Thursday, August 2, 2018


ကယ်လိုရီနည်းအောင် လျှော့ချလိုက်တဲ့ KFC ရဲ့ ကြက်ကင်အရသာ ကိုယ်အလေးချိန် ထိန်းသိမ်းနေတဲ့ သူတစ်ယောက်အဖို့တော့ KFC မှာ စားဖို့ စဉ်းစားမိကြမှာ မဟုတ်ပါဘူး။ ဒါပေမယ့်လည်း ကြက်ကြော်ဆိုင်ခွဲတွေ ဖွင့်လှစ်ထားတဲ့ KFC ကတော့ ဒီအမြင်ကို ပြောင်းလဲဖို့ ကြိုးစားလိုက်ပါပြီ။ KFC ရဲ့ အမှတ်သင်္ကေတအသစ် ကြက်ကင်ဆိုတာ ငရုတ်နှစ်တွေ၊ ငရုပ်ကောင်း၊ ကြက်သွန်ဖြူ၊၊ ကြက်သွန်နီနဲ့ ဆေးမြစ်တွေ သုတ်လိမ်းပြီး ကင်စက်ထဲ ထည့်ကင်ထားတဲ့ ကြက်ကင်ပါ။ KFC ရဲ့လေ့လာစမ်းတမ်းအရ ဒီကြက်ကင်အရသာကို စားသုံးသူတွေ အထူးကြိုက် နှစ်သက်လာကြတယ်လို့ ဆိုပါတယ်။ ကြိုက်နှစ်သက်လာကြတဲ့ နောက်ထပ် အကြောင်းရင်းကလည်း ရှိနေပါတယ်။ ကြက်ကင်ပေါင်တစ်ခုလုံးမှ ကယ်လိုရီ ၃၆၀ အောက်ပဲ ရှိတဲ့အချက်က ကိုယ်အလေးချိန် ထိန်းမယ့်သူတွေအတွက် သတင်းကောင်းပါပဲ။ ကြက်ကင်နဲ့ တွဲစားတဲ့ အရွက်သုပ်ကိုလည်း ကျန်းမာရေးနဲ့ညီညွှတ်အောင် ပဲငံပြာရည်နဲ့ နှမ်းဆီ တွဲသုံးထားလို့ ကျန်းမာရေး လိုက်စားသူတွေအတွက် အဆင်ပြေပါတယ်။ ပုံမှန်ဆိုရင် ကြက်ကြော် အသေးတတုံးမှာတောင် ကယ်လိုရီ ၁၂၀ ပါပေမယ့် အခုအသစ်မှာတော့ ကယ်လိုရီ နည်းနိုင်သမျှ နည်းအောင် လျှော့ချပေးထားပါတယ်။ မီနူးအသစ်ကို စင်ကာပူနိုင်ငံက KFC ဆိုင်တိုင်းမှာ သြဂုတ်လ ၁ ရက်နေ့ကစပြီး စတင် ရောင်းချပေးသွားမှာပါ။ ကျန်းမာရေးနဲ့ ညီညွှတ်တဲ့ မီနူးဖြစ်အောင် ပြင်ဆင်ထားတယ်လို့လည်း ဆိုပါတယ်။ ဒီမီနူးအသစ်မှာ အစုံလိုက်အဖြစ် ကြက်ကင်တပေါင်ရယ်၊ ပက်စီတခွက်ရယ်၊ ပုံမှန် coleslaw တစ်ခွက်ရယ်နဲ့ အာလူးထောင်း တပွဲပါမှာ ဖြစ်ပါတယ်။ ဈေးနှုန်းကိုလည်း အမျိုးအစားပေါ် မူတည်ပြီး စင်ကာပူ ဒေါ်လာ ၅ ဒဿမ ၉၀ က နေ ၈ ဒဿမ ၉၅ အထိ သတ်မှတ် ထားပါတယ်။ ၂၀၂၅ ခုနှစ်မှာ ဆိုင်မှာရောင်းနေတဲ့ ကြက်ကြော်တွေကို ရှိရင်းစွဲကယ်လိုရီထက် ၂၀ ရာခိုင်နှုန်း လျော့ချမယ်လို့ KFC က ကတိပြုထားပြီးသားပါ။ ဒါကြောင့်လည်း Zinger Burger လို မီနူးအသစ်တွေကို ကျန်းမာရေးနဲ့ ညီညွှတ်အောင် စီမံထားလို့ အကြိုက်တွေ့ကြပါတယ်။ စာသုံးသူတွေ ကျန်းမာရေးနဲ့ညီညွတ်အောင် ပြုပြင်ပေးနေတဲ့ အသင့်စားဆိုင်တွေထဲမှာ KFC တစ်ခုတည်း မဟုတ်ပါဘူး။ နာမည်ကျော် McDonald ကလည်း အာလူးကြော်နေရာမှာ ကျန်းမာရေးနဲ့ညီညွှတ်တဲ့ မုန်လာဥနီ (သို့မဟုတ်) အသီးကြော် တခုခု အစားထိုးဖို့ စီစဉ်နေပါတယ်။ KFC ကလည်း အပြိုင်အဆိုင်အနေနဲ့ ကယ်လိုရီ လုံးဝ နီးပါးမပါတဲ့ အချိုရည်တွေနဲ့ သတ်သတ်လွတ် သမားတွေအတွက် အစားအသောက်တွေကို ဒီနှစ်နှောင်းပိုင်းမှာ လုပ်ဖို့စီစဉ်ထားပါတယ်။ ၂၀၂၀ ပြည့်နှစ် အရောက်မှာတော့ KFC က နေ့လည်စာနဲ့ ညစာ မီနူးတွေကို ကယ်လိုရီ ၆၀၀ အောက်ထိ လျှော့ချဖို့ ရည်ရွယ်ထားပါတယ်။ Ref: Channel News Asia & Deccan Chronicle The post ကယ်လိုရီနည်းအောင် လျှော့ချလိုက်တဲ့ KFC ရဲ့ ကြက်ကင်အရသာ appeared first on ဧရာဝတီ.
Source : https://ift.tt/2KjTGhW
via IFTTT

No comments:

Post a Comment