“The Queen Of Soul”လို့ တင်စားခေါ်ဝေါ်ကြတဲ့ အဆိုတော် Aretha Franklin ကွယ်လွန် တကမ္ဘာလုံးက The Queen Of Soul လို့သတ်မှတ်ထားတဲ့ အဆိုတော် Aretha Franklin က မနေ့က သြဂုတ်လ ၁၆ ရက်နေ့က ကွယ်လွန်သွားခဲ့ပါတယ်။ သူမဟာ ကျန်းမာရေးမကောင်းတာကြာပြီဆိုပေမယ့် ပရိသတ်ကို အသိပေးခြင်း မရှိခဲ့ပါဘူး။ သူမရဲ့ ရောဂါတွေအကြောင်းကို တခါမှ ထုတ်ဖော်ပြောကြားခြင်းမျိုး မရှိခဲ့ပါဘူး။ ၁၉၉၂ ခုနှစ်မှာ ဆေးလိပ်ဖြတ်ခဲ့တဲ့ အချိန်ကစပြီး ကျန်းမာရေး ပြဿနာတွေရှိနေခဲ့တာဖြစ်ပြီး အသက် ၇၆ နှစ်မှာ ကွယ်လွန်ခဲ့တာပါ။ ဒီနှစ်ပိုင်းတွေမှာ သူမဟာ ရောဂါကြောင့် ဝိတ်အရမ်းကျတာတွေ ဝိတ်အလွန်အကျွံတက်တာတွေလည်း ဖြစ်ခဲ့ပါတယ်။ ၁၉၅၂ ခုနှစ်မှာ စတင်ပြီး သီချင်းတွေဆိုခဲ့တဲ့ သူမဟာ သူမအဖေရဲ့ စီမံခန့်ခွဲမှုတွေအောက်မှာ ပိုမိုအောင်မြင်လာပါတယ်။ သူမရဲ့ အသက် ၁၆နှစ်မှာ သူမဟာ မာတင်လူသာကင်းဂျူနီယာနဲ့ လူဖြူလူမည်းတိုက်ပွဲတွေမှာ အတူုတူလိုက်ပါ ဆောင်ရွက်ခဲ့ပြီး မာတင်လူသာကင်းဂျူနီယာရဲ့ အသုဘမှာလည်း သီချင်းဆိုခဲ့ပါသေးတယ်။ သူမအသက် ၁၈နှစ်ပြည့်ပြီးတဲ့ နောက်မှာတော့ သူမဟာ ဖခင်ဆီက ထွက်ခဲ့ပြီး နယူးယောက်မြို့ကို ပြောင်းရွှေ့ခဲ့ပါ တယ်။ ပြီးတဲ့နောက်မှာတော့ ထုတ်လုပ်ရေးတွေ အများကြီးနဲ့ စာချုပ်တွေချုပ်ဆိုခဲ့ပြီ Columbia Records က ထုတ်လုပ်ပြီး သူမသီဆိုတဲ့ “Today I sing Blues” ဆိုတဲ့ သီချင်းကို ၁၉၆၀ ခုနှစ် စက်တင်ဘာမှ ဖြန့်ချိခဲ့ပါတယ်။ ဒီသီချင်းဟာ မကြာခင်မှာပဲ Hot Rhythms and Blues Seller စာရင်းမှာ နံပတ် ၁နေရာကို ရောက်ခဲ့ပါတယ်။သူမဟာ Soul,R&B,pop,gospel စတဲ့ ဂီတအမျိုးအစားတွေကို သီဆိုခဲ့ပါတယ်။ သူမသီဆိုခဲ့တဲ့ သီချင်းတွေဟာ Billboard 100 မှာ အကြိမ်ပေါင်းများစွာ ပါဝင်ခဲ့ပါတယ်။သူမဟာ Rock and Roll Hall of Fame ရဲ့ ပထမဆုံး အမျိုးသမီးအဖွဲ့ဝင်တယောက်ဖြစ်ပြီး လူမည်းတွေ စံပြုရလောက်တဲ့ အဆိုတော်တဦးဖြစ်ခဲ့ပါတယ်။ နောက်ပြီး သူမဟာ အမေရိကန်သမ္မတ ဘားရတ်အိုဘားမားရဲ့ ကျမ်းသစ္စာကျိန်ဆိုပွဲမှာ သီချင်းသီဆိုဖော်ဖြေခဲ့ပါသေး တယ်။ သူမဟာ ဂရမ်မီဆု ၁၈ ဆုအပါအဝင် တခြားဆုပေါင်းများစွာကိုလည်း ရရှိခဲ့ပါတယ်။ ၂၀၁၇ခုနှစ်မှာ အနုပညာအလုပ်တွေ လုပ်တာကို ရပ်တန့်လိုက်တဲ့ သူမဟာ အနားမယူခင်အထိ ၅၅ နှစ်တိတိ ဖျော်ဖြေရေးတွေလုပ်ခဲ့ပါတယ်။သူမဟာ သီချင်းဆိုတာကို ရပ်ပြီးတဲ့နောက်မှာ ကလပ်ဖွင့်ဖို့ စိတ်ကူးထားခဲ့တယ်လို့ သိရပါတယ်။သူမကွယ်လွန်ချိန်မှာ သားသမီး ၄ယောက် ကျန်ခဲ့တယ်လို့သိရပါတယ်။ သူမကွယ်လွန်တာနဲ့ ပတ်သက်ပြီး နိုင်ငံတကာက Celebrities တွေက ဝမ်းနည်းကြောင်းတွေကို Twitter မှာ ရေးတင်ထားကြပါတယ်။ Ref;ranker.com The post “The Queen Of Soul”လို့ တင်စားခေါ်ဝေါ်ကြတဲ့ အဆိုတော် Aretha Franklin ကွယ်လွန် appeared first on ဧရာဝတီ.
Source : https://ift.tt/2vRn6Ql
via IFTTT
No comments:
Post a Comment