အသက်ဘေးမှ လွတ်အောင် ဆုတောင်းပေးခဲ့တဲ့ ပရိသတ်တွေကို အမီတာဘဂျမ်း ကျေးဇူးစကားဆို ဘောလိဝုဒ်မင်းသားကြီး အမီတာဘဂျမ်းက ၁၉၈၃ ခုနှစ်တုန်းက “Coolie” ရုပ်ရှင် ရိုက်ကွင်းမှာ အသက် အန္တရာယ်နဲ့ နီးခဲ့တဲ့ ဒဏ်ရာရရှိခဲ့ပြီးတဲ့နောက်မှာ သေကံမရောက် သက်မပျောက်စေဖို့ ဆုတောင်းပေးခဲ့ကြတဲ့ ပရိသတ်တွေကို အခုအထိ မှတ်မှတ်ရရ ကျေးဇူးတင်စကားဆိုလိုက်ပါတယ်။ အသက် ၇၅ နှစ်အရွယ် မင်းသားကြီးရဲ့ ပျော်ရွှင်ဖွယ် ပြန်လည်မွေးဖွားခြင်းနေ့အဖြစ် အဲဒီနေ့အတွက် အမှတ်တရအဖြစ် ကမ္ဘာတဝန်းမှ ပရိသတ်တွေဟာ ဆုတောင်းပေးခဲ့ကြတာဖြစ်ပါတယ်။ “Big B” လို့ ခေါ်တဲ့ မင်းသားကြီးဟာ အသက်လုခဲ့ရတဲ့ အဲဒီအချိန်တုန်းက သူ့အတွက် ဆုတောင်းပေးခဲ့ကြတဲ့ ပရိသတ်တိုင်းကို ကျေးဇူးတင်တဲ့အကြောင်း ဆိုရှယ်မီဒီယာမှာ ဖော်ပြရေးသားခဲ့တာဖြစ်ပါတယ်။ မင်းသားကြီး အမီတာက “Coolie မတော်တဆမှုမှာ ပြန်လည်နလန်ထလာခဲ့တဲ့ ကျနော့်ရဲ့ ဒုတိယ မွေးနေ့ သြဂုတ်လ ၂ ရက်နေ့အတွက် ဆုတောင်းခဲ့ကြသူတွေဆီကို ကျနော့်ရဲ့ ကျေးဇူးတင်စကား ပြန်လည်ပို့သလိုက်ပါတယ်။ ကျနော့်အတွက် မှတ်တမ်းတင်ဂုဏ်ပြုဖို့ ခက်ခဲပေမယ့်အားလုံးကို ကျေးဇူးတင်ပါတယ်။ ခင်ဗျားတို့ရဲ့ ဆုမွန်ကောင်းတွေက ကျနော့်အသက်ကို ကယ်ခဲ့တယ်ဆိုတာ ကျနော် သိပါတယ်” လို့ Twitter မှာ တင်ခဲ့တာဖြစ်ပါတယ်။ ဒါ့အပြင်အဲဒီတုန်းက မတော်တဆဖြစ်ရပ်အကြောင်းကိုလည်း ပြန်လည် ဖော်ပြပြောဆိုခဲ့ပါတယ်။ သူက “ဆက်လက်နေ ထိုင်ဖို့ Coolie မတော်တဆမှုကနေ ပြန်လည်သက်သာလာတဲ့နေ့ဖြစ်တဲ့ သြဂုတ်လ ၂ ရက်နေ့အတွက် ဆုတောင်းမှုတွေနဲ့ ဂုဏ်ပြုပြောဆိုမှုတွေ တော်တော်များများရှိပါတယ်” “သက်ဆိုင်ရာ တန်ခိုးရှင်တွေဆီ ဆုတောင်းပြီး ကျနော့်ရဲ့ ဘဝကို ကယ်တင်ပေးခဲ့ကြတဲ့ သန်းပေါင်း များစွာရှိတဲ့ ဆုတောင်းသူ တွေထံမှာ ကျနော်ပျော်ပျော်ကြီး ခံယူတဲ့ အလေးလံဆုံး အကြွေး ရှိနေပါတယ်။ ပြန်လည်ပေးဆပ်နိုင်ဖို့ အခြေအနေ မပေးသေးပါဘူး” လို့ ရေးသားထားပါတယ်။ ဒါ့အပြင် ဒီနေ့ခေတ်မှာ မီဒီယာတွေရဲ့ လွှမ်းခြုံမှု လုံလုံလောက်လောက်ရှိနေပြီး ဆုတောင်း စကားတွေပြော၊ ကျေးဇူးတင် စကားတွေလည်း ပြောလို့ရနေပါပြီလို့ ပြောဆိုထားပါတယ်။ ဘောလိဝုဒ်ရဲ့ အထင်ကရ မင်းသားကြီးလို့ဆိုကြတဲ့ အမီတာ ဘဂျမ်းဟာ အဲဒီအကြောင်း အသေးစိတ် ပြန်လည် ပြောဆိုဦးမယ်လို့ ဆိုပါတယ်။ သူက “အဲဒီအချိန်တုန်းက ဖြစ်ရပ်တွေအတွက် ရှည်လျားတဲ့သမိုင်းတခုဖြစ်ပါတယ်။ အခုတော့ ဒီနေရာမှာ ဇာတ်ကြောင်း ပြန်ပြောဖို့ မဖြစ်နိုင်သေးပါဘူး။ တနေ့မှာတော့ ပြန်ပြောပြနိုင်လိမ့်မယ်လို့ ကျနော် ကတိပေးပါတယ်” လို့ ရေးသားခဲ့ပါတယ်။ မင်းသားကြီးဟာ အတူတွဲသရုပ်ဆောင်တဲ့ မင်းသား Puneet Issar နဲ့အတူ တိုက်ခိုက်တဲ့ ဇာတ်ဝင်ခန်း ရိုက်ကူးနေစဉ် ဝမ်းဗိုက်ကို မတော်တဆထိုးမိခဲ့တဲ့နောက် ဝမ်းဗိုက်အတွင်းပိုင်း ဒဏ်ရာ ရရှိခဲ့တာ ဖြစ်ပါတယ်။ အဲဒီနောက် မင်းသားကြီးဟာ အသက်ရှုကိရိယာ မတပ်ခင် စက္ကန့် အနည်းငယ်အလိုမှာ သေဆုံးပြီဖြစ်ကြောင်း သတ်မှတ်ခံခဲ့ရပါတယ်။ ခွဲစိတ်ကုသမှုမြောက်များစွာကို ခံယူခဲ့ရပြီးတဲ့နောက်မှာတော့ သြဂုတ်လ ၂ ရက်နေ့မှာ “Big B” ဟာ ကြွက်သားတခုကို လှုပ်ရှားနိုင်ခဲ့ပြီး သူ့အတွက် ဒုတိယမြောက် မွေးနေ့ (အသက်ဘေးမှ လွတ်ကာ ပြန်လည် အသက်ရှင်ခဲ့တဲ့နေ့) တနေ့ ဖြစ်လာခဲ့တာ ဖြစ်ပါတယ်။ လက်ရှိမှာတော့ မင်းသားကြီးဟာ မင်းသား Ranbir Kapoor ၊ မင်းသမီး Alia Bhatt တို့နဲ့အတူ “Brahmastra” ဆိုတဲ့ ရုပ်ရှင်မှာ ပါဝင်သရုပ်ဆောင်နေပါတယ်။ Ref:indiaexpress The post အသက်ဘေးမှ လွတ်အောင် ဆုတောင်းပေးခဲ့တဲ့ ပရိသတ်တွေကို အမီတာဘဂျမ်း ကျေးဇူးစကားဆို appeared first on ဧရာဝတီ.
Source : https://ift.tt/2AIJoZh
via IFTTT
No comments:
Post a Comment