Thursday, August 4, 2016

Eleven Broadcasting

IS စစ်သွေးကြွများလေ့ကျင့်ရေးစခန်းအဖြစ် အသုံးပြုနေသည့် ဆက်ဒမ်ဟူစိန်၏ နန်းတော်ကို ညွှန့်ပေါင်းတိုက်လေယာဉ်များ ဗုံးကြဲတိုက်ခိုက် (ရုပ်သံ) IS စစ်သွေးကြွတွေ လေ့ကျင့်ရေးစခန်းအဖြစ် အသုံးပြုနေတဲ့ ယခင်အီရတ်အာဏာရှင်ဟောင်း ဆက်ဒမ်ဟူစိန်ရဲ့ နန်းတော်တစ်ခုကို ညွန့်ပေါင်း တိုက်လေယာဉ်တွေက ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ ဗြိတိန် ကာကွယ်ရေး ၀န်ကြီးဌာနက ထုတ်ပြန်ကြေညာခဲ့ပါတယ်။ IS စစ်သွေးကြွတွေ ခိုင်ခိုင်မာမာအခြေချထားတဲ့ အီရတ်နိုင်ငံမြောက်ပိုင်း၊ မိုဆူးလ်မြို့ရှိ နန်းတော်ကို အမေရိကန်ဦးဆောင်သော ညွှန့်ပေါင်းဗြိတိသျှ tornado ဂျက်လေယာဉ်တွေနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တာဖြစ်ပြီး ဌာနချုပ်အဆောက်အဦးတွေနဲ့ လုံခြုံရေးစင်တာတွေကို အဓိကထားတိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။
Source : http://ift.tt/2aSgU1s
via IFTTT

No comments:

Post a Comment