သွားလာရခက်ခဲနေတဲ့ ရေလွှမ်းဒေသက ပြည်သူတွေဆီကို လှူ မယ့်အလှူရှင်တွေ ပစ္စည်းသယ်ယူဖို့ခက်ခဲ နေရင် အင်းလေးဒေသက စက်လှေကြီး တွေကိုတင်ဆောင်လာပြီး ကိုယ်တိုင်သွား ရောက်ကူညီကြမယ်လို့ သိရပါတယ်။ ၄၅ ပေရှည်တဲ့ စက်လှေနှစ်စီးကို ၁၂ ဘီးကားကြီးတွေနဲ့ သယ်ဆောင်လာမှာ ဖြစ်ပြီး အင်းလေးဒေသက ကျွမ်းကျင် စက်လှေမောင်းသူတွေနဲ့ သွားရောက်ကူ ညီကြမှာဖြစ်တယ်လို့ Save The Inle Lake အဖွဲ့က ဦးဆောင်သူ ကိုခင်မောင် လတ်က ပြောပါတယ်။ သူက “မဒေါက်ရွှေကျင်ဘက်က တိုင်း ဒေသကြီးလွှတ်တော်ကိုယ်စားလှယ်တစ် ယောက်ကို သူ့ဆီကိုဖုန်းလှမ်းဆက်ထား ပါတယ်၊ အရေးကြီးတဲ့နေရာကို သွားရောက်ကူမယ်ဆို စက်လှေတွေနဲ့လာပါ့ မယ်လို့ အလှူရှင်တွေက သွားလှူမယ်ဆို ရင် သွားရောက်ပို့ဆောင်ပေးမယ်ပေါ့၊ ရေ အခြေအနေအရ လိုအပ်မှုအတိုင်းအတာ ဘယ်လောက်ရှိလဲ အကြောင်းပြန်ပါဆို ပြီး မေးထားပါတယ်”လို့ ပြောပါတယ်။ ဆန်၊ဆီ၊ရေသန့်ဘူးနဲ့ အသုံးအ ဆောင်ပစ္စည်းတွေကို ဒုက္ခရောက်နေတဲ့ ရွာတွေကိုသွားလှူချင်သူတွေဟာ ဒေသ ခံပရဟိတအသင်းတွေကနေတစ်ဆင့် ချိတ်ဆက်ထားဖို့ လိုတယ်လို့ ဆိုပါတယ်။ သည်အဖွဲ့ဟာ ၂၀၁၅ ခုနှစ်တုန်းက မကွေးတိုင်းပွင့်ဖြူမြို့နယ်နဲ့ ဧရာဝတီတိုင်း မှာ ရေဘေးဒုက္ခကြုံခဲ့ချိန်က ၄၅ ပေရှည် တဲ့ စက်လှေကြီး ရှစ်စီးနဲ့ သွားရောက်ကူ ညီခဲ့ဖူးတဲ့ အတွေ့အကြုံရှိတယ်လို့ သိရပါ တယ်။ ဒေသခံတွေမှာ စက်လှေတွေရှိပေမဲ့ အင်းလေးဒေသကယူဆောင်သွားမယ့် စက်လှေတွေဟာ အန္တရာယ်ကင်းပြီး မြန် ဆန်တာကြောင့် ခရီးတွင်တယ်လို့ Save The Inle Lake အဖွဲ့က ဆိုပါတယ်။ သည်ရက်ပိုင်းအတွင်း ရေဘေးသင့် ဒေသတွေဖြစ်တဲ့ ပဲခူး၊မွန်၊ကရင်ပြည် နယ်တွေဆီကိုလည်း သွားရောက်ကူညီဖို့ အဆင်သင့်ရှိနေပြီလို့ ကိုခင်မောင်လတ်က ပြောပါတယ်။ သူက “ဒီစက်လှေတွေနဲ့ရေပြင်ကျယ် တွေရှိနေတဲ့နေရာကို သွားလိုက်ပြန်လိုက်၊ ခေါက်တုံ့ခေါက်ပြန်သွားကူညီပေးမယ်၊ အဓိကကတော့ ရွှေကျင်မြို့မှာ စက်လှေချ လို့ရမယ့်ကမ်းတွေ၊ရွာတွေမှာဘယ်လို သွားရမယ်ဆိုတာတော့ ဒေသခံအစိုးရ အဖွဲ့နဲ့ လူမှုကူညီရေးအဖွဲ့တွေက ဘယ်ရွာကတော့ လူဦးရေဘယ်လောက်ရှိတယ်၊ ဘယ်လမ်းကနေသွားရမယ်ဆိုတာကို တော့ သူတို့စီစဉ်ပေးရမှာပေါ့”လို့ ဆိုပါ တယ်။ သည်ရက်ပိုင်းအတွင်း တိုင်းဒေသ ကြီးလေးခုမှာ ရေကြီးရေလျှံဖြစ်မှုကြောင့် ရေဘေးသင့်ပြည်သူ ၈၀,ဝဝဝ ကျော်ရှိ လာပြီး လမ်းတွေမှာ ရေလွှမ်းနေတာ ကြောင့် ကယ်ဆယ်ရေးပစ္စည်းတွေပို့ဖို့ အခက်အခဲကြုံနေရတယ်လို့ သိရပါတယ်။ Author: အေးအေးအောင်
Source : https://ift.tt/2n0679n
via IFTTT
No comments:
Post a Comment