အင်းစိန်မြို့နယ် အရှေ့ ကြို့ကုန်းရပ်ကွက်အတွင်း မိဘ နှစ်ပါးကိုဓားဖြင့်ထိုးကာ ထွက်ပြေးသွားသည့် GTC ကျောင်းသားနှင့် ၎င်း ၏သူငယ်ချင်းကို ကြံခင်းမြို့ နယ်အတွင်း သြဂုတ် ၂ ရက် ညက ဖမ်းမိခဲ့ကြောင်း သတင်းရရှိသည်။ ဧရာဝတီတိုင်း ကြံခင်းမြို့ နယ် ဘက်ရဲမြို့ရှိ ၎င်းတို့တည်းခို နေသည့် နေအိမ်သို့ ဝင်ရောက် ဖမ်းဆီးခဲ့ပြီး သြဂုတ် ၃ ရက် ညနေ တွင် ရန်ကုန်မြို့သို့ ပြန်လည်ခေါ်ဆောင်လာမည်ဟု ပြစ်မှုကျူးလွန်သူ နေမင်းထင်၏ ဖခင်ဦးတင်ကျော်က ဆိုသည်။ ‘‘ပထမသူတို့က လှော်ကား မှာ နှစ်ရက်လောက်နေလိုက်သေး တယ်။ ပြီးတော့မှ ကြံခင်းကိုသွား တာ။ ကျွန်တော်တို့ ရဲတပ်ဖွဲ့နဲ့ သတင်းအရ သူတို့တည်းတဲ့ အိမ် နားမှာစောင့်နေတုန်း။ သူတို့အိမ် ပြန်လာပြီး အိမ်ပေါ်မှာထမင်းစား နေတုန်းဝင်ဖမ်းတာ။ သူတို့ကို ဖမ်း မိချိန်က ည ၁၁ နာရီလောက်ရှိ မယ်’’ဟု ၎င်းကဆိုသည်။ မှော်ဘီနည်းပညာတက္ကသိုလ်BE (Civil) ပထမနှစ်တက်ရောက် နေသည့် အသက် (၁၉) နှစ်အရွယ် နေမင်းထင်နှင့် ၎င်း၏ သူငယ်ချင်း ဥပဒေဒုတိယနှစ်ကျောင်းသား မင်းပြည့်စုံဆိုသူနှစ်ဦးသည် ဇူလိုင်၃၀ ရက် နံနက် ၁၂ နာရီခွဲခန့်ကအနက်ရောင်ဝတ်စုံအပြည့်ဝတ် ဆင်ကာ နေမင်းထင်၏ မိခင်ကိုဓားဖြင့်စတင်ထိုးခဲ့ကြောင်း ဦးတင်ကျော်က ဆက်လက်ရှင်းပြသည်။ ‘‘သူတို့နှစ်ယောက် အမည်း ရောင်ဝတ်စုံအပြည့်နဲ့ လက်အိတ် တွေ၊ ဦးထုပ်တွေပါဝတ်ပြီးလာ တာ။ ပြီးတော့ သူ့အမေကို ဖုန်း ဆက်ပြီး ပစ္စည်းတစ်ခုပေးစရာရှိ တယ်။ အိမ်ရှေ့ရောက်နေပြီ၊ တံ ခါးလာဖွင့်ပေးဖို့ပြောတော့ သူ့အ မေက တံခါးဖွင့်ပေးလိုက်တော့ ပြေးဝင်လာပြီးထိုးတာ။ သူ့သူငယ် ချင်းက နောက်ကနေပါးစပ်ပိတ် ရင်းထိုးတာ။ သူကအရှေ့ကနေ ထိုးတာ။ ကျွန်တော်ကအသံကြား လို့ ထကြည့်ရင်း ဓားနဲ့ထိုးနေတာ တွေ့တော့ဝင်လုံးတာ’’ဟု ၎င်းက ဆိုသည်။ မိခင်ဖြစ်သူ အသက်(၄၄) နှစ်အရွယ် အမျိုးသမီးကို သားဖြစ် သူ နေမင်းထင်က အရိုးအသွား ၁၀ လက်မခန့်ရှိသည့် ဓားဦးချွန် ဖြင့် ထိုးခဲ့ပြီး ၎င်း၏သူငယ်ချင်းသူ မင်းပြည့်စုံက အရိုးအသွား ၁၂ လက်မခန့်ရှိသည့် ဓားဦးချွန်ဖြင့် ထိုးခဲ့ခြင်းဖြစ်ကြောင်းနှင့် ၎င်းတို့ထွက်ပြေးသွားချိန်တွင်လည်း မိခင်၏ လော့ကတ်သီးနှင့် ရွှေဆွဲကြိုးတစ်ကုံးပါသွားကြောင်း ဦးတင်ကျော်က ဆိုသည်။ ‘‘သူတို့ပုံကြည့်ရတာ ဆေး သုံးထားတဲ့ပုံရှိတယ်။ နောက်ပြီး သူတို့က ပစ္စည်းလုဖို့လာတာ။ အဲ ဒီမှာကျွန်တော်နဲ့ လုံးနေတာတင် မိနစ် ၂၀ လောက်ကြာတယ်။ သူ့ အမေကလည်း ရွှေတွေဝတ်ထား တာ သိတော့လုဖို့လာတာ’’ဟု ၎င်းကဆိုသည်။ ဓားဖြင့်ထိုးသဖြင့် အသက်(၄၄)နှစ်အရွယ် မိခင်၏ဝမ်းဗိုက်တွင် ထိုးသွင်းဒဏ်ရာ နှစ်ချက်၊ အသက် (၅၀)နှစ်အရွယ် ဖခင်၏ ဝမ်းဗိုက်နှင့် ဝဲဘက်လက်ကောက်ဝတ်တို့တွင် ပြတ်ရှဒဏ်ရာများ၊ ဦးခေါင်းတွင် ပေါက်ပြဲဒဏ်ရာရရှိခဲ့သဖြင့် အင်းစိန်ဆေးရုံကြီးသို့ ပို့ဆောင် ကုသခဲ့ရပြီး ကျူးလွန်သူနှစ်ဦးကို ပုဒ်မ ၃၂၆ ဖြင့် အမှုဖွင့်ထားကြောင်း သတင်းရရှိသည်။ @LH
Source : http://ift.tt/2ajVomj
via IFTTT
No comments:
Post a Comment