ဦးကိုနီအမှု တရားခွင်အတွင်း အချေအတင်ဖြစ် ဦးကိုနီလုပ်ကြံခံရမှုတွင် ဖမ်းဆီးထားသူ အောင်ဝင်းဇော်အား သြဂုတ် ၂ ရက် ရုံးချိန်း တရားခွင်အတွင်း စစ်ဆေးစဉ် တရားလို ရှေ့နေများနှင့် ဖမ်းဆီး ခံထားရသူများကြား စကား အချေအတင်များမှု ဖြစ်ပွားသည်။ အောင်ဝင်းဇော်အား စစ်မေးစဉ် တရားလိုရှေ့နေ ဦးနေလက နယ်က လာခဲ့သည့် ကြည်လင်းအား တောသား (ကျေးရွာ မှာ နေသူ) ဟု နာမ်စား သုံးနှုန်းမှုအပေါ် ဖမ်းဆီး ခံထားရသူများက လှောင်ရယ်သည့် ပုံစံ ပြန်လည် ပြုလုပ် ခဲ့ရာမှ စတင်ကာ အချေအတင် ဖြစ်ခဲ့ကြောင်း တရားလို ရှေ့နေ ဦးရောဘတ်ဆန်းအောင်က ပြောသည်။ ဦးရောဘတ်ဆန်းအောင်က “ ရဲလက်စွဲအပိုင် ၁၃၈၊ အပုဒ်ခွဲ ၉ အရ ကြမ်းတမ်းတဲ့ တရားခံ၊ ဘယ်တရားခံကိုမဆို သံခြေ ကျင်း ပါ ခတ်ခွင့်ရှိတယ်၊ အဲ့ဒီအတိုင်း ဆက်လုပ်ပါလို့ပြောတာကို ကျနော်တို့ကို ဥပဒေသမားတွေဖြစ်ပြီး ပေါက်လွှတ်ပဲစား ပြောတယ်ဆိုပြီး ပြန်တုံ့ပြန်တာ၊ ရုံးမှာ လုံခြုံရေးအားနည်းနေတယ်၊ တရားခွင်ထဲမှာ တစုံတရာ ဖြစ်သွားရင် မကောင်းတဲ့ အနေအထားပါ”ဟု ရှင်းပြသည်။ တရားခွင်အတွင်း အချေအတင်ဖြစ်မှုများအပေါ် ထိန်းချုပ်ရန် တရားလိုရှေ့နေများ၏ ပြောဆိုမှုအပေါ် ဖမ်းဆီးခံထားရ သူ ဇေယျာဖြိုးက နေရာမှ မတ်တတ် ထရပ်ကာ ပြန်လှန်ပြောဆိုခဲ့ခြင်း ဖြစ်ကြောင်းလည်း သိရသည်။ ဇေယျာဖြိုးက “ဥပဒေသမားတွေဖြစ်ပြီး ဥပဒေမဲ့ ပေါက်လွှတ်ပဲစားပြောလို့ ပြောတာဗျ၊ ဥပဒေသမားတွေဖြစ်ပြီး အခုချိန် ထိ ပါးစပ်က အာချောင်နေကြတုန်းပဲ၊ သူတို့ပြောတာမှန်သမျှ ကျနော့်မှာ မှတ်တမ်းရှိတယ်၊ တချိန်မှာ ဒါတွေက ဥပဒေ အရ ရင်ဆိုင်သွားရမယ့် ကိစ္စတွေပါ”ဟု တရားရုံးက အပြန်တွင် ပြောဆိုသည်။ ယနေ့ရုံးချိန်းတွင် အောင်ဝင်းဇော်အား တရားလိုဘက်က ရှေ့နေ ဦးနေလနှင့် ဖမ်းဆီးခံထားရသူများ ဘက်က ကြည်လင်း ၏ ရှေ့နေ ဦးကျော်ကျော်ထိုက် တို့က မေးမြန်းခဲ့ကြခြင်းဖြစ်သည်။ ဦးနေလက “လေဆိပ် CCTV မှတ်တမ်းတွေအရ ဒီနေ့စစ်ဆေးချက်တွေမှာ အောင်ဝင်းဇော်ဟာ ဦးကိုနီ ပြန်ထွက် အလာ ကို စောင့်ကြည့်ခဲ့တယ်ဆိုတာ ပေါ်လွင်လာတယ်၊ ဦးကိုနီ ထွက်လာတာနဲ့ သူပြန်ထွက်သွားတာ အချိန်က သိပ် မကွာဘူး၊ ဒီနေ့ ပေါ်ပေါက်ချက်တွေက အမှုရဲ့ အသက်တွေပဲ၊ အဓိက အချက်တချက်ပါပဲ”ဟု ပြောသည်။ တရားခွင်အတွင်း စစ်မေးစဉ် တရားခံပြေး ကြေညာထားသည့် အောင်ဝင်းခိုင် မည်သည့်နေရာ ရောက်သည်ကို ၎င်း အနေဖြင့် လတ်တလော မသိရှိကြောင်းကိုလည်း အောင်ဝင်းဇော်က ထွက်ဆိုထားကြောင်း သိရသည်။ ဖမ်းဆီး ခံထားရသူများဘက်က မေးမြန်းမှုများတွင် အောင်ဝင်းဇော်အား ဖမ်းဆီးပြီးနောက် ၃ ရက်ခန့် ဖမ်းဆီးထားကာ တရား ရုံးမတင်သည့် အခြေအနေများအား အဓိကထား စစ်ဆေး မေးမြန်းခဲ့ကြောင်း ကြည်လင်း၏ ရှေ့နေ ဦးကျော်ကျော် ထိုက် က ပြောသည်။ ဦးကျော်ကျော်ထိုက်က“ရဲစွဲချက်မှာ သူ့ကိုဖမ်းဆီးပြီး ၄ ရက်မြောက်နေ့မှ ချုပ်ရမန် ပြထားတယ်၊ ၃ ရက်ကျော် ချုပ် နှောင် ခွင့်က ဘယ်သူ့လက်ထဲမှာလဲ၊ ဘယ်သူ့ခံစားခွင့်လဲ၊ ဒါကို ဖော်ထုတ်မေးမြန်းခဲ့တယ်၊ မည်သူကိုမဆို ၂၄ ရက် ထက် ပိုပြီး ဖမ်းဆီးချုပ်နှောင်ခွင့် မရှိဘူး၊ ဥပဒေမှာ”ဟု ပြောဆိုသည်။ အမှုတွင် ကြည်လင်း၊ အောင်ဝင်းဇော်၊ ဇေယျာဖြိုးနှင့် အောင်ဝင်းထွန်းတို့အား စွဲချက်တင်ထားသည့် ပုဒ်မများနှင့် ပတ် သက် ၍ နေပြည်တော်ရှိ ပြည်ထောင်စု တရားလွှတ်တော်ချုပ်ထံ စွဲချက်ပြင်ဆင်မှုအယူခံ တင်ထားမှုအား လက်ခံသင့်/ မသင့်ကို လာမည့် သြဂုတ် ၂၂ ရက်နေ့တွင် ကြားနာမည်ဖြစ်ကြောင်းလည်း ဇေယျာဖြိုးက ပြောခဲ့သည်။ တရားလွှတ်တော်ရှေ့နေ ဦးကိုနီသည် ၂၀၁၇ ခုနှစ် ဇန်နဝါရီ ၂၉ ရက်နေ့က ပြည်ထောင်စုဝန်ကြီး တချို့နှင့်အတူ ပြည်ပ ခရီးစဉ်တခုမှ ပြန်လည်ရောက်ရှိစဉ် ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်ရှေ့၌ ကြည်လင်း၏ ပစ်ခတ် လုပ်ကြံ ခံရခြင်း ဖြစ်သည်။ လုပ်ကြံမှုနှင့်ပတ်သက်ပြီး တိုင်းတရားလွှတ်တော်က နောက်ဆုံးအတည်ပြုထားသည့် စွဲချက်များအရ ကြည်လင်းနှင့် အောင်ဝင်းဇော်တို့အား အမြင့်ဆုံးပြစ်ဒဏ် သေဒဏ်အထိချမှတ်နိုင်သည့် ပုဒ်မ ၃၀၂(၁)(ခ)/၃၄ဖြင့် စွဲချက်တင်ထားပြီး ဇေယျာဖြိုးအား ပုဒ်မ ၃၀၂(၁)(ခ)/၁၀၉ ဖြင့် စွဲချက်တင်ထားသည်။ လေဆိပ်အငှားယာဉ်မောင်း ဦးနေဝင်းသေဆုံးမှုတွင် ကြည်လင်းအား ပုဒ်မ ၃၀၂(၂)ဖြင့်လည်းကောင်း၊ လုပ်ကြံရာတွင် အသုံးပြုခဲ့သည့် လက်နက်နှင့်ပတ်သက်၍ လက်နက်ဥပဒေပုဒ်မ ၁၉(ဃ)၊ ၁၉(စ) ဖြင့်လည်းကောင်း သီးခြား စွဲချက် တင် ထားသည်။ အမှုတွင် အောင်ဝင်းဇော်နှင့်အတူ ဖမ်းဆီးရမိခဲ့သည့် အောင်ဝင်းထွန်းကိုမူ ပုဒ်မ ၂၀၂ ဖြင့်စွဲချက်တင်ထားပြီး အာမခံ ပေး ထားသည်။ The post ဦးကိုနီအမှု တရားခွင်အတွင်း အချေအတင်ဖြစ် appeared first on ဧရာဝတီ.
Source : https://ift.tt/2O5gog1
via IFTTT
No comments:
Post a Comment