Wednesday, August 15, 2018


ဖုန်းနဲ့ Windows 10 ကွန်ပျူတာကို ချိတ်ဆက်ပြသပေးမယ့် “Your Phone” App Microsoft ဟာ Windows 10 Insiders အသုံးပြုသူတွေအတွက် “Your Phone” Application ကို ပြီးခဲ့တဲ့လက စတင် စမ်းသပ်ခဲ့ပြီးနောက် ယခုအခါ Windows 10 အသုံးပြုသူတိုင်းအတွက် ထုတ်ပေးလိုက်ပြီ ဖြစ်ပါတယ်။ Windows 10 April 2018 နောက်ဆုံး Update တင်ထားသူတိုင်း Microsoft Store ကနေ “Your Phone” App ကို download ရယူကာ အသုံးပြုရမှာဖြစ်ပါတယ်။ Your Phone ဟာ ကိုယ့်ဖုန်းထဲမှာရှိတဲ့ ဓာတ်ပုံတွေ၊ SMS တွေ၊ ဖုန်း Notifications တွေကို PC ပေါ်မှာ အလွယ်တကူ ကြည့်နိုင်ဖို့အတွက် ထုတ်ပေးထားတဲ့ Application တခု ဖြစ်ပါတယ်။ အခုထွက်ရှိလာတဲ့ အချိန်မှာတော့ ဖုန်းထဲက ဓာတ်ပုံတွေကို ချက်ချင်း ပြန်ကြည့်နိုင်တဲ့ Feature ပဲ ပါဝင်သေးပြီး၊ ကျန် Feature အစုံအလင်ကိုတော့ မကြာခင်ထွက်မယ့် Redstone 5 Update ကျမှ ထည့်ပေးမယ့်ပုံ ပေါ်ပါတယ်။ ဘာပဲပြောပြော Windows 10 feature အသစ်တခုကို အခုပဲ အားလုံးစမ်းသုံးကြည့်နိုင်ပြီ ဆိုတာကတော့ မဆိုးပါဘူး။ လောလောဆယ်တော့ Android ဖုန်းတွေနဲ့ပဲ ချိတ်လို့ရသေးပြီး၊ iPhone နဲ့တော့ မရသေးပါဘူး။ Microsoft ရဲ့ Your Phone app ကို စမ်းသုံးကြည့်ချင်တယ်ဆိုရင် ယခုလင့်ခ် ( https://ift.tt/2OCLDiV ) ကနေ App ကို PC မှာ ရယူပါ။ ထို့နောက် App မှာ မိမိ Android ဖုန်းရဲ့ ဖုန်းနံပါတ်ကို ဖြည့်ပေးလိုက်ပါ။ ဒီအခါ ဖုန်းထဲကို SMS တစောင် ဝင်လာမှာ ဖြစ်ပြီး၊ ပါဝင်တဲ့ Link ကနေ Microsoft Launcher ကို ဖုန်းထဲ Download ရယူရမှာ ဖြစ်ပါတယ်။ ပြီးရင် Microsoft Launcher ကနေ PC မှာ ဝင်ထားတဲ့ Microsoft အကောင့်ကို ဖြည့်ပေးလိုက်တာနဲ့ ချိတ်ဆက် အသုံးပြုနိုင်ပြီ ဖြစ်ပါတယ်။ အသုံးပြုနိုင်ဖို့အတွက် ကိုယ့် PC မှာ Windows 10 နောက်ဆုံး Update တော့ ရှိမှ ရပါမယ်။ Ref: The Verge, Tech Spot The post ဖုန်းနဲ့ Windows 10 ကွန်ပျူတာကို ချိတ်ဆက်ပြသပေးမယ့် “Your Phone” App appeared first on ဧရာဝတီ.
Source : https://ift.tt/2vHKboa
via IFTTT

No comments:

Post a Comment