အမျိုးသမီးများ တစ်ကိုယ်လုံးဖုံးသည့် ရေကူးဝတ်စုံ ဝတ်ဆင်ခြင်းတားမြစ် ပြင်သစ်နိုင်ငံတောင်ပိုင်း ရီဗီရာကမ်းခြေရှိသည့် ကန်းနတ်(စ်)မြို့တွင် ခေါင်းစွပ်အပါအဝင် တစ်ကိုယ်လုံး လုံအောင်ဝတ်ဆင်ရသည့် Burkinis ဝတ်စုံကို မဝတ်ရန် မြို့တော်ဝန်က တားမြစ်ထားသည်။ မြို့တော်ဝန် ဒေးဗစ်လစ်နတ်က “ဒါဟာ အစ္စလာမ်မစ် အစွန်းရောက် ဝါဒီများရဲ့ အမှတ်အသားလို ဖြစ်နေတာပါ။ အခုအချိန်မှာ ပြင်သစ်နိုင်ငံဟာ အစ္စလာမ်မစ်များရဲ့ တိုက်ခိုက်မှုနဲ့ ခံစားကြုံတွေ့နေရပါ တယ်။ ဒါကြောင့် အစ္စလာမ်မစ်များရဲ့ ဘာသာရေးကို လေးစားသော အားဖြင့် ပြဿနာ ကြီးငယ် မပေါ်ပေါက်ရန် တားမြစ်ခြင်း ဖြစ်ပါတယ်” ဟု ဆိုသည်။ ကန်းနတ်(စ်)မြို့၏ မြို့တော်စည်ပင်သာယာရေး အကြီးအကဲ တယ်ရီ မီဂူး(လ်)က “ကျွန်တော်တို့ ဘာသာရေးသင်္ကေတ ဝတ်စုံကို ကမ်းခြေမှာ မဝတ်ဖို့ တားမြစ်နေတာမျိုး မဟုတ်ပါဘူး။ ဒါပေမယ့် ဒီလိုမျိုး ဝတ်စုံ ဝတ်ခြင်းကြောင့် မလိုလားအပ်တဲ့ အကြမ်းဖက်လုပ်ရပ်တွေ ဖြစ်လာမှာကို စိုးရိမ်တဲ့ အတွက်ဖြစ်ပါတယ်” ဟု ဆိုသည်။ ထုတ်ပြန်လိုက်သည့် ဥပဒေသစ်အရ ၎င်းဝတ်စုံကို ဝတ်သော မည်သူမဆို ၃၈ ယူရို ဒဏ်ငွေဆောင် ရမည်ဟု သိရသည်။ ပြင်သစ်နိုင်ငံ အစ္စလာမ်မစ်ကြောက်လန့်မှု တိုက်ဖျက်ရေး စုပေါင်းလှုပ်ရှားမှုအဖွဲ့ (CCIF)က ယခုကဲ့သို့ဥပဒေ ထုတ်ပြန်ခြင်းသည် အခြေခံ လူ့အခွင့်အရေးကို ချိုးဖောက်ရာ ရောက်သည်ဟု ဆိုသည်။ ပြင်သစ်နိုင်ငံတွင် ယခုလို အမျိုးသမီးများ ဝတ်စား ဆင်ယင်မှုကို တားမြစ်ခဲ့ခြင်းမှာ ပထမဦးဆုံး အကြိမ် မဟုတ်ဘဲ ၂၀၁၁ ခုနှစ်ကလည်း မျက်နှာအပြည့် (သို့) တစ်စိတ်တစ်ပိုင်း ပဝါဖြင့် ဖုံးအုပ်ထားခြင်းကို ဥရောပတွင် ပထမဦးဆုံး တားမြစ်ခဲ့သည့် နိုင်ငံလည်းဖြစ်သည်။ Source: Buzzfeed
Source : http://ift.tt/2bnRgjk
via IFTTT
No comments:
Post a Comment