အသီးအရွက်က ထုတ်ယူတဲ့ဆီတွေက တကယ်ပဲ ကျန်းမာရေးနဲ့ညီညွတ်ရဲ့လား အသီးအရွက်က ထုတ်တဲ့ဆီတွေက တကယ်ပဲ သင့်နှလုံးကျန်းမာရေးအတွက် အထောက်အကူဖြစ်ရဲ့လား။ လွန် ခဲ့တဲ့နှစ်တွေတုန်းက ဆရာဝန်တွေက ကျန်းမာရေးနဲ့ညီညွတ်အောင် တိရစ္ဆာန်အဆီကထုတ်ထားတဲ့ ထောပတ်နဲ့ တခြားအဆီတွေအစား အသီးအရွက်ကထုတ်တဲ့ ဆီကိုစားကြဖို့ တိုက်တွန်းခဲ့ကြပါတယ်။ အသီးအရွက်ကထုတ်ယူတဲ့ဆီဆိုတာ ပြောင်းဖူး၊ နေကြာစေ့၊ ပဲပိစပ် ကထုတ်ယူထားတဲ့ ဆီပါ။ ဒီဆီတွေက ကျန်းမာရေးနဲ့ ညီညွတ်ပြီး နှလုံးထိခိုက်စေတဲ့ မကောင်းတဲ့ ကိုလက်စထရောတွေကို လျော့ကျစေတယ်ဆိုပြီး သတ်မှတ်ခဲ့ကြတာပါ။ ဒါပေမယ့် အခုနောက်ပိုင်း လေ့လာတွေ့ရှိချက်အသစ်အရ အသီးအရွက်ကထုတ်ယူတဲ့ ဆီကို စားသုံးပေမယ့်လည်း နှလုံးကျန်းမာရေးနဲ့ ရုတ်တရက် နှလုံးရပ်သေဆုံးမှုတွေကို သိသိသာသာ လျော့ကျသွားခြင်းမရှိတာကို တွေ့ရှိခဲ့ကြပါတယ်။ အသီးအရွက်က ထုတ်ယူတဲ့ဆီဆိုတဲ့နေရာမှာ ကျန်းမာရေးကို အထောက်အကူပြုတဲ့ သံလွင်ဆီ နဲ့ အုန်းဆီတော့ မပါ ပါဘူး။ ကိုယ်ခန္ဓာက Omega 3 နဲ့ Omega 6 အက်စစ်ဓာတ် ၂ မျိုးကို နေ့စဉ်မရှိမဖြစ်လိုအပ်ပါတယ်။ ဒီ ၂ မျိုးဟာ နေ့စဉ် မရှိမဖြစ်လိုအပ်သလို ကိုယ်တွင်း အချိုးညီညီ ဟန်ချက်မျှနေဖို့လဲ အရေးကြီးပါတယ်။ ဟန်ချက်ညီအောင် ရှိရမယ့် ဒီ Fatty Acids တွေကို ကမောက်ကမဖြစ်စေတဲ့အကြောင်းရင်းက အသီးအရွက်ကထုတ်ယူတဲ့ ဆီတွေကြောင့်ပါ။ ဟန်ချက်ထိန်းညှိပေးနေတဲ့ ဓာတ်တွေ ကမောက်ကမဖြစ်စေတာတွေက ကိုယ်တွင်းအင်္ဂါရောင်ရမ်းမှုကို ဦးတည်နေပါ တယ်။ ရောင်ရမ်းမှုဒဏ်တွေက နှလုံးနဲ့ပတ်သက်တဲ့ရောဂါ၊ အဆစ်အမြစ်ရောင်ရောဂါ၊ စိတ်ဓာတ်ကျခြင်း နဲ့ နောက်ဆုံး အသက်အန္တရာယ်ဖြစ်စေတဲ့ ကင်ဆာရောဂါတွေထိ ဖြစ်စေနိုင်ပါတယ်။ သတ်မှတ်အပူချိန်တခုမှာ စားသုံးဆီခဲသွားတယ်ဆိုရင် ဒါဟာ ကျန်းမာရေးကို ထိခိုက်စေတဲ့ ဆီအဖြစ်သတ်မှတ် နိုင်ပါ တယ်။ ဒါကြောင့် အရင်က ကျန်းမာရေးနဲ့ညီညွတ်တယ်ဆိုပြီး စာသုံးလာကြတဲ့ အသီးအရွက်ဆီတွေဟာ အခုနောက်ပိုင်း ထုတ်လုပ်မှုပုံစံတွေကြောင့် အလွယ်တကူခဲသွားပြီး ကျန်းမာရေးကို ထိခိုက်လာစေပါတယ်။ အထူးသဖြင့် အဝလွန်ရောဂါ၊ ဆီးချိုရောဂါ၊ နှလုံးရောဂါ နဲ့ ကင်ဆာရောဂါ ဖြစ်နိုင်ချေပိုများလာပါတယ်။ ဒါကြောင့် ကျန်းမာရေးနဲ့မညီညွတ်တဲ့ ဆီတွေကို ထုတ်လုပ်နေတဲ့ လုပ်ငန်းတွေကို တာဝန်ရှိသူတွေဘက်က ထိရောက်တဲ့ အရေးယူမှုတွေလုပ်သင့်သလို စားသုံးသူတွေဘက်ကလည်း ကျန်းမာရေးနဲ့အညီ ရောဂါဘယကင်းရှင်းတဲ့ ဆီကို ရွေးချယ်စားသုံးကြဖို့ အကြံပြုလိုက်ရပါတယ်။ Ref: Healthline The post အသီးအရွက်က ထုတ်ယူတဲ့ဆီတွေက တကယ်ပဲ ကျန်းမာရေးနဲ့ညီညွတ်ရဲ့လား appeared first on ဧရာဝတီ.
Source : https://ift.tt/2ICRa5H
via IFTTT
No comments:
Post a Comment