ရဲတပ်ဖွဲ့၀င်များကို ပစ်မှတ်ထားပြီး ဗုံးဖောက်ခွဲမှု ၂ ခု တူရကီနိုင်ငံတွင် ဖြစ်ပွား (ရုပ်သံ) တူရကီနိုင်ငံ အရှေ့တောင်ဘက်မှာ ကာဒစ္စတန် အလုပ်သမားပါတီ (PKK) ကို အပြစ်တင်ခဲ့တဲ့ ရဲတပ်ဖွဲ့၀င်တွေကို ပစ်မှတ်ထားပြီး ဗုံးဖောက်ခွဲမှု ၂ ခု ဩဂုတ်လ ၁၁ ရက်နေ့က ဖြစ်ပွားခဲ့တဲ့အတွက် လူ ၈ ဦး သေဆုံးခဲ့ပြီး သေဆုံးသူ တော်တော်များများဟာ အရပ်သားတွေ ဖြစ်တယ်လို့ သိရပါတယ်။ ဒီယာဘာကာ မြို့လယ်ခေါင်မှာ ကားဗုံးပေါက်ကွဲမှု တစ်ခုကြောင့် အရပ်သား ၅ ဦး သေဆုံးခဲ့ပြီး ရဲတပ်ဖွဲ့ ၅ ဦး အပါအ၀င် လူ ၁၂ ဦး ဒဏ်ရာ ရရှိခဲ့တယ်လို့ ဒေသဆိုင်ရာ အာဏာပိုင်တွေက ထုတ်ပြန်ကြေညာ ခဲ့ပါတယ်။
Source : http://ift.tt/2aQ9Wrm
via IFTTT
No comments:
Post a Comment