ရုပ်ရှင်ဖြင့် သက်ငယ်မုဒိမ်း ဥပဒေတရပ် ပေါ်ပေါက်လာရေး တောင်းဆိုသွားမယ့် ဒါရိုက်တာ ဟိန်းစိုး စာရေးဆရာမ သျှင်မရဲ့ ဝတ္ထုကို ရုပ်ရှင်အဖြစ်ပြန်လည် ဖန်တီးရိုက်ကူးသွားမယ့် “ဟစ်တိုင်” ဆိုတဲ့ ရုပ်ရှင် ဇာတ်ကားကြီးမှာ သက်ငယ်မုဒိမ်းအတွက် ဥပဒေတရပ် ပေါ်ပေါက်လာရေးကို တောင်းဆိုတဲ့အနေနဲ့ ရိုက်ကူးတာ ဖြစ်တယ်လို့ ဒါရိုက်တာ ဟိန်းစိုးက ပြောပါတယ်။ “သက်ငယ်မုဒိမ်း၊ အရွယ်မရောက်သေးတာတွေကို ဖြစ်တာ တော်တော်ကို ဆိုးတယ်။ ဒါတွေကို အပြစ်ဒဏ်တခုပေါ့။ နောင်ကို မလုပ်ရဲအောင်၊ ကလေးတွေအနေနဲ့လည်း ဘယ်လိုနေရမယ်၊ မိဘက ဘယ်လို ထိန်းသိမ်းရမယ်။ မိန်းကလေး တယောက် အစော်ကားမခံရအောင် ဘယ်လိုနေရမယ် ဆိုတာကို ပညာပေးရာကနေ ဇာတ်လမ်းလေး တခုဖြစ်သွားတာပါ” “သက်ငယ်မုဒိမ်းဆိုတာက မဖြစ်သင့်၊ မဖြစ်ထိုက်တဲ့ဟာမျိုးတွေ ပိုပြီးများလာတဲ့အတွက် ပညာပေးဗဟုသုတအနေနဲ့ ဘယ်လိုကာကွယ်ရမလဲ၊ လုပ်ဆောင်ရမလဲဆိုတာကို Message လည်း ပေးသွားမယ်၊ ပြောလည်းပြောသွားမယ်။ သက်ငယ်မုဒိမ်းနဲ့ ပတ်သက်ပြီး ဥပဒေတရပ် ပေါ်ပေါက်လာရေးလည်း တောင်းဆိုတဲ့ သဘောပါ” လို့ ဒါရိုက်တာ ဟိန်းစိုးက ပြောပါတယ်။ အဆိုပါ စာရေးဆရာမ သျှင်မရဲ့ “ဟစ်တိုင်”ဝတ္ထုကို စထွက်စဉ်ကပင် ရုပ်ရှင်ရိုက်ရန်အတွက် ဝယ်ယူထားလိုက်ခြင်း ဖြစ်ပြီး ရုပ်ရှင်အဖြစ် ပြန်လည်ဖန်တီးရာမှာလည်း အမည်ကို ပြောင်းလဲခြင်း မရှိဘဲ “ဟစ်တိုင်” ဆိုတဲ့ နာမည်နဲ့သာ ရိုက်ကူးသွားမှာ ဖြစ်ပါတယ်။ “ဝတ္ထု စထွက်ကတည်းက ရိုက်ဖို့အတွက် ယူလိုက်တာပါ။ ဇာတ်ကား ထွက်လာတော့မှပဲ ဝေဖန် ဆုံးဖြတ်ပေါ့နော်။ အတတ်နိုင်ဆုံး၊ အကောင်းဆုံး ဖြစ်သွားရင် ရိုက်ဖို့ကတော့ ရင်ထဲမှာ ဆန္ဒအပြည့် ရှိပါတယ်”လို့ ဒါရိုက်တာ ဟိန်းစိုးက ဆိုပါတယ်။ ဒီကားထဲမှာ အဓိကဇာတ်ကောင်ဖြစ်တဲ့ “ဒေါင်းနီမ” ဆိုတဲ့ ဇာတ်ရုပ်နေရာမှာ အိန္ဒြာကျော်ဇင်ကို ရွေးချယ် ဖြစ်တာနဲ့ ပတ်သက်ပြီး ဒါရိုက်တာဟိန်းစိုးက “အူဝဲ (အိန္ဒြာကျော်ဇင်) ကို ရွေးဖြစ်တာက ဒေါင်းနီဆိုတဲ့ ကာရိုက်တာကို ရုပ်ရှင်မင်းသမီး ထဲမှာ အူဝဲကလွဲလို့ ဘယ်သူနဲ့မှ မရဘူး။ အူဝဲပဲ ပြေးမြင်မှာပဲလေ။ ဒါကြောင့် အူဝဲကို ရိုက်တယ် ဆိုတာကလည်း အူဝဲနဲ့ လိုက်မယ့် အူဝဲမှ ကြိုးစားပြီး လုပ်လို့ရမယ့်ဟာဖြစ်တယ်။ အံဝင်ခွင်ကျဖြစ်သွားလို့ အူဝဲနဲ့ ရိုက်ဖြစ်တာ” လို့ပြောပါတယ်။ “ဟစ်တိုင်” ရုပ်ရှင်ဇာတ်ကားကြီးမှာတော့ အကယ်ဒမီ မေသန်းနု ၊ အကယ်ဒမီ အိန္ဒြာကျော်ဇင် ၊ စိုးမိုးကြည်၊ လှမျိုးသဉ္ဇာနွယ်၊ သန်းသန်းစိုး၊ စဝ်ယွန်းဝတီဦး ၊ ရဲမွန် နှင့် Stellar Seven Entertainment မှ ရွေးချယ်ထားတဲ့ သရုပ်ဆောင်အသစ်များဖြစ်ကြတဲ့ စိုင်းဝဏ္ဏအောင်၊ ထူးပြည့်အောင် ၊ စိုးသူရနိုင် တို့ကပါဝင်သရုပ်ဆောင်သွားမှာ ဖြစ်ပြီး ကလေးသရုပ်ဆောင်အဖြစ် ပြည့်ပြည့်က ပါဝင်သရုပ်ဆောင်မှာ ဖြစ်ပါတယ်။ The post ရုပ်ရှင်ဖြင့် သက်ငယ်မုဒိမ်း ဥပဒေတရပ် ပေါ်ပေါက်လာရေး တောင်းဆိုသွားမယ့် ဒါရိုက်တာ ဟိန်းစိုး appeared first on ဧရာဝတီ.
Source : https://ift.tt/2MLOchx
via IFTTT
No comments:
Post a Comment