Thursday, August 4, 2016

Eleven Broadcasting

ရခိုင်ပြည်နယ်အတွင်း ဂျပန်နိုင်ငံ အကူအညီဖြင့် သင်္ဘောသုံးစင်း ထပ်မံ တိုးချဲ့ပြေးဆွဲရန်ရှိ (ရုပ်သံ) ရခိုင်ပြည်နယ်အတွင်း ရေလမ်းခရီးသွားလာရေး အဆင်ပြေစေဖို့ ဂျပန်နိုင်ငံအကူအညီနဲ့ သင်္ဘော သုံးစင်း ထပ်မံတိုးချဲ့ ပြေးဆွဲပေးသွားမှာ ဖြစ်တယ်လို့ ပြည်တွင်းရေကြောင်းပို့ဆောင်ရေးဌာနက သိရပါတယ်။ ကျောက်ဖြူ၊ တောင်ကုတ်၊ မာန်အောင်၊ ရမ်းဗြဲစတဲ့မြို့နယ်တွေကို ရေလမ်းခရီးသွားလာရေးအဆင်ပြေစေဖို့ အခုလို သင်္ဘောတွေ ပြေးဆွဲသွားဖို့ ရှိနေတာ ဖြစ်ပါတယ်။ လက်ရှိအချိန်မှာ မိုးတွင်းကာလဖြစ်တဲ့ အတွက် ကျောက်ဖြူ၊ တောင်ကုတ်၊ မာန်အောင် ၊ရမ်းဗြဲအစရှိတဲ့ မြို့တွေကို ပြည်တွင်းရေကြောင်းက ခရီးသည်နဲ့ ကုန်တင်ရေယာဉ်တွေ ပြေးဆွဲတာတွေကို ရပ်တန့်ထားပြီး ပုဂ္ဂလိကအမြန်ရေယာဉ်နဲ့သာ ပြေးဆွဲ ပေးနေတာကြောင့် ဆင်းရဲနွမ်းပါးတဲ့ ဒေသခံပြည်သူတွေအနေနဲ့ သွားလာဖို့ အခက်အခဲတွေ ရင်ဆိုင်နေကြရတာ ဖြစ်ပါတယ်။
Source : http://ift.tt/2ajES5W
via IFTTT

No comments:

Post a Comment