၁ လအတွင်း Challenge ခေါ်ပြီး ဝိတ်ချခဲ့တဲ့ သရုပ်ဆောင် မိုးယံဇွန် သရုပ်ဆောင် မိုးယံဇွန်က သူရဲ့ခန္ဓာကိုယ် ဝဝကြီးကို တလအတွင်း အမိုက်စား ခန္ဓာကိုယ် ဖြစ်စေဖို့ သရုပ်ဆောင် ထူးအောင်နဲ့ အလောင်းအစားလုပ်ရင်း Gym ကို ပုံမှန်ကစားပြီး ဝိတ်ချခဲ့တယ်လို့ ဧရာဝတီကို ပြောပါတယ်။ “ကျနော်က အရင်က ဘောလုံးကန်၊ Gym ဆော့တယ်။ ပုံမှန် အနေအထား ပုံမှန် ခန္ဓာကိုယ် လောက်ပဲ။ ခရီးတွေလည်း သွားတော့ သိပ်အားကစား မလုပ်ဖြစ်တဲ့အခါ နည်းနည်း အဆီတက်လာတယ်။ Gym ပြန်ဆော့တယ်။ ဆော့တဲ့အချိန်မှာ ထူးအောင်နဲ့တွေ့တယ်။ သူက သူပြောတဲ့အတိုင်း ၁ လ Challenge ခေါ်ပြီး ဆော့တယ်။ ၁ လပြည့်တော့ ပုံမတင်ချင်ဘူး။ သူက တင်လိုက်၊ တင်လိုက်ပါ ဆိုတာနဲ့ တင်လိုက်တာပါ” လို့ မိုးယံဇွန်က ပြောပါတယ်။ “ကျနော် ခန္ဓာကိုယ် ပြောင်းလဲသွားအောင် Gym ဆော့နေတဲ့အချိန်မှာ လာကြည့်စေချင်တယ်။ ဘယ်လို ပင်ပန်းလဲဆိုတာကို ကျနော်ကိုယ်တိုင် အစားအသောက်တွေရှောင်ပြီးတော့ ကြိုးစားပြီး ဆော့တယ်။ ပြောင်းလဲသွားတဲ့ ခန္ဓာကိုယ်ကိုတော့ သဘောကျတယ်’’လို့ မိုးယံဇွန်က ဆိုပါတယ်။ မိုးယံဇွန်ကို ခန္ဓာကိုယ်ပြောင်းလဲသွားအောင် နည်းပြပေးခဲ့တဲ့ မော်ဒယ် ထူးအောင်ကလည်း မိုးယံဇွန်ရဲ့ ခန္ဓာကိုယ်ကို ဝိတ်ချပေးခဲ့တာနဲ့ ပတ်သက်ပြီး အခုလိုဆိုပါတယ်။ “ကျနော်တို့နှစ်ယောက် Gym မှာ တွေ့နေကျ၊ သူက Gym ကို လာတော့လာတယ်။ ပြင်းပြင်းထန်ထန် မဆော့ဘူး။ ကျနော်နဲ့စကား ဆက်မိသွားတာနဲ့ သူကခန္ဓာကိုယ်ကို ပြောင်းလဲအောင် ဆော့ဖို့ ကျနော်ကိုယ်တိုင် စမ်းခဲ့တဲ့ နည်းလေးတွေ ရှိတယ်ဆိုတော့ ၁ လတည်းနဲ့ ပြောင်းလဲအောင် လုပ်ပေးမယ်။ ကျနေ်ာပြောတဲ့အတိုင်း လိုက်လုပ်ရမယ်ဆိုပြီး လုပ်ခဲ့တာ အစပိုင်းကတော့ မလုပ်နိုင်ဘူးပေါ့။ ပင်ပန်းတယ်။ နောက်ကျတော့ လုပ်နိုင်လာတယ်။ ၁ လပြည့်တဲ့ နေ့မှာပဲ ဓာတ်ပုံရိုက်ခိုင်းလိုက်တာပေါ့။ နောက်ပိုင်းလည်း ဆော့ချင်တဲ့ သူတွေကို နည်းပြ ပေးသွားဖို့ရှိပါတယ်”လို့ ထူးအောင်က ပြောပါတယ်။ သရုပ်ဆောင် မိုးယံဇွန်က သူရဲ့ ခန္ဓာကိုယ်ကို အရင်ဝိတ်တတ်နေတုန်းကပုံနဲ့ အခု ၁ လအတွင်း Gym ကစားပြီး ဝိတ်ချပြီးပုံကို မနေ့က သြဂုတ်လ ၁ ရက်နေ့က Facebook ပေါ်မှာ တင်ခဲ့ပြီး ပရိသတ်များ အံ့သြမှုများကို ဖြစ်ပေါ်စေခဲ့တာ ဖြစ်ပါတယ်။ ယခုချိန်မှာတော့ မိုးယံဇွန်က ရုပ်ရှင်ဇာတ်ကားကြီးတွေနဲ့ ရုပ်သံဇာတ်လမ်းတွဲ တွေလည်း ရိုက်ကူးနေတယ်လို့သိရပြီး မကြာသေးခင်ကလည်း ဒါရိုက်တာ စတီးလ် ရိုက်ကူးတဲ့ “နိုင်ငံကြီးသား” ရုပ်ရှင်ဇာတ်ကားမှာ ပါဝင်သရုပ်ဆောင်ခဲ့ပါတယ်။ The post ၁ လအတွင်း Challenge ခေါ်ပြီး ဝိတ်ချခဲ့တဲ့ သရုပ်ဆောင် မိုးယံဇွန် appeared first on ဧရာဝတီ.
Source : https://ift.tt/2LMDEmr
via IFTTT
No comments:
Post a Comment