Friday, August 17, 2018


ကမ္ဘာ့အပါးဆုံး GTX 1060 Laptop “ROG Zephyrus S” ကို ASUS မိတ်ဆက် ASUS ဟာ ကမ္ဘာ့အပါးဆုံး GTX 1060 ပါ Gaming Laptop လို့ ကြွေးကြော်ထားတဲ့ ROG Zephyrus GX531 ကို မိတ်ဆက်ထုတ်လုပ်လိုက်ပြီ ဖြစ်ပါတယ်။ ယခု Zephyrus S ဟာ ယမန်နှစ်က စတင်ထွက်ရှိခဲ့တဲ့ ASUS ROG Zephyrus ရဲ့ မော်ဒယ် အသစ်ဖြစ်ပြီး၊ အရင်မော်ဒယ်ထက်တောင် ပိုမိုပါးလျတဲ့ Max Q ဒီဇိုင်းနဲ့ ထွက်ရှိလာတာပါ။ Max Q ဆိုတာကတော့ လက်ပ်တော့ ထုတ်လုပ်သူတွေအနေနဲ့ GTX 1080, GTX 1070 နဲ့ 1060 တို့လို အမြင့်စား GPU တွေကို သုံးပြီး ပါးလျတဲ့ Gaming Laptop တွေ ထုတ်နိုင်အောင် Nvidia က ဖော်ဆောင်ပေးထားတဲ့ ဒီဇိုင်း စံနှုန်းတခု ဖြစ်ပါတယ်။ Zephyrus S GX531 မှာ ROG Strix II လက်ပ်တော့တွေရဲ့ ဘေးဘောင်သေးငယ်တဲ့ Display Panel တွေကို ပြောင်းသုံးထားတာက လွဲရင် မူလ Zephyrus နဲ့ အပြင်ပန်း ဒီဇိုင်းအတူတူ နီးပါးလောက်ပဲ ဖြစ်ပါတယ်။ Trackpad က ပုံမှန် Numpad နေရာလောက်ကို ရောက်သွားပြီး၊ လက်တင်ဖို့ နေရာသိပ်မရှိတာကြောင့် Wraistpad တခု သပ်သပ် ပါဝင်မှာပါ။ ဘောင်သေးငယ်တာကြောင့် ၁၅ ဒဿမ ၆ လက်မ အရွယ် Screen ကို သုံးထားပေမယ့်၊ ပုံမှန် ၁၄ လက်မ လက်ပ်တော့ တလုံးစာလောက်ပဲ အရွယ်အစားရှိမှာပါ။ Specifications ပိုင်းအနေနဲ့ Zephyrus S မှာ Intel ရဲ့ 8th Gen CPU တွေကိုလည်း တိုးမြှင့်အသုံးပြုထားပြီး၊ 144Hz refresh rate ရှိတဲ့ 1080p Display လည်း ပါဝင်လာတာ တွေ့ရပါတယ်။ မူလ Zephyrus တုန်းက တော့ 120Hz Display နဲ့ပါ။ Zephyrus S အသစ်မှာ AAS (Active Aerodynamic System) လို့ အမည်ပေးထားတဲ့ အအေးပေး စနစ်ကိုလည်း ပိုမိုထိရောက်အောင် အဆင့်မြှင့်တင်ထားပါတယ်။ အပူထုတ်ပေါက် ၄ ခုအထိ ပါဝင်လာပြီး၊ အအေးခံပိုက်လိုင်းတွေရဲ့ အထူကိုလည်း လျော့ချထားပါတယ်။ ဒါ့အပြင် ပန်ကာတွေကိုလည်း Liquid Crystal Polymer လို့ ခေါ်တဲ့ ဒြပ်ပစ္စည်းအသစ်တမျိုးနဲ့ ပြောင်းထုတ်ထားပြီး၊ ပန်ကာဒလက်တွေလည်း ပိုလာတယ်လို့ သိရပါတယ်။ ASUS ROG Zephyrus S ကို CPU တူ၊ GPU ကွဲ မော်ဒယ်နှစ်မျိုးနဲ့ အဓိကရောင်းချသွားမှာပါ။ ဈေးနှုန်းတွေ ကတော့ 8th Gen Core i7-8750H CPU၊ 16GB RAM ၊ 512GB NVMe SSD နဲ့ GTX 1070 Max Q GPU ပါ GX531 GS မော်ဒယ်ကို Amazon မှာ ၂,၁၉၉ ဒေါ်လာဈေးနဲ့ ရောင်းချထားတာ တွေ့ရပါတယ်။ GTX 1060 ဖြစ်သွားပြီး၊ 1TB HDD နဲ့ ကျန် Specs တူ GX531 GM မော်ဒယ်ကိုတော့ ဒေါ်လာ ၂၀၀၀ နဲ့ ရောင်းချသွားမှာ ဖြစ်တယ်လို့ သိရပါတယ်။ ASUS ဟာ Zephyrus S Gaming Laptop တွေမှာ ဘေးဘက် RGB မီးတွေကိုလည်း ထည့်သွင်း အသုံးပြုထားတာကြောင့် RGB နှစ်သက်တဲ့ Gaming တွေ ပိုမိုအကြိုက်တွေ့မယ့် Gaming Laptop တလုံး ဖြစ်ပါတယ်။ Ref: Trusted Reviews, Engadget, The Verge The post ကမ္ဘာ့အပါးဆုံး GTX 1060 Laptop “ROG Zephyrus S” ကို ASUS မိတ်ဆက် appeared first on ဧရာဝတီ.
Source : https://ift.tt/2Mtarwi
via IFTTT

No comments:

Post a Comment