Thursday, August 2, 2018


စည်ပင် ဌာနမှူး ၂ ဦးအမှု မမှန်သက်သေ အရေးယူရန် တိုင်ကြားမှု ပယ်ချခံရ နေပြည်တော် ကောင်စီနယ်မြေ စည်ပင်သာယာရေး ကော်မတီ ဌာနမှူး နှစ်ဦးအမှုတွင် တိုင်ကြားသူများ မမှန် သက်သေ များ ဖန်တီးတင်ပြခဲ့ခြင်း အပေါ် စွပ်စွဲခံရသူဘက်က အရေးယူပေးရန် တိုင်ကြားထားခြင်းကို မန္တလေးတိုင်း ဒေသကြီး တရားလွှတ်တော်က သြဂုတ်လ ၁ ရက်တွင် ပယ်ချကြောင်း သိရသည်။ တိုင်ကြားခံရသော ဌာနမှူးများမှာ ဈေးများဌာနမှ ဌာနမှူး ဦးမင်းလွင်စိုးနှင့် တိရစ္ဆာန် ကုသရေးနှင့် သားသတ်ရုံများ ဌာန၏ ဌာနမှူး ဒေါက်တာ ခိုင်စိုးလှ တို့ဖြစ်ပြီး သားသတ်လိုင်စင် ရရှိသူများ ဖြစ်သည့် ဦးမျိုးခတ်နှင့် ဦးဘိုဘိုဟန်တို့ထံမှ ငွေကြေး များ ရယူခဲ့ကြောင်း တိုင်ကြားသည့် အတွက် အဂတိလိုက်စားမှု တိုက်ဖျက်ရေး ကော်မရှင်က အမှုဖွင့် စစ်ဆေး နေသော အမှုဖြစ်သည်။ အဆိုပါ တရားလိုများဘက်က တင်သွင်းခဲ့သည့် ဌာနမှူး နှစ်ဦးထံ ငွေကြေး ပေးဆောင်စဉ်က ရိုက်ကူးထားသည် ဆိုသည့် ဗီဒီယို မှတ်တမ်းကို ဖြတ်တောက် ပြုပြင်မှုများ ပြုလုပ်ထားသောကြောင့် အရေးယူပေးရန် စွပ်စွဲခံရသူများ၏ ရှေ့နေများက ဇူလိုင် ၁၀ ရက်နေ့က တရားရုံးသို့ လျှောက်ထားခဲ့ခြင်းဖြစ်ပြီး ဇူလိုင် ၃၁ ရက်က အရေးယူရန် သင့်၊ မသင့်ကို နှစ်ဖက် ရှေ့နေများက တရားရုံးသို့ လျှောက်လဲခဲ့ကြပြီး တိုင်းတရား လွှတ်တော်က သြဂုတ်လ ၁ ရက်နေ့၌ ပယ်ချခဲ့ခြင်း ဖြစ်သည်။ ဦးမင်းလွင်စိုး၏ ရှေ့နေ တရား လွှတ်တော်ရှေ့နေ တော်ဝင် ဦးခင်မောင်သန်း က “ရာဇဝတ် ကျင့်ထုံး ဥပဒေ ရာဇသတ်ကြီး ပုဒ်မ ၁၉၃ အရ အရေးယူပေးဖို့ လျှောက်ခဲ့တာပါ။ ရာဇဝတ် ကျင့်ထုံး ဥပဒေကို အထူး ဥပဒေက လွှမ်းနေတယ်။ ဒါကြောင့် အထူး ဥပဒေအရ ဆက်လုပ်သွားမယ်”ဟု ပြောသည်။ ဦးမင်းလွင်စိုးသည် ဦးမျိုးခက်ထံမှ ၂၀၁၇ခုနှစ် သြဂုတ် ၁၉ ရက်က ကျပ် ဆယ်သိန်း၊ ဦးဘိုဘိုဟန်ထံမှ ၂၀၁၇ ခုနှစ် မတ်လ က ကျပ်သိန်း ၂၀၊ ဒေါက်တာ ခိုင်စိုးလှသည် ဦးမျိုးခက်ထံမှ ၂၀၁၇ ခုနှစ် သြဂုတ် ၁၁ ရက်က ကျပ် ၅ သိန်း၊ ၂၀၁၇ ခုနှစ် သြဂုတ် ၁၉ ရက်က ကျပ် ၁၀ သိန်း၊ ဦးဘိုဘိုဟန်ထံမှ ၂၀၁၇ ခုနှစ် မေလဆန်းပိုင်းက ကျပ် သိန်းလေးဆယ်တို့ကို ရယူခဲ့ ကြောင်း စစ်ဆေး ပေါ်ပေါက်ခဲ့သည့်အတွက် အဂတိလိုက်စားမှု တိုက်ဖျက်ရေး ဥပဒေ ပုဒ်မ ၅၆ အရအမှုဖွင့် ဖမ်းဆီးခဲ့ သည်။ အဆိုပါ သက်သေများကို ပြန်လည် စစ်ဆေးပေးရန် စွပ်စွဲခံရသူများဘက်မှ မတ်လ ၁၈ ရက် ရုံးချိန်က တင်ပြခဲ့ရာ နေပြည် တော် နည်းပညာနှင့် သိပ္ပံမှုခင်း ရဲတပ်ဖွဲ့မှ ပြန်လည် စစ်ဆေးပေးခဲ့ပြီး ယင်းဗီဒီယိုဖိုင်များသည် ပြုပြင်တည်းဖြတ် ထားခြင်း ကို စစ်ဆေးတွေ့ရှိခဲ့ရကြောင်း သိရသည်။ “အီလက်ထရွန်နစ် ပညာကို အသုံးပြုပြီးတော့ ဖန်တီးတာ မှန်တယ်ဆိုတာ ပေါ်ပေါက်ခဲ့တယ်။ ၂၀၁၃ ခုနှစ် အဂတိ တိုက် ဖျက် ရေး ဥပဒေဟာ အထူး ဥပဒေဖြစ်တယ်။ အထူးဥပဒေ လုပ်ထုံးလုပ်နည်း အရ ဆက်သွားရမယ်။ အဂတိ တိုက်ဖျက် ရေး ကော်မရှင်အဖွဲ့ကို မမှန်မကန် သက်သေခံရတဲ့ ဦးမင်းလွင်စိုးကနေ ပြန်တိုင်ရမယ်။ ကော်မရှင်ကို ဆက်တင်မယ်။ အခုဟာက မမှန်သက်သေခံ တင်တာ ပေါ်ပေါက်တဲ့အတွက် ပြည်ထောင်စု ဥပဒေချုပ်ရုံးကို အရေးယူလို့ ရမရ တင်ပြသွား မယ်”ဟု ဦးခင်မောင်သန်း က ပြောသည်။ ယနေ့ တရားခွင်၌ ရုပ်သံ မှတ်တမ်းများမှာ ဖြတ်ညှပ်ကပ် ပြုလုပ်၍ တင်ပြထားခြင်း ဟုတ်၊ မဟုတ်ကို အဓိကထား မေးမြန်း ခဲ့ပြီး တရားလိုပြသက်သေ ဦးမျိုးခက်နှင့် ၎င်း၏ ဇနီး ဒေါ်အိပြည့်ဖြိုးပိုင် တို့က ဖြတ်ညှပ်ကပ် ပြုလုပ်ထားခြင်း မရှိဟု ငြင်းဆို ထားကြ ကြောင်း သိရသည်။ The post စည်ပင် ဌာနမှူး ၂ ဦးအမှု မမှန်သက်သေ အရေးယူရန် တိုင်ကြားမှု ပယ်ချခံရ appeared first on ဧရာဝတီ.
Source : https://ift.tt/2n4exNh
via IFTTT

No comments:

Post a Comment