Sunday, August 5, 2018


ရသေ့တောင် နယ်ခြားစောင့် ရဲကင်း ခြိမ်းခြောက် ငွေတောင်းဟုဆို ရခိုင်ပြည်နယ် ရသေ့တောင်မြို့နယ်အတွင်း လောင်းချောင်း နယ်ခြားစောင့် ရဲကင်းစခန်းမှ စခန်းမှူး ဒုရဲအုပ် အောင်ကိုဝင်း နှင့် တပ်ဖွဲ့ဝင်များသည် လယ်ယာလုပ်ငန်းအတွက် ခိုင်းနွားများ ဝယ်လာသည့် ဒေသခံ ကျေးရွာသား ၂ ဦးထံမှ ငွေကျပ် ၄ သိန်း ခြိမ်းခြောက် တောင်းယူခဲ့သည်ဟုဆိုကာ ရွာသား များက သြဂုတ်လ ၄ ရက်နေ့ စစ်တွေမြို့တွင် သတင်းစာရှင်းလင်းပွဲ ပြုလုပ်ခဲ့သည်။ အဆိုပါ နယ်ခြားစောင့်ရဲတပ်ဖွဲ့၏ ခြိမ်းခြောက် ငွေတောင်းခံခဲ့ခြင်းကို ခံခဲ့ရသည်ဆိုသည့် ကျေးရွာ သား ၂ ဦးမှာ ရသေ့ တောင်မြို့နယ် အငူမော်-ကုန်းတန်းကျေးရွာနေ ဦးကျော်ဇောနှင့် အငူမော်ကျေးရွာ နေ ဦးအောင်ဇော်ဝင်းတို့ ဖြစ်ပြီး လယ်ယာလုပ်ငန်းခွင်တွင် သုံးရန်နှင့် တနိုင်မွေးမြူရန် ၎င်းမြို့နယ် အတွင်းရှိ ပတ်ဝန်းကျင်ကျေး ရွာများမှ ခိုင်းနွားဝယ်ယူ လာစဉ် ခြိမ်းခြောက်ပြီး ငွေတောင်းယူခံခဲ့ရ ခြင်း ဖြစ်ကြောင်း ၎င်းတို့က ပြောကြာသည်။ သတင်းစာရှင်းပွဲတွင် ဦးအောင်ဇော်ဝင်းက“လယ်ယာလုပ်ငန်းမှာ သုံးဖို့နဲ့ မွေးဖို့ဆိုပြီး ဝယ်လာတဲ့ နွား တွေကို ကျနော်တို့ ကားလမ်းမ အတိုင်း မောင်းလာပါတယ်။ လောင်းချောင်းရွာ အရောက် လက်ဖက် ရည်ဆိုင်ကနေ စခန်းမှူးက အရပ်ဝတ်နဲ့ ထွက်လာပြီး ဟန့်တား စစ်ဆေးပါတယ်။ သူက ရပ်..ရပ်ဆို တော့ နွားတွေက ချက်ချင်း မရပ်ဘူးလေ။ လယ်ထွန်ဖို့ ဝယ်လာတာပါလို့ ကျနော်တို့က ပြောတယ်။ အဲဒီမှာ စခန်းမှူးက သူ့တပည့်တွေကို ဖုန်းဆက်ခေါ်ပြီး နွားတွေကို စခန်းထဲ မောင်းခိုင်းပါတယ်။ ပြီးတော့ ဒီကောင်တွေကို ခြောက်ပေါက်ထဲ ထည့်လိုက်ကွာ ဆိုပြီး ပြောတော့ တပည့်တွေက ကျနော် တို့ကို ထိပ်တုံးခတ်ပါတယ်” ဟု ပြောသည်။ အဆိုပါ ကျေးရွာသား ၂ ဦးသည် နွားမောင်းရန် အငှားခေါ်လာသည့် ကိုမောင်သန်းလှိုင် ၊ ကိုနီဝင်းချေ ဆိုသူတို့နှင့် ပြီးခဲ့သည့် ဇူလိုင်လ ၂၅ ရက်နေ့က ပတ်ဝန်းကျင် ကျေးရွာများ ဖြစ်ကြသည့် ပန်းဖော်ပြင်၊ ဆင်အိုး၊ အောင်သာယာ၊ ညောင်ပင်လှ ကျေးရွာများမှ ဝယ်ယူလာသည့် နွားကြီး ၊ နွားငယ် စုစုပေါင်း အကောင် ၂၀ ကို ကားလမ်းမအတိုင်း မောင်းလာခဲ့ခြင်းဖြစ်သည်။ သတင်းစာရှင်းလင်းသူ ကိုကျော်ဇောက “ ငွေမပေးရင် ကျနော်တို့ ပြန်မလွတ်တော့ဘူး ။ ညည့်နက် လာလေ သူတို့က ကြမ်းလာပဲ ။ စခန်းမှူး တပည့်တွေက သေနတ်တွေ မောင်းတင်ပြီး မင်းတို့ကို သတ်ပစ်လို့ရတယ်။ ငါတို့ကို ပစ်မိန့် ပေးပြီးသား ဆိုပြီး ခြိမ်းခြောက်တယ်။ ငွေ ၁ သိန်းယူ ပါဆိုတော့ ငါတို့ ဗိုလ်ကြီးက ၁ သိန်းနဲ့ မကျေနပ်ဘူးလို့ ပြောတယ်။ ၂ သိန်းယူပါ ဆိုတော့လည်း ၂ သိန်းနဲ့ လည်း မရဘူးတဲ့ နောက်ဆုံး ၄ သိန်းပဲ ပါတော့တယ်။ ဒီလောက်နဲ့ မရရင်လည်း မတတ်နိုင်ဘူး လုပ်ချင်သလို လုပ်တော့ဆိုတော့ အဲဒီ ၄ သိန်းကို ယူပြီး ကျနော်တို့ကို ပြန်လွတ်ပါတယ် ” ဟု ပြောသည်။ ထိတ်တုံးခတ်ခံပုံကို ၎င်း ရွာသား၂ဦး ကိုယ်တိုင် ဖုန်းဖြင့် ရိုက်ယူလာစဉ် ၎င်းသူတို့သည် ၅ နာရီ နီးပါး ထိပ်တုံးခတ်ခံခဲ့ရပြီး ပြန်လွတ်ပေးစဉ် စခန်းမှူး ဒုရဲအုပ် အောင်ကိုဝင်း က ဦးကျော်ဇောအား ကျောကုန်းကို လက်ဖြင့် ၁ ချက် ရိုက်ပြီး ယခုသတင်းအား မပေါက်ကြားရန်နှင့် နောင် နွားဝယ်ယူ မည်ဆိုပါက ဆက်ကြေးပေးရန် ၎င်းကိုင်ဆောင်သည့် ဖုန်းနံပါတ်ကိုပါ ရေးပေး လိုက်ကြောင်း၊ ဝယ်ယူလာသည့် နွားအကောင် ၂၀ မှာ လည်း ၁၉ ကောင်သာ ပြန်လည် ရရှိပြီး နွားထီး ၁ ကောင် စခန်း၌ ပျောက်ဆုံးသွားခဲ့ကြောင်း ကျေးရွာသား ၂ ဦးက ရှင်း လင်း ပြောကြားသည်။ အဆိုပါ ကိစ္စနှင့်ပတ်သက်၍ ဧရာဝတီသတင်းဌာနမှ လောင်းချောင်း ရဲကင်းစခန်းမှူး ဒုရဲအုပ် အောင်ကိုဝင်းကို ဖုန်းဖြင့် ဆက်သွယ်ခဲ့ရာ ကလေးတွေ ကျောင်းဆင်းချိန်းမို့ ကားလမ်းပေါ် နွားမောင်းလာမှုကို ဟန့်တား စစ်ဆေးခဲ့ခြင်းသာ ဖြစ်ပြီး ငွေတောင်းပြီး ထိပ်တုံးခတ်သည် ဆိုခြင်းမှာ မဟုတ်မှန်ကြောင်း ငြင်းဆိုသည်။ “သူတို့ နွားအကောင် ၂၀ မောင်းလာတယ်ဆိုတာ မှန်ပါတယ်။ ကလေးတွေ ကျောင်းဆင်းချိန်မို့ အရပ်ဝတ်နဲ့ ကျနော် လမ်း ဘေး လက်ဖက်ရည်ဆိုင်မှာ ထိုင်နေရင်းကနေ တားဟန့်ပါတယ်။ ဘယ်က မောင်းလာတာတုန်း ဆိုတာ ကျနော်တို့ စစ် ဆေးတာမရလို့ တပည့်တွေကို စခန်းကို ခဏသွင်း ထားခိုင်းပြီး တယောက်ချင် စီစစ်ဆေးပါတယ်။ သူတို့က နွားအငှား ကျောင်းဖို့ ယူလာတာလို့ ပြောလို့ ဒီမှာ လမ်းသွားလမ်းလာတွေရှိမယ် ။ မှောင်မှပဲ မောင်းသွားဆိုပြီး ပြန်လွတ်ပေး လိုက်ပါ တယ်။ ငွေလည်း မတောင်းပါဘူး၊ ထိပ်တုံးလည်း မခတ်ပါဘူး ” ဟု လောင်းချောင်းရဲကင်းမှူး ဒုရဲအုပ် အောင်ကိုဝင်းက ဧရာဝတီသို့ ပြောသည်။ အဆိုပါ ဖြစ်စဉ်နှင့်ပတ်သက်ပြီး ကျေးရွာသား ၂ ဦးကတော့ သြဂုတ်လ ၂ ရက်နေ့ ရက်စွဲဖြင့် နိုင်ငံတော်သမ္မတ ၊ နိုင်ငံ တော်အတိုင်ပင်ခံပုဂ္ဂိုလ် ၊ ပြည်ထဲရေးဝန်ကြီး ၊ နယ်စပ်ရေးရာဝန်ကြီး၊ ရခိုင်ပြည်နယ် ဝန်ကြီးချုပ် စသည့် ဌာနများသို့ လိပ်မူပြီး ဥပဒေအရ အရေးယူ ပေးရန် တိုင်ကြား စားများ ပေးပို့ထားသလို ၎င်းတို့ကို ထိပ်တုံး ခတ်ထားသည့် ဓာတ်ပုံများကို သတင်း စာရှင်းပွဲတွင် ပြသခဲ့သည်။ The post ရသေ့တောင် နယ်ခြားစောင့် ရဲကင်း ခြိမ်းခြောက် ငွေတောင်းဟုဆို appeared first on ဧရာဝတီ.
Source : https://ift.tt/2naepf3
via IFTTT

No comments:

Post a Comment