မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်အတွင်း ရေဘေးကယ်ဆယ်ရေးဆောင်ရွက်နေစဥ် မျောပါသွားသော တပ်မတော်သား ၃ ဦးအနက် နောက်ဆုံး ကျန်ရှိသော တပ်မတော်သား ရုပ်အလောင်း တွေ့ရှိကြောင်း သိရသည်။ ယနေ့ သြဂုတ်လ ၁ ရက် မွန်းလွဲ ၂ နာရီ ၄၅ မိနစ်တွင် မစောတံတား၏တောင်ဘက် မီတာ ၁၅ဝဝ ခန့် အကွာ ရထားလမ်းတံတားအနီးရှိ ခြုံနွယ်များအတွင်း၌ အဆိုပါတပ်မတော်သားရုပ်အလောင်းကို တွေ့ရှိခဲ့ပြီး ယနေ့ ညနေပိုင်းတွင် စစ်အခမ်းအနားဖြင့် ကောင်းမွန်စွာ သဂင်္ြိုဟ်ပေးခဲ့ပြီးဖြစ်ကြောင်း တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်ရုံးမှ ထုတ်ပြန်သည်။ ရေဘေးကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်စဥ် ဇူလိုင် ၂၇ ရက် မွန်းလွဲပိုင်းတွင် ရေစီးနှင့်အတူ တပ်မတော်သား ၃ ဦး မျောပါပျောက်ဆုံးသွားခဲ့ခြင်း ဖြစ်ပြီး ၂ ဦးအလောင်းကို ရှာဖွေတွေ့ရှိပြီး ဖြစ်သည်။ ဇူလိုင်လ ၃ဝ ရက် နံနက် ၈ နာရီ ၄၅ မိနစ်ခန့်တွင် မစောတံတား၏ တောင်ဘက် မီတာ ၁၄ဝဝ ခန့်အကွာ ရေအောက်ရှိ ခြုံနွယ်များအတွင်း ငြိတွယ်လျက်ရှိသော တပ်မတော်သား ၁ ဦး၏ ရုပ်အလောင်း တွေ့ရှိခဲ့ပြီး ဇူလိုင် ၂၇ ရက် မွန်းလွဲပိုင်းကလည်း တပ်မတော်သား ၁ ဦး၏ ရုပ်အလောင်းအား တွေ့ရှိခဲ့သည်။ Tags: မွန်ပြည်နယ်၊ ဘီးလင်းမြို့ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်ရုံး
Source : https://ift.tt/2v6xdQQ
via IFTTT
No comments:
Post a Comment