လပွတ္တာမြို့နယ်တွင် မိဘနှစ်ဦး ကြိုးဆွဲချသေဆုံးခဲ့ သဖြင့် ကျန်ရစ်သည့် ကလေးငယ် ခြောက်ဦးကို အစိုးရက တာဝန်ယူ ရန် ယမန်နေ့ (ဩဂုတ် ၁ ရက်) တွင် သွားရောက်ရှင်းပြကြောင်း ယင်းမြို့နယ် အုပ်ချုပ်ရေးမှူး ဦးကျော်ဆန်းကျော်က ပြောသည်။ လပွတ္တာမြို့နယ် သိုင်းကုန်း ကျေးရွာနေ အသက် (၃၃)နှစ်အ ရွယ် အမျိုးသားတစ်ဦးနှင့် (၂၈) နှစ်အရွယ် အမျိုးသမီးတို့သည် စီးပွားရေး အဆင်မပြေသဖြင့် ဇူလိုင် ၂၈ ရက်တွင် ကြိုးဆွဲချ အဆုံးစီရင်ပြီး အရွယ်မရောက် သေးသော ကလေးငယ်ခြောက်ဦး ကျန်ရစ်ခဲ့သည်။ ‘‘ကလေးတွေ အားလုံးကို အစိုးရက စောင့်ရှောက်ပေးထား နိုင်တယ်။ ခြောက်ယောက်စလုံး ကို လူတန်းစေ့နေနိုင်အောင် အစိုးရအနေနဲ့ လုပ်ပေးနိုင်တယ်။ သူ တို့ကို စားဝတ်နေရေးရော၊ ပညာ သင်ကြားရေးရော ထောက်ပံ့ပေး နိုင်တယ်။ ဒါလေး ရှင်းပြခဲ့တာ ပေါ့’’ဟု ဦးကျော်ဆန်းကျော်က ပြောသည်။ လက်ရှိတွင် ကလေးငယ် ခြောက်ဦးကို ၎င်းတို့၏ အဘိုး၊ အဘွားနှင့် ဦးလေး၊ အဒေါ်တို့က စောင့်ရှောက်ထားပြီး အစိုးရ၏ တာဝန်ယူမှုကို လက်ခံ၊ မခံ ကလေးငယ်များ၏ ကျန်ရစ်သည့် ဆွေမျိုးရင်းချာများ၏ သဘော ထားက အဓိကဖြစ်ကြောင်း လပွတ္တာမြို့နယ် အုပ်ချုပ်ရေးမှူးက ရှင်းပြသည်။ ကလေးငယ်များကို အစိုးရ က လပွတ္တာမြို့ရှိ လူ့ငယ်အားမာန် သင်တန်းကျောင်းတွင် တက္က သိုလ်ဝင်တန်းအောင်မြင်သည်အ ထိ ထောက်ပံ့မည်ဖြစ်ပြီး တက္က သိုလ်ဝင်တန်း အောင်မြင်ပါက စစ်ကိုင်းမြို့ရှိ ပြည်ထောင်စုတိုင်း ရင်းသားလူငယ်ဖွံ့ဖြိုးမှု ဒီဂရီ ကောလိပ်တွင် ဆက်လက်ပညာ သင်ကြားနိုင်မည်ဟု ရှင်းပြခဲ့ ကြောင်း ၎င်းက ဆိုသည်။ သို့သော် နှစ်ဖက်အဘိုး၊ အ ဘွားများကမူ မောင်နှမခြောက် ယောက်ကို တကွဲတပြားစီမဖြစ် စေလိုသဖြင့် ၎င်းတို့သာ ဆက်လက်စောင့်ရှောက်လိုသည်ဟု ဆိုသည်။ လပွတ္တာခရိုင်အုပ်ချုပ်ရေး မှူး၊ မြို့နယ်အုပ်ချုပ်ရေးမှူးနှင့် လူမှုဝန်ထမ်းဦးစီးဌာနမှ ဝန်ထမ်း များက ကလေးငယ်များအတွက် အဝတ်အစား၊ ဆန်၊ ဆီ၊ ဆားနှင့် ကျပ်ခြောက်သိန်း၊ စုစုပေါင်း ရှစ် သိန်းခန့် ယမန်နေ့တွင် ထောက်ပံ့ခဲ့ကြောင်း ဦးကျော်ဆန်းကျော် က ပြောသည်။
Source : https://ift.tt/2vcswEY
via IFTTT
No comments:
Post a Comment