ရှိသမျှဒေတာတွေကို တနေရာတည်းမှာ သိမ်းထားနိုင်မယ့် 128TB ဆံ့ SD ကတ် မကြာမီအချိန်အတွင်း SD ကတ်သေးသေးလေး တခုတည်းမှာပဲ သင် နှစ်ရှည်လများစုဆောင်းထားတဲ့ ရုပ်ရှင်ကား၊ သီချင်း၊ ဓာတ်ပုံစတဲ့ များပြားလှတဲ့ ဒေတာတွေအားလုံးကို သိမ်းဆည်းထားနိုင်တော့မှာဖြစ်ပါတယ်။ မမ်မိုရီကတ်စံနှုန်းတွေကို ဖော်ဆောင်တဲ့ SD Association အဖွဲ့အစည်းဟာ SD Card စံနှုန်းအသစ်တခုဖြစ်တဲ့ SD 7.0 Specification အသစ်ကို မိတ်ဆက်လိုက်ပြီဖြစ်ပါတယ်။ ယခု Specification အသစ်မှာ SD Express နဲ့ SD Ultra Capacity (SDUC) ဆိုတဲ့ Feature အသစ်နှစ်မျိုးပါဝင်လာပြီဖြစ်ပါတယ်။ SD Express feature ဟာ လက်ရှိ SSD တွေမှာ အသုံးပြုနေတဲ့ မြန်နှုန်းမြင့် PCIe interface နဲ့ NVMe protocol တို့ကို ထည့်သွင်းအသုံးပြုသွားမှာဖြစ်ပြီး၊ ဒေတာကူးပြောင်းမှုမြန်နှုန်း တစက္ကန့် ကို 985MP အထိ ရှိမှာဖြစ်ပါတယ်။ ဒီလို အံ့သြဖွယ်ရာမြန်နှုန်းကြောင့် SD 7.0 Specification သုံးထားတဲ့ SD ကတ်တွေကို removalbe SSD တွေပုံစံမျိုးပါ အသုံးပြုလာနိုင်မှာပါ။ SD 7.0 ရဲ့ နောက်ထပ် Feature တခုဖြစ်တဲ့ SDUC မှာတော့ ဒေတာသိုလှောင်နိုင်မှုပမာဏကို အဆပေါင်းများစွာ မြှင့်တင်လိုက်ပြီး၊ အများဆုံးအနေနဲ့ 128TB အထိ သိုလှောင်နိုင်မှာဖြစ်ပါတယ်။ 2TB အထိပဲ အများဆုံးသိုလှောင်နိုင်တဲ့ လက်ရှိ SDXC Card တွေထက် Storage အများကြီးပိုလာတာပါ။ 128TB အထိ များပြားတဲ့ပမာဏကြောင့် SD Express ကတ်တကတ်မှာ Full HD ရုပ်ရှင်ကားတွေချည်း ထည့်သိမ်း မယ်ဆိုရင်တောင် ဇာတ်ကားပေါင်း ၂၉,၀၀၀ လောက်ဆံ့ပြီး၊ တပုဒ်ကို 8MB လောက်ရှိတဲ့ သီချင်းတွေသိမ်းမယ်ဆိုရင် ပုဒ်ရေ ၁၆ သန်းအထိ သိမ်းထားနိုင်မှာဖြစ်ပါတယ်။ ဒီ့အပြင် Transfer Rate က 985MB/s ဆိုတော့ ကင်မရာတွေအနေနဲ့ Resolution အမြင့်စား Super-Slow motion ဗီဒီယိုတွေကို ရိုက်လာနိုင်မှာဖြစ်ပြီး၊ 8K Video ရိုက်ကူးမှုတွေ၊ 360-video ရိုက်ကူးမှုတွေမှာလည်း ပိုမိုကောင်းမွန်တဲ့ စွမ်းဆောင်ရည်ကို ရရှိလာမှာပါ။ “SD Express” ကတ်လို့ပဲ နာမည်ပေးထားတဲ့ ယခု SD ကတ်အသစ်တွေမှာ Pins နောက်တတန်း အသစ်ပါလာပေမယ့်၊ Backward Compatibility ဖြစ်တာကြောင့် လက်ရှိဈေးကွက်ထဲမှာရှိပြီးသား SD Hosts (SD Card Reader, Camera) စတဲ့ Device ပေါင်းသန်းချီမှာလည်း ပြန်လည်အသုံးပြုနိုင်မှာဖြစ်ပါတယ်။ ဒါပေမယ့် မိမိလက်ပ်တော့၊ Camera စတဲ့ Device တွေကလည်း SD Express နည်းပညာအသုံးပြုနိုင်မှ တစက္ကန့် 985MB မြန်နှုန်းရရှိမှာဖြစ်ပြီး၊ မဟုတ်ရင်တော့ ပုံမှန်မြန်နှုန်းဖြစ်တဲ့ 50MB/s ကနေ 100MB/s ကြားပဲ သွားပါလိမ့်မယ်။ ” SD Express ကတ်တွေဟာ ပိုမိုမြန်ဆန်တဲ့ Protocols တွေအသုံးပြုထားတဲ့ မမ်မိုရီကတ်တွေဖြစ်ပြီး၊ Removable SSD တွေအဖြစ် အသုံးပြုလာနိုင်မှာပါ” “ဆန်းသစ်တီထွင်မှုအမြောက်အများအသုံးပြုထားတဲ့ SD 7.0 အသစ်ဟာ အနာဂတ်မှာထွက်လာမယ့် Speed နဲ့ Capacity အရမ်းလိုအပ်တဲ့ Applications တွေ၊ Devices အသစ်တွေရဲ့ လိုအပ်ချက်ကိုလည်း ဖြည့်ဆည်းပေးနိုင်မှာလည်းဖြစ်ပါတယ်” လို့ SD Association ရဲ့ ဥက္ကဌဖြစ်သူ Hiroyuki Sakamoto က ပြောကြားခဲ့ပါတယ်။ Ref: Gadgets 360, Gary Explains The post ရှိသမျှဒေတာတွေကို တနေရာတည်းမှာ သိမ်းထားနိုင်မယ့် 128TB ဆံ့ SD ကတ် appeared first on ဧရာဝတီ.
Source : https://ift.tt/2tPpmW8
via IFTTT
No comments:
Post a Comment