Saturday, August 13, 2016

Eleven Broadcasting

လက်ရှိဘဏ္ဍာနှစ် ဇူလိုင်လကုန်အထိ တရားမ၀င် ဖမ်းဆီးရမိသည့် သစ်တန်ချိန် ၁၇၀၀၀ ကျော်ရှိပြီး ကျွန်းသစ် လုံး အများဆုံး ဖမ်းဆီး ရမိ (ရုပ်သံ) လက်ရှိဘဏ္ဍာနှစ် ဧပြီလကနေ ဇူလိုင်လကုန်အထိ တရားမ၀င် ဖမ်းဆီးရမိတဲ့ သစ်တန်ချိန် ၁၇၀၀၀ ကျော်ရှိပြီး ကျွန်းသစ်လုံး အများဆုံး ဖမ်းဆီးရမိခဲ့တယ်လို့ သစ်တောဦးစီးဌာနက ညွှန်ကြားရေးမှူး ဦးမျိုးမင်းရဲ့ ပြောကြားချက်အရ သိရပါတယ်။ ၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ် ဇူလိုင်လကုန်အထိ ဖမ်းဆီးရမိတဲ့ စာရင်းအရ ကျွန်းသစ်တန်ချိန် ၄၉၇၃.၆၀၁၀ တန်၊ ကျွန်းခွဲသားတန်ချိန် ၁၄၃၅.၇၈၅၅ တန်၊ သစ်မာတန်ချိန် ၁၁၆၂.၁၁၅၇ တန်၊ သစ်မာခွဲ သားတန်ချိန် ၂၆၁၁.၉၂၁၀ တန်နဲ့ အခြားသစ်နဲ့ သစ်ခွဲသားတန်ချိန် ၆၉၀၀.၈၁၆၅ တန် ဖမ်းဆီးရမိထားတာ ဖြစ်ပါတယ်။
Source : http://ift.tt/2b0oUMZ
via IFTTT

No comments:

Post a Comment