Wednesday, August 15, 2018


မန္တလေး လူငယ်သင်တန်းကျောင်းသို့ ခိုးမှုဖြင့် ရောက်လာသူ အများဆုံး ဖြစ်နေ မန္တလေးမြို့ရှိ လူငယ်သင်တန်းကျောင်းသို့ ပြစ်မှုများဖြင့် ရောက်ရှိလာသည့် သင်တန်းသားများတွင် ခိုးမှုဖြင့် ရောက်လာသူ မှာ အများဆုံး ဖြစ်နေကြောင်း သိရသည်။ လူငယ် သင်တန်းကျောင်း၊ ကျောင်းအုပ်ကြီး ဦးနေအောင်ကျော်က “ဒီသင်တန်းကျောင်းကို ရောက်တာ အများဆုံးက ခိုးမှု ကြောင့်ပါ။ ကျောင်းကိုရောက်လာပြီဆိုရင် သူတို့ကို သက်မွေးဝမ်း ကျောင်းပညာတွေ သင်ပေးတယ်။ အသိပညာပေး ဟောပြောပွဲတွေ လုပ်ပေးတယ်။ သူတို့တွေရဲ့အကျင့် စာရိတ္တပိုင်း ကောင်းမွန်လာပြီး လူတော်လူကောင်းတွေ ဖြစ်အောင် အဓိက ထားပြီး ပြုပြင်ပေး နေပါတယ်” ဟု ဧရာဝတီကို ပြောဆိုသည်။ မန္တလေးတိုင်း ဒေသကြီး လွှတ်တော် ချမ်းမြသာစည် မဲဆန္ဒနယ် အမှတ် ၁ ကိုယ်စားလှယ် ဦးတင်အောင် ကလည်း “အခုလို ကလေးတွေ ခိုးမှုတွေ ကျူးလွန်နေကြတာ များလာတာဟာ အနာဂတ် နိုင်ငံနဲ့ လူမျိုးအတွက် မကောင်းတဲ့ လက္ခ ဏာတွေပဲ ဖြစ်တယ်။ ဒီကိစ္စတွေနဲ့ ပတ်သက်ပြီးတော့ လူငယ်နဲ့ ပတ်သက်တဲ့ စီမံချက်တွေကို သီးသန့် ရေးဆွဲပြီးတော့ လုပ်သင့်တယ်။ နိုင်ငံအတွက် တော်တော်ကြီးတဲ့ ပြဿနာတခု ဖြစ်တယ်။ ပေါ့ပေါ့လေးနေလို့ မရတဲ့ အခြေအနေ တခု ဖြစ်တယ်” ဟု ၎င်းက ပြောသည်။ ဦးတင်အောင်က “စီးပွားရေးက အဆင်မပြေတော့ ခိုးတာတွေ၊ ဖောက်ထွင်းတာတွေကို ကျုးလွန်လာကြတာပဲလို့ မြင်တယ်။ နောက် ကလေး သူငယ်တွေမှာတောင် မူးယစ်ဆေးတွေများ သုံးနေကြသလားလို့ တွေးမိတယ်။ လက်ရှိမှာက မူးယစ်တွေက ၂ ထောင်၊ ၃ ထောင်ကျပ်လောက်နဲ့ ဝယ်လို့ ရနေတယ်လို့ သိရတော့ အဲဒီအတွက်နဲ့များ ခိုးမှုတွေ ကျုးလွန် နေကြသလားလို့ တွေးမိတယ်” ဟု ဆက်လက် ပြောသည်။ မန္တလေးမြို့ရှိ လူငယ် သင်တန်းကျောင်းကို လူမှုဝန်ထမ်း ဦးစီးဌာနမှ ဖွင့်လှစ်ပေးထားခြင်း ဖြစ်ပြီး တရားရုံး အသီးသီးမှ တရား ရင်ဆိုင်၍ ပြစ်မှုနှင့် ရောက်ရှိလာသည့် ကလေးများ အပြင်၊ တရား ရင်ဆိုင်ဆဲ ကလေးများ၊ ကလေးသူငယ်ဥပဒေ ပုဒ်မ ၃၂ (က) အရ စောင့်ရှောက်ရန် လိုအပ်နေသည့် လေလွင့်ကလေးများကိုပါ လက်ခံပေးထားကြောင်း သိရသည်။ အဆိုပါ သင်တန်းကျောင်းတွင် ပြစ်မှု ကျူးလွန်သူ ကလေးဖြစ်ပါက တရားရုံး ဒီဂရီ ချမှတ်ထားသည့် အမိန့်စာဖြင့်လည်းကောင်း၊ စည်ပင် ရဲတပ်ဖွဲ့၊ ကလေး သူငယ်ရဲတပ်ဖွဲ့တို့မှ အပ်နှံသည့် လမ်းဘေး ကလေးများ၊ လေလွင့်ကလေးများကို စာရွက်စာတမ်းများဖြင့် စနစ်တကျ အပ်နံရခြင်းဖြစ်ပြီး ကလေးများကို ထိန်းသိမ်းပြုပြင်ပေးသော သင်တန်းကျောင်းလည်း ဖြစ်သည်။ အဆိုပါ သင်တန်းကျောင်းတွင်၂၀၁၈ ခုနှစ် ဇူလိုင်လ အထိ စာရင်းများ အရ ပုဒ်မ ၃၈၀ (ခိုးမှု) ဖြင့် ၁၀၆ ဦး၊ ပုဒ်မ ၃၇၉ (ဖောက်ထွင်း ခိုးယူမှု) ဖြင့် ၄၆ ဦး၊ ပုဒ်မ ၃၇၆ (မုဒိန်းမှု) ဖြင့် ၃၇ ဦး၊ မူးယစ်ပုဒ်မ ၁၅/၁၆(ဂ)ဖြင့် ၃၆ ဦး၊ ပုဒ်မ၃၀၂ (လူသတ်မှု) ဖြင့် ၁၃ ဦး၊ လမ်းပေါ်နေ ကလေးပုဒ်မ ၃၂ (က) ဖြင့် ၇ ဦး၊ ပုဒ်မ ၆(၁)ဖြင့် ၃ ဦး၊ လဝက အက် ဥပဒေ ပုဒ်မ ၆(၃)နှင့် ၅၈ ဦးနှင့် အခြား ပုဒ်မများဖြင့် ၅၃ ဦး စုစုပေါင်း ၃၅၉ ဦးတွင် ခိုးမှုဖြင့် အများဆုံး ရောက်ရှိလာသည့် ကလေးမှာ ၁၅၂ ဦး အထိ ရှိသည်။ မန္တလေး လူငယ်သင်တန်းကျောင်းတွင် အသက် ၁၅ နှစ်အောက် ယောကျာၤးလေးများကိုသာ စောင့်ရှောက်ပေးထား ပြီး ရောက်ရှိလာသည့် ကလေးသူငယ်များကို အသက်မွေးမှု ပညာရပ်များကို သင်ကြားပေးခြင်း ဖြစ်သည်။ အဆိုပါ လူငယ်သင်တန်း ကျောင်းသည် မန္တလေးမြို့ ၇၃ လမ်း၊ ၁၂ လမ်းထောင့်တွင် တည်ရှိပြီး သင်တန်းကျောင်းဆရာ၊ ဆရာမများက စိတ်ဓာတ်ပြုပြင် မြှင့်တင်ပေးခြင်းနှင့်အတူ အသက်မွေးဝမ်းကျောင်း ပညာများဖြစ်သည့် ကား၊ ဆိုင်ကယ် ဝပ်ရှော့ သင်တန်း၊ ရေဆေး ဆီလိုက် သင်တန်း၊ ပန်းညှပ် သင်တန်း၊ သံဂဟေ သင်တန်း၊ စက်ချုပ် အတတ်ပညာများကိုပါ ဖွင့်လှစ် သင်ကြားပေးကာ ပြင်ပတွင် အလုပ်အကိုင်ရရှိရေး အထိ သင်တန်းကျောင်းမှ ကူညီဆောင်ရွက်ပေးနေကြောင်း သိရသည်။ “တချို့ထင်နေကြတာက လမ်းပေါ်လေလွင့်ကလေးတွေမှ ခိုးတာ ဝှက်တာတွေ လုပ်တယ်လို့ ထင်နေကြတယ်။ မိစုံဖစုံနဲ့ အိမ်ခြေရာခြေ အတည်တကျ ရှိလျက်နဲ့ ခိုးမှုကျူးလွန်တဲ့ ကလေးတွေ ဒီမှာရှိတယ်။ လေ့လာ ဆန်းစစ်ကြည့်ရသလောက် မိဘတွေက ဆုံးမလို့ မနိုင်တဲ့ကလေးတွေပေါ့။ တချို့ ဗီဇပါတာလည်းရှိသလို အဓိကပြောရင် စားဝတ်နေရေးကနေ ဖြစ်ရ တာက ပိုများနေတယ်” ဟု ဦးနေအောင်ကျော်က ဆက်လက် ပြောသည်။ ယခုအခါ မန္တလေးမြို့တွင် ဒုစရိုက်မှု၊ မူးယစ်ဆေးဝါးမှုများ ကျဆင်းရေးနှင့် တရားဥပဒေ စိုးမိုးရေး ထိရောက်စွာ ဆောင်ရွက် နိုင်ရန် သိန်းငှက် စစ်ဆင်ရေးကို ဇွန်လ၂၅ ရက်မှ စတင် ဆောင်ရွက်ခဲ့ရာ မူးယစ်မှုနှင့် ခိုးမှု၊ ဖောက်ထွင်းမှု ကျုးလွန်သူများ အနက် ၁၈ နှစ်မှ ၂၅ နှစ် အတွင်း အရွယ်ကောင်း လူငယ်များကို အများဆုံး ဖမ်းဆီးရမိခဲ့ကြောင်း မန္တလေးတိုင်း ဒေသကြီး ရဲတပ်ဖွဲ့၏ မှတ်တမ်းများ အရ သိရသည်။ ဦးတင်အောင်က “လက်ရှိ သိန်းငှက် စီမံချက် လုပ်လိုက်တဲ့ အခါမှာ ၁၈ နှစ်ကနေ ၂၅ နှစ်အတွင်း အရွယ်ကောင်းတွေကိုပဲ တွေ့နေရတယ်။ အဲဒီကနေ အခြေခံတာပဲ။ နောက်တခုက စီးပွားရေး အဆင်မပြေတာလည်း တပိုင်း ပါတာပေါ့။ နောက်တ ချက်က ကလေး သူငယ်ဆိုင်ရာ မူဝါဒတွေကို တိတိကျကျ ရေးဆွဲရမယ်။ ကလေးသူငယ် မှုခင်းတွေနဲ့ ပတ်သက်ပြီး အချက် အလက်တွေ စုဆောင်း ကောက်ခံရမယ်။ အဲဒီလို ကလေးတွေ မှုခင်းဖြစ်ပွားရခြင်းတွေနဲ့ ပတ်သက်ပြီး ဇစ်မြစ် တွေက အစ သိအောင် အရင် လုပ်သင့်တယ်။ အဲဒီလို သိပြီ ဆိုရင် ဖြေရှင်းဖို့ အဖြေတခု ထွက်လာမယ်လို့တော့ သုံးသပ် မိပါတယ်” ဟု ဆက်လက် ပြောသည်။ သိန်းငှက် စစ်ဆင်ရေး စီမံချက် ကာလကို ရက် ၉၀ အဖြစ် သတ်မှတ်ထားပြီး ယခုအခါ လုံခြုံရေး လှုပ်ရှားမှုများ၊ စစ်ဆေး အရေးယူမှုများ ပိုမို လုပ်ဆောင်လျက် ရှိကြောင်းနှင့် အဆိုပါ လှုပ်ရှားမှုများ အတွက် မန္တလေးခရိုင် အတွင်းရှိ ရဲတပ်ဖွဲ့ဝင် များ သာမက ကျောက်ဆည်၊ ပြင်ဦးလွင် စသည့် ခရိုင်များမှ လုံခြုံရေး ရဲတပ်ဖွဲ့ဝင်များလည်း ပူးပေါင်း ဆောင်ရွက်နေ ကြောင်း သိရသည်။ The post မန္တလေး လူငယ်သင်တန်းကျောင်းသို့ ခိုးမှုဖြင့် ရောက်လာသူ အများဆုံး ဖြစ်နေ appeared first on ဧရာဝတီ.
Source : https://ift.tt/2Besd24
via IFTTT

No comments:

Post a Comment