Saturday, August 6, 2016

7Day News Journal

ပုဂ္ဂလိကကုမ္ပဏီများ ကန်ထရိုက်စနစ် သစ်ခုတ်ခွင့်ကို လာမည့်သစ်ခုတ်ရာသီကစ၍ ဖျက်သိမ်းမည် (အိဖြူမွန်) ပုဂ္ဂလိက သစ်ကုမ္ပဏီ များအား သစ်ခုတ်ခွင့်ပေးသော ထပ်ဆင့်ကန်ထရိုက်စနစ်ကို ဖျက်သိမ်းမည်ဖြစ်ကြောင်း သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာနမှ သတင်းရရှိသည်။ ‘‘ဟုတ်ပါတယ်။ အဲဒီစနစ် ကို ဖျက်သိမ်းတော့မှာပါ’’ဟု သစ် တောဦးစီးဌာန ပြောရေးဆိုခွင့်ရှိ သူ ညွှန်ကြားရေးမှူး ဦးမျိုးမင်းက ပြောသည်။ သစ်ထုတ်လုပ်ခွင့်ကို မြန်မာ့ သစ်လုပ်ငန်းအား လုပ်ကိုင်ခွင့်ပေးခဲ့သော်လည်း ခေတ်စနစ်အရ နိုင်ငံတော်၏ ဘတ်ဂျက်လိုငွေကို သစ်လုပ်ငန်းက ဖြည့်ဆည်းပေး နေရ၍ သစ်ထုတ်လုပ်မှုမြင့်မားခဲ့ သဖြင့် ကုမ္ပဏီများအား ထပ်ဆင့် ကန်ထရိုက်စနစ်ဖြင့် သစ်ခုတ်ခွင့် ပေးခဲ့ရသည်။ စနစ်အရခုတ်ခွင့် ပေးခဲ့သော်လည်း ထုတ်လုပ်ပြီး သစ်များကို မြန်မာ့သစ်လုပ်ငန်း သို့ ပြန်အပ်ရပြီး အစိုးရက လေလံ တင်ရောင်းချသော သစ်များကို ပြန်လည်ဝယ်ယူရသည်။ ‘‘ပေးခဲ့တယ်ဆိုတာကလည်း မြန်မာ့သစ်လုပ်ငန်းက သစ်ထုတ် လုပ်နိုင်စွမ်းက နှစ်သိန်းကျော်၊ သုံးသိန်းပဲ ရှိပါတယ်။ အရင်တုန်း က သစ်ထုတ်အားက အဲဒီထက် များခဲ့ပြီး တစ်ဆယ့်ငါးသိန်း လောက်ထိတောင် ရှိခဲ့တယ်။ အခုက သစ်ထုတ်လုပ်တာလည်း လျှော့တော့မှာဆိုတော့ နိုင်သွားပြီ။ ဒါကြောင့် ရပ်လိုက်တာပါ’’ ဟု မြန်မာ့သစ် လုပ်ငန်းမှ ပြောရေးဆိုခွင့်ရှိသူ ဒုတိယ အထွေထွေမန်နေဂျာ ဦးအေးချိုသောင်းက ပြောသည်။ မြန်မာနိုင်ငံ၏ သစ်ထုတ် လုပ်မှု တစ်နှစ်ခန့်ရပ်ဆိုင်းကြောင်း ထုတ်ပြန်ပြီး လေးလအကြာတွင် ပုဂ္ဂလိက ကုမ္ပဏီများကို ထပ်ဆင့် လုပ်ကိုင်ခွင့်ပေးသည့် စနစ်ကို ဖျက်သိမ်းခြင်းဖြစ်သည်။ ယခုနှစ်သည် သစ်ထုတ်လုပ် မှုရပ်ဆိုင်းထားသောကာလဖြစ် ခြင်းကြောင့် မကျင့်သုံးနိုင်သော်လည်း လာမည့် ၂၀၁၇ သစ်ခုတ် ရာသီတွင် ပုဂ္ဂလိကကုမ္ပဏီများ သစ်ခုတ်ခွင့် စတင်ရပ်ဆိုင်းမည် ဖြစ်သည်။ လာမည့်သစ်ခုတ်ရာသီတွင် သစ်ထုတ်လုပ်မှု ထက်ဝက်လျှော့ချမည့် အစီအစဉ်နှင့်အတူ ပုဂ္ဂလိက ကုမ္ပဏီများ သစ်ခုတ်ခွင့် ထပ် ဆင့် ကန်ထရိုက်စနစ်ကိုလည်း ဖျက်သိမ်းမည်ဖြစ်သည်။ ၂၀၁၇-၁၈ သစ်ထုတ်ရာသီ တွင် ကျွန်းသစ်မာ စုစုပေါင်း တန်ချိန် သုံးသိန်းခန့်သာ ထုတ်ရန် အစိုးရက လျာထားသည်။ မြန်မာ့သစ်ထုတ်လုပ်ရေး လုပ်ငန်းတွင် အစိုးရက အသိအမှတ်ပြုထားသော သစ်ထုတ် လုပ်ရေးလုပ်ငန်း လုပ်ကိုင်သည့် ကုမ္ပဏီ ၈၀ ခန့်ရှိသည်။
Source : http://ift.tt/2aOfrWR
via IFTTT

No comments:

Post a Comment