Tuesday, July 3, 2018


4G LTE အသုံးပြုနိုင်တဲ့ Mi Pad 4 တက်ဘလက်အသစ်ကို မိတ်ဆက်ခဲ့တဲ့ Xiaomi Xiaomi ဟာ ပြီးခဲ့တဲ့ ဇွန်လ အတွင်းက တရုတ်နိုင်ငံမှာ Mi Pad တက်ဘလက်မော်ဒယ်အသစ် Mi Pad 4 ကို တရားဝင် မိတ်ဆက်သွားခဲ့ပါတယ်။ အရင် Mi Pad တွေမှာတုန်းက SIM Card ထည့်သုံးလို့ မရခဲ့ပေမယ့် ယခု Mi Pad 4 မှာတော့ 4G LTE ပါ အသုံးပြုလာနိုင်တာ တွေ့ရပါတယ်။ Xiaomi ဟာ Mi Pad 4 နဲ့အတူ Redmi ဖုန်းမော်ဒယ်အသစ် Redmi 6 Pro ကိုလည်း မိတ်ဆက်သွားခဲ့ပါတယ်။ Mi Pad 4 အားလုံးစိတ်ဝင်စားနေတဲ့ Mi Pad 4 တက်ဘလက်က စပြောရမယ်ဆိုရင် Mi Pad 4 ဟာ ပြီးခဲ့တဲ့နှစ်၊ ဧပြီလလောက်က မိတ်ဆက်သွားတဲ့ Mi Pad 3 ကို ပိုမိုအဆင့်မြှင့်တင်ထားတဲ့ တက်ဘလက်တလုံးလို့ ဆိုနိုင်ပါတယ်။ အရင် Mi Pad 3 မှာတုန်းက Wi-Fi ပဲ အသုံးပြုလို့ ရခဲ့ပေမယ့်၊ အခု Mi Pad 4 မှာတော့ 4G LTE ပါ အသုံးပြုလို့ ရလာပါတယ်။ LTE မော်ဒယ်မယူချင်တဲ့သူတွေအတွက် Wi-Fi သီးသန့် Mi Pad 4 မော်ဒယ်လည်း ထွက်ရှိလာမှာပါ။ Mi Pad 4 ရဲ့ နောက်ထပ်ထူးခြားချက်တခုကတော့ အရင် Mi Pad 3 မှာ အသုံးပြုခဲ့တဲ့ MediaTek Chipset အစား Snapdragon 660 Chipset ကို ပြောင်းလဲ အသုံးပြုထားပြီး၊ AI Face Unlock နည်းပညာပါ ပါဝင်လာတာဖြစ်ပါတယ်။ Mi Pad 4 မှာ ၈-လက်မအရွယ် FullHD (1920×1200 pixels) LCD Display ကို အသုံးပြုထားပြီး၊ 16:10 Aspect Ratio နဲ့ ဖြစ်ပါတယ်။ အရင် Mi Pad 3 ထက် ဘေးဘောင်တွေ ပိုနည်းသွားပြီး၊ Xiaomi ရဲ့အဆိုအရ လက်တဘက်တည်းနဲ့ အဆင်ပြေပြေကိုင်တွယ်အသုံးပြုနိုင်မယ့် တက်ဘလက်တခုဖြစ်တယ်လို့ သိရပါတယ်။ MIUI 9 နဲ့ ထွက်ရှိလာမှာဖြစ်ပြီး၊ Wi-Fi Model မှာ 3GB RAM နဲ့ 32 GB Internal Storage မော်ဒယ်ရယ်၊ 4GB RAM နဲ့ 64GB မော်ဒယ်ရယ် နှစ်မျိုးရွေးချယ်နိုင်ပေမယ့်၊ LTE Model မှာတော့ 4GB RAM နဲ့ 64GB Internal Storage model တမျိုးပဲ ရရှိမှာပါ။ Mi Pad 4 မော်ဒယ်အကုန်လုံးမှာ USB Type-C Port ပါဝင်ပြီး၊ Bluetooth နောက်ဆုံးဗားရှင်းဖြစ်တဲ့ Bluetooth v5.0, 3.5mm Headphone Jack တို့ ပါဝင်ပါတယ်။ 6,000mAh ဘက်ထရီကို အသုံးပြုထားပြီး၊ အလေးချိန် ၃၄၂.၅ ဂရမ်ပဲ ရှိတယ်လို့ သိရပါတယ်။ Xiaomi Mi Pad 4 တက်ဘလက်ရဲ့ ဈေးနှုန်းတွေကတော့ 3GB+32GB (Wi-Fi) ဗားရှင်းကို တရုတ်ယွမ်ငွေ ၁၁,၅၀၀ (မြန်မာငွေ ၂ သိန်းခွဲ ဝန်းကျင်) ၊ 4GB+64GB (Wi-Fi) ဗားရှင်းကို တရုတ်ယွမ်ငွေ ၁၃,၉၉ (မြန်မာငွေ ၃ သိန်းဝန်းကျင်) နဲ့ 4GB+64GB (LTE) ဗားရှင်းကို တရုတ်ယွမ်ငွေ ၁၄,၉၉ (မြန်မာငွေ ၃ သိန်း ၂ သောင်းကျော်) လောက်ပဲ ရှိတာကြောင့် ဈေးနှုန်းချိုသာတဲ့ တက်ဘလက်တွေလို့ ပြောနိုင်ပါတယ်။ Redmi 6 Pro Mi Pad 4 နဲ့ အတူ မိတ်ဆက်သွားခဲ့တဲ့ Redmi 6 Pro ဖုန်းမှာတော့ ၅.၈၄ လက်မ FullHD+ Display ၊ ကျောကင်မရာ နှစ်လုံးတွဲ၊ Snapdragon 625 SoC ၊ 4,000 mAh ဘက်ထရီတို့ အသုံးပြုထားပါတယ်။ microSD ကတ်သက်သက်ထည့် အသုံးပြုနိုင်ပြီး၊ AI Face Unlock နဲ့ Voice Assistant နည်းပညာတွေ ပါဝင်လာပါတယ်။ Redmi 6 Pro ရဲ့ အထူးခြားဆုံး ကတော့ iPhone X ပုံစံ Notch ကို အသုံးပြုထားတာဖြစ်ပြီး၊ Redmi စီးရီးဖုန်းတွေထဲမှာ Notch အသုံးပြုထားတဲ့ ပထမဆုံးဖုန်းလည်း ဖြစ်ပါတယ်။ Redmi 6 Pro ရဲ့ ဈေးနှုန်းတွေကတော့ 3GB RAM+32GB Storage ဗားရှင်းကို တရုတ်ယွမ်ငွေ ၉,၉၉ (မြန်မာငွေ နှစ်သိန်းတသောင်းခန့်) ၊ 4GB RAM+32 GB Storage ကို ၁,၁၉၉ ယွမ် (မြန်မာငွေ ၂ သိန်းခွဲ) တို့ ရှိပြီး၊ 4GB RAM ကိုမှ 64GB Storage နဲ့ ယူမယ်ဆိုရင် ၁,၂၉၉ ယွမ် (မြန်မာငွေ ၂ သိန်း ၇ သောင်း) ဖြစ်သွားပါတယ်။ Mi Pad 4 ကို တရုတ်နိုင်ငံမှာ ဇွန်လ ၂၉ ရက်နေ့မှာ စတင်ရောင်းချခဲ့ပြီး၊ Redmi 6 Pro ကိုတော့ ဇွန်လ ၂၆ ရက်နေ့မှာ ရောင်းချခဲ့ပါတယ်။ Ref: Gadgets 360 The post 4G LTE အသုံးပြုနိုင်တဲ့ Mi Pad 4 တက်ဘလက်အသစ်ကို မိတ်ဆက်ခဲ့တဲ့ Xiaomi appeared first on ဧရာဝတီ.
Source : https://ift.tt/2KLY5es
via IFTTT

No comments:

Post a Comment