ဧရာဝတီ၊ ချင်းတွင်း၊ ဒုဋ္ဌဝတီနှင့် ငဝန်မြစ်များတစ်လျှောက် ဒေသအချို့တွင် မြစ်ရေများ စိုးရိမ်ရေမှတ်အထက် ရောက်ရှိနေ (ရုပ်သံ) မိုးလေ၀သနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက ထုတ်ပြန်ချက်တွေအရ ဩဂုတ်လ(၃)ရက်နေ့ နေ့လည်ပိုင်း တိုင်းထွာချက်တွေအရ ဧရာဝတီ၊ ချင်းတွင်း၊ ဒုဋ္ဌဝတီနဲ့ ငဝန်မြစ်များတစ်လျှောက် ဒေသအချို့မှာ စိုးရိမ်ရေမှတ်အထက် ရောက်ရှိနေပါတယ်။ မိုး/ဇလက ထုတ်ပြန်တဲ့ မြစ်ရေကြီးသတင်းအချက်အလက်တွေအရ ဧရာဝတီမြစ်ရေဟာ ပခုက္ကူမြို့မှာ သုံးပေခန့်နဲ့ ညောင်ဦးမြို့မှာ ငါးပေခွဲခန့်၊ ဒီမြို့တွေရဲ့ စိုးရိမ်ရေမှတ် အသီးသီးအထက်ကို ကျော်လွန်နေပြီး၊ နောက်နှစ်ရက်အတွင်း ပခုက္ကူမြို့နဲ့ ညောင်ဦးမြို့တွေမှာ ပေဝက်ခန့်စီ ကျဆင်းနိုင်ပေမယ့် စိုးရိမ်ရေမှတ်တွေရဲ့ အထက်မှာ ဆက်လက်တည်ရှိနိုင်တယ်လို့ ပါရှိခဲ့ပါတယ်။
Source : http://ift.tt/2aQc9q7
via IFTTT
No comments:
Post a Comment