော်လို့ရမှာပေါ့။ ကျယ်ကျယ်ပြန့်ပြန့် ဆွေးနွေးတဲ့ ကိစ္စက လည်း ကျနော်တို့ နာဂဒေသအတွက် အကျိုးရှိမယ့် အချက်တွေ ယူရမှာ ပေါ့နော်။ ယူပြီးမှ အစိုးရနဲ့ တိုင်ပင်မယ်၊ ဆွေးနွေးမယ်။ အဲမှာ အစိုးရကလက်ခံ နိုင်တဲ့ အတိုင်းအတာလား၊ လက်မခံနိုင်ဘူးလား ပေါ့။ ဆို တော့ လက်မှတ်ထိုးလို့ရသလား မရဘူးလားပေါ့။ စသဖြင့်ပေါ့ ဒီလိုတော့ အခြေခံမှာပေါ့”ဟု ၎င်းက ပြောသည်။ NSCN-K သည် ၂၀၁၂ ခုနှစ်က တိုင်းဒေသကြီးအဆင့် အပစ်အခတ် ရပ်စဲရေး စာချုပ်ကို လက်မှတ်ထိုးထား သော နာဂ လက်နက်ကိုင်အဖွဲ့ဖြစ်ပြီး အစိုးရက တနိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူ စာချုပ် (NCA)ထိုးရန် ကမ်းလှမ်းခံထားရသည့် အဖွဲ့ဖြစ်သည်။ သို့သော် NSCN-K က အိန္ဒိယ-မြန်မာ ၂ နိုင်ငံစလုံးရှိ နာဂလူမျိုးများ အားလုံး ပူးပေါင်းနိုင်ရေး အတွက် အဓိကထား လုပ်ဆောင်နေခြင်းကြောင့် NCA ထိုးရန် အခက်အခဲများ ဖြစ်နေကြောင်း သိရသည်။ ဆက္စပ္ဖတ္ရႈ႕ရန္ – NSCN-K ဥက္ကဋ္ဌ ကို နယ်မြေ ကန့်သတ်ထား NSCN-K အပေါ် ဖိအား ဘယ်က လာသလဲ The post NSCN –K နာဂအဖွဲ့ အတွင်း ဥက္ကဋ္ဌကို ဖြုတ်ကာ ခေါင်းဆောင်အပြောင်းအလဲလုပ် appeared first on ဧရာဝတီ.
Source : https://ift.tt/2Mukamd
via IFTTT

No comments:

Post a Comment