ထိုင်းနိုင်ငံတွင် ဗုံးပေါက်ကွဲမှုတစ်ခု ဖြစ်ပွားရာ လူ ၅ ဦးထက်မနည်း ထိခိုက်ဒဏ်ရာရခဲ့ကြောင်း သတင်းရရှိသည်။ ဩဂုတ် ၁၁ ရက် မွန်းလွဲပိုင်းက ထိုင်းနိုင်ငံအလယ်ပိုင်း မွိုင်ဒေသရှိ လမ်းမတစ်ခုပေါ်တွင် ဗုံးပေါက်ကွဲမှု ဖြစ်ပွားခဲ့ခြင်းဟု သိရသည်။ ဗုံးပေါက်ကွဲသည့် နေရာသည် ဒေသခံရဲတပ်ဖွဲ့ အကြီးအကဲ၏ နေအိမ်၊ မြို့တော်ခန်းမ၊ အစိုးရရုံးဌာန ခြံဝင်းတို့နှင့် ကိုက် ၂၀၀ မျှသာ ကွာဝေးသည်။ ရူအန်ရွမ် လမ်းမပေါ်တွင် ဒေသစံတော်ချိန် ညနေ ၃ နာရီခန့်က ဈေးသည်များက ဆိုင်ခန်းငယ်များ ခင်းကျင်းနေစဉ် ရုတ်တရက် ဗုံးပေါက်ကွဲခဲ့ခြင်း ဖြစ်သည်။ ထိခိုက်ဒဏ်ရာရသူများတွင် အသက် ၁၉ နှစ်မှ ၄၅ နှစ်အရွယ်ထိ ပါဝင်ကြောင်း ကယ်ဆယ်ရေးအဖွဲ့က Facebook စာမျက်နှာတွင် ဖော်ပြထားသည်။ ပေါက်ကွဲမှု အပြီးတွင် အခင်းဖြစ်ရာနေရာကို ရဲတပ်ဖွဲ့က ပိတ်ထားလိုက်ပြီး အရာရှိ ၅၀ ခန့် ရောက်ရှိကာ စုံစမ်းစစ်ဆေးမှုများ ပြုလုပ်နေကြောင်း မျက်မြင်များက ဆိုသည်။ အနီးတဝိုက်တွင် ရှိနေသူများက လူတစ်ဦးသည် ဗုံးမပေါက်ကွဲမီက မသင်္ကာဖွယ် အရာဝတ္ထု တစ်ခုကို ယူဆောင်လာသည်ကို တွေ့မြင်ခဲ့ရကြောင်း ပြောကြားခဲ့သည်။ ထိုင်းရဲတပ်ဖွဲ့က ဗုံးကွဲမှုနှင့် ပတ်သက်၍ တိကျစွာ ကြေညာချက် မထုတ်ပြန်သေးဘဲ စုံစမ်းစစ်ဆေးမှုများ ဆက်လက် လုပ်ဆောင်နေကြောင်း သိရှိရသည်။
Source : http://ift.tt/2bj6NUZ
via IFTTT
No comments:
Post a Comment